Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်နေ

မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်နေ

0
By Editor on June 6, 2021 Headline

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်ဘေးရှောင်ဒုကသည်အများစုနေထိုင်ကြသည့် ကျေးရွာဘက်သို့ တက်လာပြီး ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်ကစ၍ Mindat-CDF တပ်ဖွဲ့များနှင့် ပစ်ခတ်မှုများရှိနေသည်ဟုသိရသည်။

အာဏာသိမ်းစစ်ကောင်စီသည် မင်းတပ်မြို့အရှေ့ဘက်ခြမ်း၊ အနောက်ဘက်ခြမ်းဘက်တို့မှ စစ်ကြောင်း ၂ ကြောင်းဖြင့် Mindat-CDF တပ်ဖွဲ့ကိုထိုးစစ်ဆင်တိုက်ခိုက်လာသည့်အပြင် မင်းတပ်-မကွေးနယ်စပ် ရွှေအောင်သာဘက်တွင်လည်း ဇွန်လ ၃ ရက်နေ့ကတည်းက ယနေ့ချိန်ထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု Mindat-CDF မှတာဝန်ရှိသူတစ်ဦးကပြောသည်။

“ဒီနေ့မနက်ကျတော့ မင်းတပ်မြို့ရဲ့အရှေ့ဘက်ကနေ ဆင်းလာပြီးမှ စစ်ဘေးရှောင်အများစုက မြို့ရဲ့ မြောက်ဘက်ခြမ်းရွာမှာအများစုရှိကြတယ် အဲဒီဘက်ကို ဦးတည်လာတဲ့ စစ်ကြောင်း ၂ ကြောင်းရှိတယ်၊ အင်အား ၉၀ ကျော်လောက်ရှိမယ် ဘောင်ထဲရွာကနေ ချောင်းဆုံဘက်ကိုတက်လာတယ် အဲဒီမှာ ကျနော်တို့အဖွဲ့နဲ့တိုက်ပွဲဖြစ်တယ်၊ မြို့အနောက်ဘက်ကနေတက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကျနော်တို့တပ်ဖွဲ့တွေ ရှက်ရွာမှာ တိုက်ပွဲထပ်ဖြစ်တယ်၊ ရွှေအောင်သာဘက်မှဖြစ်တယ် စစ်ကြောင်း ၃ ကြောင်းနဲ့ တစ်ပြိုင်တည်းတိုက်နေရတာပေါ့’’ ဟု Mindat-CDF မှတာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့မျာသည် လက်နက်ကြီးများကို တောက်လျှောက်အသုံးပြုနေပြီး ယနေ့မနက် ရှက်ရွာတိုက်ပွဲတွင် ဒဏ်ရာရရှိသူတစ်ဦးမှာ ဓာတုလက်နက်များရှှုရှိက်မိ၍ အဆိပ်သင့်သည့်လက္ခဏာများခံစားနေရကြောင်း Mindat-CDF က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 10, 2026

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

July 10, 2026

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

July 10, 2026

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

July 9, 2026

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.