Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီစစ်စခန်းများက ထွက်ပြေးသည့် စစ်သုံ့ပန်း ၆၀ ကျော် ချင်းလဲန်းကောင်စီပူးပေါင်းတပ် ဖမ်းမိထား
(ပုံစာ - မတူပီမြို့ စစ်စခန်းများမှ ထွက်ပြေးသွားကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်၊ တပ်မိသားစုဝင် နှင့် Non-CDM ဝန်ထမ်းများအား ချင်းညီနောင်တပ်ဖွဲ့မှ ဇူလိုင် လအတွင်း ဖမ်းဆီးရမိသည့်ပုံဖြစ်သည်။)

မတူပီစစ်စခန်းများက ထွက်ပြေးသည့် စစ်သုံ့ပန်း ၆၀ ကျော် ချင်းလဲန်းကောင်စီပူးပေါင်းတပ် ဖမ်းမိထား

0
By Editor on August 1, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲက တောတောင်များထဲ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၆၀ ကျော်ကို ချင်းလဲန်းကောင်စီပူးပေါင်းတပ်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“တစ်ရက်ထဲမှာ ဖမ်းတာတော့ မဟုတ်ဘူး။ နေ့တိုင်းလိုလိုတော့ တောက်လျှောက်ဖြစ်တာပါ။ ရက်နဲ့အတိအကျ အဲလိုမျိုးတော့ မရှိဘူး။ တစ်ရက်မှာ ၂ ယောက်၊ ၃ ယောက် ။ တခါတလေနဲ့ ဆယ်ဂဏန်းလောက်ပေါ့။ အဲလို ဖမ်းဆီးရမိတာတွေ ဖြစ်ပါတယ်။ အားလုံးက အခုချိန်ထိ ကျနော်တို့မှာ ၆၀ နဲ့ ၈၀ ကြားမှာရှိတယ်လို့ ပြောလို့ရတယ်” ဟု CDF – မတူပီ၊ တပ်မဟာ – ၂၊ ပြောရေးဆိုခွင့်ရှိသူ ကိုနိုင်ဂျွန်က ပြောသည်။

ချင်းလဲန်းကောင်စီပူးပေါင်းတပ်က ဖမ်းဆီးရမိသူများတွင် စစ်ကောင်စီတပ်သားအပါအဝင် မိသားစုဝင်များ စသဖြင့် အစုံပါဝင်နေကြောင်း၊ အာရက္ခတပ်တော် ULA/ AA ၏ တပ်ဖွဲ့ဝင်အချို့ကိုလည်း ဖမ်းဆီးရမိထားကြောင်း သိရသည်။

မတူပီမြို့သိမ်းခံရပြီးနောက် စစ်ကောင်စီစခန်းများမှ စွန့်ခွာထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် လက်အောက်ခံလူများကို မကြာခဏ ဖမ်းမိနေကြောင်း ဆလိုင်းထက်နီကလည်း ပြောသည်။

“ကျနော်တို့က အလုံးအရင်းနဲ့တော့ မဖမ်းပါဘူး။ အခုက အားလုံး ၆၀ ခန့်တော့ရှိမယ်။ ၃ ယောက် ၊ ၄ ယောက် စသဖြင့် အဲဒီလို ဖမ်းထားတာပါ” ဟု ဆလိုင်းထက်နီက ပြောသည်။

ဖမ်းဆီးရမိသူများကို ချင်းလဲန်းကောင်စီပူးပေါင်းတပ်များက ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း သိရသည်။

မတူပီမြို့ရှိ ခမရ – ၃၀၄၊ ခလရ – ၁၄၀ နှင့် မတူပီအခြေချ စစ်ဗျူဟာတို့ကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုင်ရာ ဇွန်လ ၂၉ ရက်က အပြီးသတ်သိမ်းပိုက်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ၊ Non- CDM များ ရာချီသည် တောတောင်ထဲသို့ ထွက်ပြေးသွားခဲ့ရခြင်းဖြစ်သည်။

ဇူလိုင်လ ၁၇ ရက်တွင် မတူပီမြို့ စစ်ကောင်စီစခန်းများမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများ၊ တပ်မိသားစုဝင်များနှင့် အရပ်ဖက်ဝန်ထမ်းများ စုစုပေါင်း ၁၂၀ ခန့်ကို ပထမသုတ်အဖြစ် ဖမ်းဆီးရမိခဲ့ကြောင်၊ ဇူလိုင်လ ၂၅ ရက်တွင် ဒုတိယသုတ်အဖြင့် စစ်သုံ့ပန်းအုပ်စုဝင် ၁၀၀ ကျော်ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ချင်းညီနောင်ထံမှ သိရသည်။

ဖမ်းဆီးရမိသော စစ်သုံ့ပန်းများထဲတွင် စစ်ကောင်စီတပ်မှ ဗျူဟာမှူးအပါအဝင် အရာရှိ ၁၀ ဦးကျော်ပါဝင်ကြောင်း၊ တောတောင်ထဲတွင် ထွက်ပြေးနေစဉ်အတွင်း လသားကလေးငယ်နှင့် သက်ကြီးရွယ်အိုများ အပါအဝင် စစ်ကောင်စီတပ်သား၊ ရဲတို့ ၅၀ ကျော် သေဆုံးခဲ့ရကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

အိုင်ဇောလ်ချင်းငြိမ်းချမ်းရေးညီလာခံမှာ CC နှင့် ICNCC တို့ကို CPRI က သီးခြားစီတွေ့ဆုံဆွေးနွေး

ကန်ပက်လက်က စစ်ရှောင်စခန်း ဗုံးကြဲခံရပြီး အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 24, 2026

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

August 24, 2026

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

August 21, 2026

အိုင်ဇောလ်ချင်းငြိမ်းချမ်းရေးညီလာခံမှာ CC နှင့် ICNCC တို့ကို CPRI က သီးခြားစီတွေ့ဆုံဆွေးနွေး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.