Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့တွင် စစ်ဆင်ရေးဖော်ဆောင်နေသော ချင်းညီနောင်ကို CNF/CNA နှင့် ပူးပေါင်းတပ်က အလစ်ဝင်ရောက်တိုက်ခိုက်ဟု ချင်းညီနောင်ထုတ်ပြန် || စစ်ဆင်ရေးမဖော်ဆောင်ရန် တားဆီးသောကြောင့် နှစ်ဖက်ထိတွေ့ဖြစ်ပွားခြင်းဟု ချင်းလဲန်းကောင်စီ ထုတ်ပြန်

မတူပီမြို့တွင် စစ်ဆင်ရေးဖော်ဆောင်နေသော ချင်းညီနောင်ကို CNF/CNA နှင့် ပူးပေါင်းတပ်က အလစ်ဝင်ရောက်တိုက်ခိုက်ဟု ချင်းညီနောင်ထုတ်ပြန် || စစ်ဆင်ရေးမဖော်ဆောင်ရန် တားဆီးသောကြောင့် နှစ်ဖက်ထိတွေ့ဖြစ်ပွားခြင်းဟု ချင်းလဲန်းကောင်စီ ထုတ်ပြန်

0
By Editor on June 18, 2024 Headline

ချင်းပြည်နယ် မတူပီမြို့တွင် စစ်ကောင်စီတပ်စခန်းများ ထိုးစစ်ဆင်တိုက်ခိုက်နေသော ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များကို ချင်းအမျိုးသားတပ်မတော် CNF/CNA နှင့် ပူးပေါင်းတပ်ဖွဲ့များက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ချင်းညီနောင်က ယနေ့ ဇွန်လ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဇွန်လ ၁၇ ရက်ညနေစောင်းအချိန်တွင် ချင်းအမျိုးသားတပ်မတော် တပ်ဖွဲ့ဝင်တစ်ဦးသည် ချင်းညီနောင်များ ထိုးစစ်ဆင်တိုက်ခိုက်နေသော မတူပီမြို့ ခလရ ၁၄၀ တပ်ရင်းဘက်သို့ ဦးတည်၍ ကားမောင်းနှင်လာသဖြင့် လုံခြုံရေး အရ ယာယီထိန်းသိမ်းခဲ့ပြီးနောက် စစ်ဆေးမေးမြန်းကာ နောက်နေ့မနက်တွင်ပြန်လည်လွှတ်ပေးရန်ဆုံးဖြတ်ခဲ့သည်ဟု ချင်းညီနောင်၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

သို့သော်လည်း ယနေ့ဇွန်လ ၁၈ ရက်နေ့မနက်ပိုင်း ၅ နာရီ ၄၀ မိနစ် မိုးမလင်းမီအချိန်တွင် ဒရုန်းများ၊ ၄၀ မမ၊ ၆၀ မမ လောင်ချာလက်နက်ကြီး လက်နက်ငယ်များဖြင့် CNA နှင့် ၎င်းလက်အောက်ခံတပ်များက ချင်းညီနောင်နှင့် မဟာမိတ် တပ်ဖွဲ့များကို အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ရဲဘော် ၂ ဦးကျဆုံးပြီး အများအပြားပြင်းထန်ဒဏ်ရာရရှိ ကာ လက်ရှိအချိန်တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်လျှက်ရှိသည်ဟု ချင်းညီနောင်ကထုတ်ပြန်သည်။

လက်ရှိတွင် စစ်ကောင်စီနှင့် CNF/CNA လက်အောက်ခံတပ်ဖွဲ့များက နှစ်ဖက်ညှပ်တိုက်ခိုက်မှုကို ချင်းညီနောင် နှင့် မဟာမိတ်တပ်ဖွဲ့များက ခုခံတိုက်ခိုက်နေရသည်ဟု ချင်းညီနောင်ကဆိုသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ချင်းလဲန်းကောင်စီကလည်း ယနေ့ဇွန်လ ၁၈ ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန် ကာ မိမိတို့ တပ်ဖွဲ့များကို စစ်ရေးမဖော်ဆောင်နိုင်ရန် တားဆီးသောကြောင့် နှစ်ဖက်ထိတွေ့မှုဖြစ်ပွားခြင်းဖြစ်သည်ဟု ပြောဆိုသည်။

ချင်းလဲန်းကောင်စီသည် မတူပီမြို့ခလရ ၁၄၀ နှင့် ဗျူဟာကုန်းတို့ကို သိမ်းယူနိုင်ရန်အတွက် အဖက်ဖက်မှပြင်ဆင် လျှက်ရှိရာ ဇွန်လ ၁၇ ရက်တွင်အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်တို့က မတူပီမြို့တွင်းမှ စစ်ဘေးရှောင်အရပ် သားများ အကြိုအပို့ဆောင်ရွက်နေသော ၎င်းတို့ရဲဘော်တစ်ဦးအား အကြောင်းမဲ့ဖမ်းဆီးခဲ့သည့်အပြင် ချင်းလဲန်းကောင် စီတပ်ဖွဲ့ဝင်များ လှုပ်ရှားနေသည့် ဖနိုင်ရွာနှင့် ခလရ ၁၄၀ ကြား အဟန့်အတားပြုလုပ်၍ စစ်ဆင်ရေးမဖော်ဆောင်နိုင်ရန် တားဆီးသောကြောင့် နှစ်ဖက်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ဆက်လက်တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်ဟု ချင်းလဲန်းကောင်စီက ထုတ်ပြန်သည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်ရှိသော CDF-Matupi Brigade-2 အပါအဝင် ပူးပေါင်းတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေသည့် နေရာများတွင် အဟန့်အတားမပြုလုပ်ပေးရန်နှင့် ချင်းလဲန်းကောင်စီအနေဖြင့် ခလရ ၁၄၀ နှင့် ဗျူဟာကုန်းကိုအမြန်ဆုံးသိမ်းပိုက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ချင်းလဲန်းကောင်စီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ချင်းညီနောင်ကလည်း ချင်းပြည်နယ်တွင် စစ်ကောင်စီကလွဲ၍ မည်သည့်တော်လှန်ရေးအဖွဲ့အစည်းကိုမျှ နယ်မြေ ကျူးကျော်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်း၊ ရန်လိုရန်စပြုခြင်းများ လုံးဝ မရှိခဲ့ကြောင်း ယခုကဲ့သို့ တိုက်ခိုက်ခံရ သည့်အပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချသည့်အပြင် ခုခံတော်လှန်သွား မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်ဟု ထုတ်ပြန်သည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီအလုံးစုံကင်းစင်ရေး ရည်မှန်းချက်ဖြင့် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ကျင်ဒွေးမြို့သိမ်း စစ်ဆင်ရေး၊ တီးတိန်မြို့သိမ်းစစ်ဆင်ရေး နှင့် မတူပီမြို့သိမ်းစစ်ဆင်ရေးများဆက်တိုက်ဆင်နွှဲလာခဲ့ကြရာမှာ ကျင်ဒွေး မြို့၊ တီးတိန်မြို့ရှိ EPC လျှပ်စစ်ရုံး နှင့် တာဝါတိုင်ရုံးစခန်းကုန်း ၂ ခုအားသိမ်းယူနိုင်ခဲ့ကြပြီးနောက် ဇွန်လ ၁၇ ရက်နေ့ တွင် မတူပီမြို့က စစ်ကောင်စီတပ်ရင်း ခမရ ၃၀၄ ကို သိမ်းယူနိုင်ခဲ့ကြသည်။

ချင်းလဲန်းကောင်စီကလည်း ချင်းပြည်အတွင်း စစ်ကောင်စီတပ်စခန်းများ အမြန်ဆုံးကင်းစင်နိုင်ရေးအတွက် စစ်ရေးကို အရှိန်မြှင့်လျှက် မေလ ၁၉ ရက်နေ့တွင် ကျီးခါးမြို့၊ မေလ ၂၃ ရက်နေ့တွင် တွန်းဇံမြို့နယ်နှင့် မေလ ၃၀ ရ က်နေ့တွင် မတူပီမြို့နယ် စစ်ကောင်စီတပ်စွဲထားသောခရိုင်ရုံးတို့ကို သိမ်းယူခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.