Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မရာချင်းတော်လှန်ရေး ၂ ဖွဲ့တို့ ပေါင်းစည်းရေး သဘောတူညီချက်အရ ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်

မရာချင်းတော်လှန်ရေး ၂ ဖွဲ့တို့ ပေါင်းစည်းရေး သဘောတူညီချက်အရ ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်

0
By Editor on July 4, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မရာဒေသက မရာချင်းတော်လှန်ရေး ၂ ဖွဲ့တို့သည် ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေး သဘောတူညီချက်အရ နှစ်ဖွဲ့စလုံးမှ ဖမ်းဆီးထားသူအားလုံး ၁၃ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း မရာငြိမ်းချမ်းရေးကော်မရှင်ထံမှ သိရသည်။

မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ – MTC/MDF နှင် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မရာ (IMC/CDF Mara) တို့ မေလက တွေ့ဆုံဆွေးနွေးခဲ့ရာ ဖမ်းဆီးထားသူ အရပ်သား၊ ရဲဘော်များအာလုံးကို ဇွန်လ ၇ ရက်တွင် လွှတ်ပေးရန် သဘောတူခဲ့သော်လည်း ဇွန်လ ၂၆ ရက်ကျမှ အားလုံးကို လွှတ်ပေးနိုင်ခဲ့ကြောင်း ငြိမ်းချမ်းရေးကော်မရှင်က ဇူလိုင်လ ၁ ရက်မှာ သတင်းထုတ်ပြန်သည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ – မရာ (IMC/CDF Mara) မှ ဖမ်းဆီးထားသော ကျော်ထင်နှင့် မိုင်ဖာတို့ကို ဇွန်လ ၁၀ ရက်နေ့မှာ ကနဦးလွှတ်ပေးခဲ့ကြောင်း သိရသည်။

မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ – MTC/MDF မှ ဖမ်းဆီးထားသော ထိုင်းဆာ၊ ခူးမာ၊ ဘီးနှီချောင်နှင့် ဘွေယာတို့ကို လွှတ်ပေးရန် ခေါ်ဆောင်လာခဲ့ရာ ရွှေလိုက်ဝကျေးရွာတွင် ထွက်ပြေးလွှတ်မြောက်သွားခဲ့ကြောင်း သိရသည်။

သို့သော် မရာနှစ်ဖွဲ့ခေါင်းဆောင်များ တွေ့ဆုံမှုတွင် လွှတ်ပေးသကဲ့သို့မှတ်ယူကြောင်း ဆုံးဖြတ်ခဲ့သည်ဟု ငြိမ်းချမ်းရေးကော်မရှင်က ထုတ်ပြန်သည်။

ဇွန်လ ၂၆ ရက်က ဇောင်လိန်းကျေးရွာမှာ ငြိမ်းချမ်းရေးကော်မရှင်၏ ရှေ့တွင် MTC/MDF မှ ဖမ်းဆီးထားသည့် ရာလယ်ဆာ၊ ဘီးဆူဆာ၊ လိုလို၊ လိုပါကျ နှင့် ကိုနေမျိုးထွန်း (ခ) လေထွား နှင့် IMC/CDF Mara မှ ဖမ်းဆီးထားသည့် ဗာဘီးဆာ၊ ဒူးလျန်နာတို့ကို လွှတ်ပေးခဲ့ကြောင်း သိရသည်။

မေလ ၂၂ နှင့် ၂၃ ရက်က အိန္ဒိယနိုင်ငံ၊ ရှာဟာခရိုင်၊ ဇောင်းလင်းကျေးရွာတွင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မရာ တို့ ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေးအတွက် နှစ်ဖက်အဖွဲ့မှ ကိုယ်စားလှယ် ၈ ဦးစီ၊ ငြိမ်းချမ်းရေးကော်မရှင်မှ ၁၀ ဦးဖြင့် စုစုပေါင်း၂၆ ဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးမှုတွင် နှစ်ဖက်အဖွဲ့အစည်းမှ ဖမ်းဆီးထားသူများကို ၁၄ ရက်အတွင်း ပြန်လွှတ်ရန်၊ အခြားလက်နက်ကိုင်အဖွဲ့က မရာနယ်မြေကို ဖြတ်သန်းသွားလိုလျှင် မရာတပ်ဖွဲ့များကို အကြောင်းကြားရမည်အပါအဝင် အချက် ၇ ချက်၊ လိုက်နာရန်နှင့် ဆက်လက်ဆောင်ရွက်ရန် အချက် ၈ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၆ ရက်နှင့် ၂၇ ရက်တွင် ငြိမ်းချမ်းရေးကော်မရှင်၏ ဦးဆောင်မှုဖြင့် မရာလက်နက်ကိုင်နှစ်ဖွဲ့တို့ ပြန်လည်ပေါင်းစည်းရေး အကောင်အထည်ဖော်မှု အစည်းအဝေးကို (Reunification Implementation Commission Meeting) ကျင်းပရန် စီစဉ်ခဲ့သော်လည်း တွေ့ဆုံဆွေးနွေးနိုင်မှု မဖြစ်မြောက်ခဲ့ကြောင်း ငြိမ်းချမ်းရေးကော်မရှင်က ထုတ်ပြန်ထားသည်။

အစည်းအဝေး ကျင်းပနိုင်ရေးအတွက် မရာ ၂ ဖွဲ့ထံသို့ ဇွန်လ ၁၅ ရက်က အကြောင်းကြားခဲ့ကြောင်း၊ ဇွန်လ ၂၂ ရက်တွင် IMC/CDF-Mara မှ ချင်းပြည်ကောင်စီအစည်းအဝေးနှင့် တိုက်ဆိုင်နေ၍ ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးကော်မရှင်မှ IMC/CDF-Mara ထံသို့ ကိုယ်စားလှယ်တစ်ဦး လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း တစ်စုံတစ်ဦးမှ မရောက်လာသောကြောင့် ပြန်လည်ပေါင်းစည်းရေး အကောင်အထည်ဖော်မှု အစည်းအဝေးကို ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် IMC/CDF-Mara နှင့် ပြန်လည်တွေ့ဆုံရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

မရာနယ်မြေတွင် မရာတပ်ဖွဲ့များသည် “One Command One Administration” ဖြင့် ပြန်လည်းပေါင်း စည်းနိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးကော်မတီဖြင့် ဖွဲ့စည်းဆောင်ရွက်နေကြောင်း သိရသည်။

ပြန်လည်ပေါင်းစည်းရေးအကောင်အထည်ဖော်မှုကော်မတီ (Reunification Implementing Committee) ကို မရာတစ်ဖွဲ့ ချင်းစီမှ ကိုယ်စားလှယ် (၇) ဦးစီဖြင့် ငြိမ်းချမ်းရေးကော်မရှင်က ဖွဲ့စည်းပေးထားကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.