Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်ပြည်နယ်တွင် နိုင်ငံရေးအခြေနေကြောင့် ဝင်ရောက်ခိုလုံသူ ၇ ဦးရှိပြီဟုဆို

မီဇိုရမ်ပြည်နယ်တွင် နိုင်ငံရေးအခြေနေကြောင့် ဝင်ရောက်ခိုလုံသူ ၇ ဦးရှိပြီဟုဆို

0
By Editor on March 5, 2021 Headline
#Unicode
ရစ်ချက် – မြန်မာနိုင်ငံအတွင်း ယခုဖြစ်ပွားနေသော နိုင်ငံ​ရေးအ​ခြေအ​နေ​ကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးဝင်​ရောက်ခိုလုံသူ (၇) ဦးရှိနေပြီဟု သိရသည်။
မြန်မာနိုင်ငံမှ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးဝင်ရောက်ခိုလုံသူ(၇) ဦးအနက် သုံးဦးမှာ ရဲတပ်သားများဖြစ်ပြီး Serchhip မြို့နယ် Lungkawlh ကျေးရွာတွင် ဝင်ရောက်ခဲ့ကြောင်းနှင့် ကျန် (၄) ဦးတို့မှာ အိန္ဒိယ-မြန်မာနယ်စပ် Champhai မြို့တွင် ဝင်ရောက်ခဲ့ကြောင်း မီဇိုရမ်သတင်းများတွင်ဖော်ပြချက်အရသိရသည်။
၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့က မီဇိုရမ်ပြည်နယ် Lungkawlh ကျေးရွာတွင် ထွက်ပြေးလာသော မြန်မာနိုင်ငံ ရဲ တပ်သား (၃) ဦး ထွက်ဆိုချက်အရ “ပြည်တွင်းဆန္ဒပြပြည်သူများကို လက်နက်ဖြင့်ပစ်ခတ်ရန် အထက်အရာရှိများက အမိန့်ပေးခဲ့ခြင်းကြောင့် မိမိပြည်သူလူထု၊ မိမိလူမျိုးများကို မပစ်သတ်နိုင်တဲ့အတွက်ကြောင့် မိမိလက်နက်များကိုချပြီး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးလာရတာဖြစ်တယ်”လို့ ထွက်ဆိုခဲ့ကြကြောင်းသိရသည်။
မြန်မာနိုင်ငံမှ စစ်ဘေးဒုက္ခသည်အဖြစ် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးလာသော ပြည်သူ့ရဲ (၃) ဦးတို့ကို မီဇိုရမ်ရဲ နှင့် BDO E.Lungdar တို့က သေချာစစ်ဆေးခဲ့ပြီးနောက် N.Vanlaiphai ဆရာဝန်များက ကျန်မာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အလာတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နှင့် မတ်လ ၁ ရက်နေ့တို့တွင် မြန်မာပြည်က အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁) ဦးတို့ဟာ လည်း Champhai မြို့ဘက်ကို ထွက်ပြေးခဲ့ကြကြောင်း သိရသည်။
၄င်း (၄) ဦးအနက် အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁) တို့မှာ ကလေးမြို့နယ်ကဖြစ်ကြောင်း နှင့် ကျန် (၁) ဦးမှာ တမူးမြို့နယ်ဖက်က ဖြစ်ကြောင်း ထပ်မှန်သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် အဖွဲ့အစည်းတွင်ပါဝင်ပတ်သက်မှုကြောင့် အသက် အန္တာရယ်စိုးရိမ်ရသည့်အတွက် မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးလာသူများကို စစ်ဘေးဒုက္ခသည် (Refugee) အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် Champhai ခရိုင် အုပ်ချုပ်​ရေးမှူး CT Zuali က ပြောသည်။
#Zawgyi
ရစ္ခ်က္ – ျမန္မာႏိုင္ငံအတြင္း ယခုျဖစ္ပြားေနေသာ ႏိုင္ငံ​ေရးအ​ေျခအ​ေန​ေၾကာင့္ အိမ္နီးခ်င္းႏိုင္ငံျဖစ္သည့္ အိႏိၵယႏိုင္ငံ၊ မီဇိုရမ္ျပည္နယ္သို႕ ထြက္ေျပး၀င္​ေရာက္ခိုလံုသူ (၇) ဦးရွိေနၿပီဟု သိရသည္။
ျမန္မာႏိုင္ငံမွ မီဇိုရမ္ျပည္နယ္သို႕ ထြက္ေျပး၀င္ေရာက္ခိုလံုသူ(၇) ဦးအနက္ သံုးဦးမွာ ရဲတပ္သားမ်ားျဖစ္ၿပီး Serchhip ၿမဳိ႕နယ္ Lungkawlh ေက်းရြာတြင္ ၀င္ေရာက္ခဲ့ေၾကာင္းႏွင့္ က်န္ (၄) ဦးတို႕မွာ အိႏိၵယ-ျမန္မာနယ္စပ္ Champhai ၿမဳိ႕တြင္ ၀င္ေရာက္ခဲ့ေၾကာင္း မီဇိုရမ္သတင္းမ်ားတြင္ေဖာ္ျပခ်က္အရသိရသည္။
၂၀၂၁ ခုႏွစ္ မတ္လ ၃ ရက္ေန႕က မီဇိုရမ္ျပည္နယ္ Lungkawlh ေက်းရြာတြင္ ထြက္ေျပးလာေသာ ျမန္မာႏိုင္ငံ ရဲ တပ္သား (၃) ဦး ထြက္ဆိုခ်က္အရ “ျပည္တြင္းဆႏၵျပျပည္သူမ်ားကို လက္နက္ျဖင့္ပစ္ခတ္ရန္ အထက္အရာရွိမ်ားက အမိန္႕ေပးခဲ့ျခင္းေၾကာင့္ မိမိျပည္သူလူထု၊ မိမိလူမ်ဳိးမ်ားကို မပစ္သတ္ႏိုင္တဲ့အတြက္ေၾကာင့္ မိမိလက္နက္မ်ားကိုခ်ၿပီး အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးလာရတာျဖစ္တယ္”လို႕ ထြက္ဆိုခဲ့ၾကေၾကာင္းသိရသည္။
ျမန္မာႏိုင္ငံမွ စစ္ေဘးဒုကၡသည္အျဖစ္ မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးလာေသာ ျပည္သူ႕ရဲ (၃) ဦးတို႕ကို မီဇိုရမ္ရဲ ႏွင့္ BDO E.Lungdar တို႕က ေသခ်ာစစ္ေဆးခဲ့ၿပီးေနာက္ N.Vanlaiphai ဆရာဝန္မ်ားက က်န္မာေရးစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
အလာတူ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၂၈ ရက္ႏွင့္ မတ္လ ၁ ရက္ေန႕တို႕တြင္ ျမန္မာျပည္က အမ်ဳိးသား (၃) ဦးႏွင့္ အမ်ဳိးသမီး (၁) ဦးတို႕ဟာ လည္း Champhai ၿမဳိ႕ဘက္ကို ထြက္ေျပးခဲ့ၾကေၾကာင္း သိရသည္။
၄င္း (၄) ဦးအနက္ အမ်ဳိးသား (၂) ဦးႏွင့္ အမ်ဳိးသမီး (၁) တို႕မွာ ကေလးၿမဳိ႕နယ္ကျဖစ္ေၾကာင္း ႏွင့္ က်န္ (၁) ဦးမွာ တမူးၿမဳိ႕နယ္ဖက္က ျဖစ္ေၾကာင္း ထပ္မွန္သိရသည္။
ျမန္မာႏိုင္ငံတြင္ ႏိုင္ငံေရးႏွင့္ အဖြဲ႕အစည္းတြင္ပါဝင္ပတ္သက္မႈေၾကာင့္ အသက္ အႏၱာရယ္စိုးရိမ္ရသည့္အတြက္ မီဇိုရမ္ျပည္နယ္အတြင္း ထြက္ေျပးလာသူမ်ားကို စစ္ေဘးဒုကၡသည္ (Refugee) အျဖစ္ သတ္မွတ္မည္ျဖစ္ေၾကာင္း အိႏိၵယ-ျမန္မာနယ္စပ္ မီဇိုရမ္ျပည္နယ္ Champhai ခရိုင္ အုပ္ခ်ဳပ္​ေရးမႉး CT Zuali က ေျပာသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.