Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရိ တပ်စခန်းမှ ထွက်ပေးလာသော စစ်ကောင်စီတပ်သား ၂ ဦးကို CNDF က ဖမ်းဆီးထိန်းသိမ်း

ရိ တပ်စခန်းမှ ထွက်ပေးလာသော စစ်ကောင်စီတပ်သား ၂ ဦးကို CNDF က ဖမ်းဆီးထိန်းသိမ်း

0
By Editor on June 12, 2023 Khonumthung

(05MK)

ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့တပ်စခန်းမှထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၂ ဦးကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က ဇွန်လ ၆ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။

အဆိုပါတပ်သား ၂ ဦးမှာ စောနောင်ထွန်း (တသ-၁၂၈၃၂၆) နှင့် အောင်မျိုးကျော် (တသ-၁၂၈၂၄၁) တို့ဖြစ်ကြပြီး စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့၍ ကင်းပုန်းတာဝန်ကျရာမှ ဇွန်လ ၄ ရက်နေ့က ထွက်ပြေးလာကြခြင်းဖြစ်သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက ယနေ့ ဇွန်လ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

သူတို့ ၂ ဦးကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တွင် ဇွန်လ ၆ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ထိန်းသိမ်းစောင့်ရှောက်လျှက်ရှိသည်ဟု CNO က ဆိုသည်။

၎င်းတို့နှင့်အတူ MA1 သေနတ်တလက်၊ ကျည်ဘောက် ၄ ခု၊ ကျည် ၃၃၀ တောင့်၊ MG1 လက်ပစ်ဗုံးတလုံး ပါရှိလာသည်ဟု သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသော ရိခေါဒါရ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့များ ခြေကုပ်ယူထားသော တပ်စခန်း ၂ ခုရှိပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်လည်း မကြာခဏ ပစ်ခတ်မှု ဖြစ်ပွားလေ့ရှိသော်လည်း ယခုရက်ပိုင်းအတွင်း ထိတွေ့မှုမရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.