Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လမ္းခရီးတြင္ ယာဥ္တန္းပစ္ခတ္ခံရသည့္ WFP အေထာက္အပံ့မ်ား ပလက္၀ၿမိဳ႕သို႔ေရာက္ရွိ

လမ္းခရီးတြင္ ယာဥ္တန္းပစ္ခတ္ခံရသည့္ WFP အေထာက္အပံ့မ်ား ပလက္၀ၿမိဳ႕သို႔ေရာက္ရွိ

0
By Editor on May 5, 2020 Headline

#Zawgyi

ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕ေပၚရွိ စစ္ေဘးဒုကၡသည္မ်ားအတြက္ ကမၻာ့စားနပ္ရိကၡာအစီစဥ္ (WFP) မွ ေထာက္ပ့ံသည့္ ရိကၡာမ်ားသယ္ေဆာင္သည့္အခ်ိန္တြင္ ယာဥ္တန္မ်ားေသနတ္ျဖင့္ပစ္ခတ္ခံခဲ့ရေသာ္လည္း ေမလ ၂ ရက္ (စေနေန႔) က ပလက္၀ၿမိဳ႕သို႔ေရာက္ရွိၿပီဟု WFP ကထုတ္ျပန္သည္။

WFP ၏ ျမန္မာႏုိင္ငံဆိုင္ရာ ဌာေနကိုယ္စားလွယ္ မစၥတာစတီဖန္အန္ဒါဆန္းက “WFP ရဲစားနပ္ရိကၡာေတြ ပလက္၀ၿမိဳ႕ ဆီေရာက္ေအာင္ ပို႔ႏုိင္ခဲ့ပါၿပီ၊ ပူးေပါင္းကူညီေဆာင္ရြက္ေပးတဲ့ ခ်င္းျပည္နယ္အစိုးရ နဲ႔အတူ အျခားအဖြဲ႔အစည္းမ်ားကို ေက်းဇူးတင္ေၾကာင္းေျပာခ်င္တယ္၊ ဒါေပမယ့္ က်ေနာ္တို႔ရဲ့လုပ္ငန္းတာ၀န္က ဒီမွာပဲၿပီးဆံုးသြားလို႔မျဖစ္ပါဘူး’’ ဟုေျ ပာသည္။

ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA) အၾကားစစ္ေရးပဋိပကၡေၾကာင့္ ကုန္စည္စီးဆင္းမႈ ျပတ္ေတာက္၍ စားနပ္ရိကၡာျပတ္လပ္မႈႀကံဳေတြ႔ေနၾကရသည္ ပလက္၀ေဒသခံမ်ားႏွင့္ စစ္ေဘးေရွာင္ျပည္သူ ၃၇၀၀ အတြက္ (WFP) က ဆန္အိတ္တစ္ေထာင္ကို ဆမီးၿမိဳ႕မွတဆင့္ ပလက္၀ၿမိဳ႕သို႔ ယာဥ္ (၅) စီးျဖင့္ပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္သည္။

ထို႔ကဲ့သုိ႔ ပို႔ေဆာင္သည့္အခ်ိန္တြင္ ဧၿပီလ ၂၉ ရက္ေန႔က ဆမီးႏွင့္ ပလက္၀ၿမိဳ႕အၾကားတြင္ အမည္မသိသူမ်ားမွ ဆန္အိတ္မ်ားသယ္ေဆာင္လာသည့္ WFP မွ ငွါးရမ္းထားေသာ ကုန္တင္ယာဥ္(၅)စီးပါ ယာဥ္တန္းကို လက္နက္ငယ္မ်ား ျဖင့္ ပတ္ခတ္ခဲ့ရာ ယာဥ္အကူတစ္ဦးအနည္းငယ္ဒဏ္ရာရရွိကာ ယာဥ္သံုးစီးထိခိုက္ခဲ့သည္ဟု ေမလ (၃) ရက္ေန႔က ထုတ္ျပန္ေသာ WFP ၏ေၾကညာခ်က္တြင္ေဖာ္ျပထားသည္။

ကုန္စည္စီးဆင္းမႈျပတ္လပ္မႈေၾကာင့္ ပလက္၀ၿမိဳ႕နယ္အတြင္းရွိ မိသားစုအမ်ားအျပားသည္ ေန႔စဥ္ပံုမွန္စားစရာမရွိေတာ့ပဲ ရႏုိင္သမွ်ေသာ ေတာတြင္းအသီးအႏွံသစ္ဥသစ္ဖုမ်ားကို ရွာေဖြစားေသာက္ေနၾကရၿပီး မိသားစုအခ်ဴိ႕မွာ ကိုယ္ပိုင္ေတာင္ ယာခိုင္း ကြ်ဲႏြားမ်ားကို ေရာင္းခ်၊ စားသံုးၾကရသျဖင့္ ေရရည္တြင္ စိုက္ပ်ဴိးထုတ္လုပ္မႈႏႈန္းႏွင့္ စားနပ္ရိကၡာဖူလံုမႈကိုပါ ထိခိုက္ႏုိင္သည့္အေျခအေနရွိေနသည္ဟု WFP ေၾကညာခ်က္တြင္ေဖာ္ျပသည္။

“ပလက္၀ေဒသမွာရွိတဲ့လူထုေတြဟာ အေတာ္ေလးကို ထိခိုက္လြယ္တဲ့အေျခအေနမွာရွိေနပါတယ္၊ လက္ရွိစားနပ္ရိ ကၡာျပတ္လပ္မႈအေျခအေနကေန ဒီထက္ပိုဆိုးမသြားေအာင္ က်ေနာ္တို႔ အေထာက္အပံ့ေတြ ဆက္လက္ေပးအပ္သြား ဖို႔လိုအပ္ပါတယ္’’ ဟု မစၥတာစတီဖန္အန္ဒါဆန္းကေျပာသည္။

ပလက္၀ၿမိဳ႕အတြက္ WFP မွ ေပးပို႔လိုက္ေသာ ရိကၡာဆန္မ်ားကို ေမလ (၃) ရက္ေန႔ကစ၍ စစ္ေဘးေရွာင္ျပည္သူမ်ားထံ စတင္ျဖန္႔ေ၀လွ်က္ရွိၿပီး တစ္ဦးလွ်င္ ဆန္ ၁၃.၅ ေကဂ်ီစီႏွင့္ က်ပ္တစ္ေသာင္းစီရရွိၾကသည္ဟု ပလက္၀ၿမိဳ႕နယ္စစ္ေဘး ေရွာင္ကူညီေရးအဖြဲ႔မွ တာ၀န္ရွိသူတစ္ဦးကေျပာသည္။

“က်ေနာ္တို႔သိသေလာက္ကေတာ့ WFP က ပို႔လုိက္တဲ့ရိကၡာေတြက စစ္ေဘးေရွာင္ေတြအတြက္ပဲ၊ အခုစစ္ေဘးေရွာ င္ေတြက တစ္ေယာက္ကို ဆန္ ၁၃.၅ ေကဂ်ီစီနဲ႔ ေငြတစ္ေသာင္းစီရၾကတယ္လို႔သိရပါတယ္’’ ဟု အဆိုပါပုဂၢိဳလ္ကေျပာသည္။

ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္အၾကားစစ္ေရးအရွိန္ျမင့္တက္လာမႈေၾကာင့္ ၿပီးခဲ့သည့္ ေဖေဖာ္၀ါရီ လဆန္းပို္င္း ကစ၍ ပလက္၀ၿမိဳ႕နယ္သည္ ရခိုင္ျပည္နယ္ႏွင့္ဆက္သြယ္လမ္းေရးေၾကာင္းမ်ား ျပတ္ေတာက္ကာ စားနပ္ရိကၡာျပတ္လပ္မႈမ်ားရင္ဆိုင္ႀကံဳေတြ႔ေနၾကရ ျခင္းျဖစ္သည္။

#Unicode

ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးဒုက္ခသည်များအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် (WFP) မှ ထောက်ပံ့သည့် ရိက္ခာများသယ်ဆောင်သည့်အချိန်တွင် ယာဉ်တန်များသေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသော်လည်း မေလ ၂ ရက် (စနေနေ့) က ပလက်ဝမြို့သို့ရောက်ရှိပြီဟု WFP ကထုတ်ပြန်သည်။

WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာစတီဖန်အန်ဒါဆန်းက “WFP ရဲစားနပ်ရိက္ခာတွေ ပလက်ဝမြို့ ဆီရောက်အောင် ပို့နိုင်ခဲ့ပါပြီ၊ ပူးပေါင်းကူညီဆောင်ရွက်ပေးတဲ့ ချင်းပြည်နယ်အစိုးရ နဲ့အတူ အခြားအဖွဲ့အစည်းများကို ကျေးဇူးတင်ကြောင်းပြောချင်တယ်၊ ဒါပေမယ့် ကျနော်တို့ရဲ့လုပ်ငန်းတာဝန်က ဒီမှာပဲပြီးဆုံးသွားလို့မဖြစ်ပါဘူး’’ ဟြေု ပာသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) အကြားစစ်ရေးပဋိပက္ခကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်၍ စားနပ်ရိက္ခာပြတ်လပ်မှုကြုံတွေ့နေကြရသည် ပလက်ဝဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူ ၃၇၀ဝ အတွက် (WFP) က ဆန်အိတ်တစ်ထောင်ကို ဆမီးမြို့မှတဆင့် ပလက်ဝမြို့သို့ ယာဉ် (၅) စီးဖြင့်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ထို့ကဲ့သို့ ပို့ဆောင်သည့်အချိန်တွင် ဧပြီလ ၂၉ ရက်နေ့က ဆမီးနှင့် ပလက်ဝမြို့အကြားတွင် အမည်မသိသူများမှ ဆန်အိတ်များသယ်ဆောင်လာသည့် WFP မှ ငှါးရမ်းထားသော ကုန်တင်ယာဉ်(၅)စီးပါ ယာဉ်တန်းကို လက်နက်ငယ်များ ဖြင့် ပတ်ခတ်ခဲ့ရာ ယာဉ်အကူတစ်ဦးအနည်းငယ်ဒဏ်ရာရရှိကာ ယာဉ်သုံးစီးထိခိုက်ခဲ့သည်ဟု မေလ (၃) ရက်နေ့က ထုတ်ပြန်သော WFP ၏ကြေညာချက်တွင်ဖော်ပြထားသည်။

ကုန်စည်စီးဆင်းမှုပြတ်လပ်မှုကြောင့် ပလက်ဝမြို့နယ်အတွင်းရှိ မိသားစုအများအပြားသည် နေ့စဉ်ပုံမှန်စားစရာမရှိတော့ပဲ ရနိုင်သမျှသော တောတွင်းအသီးအနှံသစ်ဥသစ်ဖုများကို ရှာဖွေစားသောက်နေကြရပြီး မိသားစုအချိူ့မှာ ကိုယ်ပိုင်တောင် ယာခိုင်း ကျွဲနွားများကို ရောင်းချ၊ စားသုံးကြရသဖြင့် ရေရည်တွင် စိုက်ပျိူးထုတ်လုပ်မှုနှုန်းနှင့် စားနပ်ရိက္ခာဖူလုံမှုကိုပါ ထိခိုက်နိုင်သည့်အခြေအနေရှိနေသည်ဟု WFP ကြေညာချက်တွင်ဖော်ပြသည်။

“ပလက်ဝဒေသမှာရှိတဲ့လူထုတွေဟာ အတော်လေးကို ထိခိုက်လွယ်တဲ့အခြေအနေမှာရှိနေပါတယ်၊ လက်ရှိစားနပ်ရိ က္ခာပြတ်လပ်မှုအခြေအနေကနေ ဒီထက်ပိုဆိုးမသွားအောင် ကျနော်တို့ အထောက်အပံ့တွေ ဆက်လက်ပေးအပ်သွား ဖို့လိုအပ်ပါတယ်’’ ဟု မစ္စတာစတီဖန်အန်ဒါဆန်းကပြောသည်။

ပလက်ဝမြို့အတွက် WFP မှ ပေးပို့လိုက်သော ရိက္ခာဆန်များကို မေလ (၃) ရက်နေ့ကစ၍ စစ်ဘေးရှောင်ပြည်သူများထံ စတင်ဖြန့်ဝေလျှက်ရှိပြီး တစ်ဦးလျှင် ဆန် ၁၃.၅ ကေဂျီစီနှင့် ကျပ်တစ်သောင်းစီရရှိကြသည်ဟု ပလက်ဝမြို့နယ်စစ်ဘေး ရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ကျနော်တို့သိသလောက်ကတော့ WFP က ပို့လိုက်တဲ့ရိက္ခာတွေက စစ်ဘေးရှောင်တွေအတွက်ပဲ၊ အခုစစ်ဘေးရှော င်တွေက တစ်ယောက်ကို ဆန် ၁၃.၅ ကေဂျီစီနဲ့ ငွေတစ်သောင်းစီရကြတယ်လို့သိရပါတယ်’’ ဟု အဆိုပါပုဂ္ဂိုလ်ကပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်အကြားစစ်ရေးအရှိန်မြင့်တက်လာမှုကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်းပိ်ုင်း ကစ၍ ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်နှင့်ဆက်သွယ်လမ်းရေးကြောင်းများ ပြတ်တောက်ကာ စားနပ်ရိက္ခာပြတ်လပ်မှုများရင်ဆိုင်ကြုံတွေ့နေကြရ ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.