Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»“လူမျိုး၊ဘာသာ မခွဲခြားပဲနဲ့ အတူတကွ ဒီတော်လှန်ရေးမှာ ပါဝင်ဖို့ အရေးကြီးတယ်”

“လူမျိုး၊ဘာသာ မခွဲခြားပဲနဲ့ အတူတကွ ဒီတော်လှန်ရေးမှာ ပါဝင်ဖို့ အရေးကြီးတယ်”

0
By Editor on May 7, 2021 Headline
Chinland Defense Force (CDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဘောရစ်နှင့် တွေ့ဆုံခြင်း
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့က တပ်မတော်ကနေ အရပ်သားအစိုးရထံ မတရားအာဏာသိမ်းလိုက်ပြီးနောက် ငြိမ်းချမ်းစွာဆန္ဒဖေဖော်ထုတ်သူတွေ၊ CDM မှာ ပူးပေါင်းပါဝင်တဲ့ ဝန်ထမ်းတွေ၊ အပြစ်မဲ့ပြည်သူတွေကို နည်းမျိူးစုံနဲ့ စစ်ဆေးမေးမြန်းဖမ်းဆီး သတ်ဖြတ်မှုတွေလုပ်ဆာင်နေတဲ့ စစ်အာဏာရှင်ရန်မှ ကာကွယ်နိ်ုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ချင်းပြည်နယ် မြို့နယ်(၉) မြို့နယ် နဲ့ ပြည်နယ်ပြင်ပက ချင်းအမျိူးသားတွေက Chinland Defense Force (CDF) ကို ဧပြီလ (၄) ရက်နေ့က ဖွဲ့စည်းလိုက်ကြပါတယ်။
Chinland Defense Force (CDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဘောရစ်ကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။
မေး- အရင်ဆုံးအနေနဲ့ အစ်ကိုတို့ CDF ဖွဲ့စည်းခဲ့ပုံလေးရယ်၊ ဘယ်အချိန်ကနေစပြီး ဒီဟာကို ပြင်ဆင်လာခဲ့တာလဲဆိုတာလဲ ဆိုတဲ့ဟာလေးကို အရင်ဆုံး ပြောပေးပါအုံး။
ဖြေ- CDF ကျွန်တော်တို့ ဖွဲ့စည်းလိုက်တဲ့ အကြောင်းအရင်းက အစတုန်းက ကျွန်တော်တို့ ပြည်သူေ တွကနေ ပုံစံမျိုးစုံ နည်းမျိုးစုံနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်၊ သပိတ်မှောက်ခဲ့ကြတယ်၊ ဒါပေမယ့် အာဏာ ရှင် စစ်ကောင်စီကနေ အကြမ်းဖက်နည်းနဲ့ ပြည်သူတွေကို ဖမ်းဆီးတယ်၊ သတ်ဖြတ်တာတွေ လုပ်နေ လာတဲ့အခါကျတော့ ဒီဟာကို ကျွန်တော်တို့ အကြမ်းမဖက်နည်းနဲ့ ပုံစံမျိုးစုံ ဆန္ဒဖော်ထုတ်တာတွေက မရတော့ဘူး ဆိုပြီးတော့ ကျွန်တော်တို့ ကိုယ့်လုံခြုံရေးကို ကိုယ့်ကိုကိုယ် ခုခံနိုင်ဖို့အတွက်ကို ကျွန် တော်တို့ ယူရတော့ မယ်ဆိုပြီးတော့ ကျွန်တော်တို့ ဆွေးနွေးမှုတွေလာခဲ့တယ်၊ ဒီမတ်လ အလယ် လောက်ကနေ ကျွန်တော်တို့ ဒီမြို့နယ် ၉ မြို့နယ်ထဲက ပြည်သူ့လုံခြုံရေးတွေနဲ့ ဆွေးနွေးပြီးတော့ ဒီ ကျွန်တော်တို့ ဧပြီ ၄ ရက်မှာ ဖွဲ့စည်းခဲ့တယ်၊
မေး- CDF ဖွဲ့စည်းရတဲ့ အဓိက ရည်ရွယ်ချက်နဲ့ မူဝါဒပိုင်းကိုလည်းသိချင်ပါတယ်။
ဖြေ- ကျွန်တော်တို့ရဲ့ CDF ရဲ့ ရည်ရွယ်ချက်က CDF ကသိတဲ့ အတိုင်းပဲ အလွှာပေါင်းစုံက နောက်ခံမ တူတဲ့ လူငယ်တွေအကုန်လုံးကလာကြတယ်၊ တချို့က ကျောင်းတက်နေတဲ့သူတွေ၊ တချို့က စီးပွား ရေး၊ ကိုယ့်စီးပွားရေးနဲ့ တချို့က မိသားစုအခြေအနေနဲ့ လာကြတယ်၊ ကျွန်တော်တို့က နိုင်ငံရေးမူပေါ်လစီကို ဦးတည်ပြီးတော့ ဖွဲ့စည်းထားတာမဟုတ်ဘူး၊ ကျွန်တော််တို့က အကြမ်းဖက်စစ်အာဏာ ရှင် ရန်ကနေကာကွယ်နိုင်ဖို့အတွက် ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ဒီတော် လှန်ရေးအတွင်းမှာပဲ လှုပ်ရှားမယ်၊ များသောအားဖြင့် ကျွန်တော်တို့ရဲ့ အခြေခံမူက ဒီပြည်သူတွေကို ကာကွယ်ဖို့၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ပန်းတိုင်က အားလုံးနဲ့ အတူတူပါပဲ၊ ဒီ ၂၀၀၈ အခြေခံဖွဲ့စည်း ပုံ ဖျက်သိမ်းရေးနဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ပြီးတော့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး ဒီအေ ပါ်မှာပဲ အခြေခံထားပါတယ်၊
မေး- CDF အနေနဲ့ ဘယ်လိုပုံစံမျိုးကို အဓိကထားပြီးလှုပ်ရှားသွားဖို့ရှိလဲ။ ပြီးတော့ လက်ရှိလှုပ်ရှားနေတာတွေထဲက ပြောလို့ ရတာတွေရှိရင်လည်း ပြောပေးပါအုံး။
ဖြေ- ကျွန်တော်တို့ ဒီ CDF က အမြဲတမ်းလိုလို စစ်တပ်ကိုကြိုတင်သတိပေးထားမယ်၊ ဥပမာ ဆိုပါဆို့ ကျွန်တော်တို့ ဖမ်းဆီးခံထားရတဲ့ ပြည်သူတွွေရယ် ဒါမဟုတ် လွတ်လွတ်လပ်လပ် ခရီးသွားလာတဲ့သူေ တွနှောက်ယှက်တာတွေ ပိုက်ဆံငွေကြေးတောင်းတာတွေ အဲ့လိုမျိုးမလုပ်ဖို့ဆိုပြီးတော့ ကျွန်တော်တို့ သတိပေးမယ်၊ ဒါပေမယ့် အဲ့လိုမျိုးလုပ်ရပ်ကနေ အာဏာရှင်စစ်တပ်က ရပ်တန်းက မရပ်ဘူးဆိုရင် ကျွန်တော်တို့ CDF အနေနဲ့ နည်းမျိုးစုံပေါ့နော် ဥပမာ- ပျောက်ကြားစနစ်နဲ့ ကျွန်တော်တို့ ခုခံသွား မလားဆိုတာတွေ မဟာဗျုဟာ နည်းတွေအကုန်လုံးရှိတယ်။
မေး- အစ်ကိုတို့ အနေနဲ့ လှုပ်ရှားတဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေကြုံရတာမျိူးရှိလဲ။
ဖြေ- ကျွန်တော်တို့ အခက်အခဲကျတော့ စိန်ခေါ်မှုက အများကြီးရှိတာပေါ့နော်၊ ဘာလို့လဲဆိုတော့ စစ်တပ်ကနေ ကျွန်တော်တို့နေရာတွေကို အမြဲသုံးနေတဲ့နေရာတွေ သတင်းအချက်အလက်တွေကို Block တယ်၊ ဒီရိက္ခာတွေသယ်ဖို့တွေ Block တယ်၊ သွားလာရေးတွေကို Block တော့ ကျွန်တော်တို့ အတွက် နည်းနည်းခက်ခဲတယ်၊ ဒါပေမယ့်လည်း ကျွန်တော်တို့က တောင့်ခံသွားပြီး ခုခံသွားမှာပေါ့။
မေး- CDF က လက်နက်ကိုင်တပ်ဖွဲ့လားဆိုပြီး ဇဝေဇဝါဖြစ်နေကြတယ် ဒီအပေါ်မှာ ဘာပြောချင်လဲ။
ဖြေ- ဒီတချို့တွေကလည်း မေးမြန်းတာတွေရှိတယ်၊ ဒီ CDF က တကယ့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ် တည်ထောင်သွားမလားဆိုတဲ့ မေးခွန်းမျိုးတွေထွက်လာတယ်၊ တကယ်က ဒီ CDF ဆိုတာက တကယ့်လက်နက်ကိုင် တပ်ဖွဲ့လိုမျိုး ရပ်တည်သွားမှာ မဟုတ်ဘူး၊ ဒီတော်လှန်ရေးအတွင်းမှာပဲ ကျွန် တော်တို့ ကိုယ့်ဟာကိုယ် ခုခံရမဲ့တာဝန်က ကျလာလို့ ကျွန်တော်တို့ ဒီ CDF ကိုဖွဲ့စည်း လို်က်တာ ဖြစ်တယ်၊ ဒီတော် လှန်ရေး အောင်အောင်မြင်မြင် ပြီးဆုံးသွားရင် ကျွန်တော်တို့ ဒီ CDF ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။
မေး- အခုလက်ရှိ အစ်ကိုတို့ အနေနဲ့ တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းထားတာတွေ၊ မိတ်ဖက်ထား တာတွေရှိလား၊ ရှေ့ဆက်ရော အဲ့လိုမျိုးတွေ ချိတ်ဆက်သွားဖို့ရှိလား။
ဖြေ- ဟုတ်ကဲ့ ကျွန်တော်တို့ရဲ့ ထုုတ်ပြန်ချက်မှာ ထည့်ထားသလို NUG ရဲ့ လမ်းညွှန်မှုကို ကျွန်တော်တို့ အကောင်အထည်ဖော်သွားမယ်၊ နောက်တခုက ကျွန်တော်တို့ ချင်းလူမျိုးနဲ့ ချင်းအမျိုးသား လုံခြုံရေးမှာ ပါဝင်ပက်သက်နေတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်ပြီးမှ လုပ်ဆောင်သွားဖို့ရှိပါတယ်။
မေး- ရှေ့ဆက်ပြီးတော့ CDF အနေနဲ့ လုပ်ဆောင်မဲ့အရာတွေရယ်၊ အခုလက်ရှိိလုပ်ဆောင်နေတာတွေ ပြောလို့ရတာရှိရင် ပြောပေးပါအုံး။
ဖြေ- တချို့က ပြောလို့ မရဘူးပေါ့၊ ဒါပေမယ့် ဒီလှုပ်ရှားမှုက ဒီအာဏာရှင် စစ်တပ်ရဲ့ လှုပ်ရှားမှုအေ ပါ်မှာပဲ မှုတည်လိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်တို့ ပြည်သူတွေ ခရီးသွားလာရေးတွေ လွတ်လွတ်လ ပ်လပ် သွားလာနိုင်အောင်၊ CDM သမားတွေ အဆင်ပြေပြေ သူတို့ လုံလုံခြုံံခြုံနဲ့ နေနိုင်အောင်၊ ပြီးတော့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသူတွေ အကြောက်တရားမရှိအောင် ဒီမြို့တွင်းထဲမှာ သွားလာနိုင် အောင် ကျွန်တော်တို့ လိုအပ်တဲ့ လှုပ်ရှားမှုတွေ လုပ်ရင်လည်း လုပ်နိုင်တယ်။
မေး- နောက်ဆုံးအနေနဲ့ ချင်းပြည်သူလူထုဖြစ်ဖြစ်၊ စစ်ကောင်စီကိုတော်လှန်နေတဲ့သူတွေကို ဘာများပြောချင်တာရှိလဲ။
ဖြေ- ကျွန်တော်တို့ CDF အနေနဲ့ရော ပြည်သူတယောက်နေနဲ့ရော စစ်ကောင်စီကိုတော်လှန်နေတဲ့သူတွေအနေနဲ့ ကျွန်တော်တို့ ဒီအချိန်မှာ စိတ်ဓာတ်အင်အားကို တောင့်တောင့် တင်းတင်းရှိပြီးတော့ ကျွန်တော်တို့ ဒီတော်လှန်ရေးကို အောင်မြင်စွာတိုက်ဖို့လိုတယ်၊ ပြီးတော့ အရေးတော်ပုံက အောင်မြင်ဖို့လိုတယ်၊ ဒီအချိန်မှာ တယောက်နဲ့ တယောက် စိတ်နှခြမ်းကွဲမှုရှိအောင် အားလုံးက တယောက်နဲ့ တယောက် ကူညီပံ့ပိုးဖို့လိုတယ်ပေါ့နော်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က တူသလို အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့အတွက်က အားလုံးတိုက်ပွဲဝင် နေကြတယ်၊ အသက်တချောင်းစီကို စတေးကြတဲ့အတွက် အားလုံးက လူမျိုး၊ဘာသာ မခွဲပဲနဲ့ အတူတကွ ဒီတော်လှန်ရေးမှာ ပါဝင်ဖို့ အရေးကြီးတယ်၊ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ် ဒီရေးတော်ပုံ အောင်မှဖြစ်မယ်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.