Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပေါ် ချင်းပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားအမြင်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပေါ် ချင်းပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားအမြင်

0
By Editor on April 23, 2021 Headline
မေးမြန်းသူ – လားနွန်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကနေ ဧပြီလ ၁၆ ရက်နေ့က အမျိူးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကိုဖွဲ့စည်းလိုက်ပါပြီ။ ဒီကြားကာလ အစိုးရဖွဲ့စည်းတဲ့အပေါ်မှာ ချင်းနိုင်ငံရေးပါတီများ၊ ချင်းအရပ်ဘက်အဖွဲ့အစည်း များ၏ သဘောထားအမြင်ကို စုစည်းတင်ဆက်လိုက်ပါတယ်။
ဆလိုင်းကျဲအိုဘိခ်ထောင် (အတွင်းရေးမှူး – ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
“နံပတ် (၁) ချက်ကတော့ သူတို့ရဲ့ ဖွဲ့စည်းတဲ့ ဖွဲ့စည်းမှုထဲမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေ တိုင်းရင်းသားတွေပါဝင်မှု အခန်းကဏ္ဍတွေမြင့်မားနေတယ်ပေါ့လေ ဆိုတော့ နိုင်ငံတော်အစိုးရအကြီးအကဲအမြင့်ဆုံး အာဏာပိုင်ပုဂ္ဂိုလ်ထဲမှာ တိုင်းရင်းသားတွေပေးတယ် နေရာပေးတယ်ဆိုကတည်းက တော်တော်လေးကို အပြုသဘောဆောင်တဲ့ အရာလို့မြင်တယ် ဒုတိယကတော့ ဒီတိုင်းပြည်မှာပြည်သူလူထုက လက်ရှိအချိန်မှာ ပြည်သူလူထုကမျှော်လင့်နေတဲ့လိုလားနေတဲ့အရာက အရပ်သားအစိုးရပေါ့လေ အရပ်သားအစိုးရကို လိုလားနေကြတယ် ပြည်သူလူထုကလိုလားတဲ့ဟာကိုဖော်ဆောင်ပေး တယ်ဆိုကတည်းက ဒါကြိုဆိုရမယ့်အရာပဲ ကျနော်တို့အမြဲတမ်းပြောသလို ၂၀၂၀ ရွေးကောက်ပွဲဟာ တချို့အပိုင်းလေး တွေမှာ မဲမသမာမှုလေးတွေတချို့ဟာတွေရှိပေမဲ့ ခြုံငုံကြည့်တဲ့အခါမှာ ဒီရွေးကောက်ပွဲဟာ အတန်အသင့် Free and Fair ဖြစ်ပါတယ် အဲဒါကြောင့် မည်သူမဆို ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိမှတ်ပြုဖို့လိုအပ်သလို ၂၀၂၀ ရွေးကောက်ပွဲရ လဒ်ကို လေးစားလိုက်နာဖို့လိုတာပေါ့ ဒါကျနော်တို့ တိုင်းရင်းသားအတိုက်ခံနိုင်ငံရေးပါတီတစ်ရပ်တောင်မှ အဲလို ကျနော်တို့မြင်တယ် ဆိုတော့ အဲဒီရလဒ်အရ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ အစိုးရဖွဲ့ဖို့ကတော့ NLD ပါတီဦးဆောင်ပြီး ဖွဲ့ဖို့က သူတို့မှာတာဝန်ရှိတယ်လေ ပြည်သူလူထုက အဲဒီတာဝန်ကိုပေးထားတာကို အဲဒီတာဝန်ကို သူတို့တာဝန်ကျေပွန် အောင်တော့လုပ်ရမှာပေါ့ တကယ်တကယ်အကောင်ထည်ဖော်တဲ့နေရာမှာ အကောင်ထည်ဖော်နိုင်မလား လက်တွေ့ ကျသလား ဒါကတော့ နောက်ပိုင်းမှမြင်တွေ့ရမယ့်အပိုင်းပေါ့ လောလောဆယ်အနေအထားထိကတော့ ဒါမှန်ကန်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့လမ်းကြောင်းလို့ကျနော်ကတော့မြင်တယ်’’
ကိုလျန်တွောင် (ချင်းတောင်သဘာဝစောင့်ကြည့်ရေးအဖွဲ့)
“ ဒီ NUG ကို ကျနော်တို့ကြိုဆိုထောက်ခံတယ် သူတို့အားကောင်းဖို့ ကျနော်တို့အရမ်းတောင်းတတယ် အားမကောင်းခင်တော့ ကျနော်တို့ပြောစရာရှိတာလည်း မပြောသေးဘူး ကျနော်တို့မျိုသိပ်ရတယ်ပေါ့နော် အားကောင်းပါစေဆိုပြီးတော့ သူ့ရဲ့အားနည်းချက်တွေ ကျနော်တို့စိတ်ထဲမှာရှိနေပေမယ့် မပြောပဲနဲ့ သူ့ရဲ့အခြေအနေကို စောင့်နေတာ ပြီးတော့ ကျနော်တို့လုပ်ပေးနိုင်တာ ကိုယ့်ဘက်က သူက လမ်းညွှန်မှုဖြစ်ဖြစ် ဦးဆောင်မှုဖြစ်ဖြစ် သူ့နောက်မှာလိုက်ဖို့က အားလုံးအဆင်သင့်ဖြစ်တာပေါ့ ကျနော်တို့က မကျေနပ်မှုကို လူထုကတော့ ဆန္ဒဖော်ထုတ်ပြီးပြီ တာဝန်ကျေပြီးပြီပေါ့လေ ဒါပေမဲ့ ဒီပြသာနာက နိုင်ငံရေးပြသာနာဖြစ်နေတဲ့အခါကျတော့ ဒီနိုင်ငံရေးပြသာနာ လူထုမကျေနပ်မှုကို ဖြေရှင်းနိုင်ဖို့အတွက်ကို နိုင်ငံရေးလမ်းကြောင်းလိုတာပေါ့နော် အဲဒီနိုင်ငံရေးလမ်းကြောင်းကိုသယ်သွားဖို့ကျတော့ ဒီ CRPH ဖြစ်ဖြစ် ဒီနိုင်ငံရေးလမ်းကြောင်းသယ်သွားပေးမယ့် ပုဂ္ဂိုလ်ကသူ(NUG)ဖြစ်နေတယ် ဆိုတော့ လူထုကတော့ တာဝန်ကျေပြီးပြီ သူ့ပခုံးပေါ်တင်ပြီးသွားပြီဆိုတော့ လူထုရဲ့ဆန္ဒကို ဆက်လက်ပြီးသယ်သွားဖို့က CRPH မှတာဝန်ရှိတယ်လို့ ကျနော်ကတော့မြင်တယ်”
ကို GS Mang (Area Peace and Development Forward)
“ဒီ National Unity Government အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ်အဖွဲ့ကြီးပေါ်ပေါက်လာတာက လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေ တုံ့ပြန်တဲ့နေရာမှာ အင်မတန်ကောင်းမွန်ပြီးတော့ သင့်တော်တဲ့ဖွဲ့စည်းမှုဖြစ်တယ်လို့ ကျနော့်အနေနဲ့မြင်တယ် လက်တလောမြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ကျနော်ဒီ NUG အစိုးရကို ကြိုဆိုပါတယ် ထောက်ခံပါတယ် အားလည်းအားပေးပါတယ် ဘာဖြစ်လို့လဲဆိုတော့ ဒီချိန်မှာ မြန်မာ့နိုင်ငံရေး လိုအပ်ချက်အရ ပြည်သူလူထုကရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်ဆိုတာ ပေါ်ပေါက်ဖို့လိုတယ် အဲဒီအတွက်ဒီဟာမှာ လိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့အစိုးရဖြစ်တယ်လို့မြင်တယ် အဲဒီအတွက်ထောက်ခံတာပါ၊ ကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းများနှင့်သော်လည်း ပြည်သူလူထုအနေနဲ့သော်လည်းကောင်း ကျနော်တို့ဝိုင်းဝန်းပံ့ပိုးဖို့ အဓိကတော့ ကျနော်တို့နိုင်ငံမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် ဝိုင်းဝန်းပံ့ပိုးဖို့ သူတို့အနေနဲ့ ဦးဆောင်ပေးနိုင်ဖို့ ကျနော်မျှော်လင့်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနလည်းဖွဲ့ပြီးပြီ ကာကွယ်ရေးဝန်ကြီးလည်းရှိပြီးပြီ ဒုတိယဝန်ကြီးတွေလည်းရှိပြီးပြီ အဓိကတော့ ကာကွယ်ရေးဝန်ကြီးဌာနရှိနေသော်လည်းပဲ သူ့မှာ တပ်မတော်ဘယ်လိုစပြီးဖွဲ့စည်းမလဲ နောက်တစ်ခုက ဒီတပ်မတော်ကို ဖက်ဒရယ်ပုံစံမျိုးဖြစ်အောင်ဘယ်လိုလုပ်မလဲ လက်ရှိတည်ရှိနေပြီးသား တိုင်းရင်းသားလက်နက်ကိုင်တွေ EAO တွေကို သူတို့အနေနဲ့ ဘယ်လောက်ထိစည်းရုံးသိမ်းသွင်းနိုင်မလဲ အဲဒီဟာတွေကို NUG အနေနဲ့ အများကြီး ဆက်လက်လုပ်ဆောင်ပေးစေချင်တယ်”
ကိုထားတွောင် ( Chin MATA)
“NUG အစိုးရပေါ်လာတာကိုထောက်ခံတယ် ဝမ်းသာပါတယ် ကျနော်တို့တစ်ခုရှိတာက ဒီဟာနဲ့ပတ်သက်လို့ လူထုကထောက်ခံပြီ နဂိုကတည်းကလိုပဲ လူထုဘက်ကနေပြီးတော့မှ တာဝန်ကျေတယ် ထောက်ခံပေးတယ် လူထုဘက်က ၂၀၂၀ အခင်းအကျင်းမှာကတည်းက၊ ဒါပေမဲ့ အဲဒီမှာ သူတို့ဘယ်လိုလုပ်လာမလဲ သူတို့ရဲ့တာဝန်ဖြစ်သွားပြီလို့ပြောလို့ရတယ် တဖက်မှာ သူတို့သည် ဒီဟာအတွက်အဓိက အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်သွားပြီဖြစ်တဲ့အခါကျတော့ လူထုအနေနဲ့လိုလားတဲ့ ဒီမိုကရေစီအတွက်ကို သူတို့ဘယ်လိုဆောင်ကျင်းပေးမလဲ ပြီးတော့ လူထုကကော ဘယ်အတိုင်းအတာကနေပါဝင်ပေးရမလဲဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ ကိစ္စတွေလိုအပ်တယ် ပြီးတော့ တချိန်ထဲမှာပဲ နှစ်ပေါင်း (၇၀) ကျော်ဖြစ်လာတဲ့ ပြည်တွင်းစစ်ကိစ္စတွေ အဓိကအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုင်းရင်းသားတွေနဲ့ ဆိုင်တဲ့ကိစ္စတွေကို အမြင်မမှားဖို့လိုတယ် ဒီဟာနဲ့ပတ်သက်ပြီးသူတို့ကောင်းကောင်းမွန်မွန်လုပ်ဖို့လိုတယ်လို့ကျနော်ကတော့မြင်တယ် အချုပ်ပြေရရင်တော့ ကြိုဆိုပါတယ်’’
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.