Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»၀မ္းေရးေၾကာင့္ ပလက္ဝျပည္သူမ်ား ေရြးေကာက္ပြဲအေပၚစိတ္မ၀င္စားႏိုင္ဟုဆို

၀မ္းေရးေၾကာင့္ ပလက္ဝျပည္သူမ်ား ေရြးေကာက္ပြဲအေပၚစိတ္မ၀င္စားႏိုင္ဟုဆို

0
By Editor on October 15, 2020 Headline

#Unicode

By လားနွန် – ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲကျင်းပရန် လပိုင်းသာလိုတော့သော်လည်း ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့န ယ်အတွင်းရှိ ဒေသခံပြည်သူများသည် စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်ကြောင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု နည်းပါးသည်ဟု လေ့လာစောင့်ကြည့်သူများကပြောဆိုကြသည်။

ပလက်ဝမြို့နယ်တိုက်ပွဲရှောင်နှင့်သဘာဝဘေးကူညီရေးအဖွဲ့ဥက္ကဌ ဦးဇာနီက ပလက်ဝမြို့နယ်ပြည်သူများသည် ဝမ်းရေးအတွက် ပူပင်နေကြရပြီး ရွေးကောက်ပွဲထက် ဆန်ရရှိရေးကိုသာ ပိုစိတ်ဝင်စားကြသည်ဟု ပြောသည်။

“ရွေးကောက်ပွဲထက်ပြောရမယ်ဆိုရင် ဆန်တွေပြတ်လပ်နေတဲ့အတွက်ကြောင့် ရွေးကောက်ပွဲထက် စားရေးက ပိုပြီးတော့ အာရုံစိုက်တာလို့ပြောလို့ရပါတယ်၊ အခုဆိုရင်လည်းပဲ ဒီတိုက်ပွဲရှောင်တွေအတွက် ဝန်ကြီးဦးစိုးထက်ကနေပြီးတော့ တပ်မမှာ ချေးဌားပေးထားတဲ့ဆန်က (၃) ရက်စာပဲပေးနိုင်တယ် ဒီနေ့ဆိုကုန်ပြီ၊ ဒီကြားမှာ အခုဆမီးဘက်က ကားအဝင်အထွက်က ဘယ်လိုလဲတော့မသိဘူး လုံခြုံရေးကကျနော်တို့မသိဘူး ဒါနဲ့ပဲ ဆမီးဘက်က ကားအဝင်အထွက်မရှိတဲ့အတွက်ကြောင့် အခုဆန်အခက်အခဲကြုံရတော့ ပြည်သူတွေက ဒီရွေးကောက်ပွဲ မဲဆန္ဒပေးတာထက် ဒီစားဝတ်နေရေးက သူတို့ပိုပြီးတော့ စိတ်ပူတယ်” ဟု ဦးဇာနီကပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့စစ်မက်ဖြစ်ပွားရာ ချင်းပြည်တောင်ပိုင်း ပလက်ဝမြ်ို့နယ်တွင် လုံခြုံရေးအခြေအေ နကြောင့် ရေလမ်း ကုန်လမ်းများပိတ်ဆို့ကာ ကုန်စည်ဝင်ရောက်မှုမရှိတော့သည့်အတွက် ပလက်ဝမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀၀ ကျော်ဆန်ပြတ်လပ်မှုဒဏ်ကြုံတွေ့နေကြရခြင်းဖြစ်သည်။

ပလက်ဝဒေသခံပြည်သူများသည် လမ်းပန်းဆက်သွယ်ရေးကန့်သတ်ခြင်း၊ လုံခြုံမှုမရှိခြင်း၊ ကပ်ရောဂါကြောင့် မဲဆွယ်စည်းရုံးရေး အသိပညာပေးမှုအားနည်းခြင်းတို့ကြောင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု လျှောနည်းလာပြီး နေ့စဉ်စားဝတ်နေရေးအတွက်ကိုသာ စိတ်ပူနေကြသည်ဟု ပလက်ဝမြို့နယ် ချင်းအမျိူးသမီးအဖွဲ့မှ ဦးဆောင်သူ တစ်ဦးကပြောသည်။

“ ပလက်ဝအတိုင်းအတာမှာတော့ တစ်ချို့က စိတ်ဝင်စားတယ် တစ်ချို့ကတော့ စိတ်မဝင်စားဘူး၊ နိုင်ငံရေးပါတီ တွေကလည်း စည်းရုံးရေးကျယ်ကျယ်ပြန့်ပြန့်လုပ်လို့မရဘူးလေ၊ ကျမတို့အနေနဲ့ လူငယ်တွေကို ရွေးကောက်ပွဲအသိပညာပေးဖို့စီစဉ်တယ်ဒါပေမဲ့ တစ်နေရာ နှစ်နေရာလောက်ပဲလုပ်ပေးနိုင်တယ်၊ ကိုဗစ်ကြောင့် လူစုလူဝေးမရဘူး၊ အသွားအလာကန့်သတ်မှုတွေရှိနေတော့ အခက်ကြုံနေရတယ်၊ ဒီကြားထဲမှာကလည်း ဆန်ပြတ်လပ်မှုကဖြစ်လာတော့ ရွေးကောက်ပွဲပေါ် စိတ်ဝင်းစာမှုကနည်းလာကြတယ်၊ ဆန်ရရှိဖို့အတွက် ပူပန်နေကြတယ်’’ ဟု အဆိုပါအမျိူးသမီးကပြောသည်။

ပလက်ဝ၏ အဓိကစားသုံးကုန်ပစ္စည်းသယ်ဆောင်နေသည့် ရခိုင်ပြည်နယ်ကျောက်တော်လမ်းများ ရေလမ်းကုန်းလမ်းများ ပိတ်ပင်ထားသည်မှာ တစ်နှစ်နီးပါးဖြစ်နေပြီဖြစ်သည့်အတွက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်စျေးနှုန်းများ မြင့်တက်မှုနှင့် စားသောက်ရန် ဆန်ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရသည်။

ပလက်ဝဒေသခံ ဦးရောဘာကတော့ ရွေးကောက်ပွဲနေ့တွင် မဲရုံတွင် မဲပုံးများရှိပါက သူ့အနေဖြင့် မဲထည့်ရန်စီ စဉ်ထားကြောင်း ပြောသည်။

“သွားရေးလာရေးကအရမ်းခက်တယ် မလွယ်ဘူး ရွေးကောက်ပွဲအတွက် မဲရုံမှာ မဲပုံးတွေရှိရင်တော့ ပေးကြမှာပေါ့ ဒါပေမဲ့ မဲပုံးရောက်ဖို့အရေးကလည်းမလွယ်ဘူး လမ်းမှာ အမျိုးမျိုးအခက်အခဲနဲ့လေ တပ်ကလည်း မသွားရ ဘာမရနဲ့ AA ကလည်း လမ်းမှာလည်း ဂိတ်ရှိတယ်ဆိုတော့ လမ်းမှာကလည်း တပ်ရော AA ရော ဖြတ်နေရတယ်ဆိုတော့ မဲပုံးကရောက်ဖို့တော့ မလွယ်ဘူး မဲပုံးတွေကလည်း ကုလားတန်မြစ်အကြောင်းအတိုင်း သယ်ရမယ်ဆိုတော့ ကုလားတန်မြစ်ကြောင်းမှာလည်း တပ်ကလည်း ပိတ်တယ်ဆိုတော့ မလွယ်ဘူး၊ မဲစာရင်းတွေတော့ သွားကြည့်တဲ့သူတွေရှိတယ်” ဟု ဦးရောဘာကပြောသည်။

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်တွင် မဲဆန္ဒရှင်အများဆုံးရှိသည့် မြို့နယ်ဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲ တွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ (၆၂၈၄၅) ဦးရှိသည်ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယအကြိမ်မဲ စာရင်းကြေညာချက်အရသိရသည်။

လွှတ်တော် မဲဆန္ဒနယ်မြေ (၅) ခုရှိသည့် ပလက်ဝမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၆) ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၄ ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

#Zawgyi

၂၀၂၀ ခုႏွစ္အေထြေထြေရြးေကာက္ပြဲက်င္းပရန္ လပိုင္းသာလိုေတာ့ေသာ္လည္း ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္၀ၿမိဳ႕န ယ္အတြင္းရွိေဒသခံျပည္သူမ်ားသည္ စားနပ္ရိကၡာျပတ္လပ္မႈဒဏ္ေၾကာင့္ ေရြးေကာက္ပြဲအေပၚ စိတ္၀င္စားမႈ နည္းပါးသည္ဟု ေလ့လာေစာင့္ၾကည့္သူမ်ားကေျပာဆိုၾကသည္။ 

ပလက္၀ၿမိဳ႕နယ္တိုက္ပြဲေရွာင္ႏွင့္သဘာ၀ေဘးကူညီေရးအဖြဲ႔ဥကၠဌ ဦးဇာနီက ပလက္၀ၿမိဳ႕နယ္ျပည္သူမ်ားသည္ ၀မ္းေရးအတြက္ ပူပင္ေနၾကရၿပီး ေရြးေကာက္ပြဲထက္ ဆန္ရရွိေရးကိုသာ ပိုစိတ္၀င္စားၾကသည္ဟု ေျပာသည္။ 

“ေရြးေကာက္ပြဲထက္ေျပာရမယ္ဆိုရင္ ဆန္ေတြျပတ္လပ္ေနတဲ့အတြက္ေၾကာင့္ ေရြးေကာက္ပြဲထက္ စားေရးက ပိုၿပီးေတာ့ အာရံုစိုက္တာလို႔ေျပာလို႔ရပါတယ္၊ အခုဆိုရင္လည္းပဲ ဒီတိုက္ပြဲေရွာင္ေတြအတြက္ ၀န္ႀကီးဦးစိုးထက္ကေနၿပီးေတာ့ တပ္မမွာ ေခ်းဌားေပးထားတဲ့ဆန္က (၃) ရက္စာပဲေပးႏိုင္တယ္ ဒီေန႔ဆိုကုန္ၿပီ၊ ဒီၾကားမွာ အခုဆမီးဘက္က ကားအ၀င္အထြက္က ဘယ္လိုလဲေတာ့မသိဘူး လံုျခံဳေရးကက်ေနာ္တို႔မသိဘူး ဒါနဲ႔ပဲ ဆမီးဘက္က ကားအ၀င္အထြက္မရွိတဲ့အတြက္ေၾကာင့္ အခုဆန္အခက္အခဲၾကံဳရေတာ့ ျပည္သူေတြက ဒီေရြးေကာက္ပြဲ မဲဆႏၵေပးတာထက္ ဒီစား၀တ္ေနေရးက သူတို႔ပိုၿပီးေတာ့ စိတ္ပူတယ္” ဟု ဦးဇာနီကေျပာသည္။ 

တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA) တို႔စစ္မက္ျဖစ္ပြားရာ ခ်င္းျပည္ေတာင္ပိုင္း ပလက္၀ၿမ္ိဳ႕နယ္တြင္ လံုျခံဳေရးအေျခအေ နေၾကာင့္ ေရလမ္း ကုန္လမ္းမ်ားပိတ္ဆို႔ကာ ကုန္စည္၀င္ေရာက္မႈမရွိေတာ့သည့္အတြက္ ပလက္၀ၿမိဳ႕နယ္အတြင္းက ေက်းရြာေပါင္း ၂၀၀ ေက်ာ္ဆန္ျပတ္လပ္မႈဒဏ္ၾကံဳေတြ႕ေနၾကရျခင္းျဖစ္သည္။

ပလက္၀ေဒသခံျပည္သူမ်ားသည္ လမ္းပန္းဆက္သြယ္ေရးကန္႔သတ္ျခင္း၊ လံုျခံဳမႈမရွိျခင္း၊ ကပ္ေရာဂါေၾကာင့္ မဲဆြယ္စည္းရံုးေရး အသိပညာေပးမႈအားနည္းျခင္းတို႔ေၾကာင့္ ေရြးေကာက္ပြဲအေပၚ စိတ္၀င္စားမႈ ေလွ်ာနည္းလာၿပီး ေန႔စဥ္စား၀တ္ေနေရးအတြက္ကိုသာ စိတ္ပူေနၾကသည္ဟု ပလက္၀ၿမိဳ႕နယ္ ခ်င္းအမ်ဴိးသမီးအဖြဲ႔မွ ဦးေဆာင္သူ တစ္ဦးကေျပာသည္။ 

“ ပလက္၀အတိုင္းအတာမွာေတာ့ တစ္ခ်ိဳ႕က စိတ္၀င္စားတယ္ တစ္ခ်ိဳ႕ကေတာ့ စိတ္မ၀င္စားဘူး၊ ႏိုင္ငံေရးပါတီ ေတြကလည္း စည္းရံုးေရးက်ယ္က်ယ္ျပန္႔ျပန္႔လုပ္လို႔မရဘူးေလ၊ က်မတို႔အေနနဲ႔ လူငယ္ေတြကို ေရြးေကာက္ပြဲအသိပညာေပးဖို႔စီစဥ္တယ္ဒါေပမဲ့ တစ္ေနရာ ႏွစ္ေနရာေလာက္ပဲလုပ္ေပးႏိုင္တယ္၊ ကိုဗစ္ေၾကာင့္ လူစုလူေ၀းမရဘူး၊ အသြားအလာကန္႔သတ္မႈေတြရွိေနေတာ့ အခက္ၾကံဳေနရတယ္၊ ဒီၾကားထဲမွာကလည္း ဆန္ျပတ္လပ္မႈကျဖစ္လာေတာ့ ေရြးေကာက္ပြဲေပၚ စိတ္၀င္းစာမႈကနည္းလာၾကတယ္၊ ဆန္ရရွိဖို႔အတြက္ ပူပန္ေနၾကတယ္’’ ဟု အဆိုပါအမ်ဴိးသမီးကေျပာသည္။ 

ပလက္၀၏ အဓိကစားသံုးကုန္ပစၥည္းသယ္ေဆာင္ေနသည့္ ရခိုင္ျပည္နယ္ေက်ာက္ေတာ္လမ္းမ်ား ေရလမ္းကုန္းလမ္းမ်ား ပိတ္ပင္ထားသည္မွာ တစ္ႏွစ္နီးပါးျဖစ္ေနၿပီျဖစ္သည့္အတြက္ေၾကာင့္ စားေသာက္ကုန္ပစၥည္းကုန္ေစ်းႏႈန္းမ်ား ျမင့္တက္မႈႏွင့္ စားေသာက္ရန္ ဆန္ျပတ္လပ္မႈမ်ားႏွင့္ ၾကံဳေတြ႕ေနရသည္။

ပလက္၀ေဒသခံ ဦးေရာဘာကေတာ့ ေရြးေကာက္ပြဲေန႔တြင္ မဲရံုတြင္ မဲပံုးမ်ားရွိပါက သူ႔အေနျဖင့္ မဲထည့္ရန္စီ စဥ္ထားေၾကာင္း ေျပာသည္။ 

“သြားေရးလာေရးကအရမ္းခက္တယ္ မလြယ္ဘူး ေရြးေကာက္ပြဲအတြက္ မဲရံုမွာ မဲပံုးေတြရွိရင္ေတာ့ ေပးၾကမွာေပါ့ ဒါေပမဲ့ မဲပံုးေရာက္ဖို႔အေရးကလည္းမလြယ္ဘူး လမ္းမွာ အမ်ိဳးမ်ိဳးအခက္အခဲနဲ႔ေလ တပ္ကလည္း မသြားရ  ဘာမရနဲ႔ AA ကလည္း လမ္းမွာလည္း ဂိတ္ရွိတယ္ဆိုေတာ့ လမ္းမွာကလည္း တပ္ေရာ AA ေရာ ျဖတ္ေနရတယ္ဆိုေတာ့ မဲပံုးကေရာက္ဖို႔ေတာ့ မလြယ္ဘူး မဲပံုးေတြကလည္း ကုလားတန္ျမစ္အေၾကာင္းအတိုင္း သယ္ရမယ္ဆိုေတာ့ ကုလားတန္ျမစ္ေၾကာင္းမွာလည္း တပ္ကလည္း ပိတ္တယ္ဆိုေတာ့ မလြယ္ဘူး၊ မဲစာရင္းေတြေတာ့ သြားၾကည့္တဲ့သူေတြရွိတယ္” ဟု ဦးေရာဘာကေျပာသည္။

ပလက္ဝၿမိဳ႕နယ္သည္ ခ်င္းျပည္နယ္တြင္ မဲဆႏၵရွင္အမ်ားဆံုးရွိသည့္ ၿမိဳ႕နယ္ျဖစ္ၿပီး ႏို၀င္ဘာလ ၈ ရက္ေန႔ေရြးေကာက္ပြဲ တြင္ မဲဆႏၵေပးပိုင္ခြင့္ရွိသူ (၆၂၈၄၅) ဦးရွိသည္ဟု ခ်င္းျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲရံုးမွ ဒုတိယအႀကိမ္မဲ စာရင္းေၾကညာခ်က္အရသိရသည္။ 

လႊတ္ေတာ္ မဲဆႏၵနယ္ေျမ (၅) ခုရွိသည့္ ပလက္၀ၿမိဳ႕နယ္တြင္ လာမည့္ေရြးေကာက္ပြဲတြင္ ႏိုင္ငံေရးပါတီ (၆) ခုမွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၂၄ ဦး၀င္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.