Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CNF နှင့် အစိုးရတို့ ပြည်ထောင်စုအဆင့် သဘောတူညီချက် ၁၅ ခု လက်မှတ်ရေးထိုး

CNF နှင့် အစိုးရတို့ ပြည်ထောင်စုအဆင့် သဘောတူညီချက် ၁၅ ခု လက်မှတ်ရေးထိုး

0
By Editor on June 1, 2012 Khonumthung

May 9, 2012 by khonumthungburmese

ချင်းအမျိုးသားတပ်ဦး CNF ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နှင့် ပြည်ထောင်စုအဆင့်အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ တို့ သည် ယမန်နေ့က ချင်းပြည်နယ် ဟားခါးမြို့တွင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေး ခဲ့ကြပြီး အချက် ပေါင်း ၁၅ ချက်ကို သဘောတူညီ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ဟားခါးမြို့ ပြည်ထောင်စုရိပ်သာ၌ မေလ ၇ ရက်နေ့ နံနက်ပိုင်း ၉ နာရီ မှ ညနေပိုင်း ၄ နာရီအထိ ကျင်းပပြုလုပ်သော ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် တဖက် နှင့် တဖက် အပြန် အလှန်နားလည်မှုကြောင့် ခုလို လက်မှတ်ရေး ထိုးနိုင်ရခြင်းဖြစ် သည်ဟု သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ခိုနူမ်းထုန်ကိုပြောသည်။

“ဒီနေ့ ဒုတိယအကြိမ် ပြည်ထောင်စုဆွေးနွေးပွဲမှာ နှစ်ဦးနှစ်ဘက်က သယ်ဆောင် လာခဲ့ကြ တဲ့အချက် အလက် အားလုံး လောက်ပါဘဲ သဘော တူညီမှုရအောင် ဆွေးနွေးနိုင်ခဲ့တယ်၊ တဖက်နဲ့ တဖက် စိတ်ကောင်း စေတနာ ရှိတဲ့ ပေါ်မှာခြေခံပြီး တော့ နှစ်ဘက် အလျော့အတင်း ညှိနှိုင်းမှုတော်တော်လေး လုပ်ရပါတယ် သို့သော်လည်းဘဲ တဖက်နဲ့တဖက်က အပြန် အလှန်နားလည်ပြီးတော့ အောင်မြင် စေချင်တဲ့ စိတ်ကိုရှေ့ရှုတဲ့ အခါ ကျတော့ အားလုံအောင်မြင်ပါတယ်” ဟု ၀န်ကြီး ဦးဝင်းထွန်းက ပြောသည်။

ယခုပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေးပွဲတွင် ယခင်ပြည်နယ်အဆင့် သဘောတူညီထားသော အချက် ၉ ချက်ပေါ် အခြေခံကာ Terms of Reference ဟုခေါ်သော သတ်မှတ်တာဝန် နှင့် လုပ်ပိုင်ခွင့်များကို အသေးစိတ်ဆွေးနွေး ခဲ့ပြီး နောက်ထပ် အချက် ၆  ချက်ကို ထပ်မံသဘောတူ လက်မှတ် ရေးထိုး ခဲ့ခြင်းဖြစ်သည်ဟု CNF ငြိမ်းအဖွဲ့ ပြော ခွင့်ရပုဂ္ဂိုလ် ဒေါက်တာဆလိုင်း အင်ဒရူး ငွန်ကျူံးလျန် ကပြောသည်။

“ ပထမတုန်းက ၉ ချက်ရှိပါတယ် အဲဒီ ၉ ချက်စလုံးကို လုပ်ငန်း နဲ့ တာဝန်များဆိုပြီး သေးစိတ်ချ တာဖြစ်ပါ တယ်၊ နောက် အခု ၉ ချက်အပြင် ၅ ချက်ပိုပြီးတော့ ထည့်လာပါတယ်၊ ဘာလို့လဲဆိုတော့ ပထမ ထဲကဟာကို အချက် တချို့ကို ၂ ခုကနေ ၁ ခုအဖြစ် ပေါင်းပြီးရေးထားတာရှိလို့ပါ” ဟုပြောသည်။

ယခင် သဘောတူထားတဲ့အချက် ၉ ချက်များမှာ အပစ်အခတ်ရပ်စဲရေးအပါအ၀င် တီးတိန်၊ ထန်တလန် နဲ့ ပလက်ဝ မြို့ နယ်တွေမှာ CNF ဆက်သွယ်ရေးရုံးတွေ ဖွင့်လှစ်ရန်၊ CNF အဖွဲ့ဝင်များ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာခရီး သွားလာ ခွင့်ပြုရန်၊ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ ဒို့တာဝန် အရေးသုံးပါးအပြင် ပြည်ထောင်စုအရေး၊ တိုင်းရင်း သားအရေးနဲ့ ဒီမို ကရေစီအရေးတို့အားအခြေခံလျက် တွေ့ဆုံဆွေးနွေးရန်၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ နိုင်ငံတကာ အဲန်ဂျီအို တွေ ကို လွတ်လပ်စွာ အလုပ်လုပ် ခွင့်ပြုရန်၊ ချင်းပြည်နယ် ဘိန်းပ ပျောက်ရေးအတွက် ပြည်နယ် အစိုးရ နဲ့ပူးပေါင်းဆောင် ရွက်ရန်၊ စီးပွားရေး အထူးဇုံထူထောင်ရန်၊ ချင်းပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းမှာ ပြည်နယ်အစိုးရနဲ့ CNF အကြား အပြန် အလှန် အကြံပေးခြင်း၊ ပူးတွဲလုပ်ဆောင်ခြင်း၊ ညှိနှိုင်းဖလှယ်ခြင်းတို့ကို ပူးတွဲဆောင်ရွက်ရန် ဆိုသည့်အချက် များဖြစ်သည်။

ဖော်ပြပါ အချက်အများကို လက်တွေ့အကောင်အထည်ဖော်မှုများကိုလည်း ဆက်လက် လုပ်ဆောင်တော့ မည်ဖြစ်သည် ဟု သိရသည်။

နောက်ထပ် သဘောတူထားသည့် အချက်များကိုမူ အတိအကျ မသိနိုင်သေးသော်လည်း ဖေဖော်ဝါရီ ၂၀ ကို ချင်းအမျိုး သားနေ့အဖြစ်ပြန်လည်သတ်မှတ်ရေး၊ ဇန်န၀ါရီ (၃) ရက်နေ့ကို ချင်းပြည်နယ် နေ့ အဖြစ်သတ်မှတ်ရေး ဆက်လက် လုပ် ဆောင်ရန်၊ နိုင်ငံခြားရောက် ချင်းလူမျိုးများ မြန်မာနိုင်ငံကို ပြန်လာ ချင်ပါ က ဗီဇာ ထုတ်ပေးသည့်အချက်များ ပါဝင်သည် ဟုသိရသည်။

CNF ဘက်မှ တင်ပြသော ချင်းပြည်နယ်တွင် အထူးစီးပွားရေး ဇုံဖော်ဆောင်ရန်ဆိုသည့် အချက်ကိုမူ ခေတ္တဆိုင်းငံထား ပြီး နောက်တကြိမ် ထပ်မံတွေ့ဆုံသည့်အခါ ပြန်လည်ဆွေးနွေးကြမည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံသား ၃၂၀ ဦးအပါအဝင် တရားမဝင် နေထိုင်သည့် နိုင်ငံခြားသား ၁၇၀၀ ကျော်ကို မလေးရှားက ပြည်နှင်ဒဏ်ပေး

ရပ်ကွက်အတွင်း မူးယစ်ရမ်းကားပြီး ပြသနာရှာလေ့ရှိသော မြန်မာစစ်ရှောင်တစ်ဦးကို YMA မောင်းထုတ်

ACDF ၏ စစ်သင်တန်း အပတ်စဉ် ၆ တွင် အရှိုချင်းအမျိုးသမီးရဲဘော် ၁၅ ရာခိုင်နှုန်းပါဝင်

Comments are closed.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.