• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»

0
By Editor on February 10, 2021 Headline

#Unicode

စစ်ရေးပဋိပက္ခဒဏ်ခံနေရသည့် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့တွင် တပ်မတော်၏ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ယနေ့(ဖေဖော်ဝါရီလ ၉ ရက်) နံနက်ပိုင်း ၈ နာရီမှ ၉ နာရီအထိ ဒေသခံပြည်သူ ၃၀ ကျော်က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဆန္ဒဖော်ထုတ်မှုတွင်ပါဝင်သော ပလက်ဝဒေသခံတစ်ဦးက “ လက်ရှိ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း အာဏာသိမ်းတာကို လက်မခံဘူးဆိုတာကိုသိအောင် ပြတဲ့သဘောပါပဲ’’ ဟု ပြောသည်။
ဆန္ဒဖော်ထုတ်သူများသည် ပလက်ဝမြို့ပေါ် ရိက္ခာရပ်ကွက်ရှိ ခူမီးယဉ်ကျေးမှုပြတိုက်ရှေ့တွင် “ တပ်မတော်ကို မမုန်းပါ အာဏာရှင်စနစ်အလိုမရှိ၊ နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံရသူများအားလုံး လွှတ်ပေးရေး၊ စစ်အာဏာရှင်စနစ် အလိုမရှိ” စာတန်းများကို ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးတွင် တပ်မတော်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒဖော်ထုတ်မှုများ ကို ယနေ့ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဆက်လက်လုပ်ဆောင်လျက်ရှိကြသည်။
Photo – Khumi Media Group
#Zawgyi






Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.