Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရိ တပ်စခန်းမှ ထွက်ပေးလာသော စစ်ကောင်စီတပ်သား ၂ ဦးကို CNDF က ဖမ်းဆီးထိန်းသိမ်း

ရိ တပ်စခန်းမှ ထွက်ပေးလာသော စစ်ကောင်စီတပ်သား ၂ ဦးကို CNDF က ဖမ်းဆီးထိန်းသိမ်း

0
By Editor on June 12, 2023 Khonumthung

(05MK)

ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့တပ်စခန်းမှထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၂ ဦးကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က ဇွန်လ ၆ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။

အဆိုပါတပ်သား ၂ ဦးမှာ စောနောင်ထွန်း (တသ-၁၂၈၃၂၆) နှင့် အောင်မျိုးကျော် (တသ-၁၂၈၂၄၁) တို့ဖြစ်ကြပြီး စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့၍ ကင်းပုန်းတာဝန်ကျရာမှ ဇွန်လ ၄ ရက်နေ့က ထွက်ပြေးလာကြခြင်းဖြစ်သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက ယနေ့ ဇွန်လ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

သူတို့ ၂ ဦးကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တွင် ဇွန်လ ၆ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ထိန်းသိမ်းစောင့်ရှောက်လျှက်ရှိသည်ဟု CNO က ဆိုသည်။

၎င်းတို့နှင့်အတူ MA1 သေနတ်တလက်၊ ကျည်ဘောက် ၄ ခု၊ ကျည် ၃၃၀ တောင့်၊ MG1 လက်ပစ်ဗုံးတလုံး ပါရှိလာသည်ဟု သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသော ရိခေါဒါရ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့များ ခြေကုပ်ယူထားသော တပ်စခန်း ၂ ခုရှိပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်လည်း မကြာခဏ ပစ်ခတ်မှု ဖြစ်ပွားလေ့ရှိသော်လည်း ယခုရက်ပိုင်းအတွင်း ထိတွေ့မှုမရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.