Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မဏိပူရ်ပြည်နယ် အဓိကရုဏ်းအတွင်း ဘုရားကျောင်း ၂၅၀ ကျော်မီးရှို့ဖျက်ဆီးခံရပြီး လူပေါင်း ၁၀၀ ကျော်သေဆုံးမှုရှိပြီ

မဏိပူရ်ပြည်နယ် အဓိကရုဏ်းအတွင်း ဘုရားကျောင်း ၂၅၀ ကျော်မီးရှို့ဖျက်ဆီးခံရပြီး လူပေါင်း ၁၀၀ ကျော်သေဆုံးမှုရှိပြီ

0
By Editor on June 16, 2023 Khonumthung

(05MK)

မဏိပူရ်ပြည်နယ်တွင် လူများစုက သည်းလူမျိုးနှင့် လူနည်းစုတောင်တန်းသားများ (ချင်း-ကူကီးအနွယ်ဝင်) အကြား ဖြစ်ပွား နေသော အဓိကရုဏ်းအတွင်းမှာ ခရစ်ဘာသာဝင်များ၏ ဘုရာကျောင်း ၂၅၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ပြီဟု Indigenous Tribal Leaders’ Forum (ITLF) က ပြောဆိုသည်။ 

Indigenous Tribal Leaders’ Forum (ITLF) သည် မဏိပူရ်ပြနယ်အတွင်းရှိ တောင်တန်းသားများအားလုံး ပါဝင်စုဖွဲ့ ထား သောအဖွဲ့ဖြစ်ပြီး ယင်းအဖွဲ့၏ ကောက်ယူထားသောစာရင်းအရ ကသည်းလူမျိုးများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဘုရား ကျောင်း ၂၅၀ ကျော်နှင့် ဘာသာရေးအဆောက်အဦး ၉၀ ကျော် ပျက်စီးခဲ့ပြီဟု The Aizawl Post က ဖော်ပြသည်။ 

ယခုဖြစ်ပွားနေသော ပဋိပက္ခအတွင်းမှာ ချင်း-ကူကီအနွယ်ဝင် တောင်တန်းသား ၁၃၀ ကျော် သေဆုံးခဲ့ပြီး ယင်းအနက် အယောက် ၅၀ ကျော်မှာ အတည်ပြု၍မရဘဲ ပျောက်ဆုံးနေသည်ဟု ITLF က ဆိုသည်။ 

ထို့အပြင် ချင်း-ကူကီးအနွယ်ဝင် တောင်တန်းသားများနေထိုင်သော ကျေးရွာပေါင်း ၁၆၀ ကျော်က လူနေအိမ်ခြေ ၄၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီ လူဦးရေ ၄ သောင်းနီးခန့်မှာ အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်ဟု ITLF က ပြောဆိုသည်။ 

ယခုလက်ရှိတွင်လည်း ဒဏ်ရာရရှိသူလည်း အများအပြားရှိနေပြီး မဏိပူရ်ပြည်နယ် Lamka ခရိုင်ဆေးရုံတွင် ဒဏ်ရာကြောင့် ဆေးကုသမှုခံယူသူ ၂၀၀ ကျော်ရှိပြီဟု သိရသည်။ 

မဏိပူရ်ပြည်နယ်တွင် လူများစုဖြစ်သော ကသည်း (Meitei) လူမျိုးများသည် လူနည်းစုတောင်တန်းသားများအတွက် အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားသော (Scheduled Tribe) မှာ ပါဝင်နိုင်ရန် ကာလကြာရှည် တောင်းဆိုလာခဲ့ကြသည်။

ယင်းတောင်းဆိုမှုကို ဆန့်ကျင်ကန့်ကွက်သည့်အaနေဖြင့် မေလ ၃ ရက်နေ့က မဏိပူရ်ပြည်နယ် Churachanpur မြို့တွင် ချင်း-ကူကီးအနွယ်ဝင် တောင်တန်းသားများက စည်းလုံးညီညွတ်ရေးချီတက်ပွဲ “Solidarity March” ဆန္ဒပြပွဲပြုလုပ်ခဲ့ကြသည့်အပြီးတွင် ကသည်းလူမျိုးနှင့် ချင်း-ကူကီးအနွယ်ဝင် တောင်တန်းသားများအကြား ပဋိပက္ခများ စတင်ဖြစ်ပွားလာခဲ့ကြခြင်းဖြစ်သည်။

ယခုပဋိပက္ခကြောင့် မဏိပူရ်ပြည်နယ်အတွင်းရှိ ချင်း-ကူကီးအနွယ်ဝင်တောင်တန်းသား ၅ သောင်နီးပါးခန့် နေရပ်စွန့်ခွါ ထွက်ပြေးခဲ့ကြရပြီး မီဇိုရမ်ပြည်နယ်တွင်လည်း လူဦးရေ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.