Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်၀မြို့နယ်က တောင်ယာစပါးများ ယခင်နှစ်ထက် အထွက်ကောင်းဟုဆို

ပလက်၀မြို့နယ်က တောင်ယာစပါးများ ယခင်နှစ်ထက် အထွက်ကောင်းဟုဆို

0
By Editor on October 20, 2023 Headline

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက စပါးစိုက်တောင်သူများ၏ စပါးခင်များသည် ယခင်နှစ်ထက် ပိုမိုအောင်မြင်ဖြစ်ထွန်းကြ သည်ဟု ဒေသခံများက ပြောသည်။

“ဒီနှစ်က အဆင်ပြေတယ်။ စပါးအထွက်နှုန်းလည်း အရင်နှစ်ထက်စာရင် ကောင်းကြတယ်လို့ ပြောကြတယ်။ စပါးအထွက်နှုန်းက တရွာနဲ့တရွာတော့ မတူဘူးပေါ့နော်။ တချို့ နေရာတွေမှာ သိပ်မကောင်းဘူးပေါ့။ အဆင်ပြေတဲ့ ရွာတွေက တော်တော်လေး များတယ်” ပလက်ဝမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ပလက်၀မြို့နယ်၊ ကုလာတန်းမြစ်အထက်ပိုင်း နှင့် ဆမီးနယ်ဘက်တို့တွင် စပါးခင်အများစုမှာ အောင်မြင်ဖြစ်ထွန်းကြပြီး လေးမြို့ နယ်ဘက်တွင် စပါးခင်တချို့မှာ ဝါးပွင့်ချိန်နှင့် တိုက်ဆိုင်နေ၍ ကြွက်ကိုက်မှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ပလက်oမြို့နယ်ထဲတွင် ယခုနှစ် စိုက်ပျိုးရာသီတွင် မိုးနှောင်းကောင်းသောကြောင့် စပါးများ ကောင်းမွန်ကြပြီး ယမန်နှစ်က စပါးပွင့်ချိန်တွင် မိုးနှောင်း အားနည်းသောကြောင့် စပါးစိုက်တောင်သူများ အခက်အခဲဖြစ်ပေါခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ပလက်ဝမြို့နယ်၏ တချို့ကျေးရွာများတွင် ဆန်တအိတ်ကို အနည်းဆုံး ၇ သောင်းနှင့်အထက်ဈေးဖြင့် ဒေသခံအချင်းချင်း ရောင်းပေးကြပြီး တချို့ကျေးရွာများနှင့် ကုလားတန်မြစ် အနောက်ခြမ်းတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် အဆင်မပြေမှုများ ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

ပုံစာ -ချင်းပြည်နယ်၊ပလက်ဝမြို့နယ်တောင်ယာစပါးခင်း

Photo: Ah Win

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့က အစိုးရ အဆောက်အဦးနှင့် နေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားများ သေဆုံးမှုရှိဟုဆို

စစ်ကောင်စီကြောင့် ဧပြီလအတွင်း အမျိုးသမီး ၇၀ ကျော်သေဆုံး

မူးယစ်ဆေးဝါးကြောင့် ဖမ်းခံရသူ ၄ ဦးနှင့် မိသားစုဝင်များကို မီဇိုးလူငယ်အသင်း YMA က မြန်မာပြည်ပြန်ရန် နှင်ထုတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.