Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီလက်နက်ကြီးကြောင့် လက်ပံချောင်းကျေးရွာဒေသခံ ၂ ဦးသေဆုံး

စစ်ကောင်စီလက်နက်ကြီးကြောင့် လက်ပံချောင်းကျေးရွာဒေသခံ ၂ ဦးသေဆုံး

0
By Editor on March 15, 2024 Khonumthung

စစ်ကိုင်းတိုင်း ကလေးမြို့မြောက်ပိုင်းဒေသ လက်ပံချောင်းကျေးရွာထဲ စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ယမန်နေ့ညက အရပ်သားပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မတ်လ ၁၄ ရက်ည ၉ နာရီခန့်တွင် ကလေးမြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် လက်ပံချောင်းကျေးရွာထဲ ၃ ကြိမ်ကျရောက်ကာ ၂ နေရာမှာပေါက်ကွဲမှုဖြစ်ပွားပြီး ဒေသခံ ၂ ဦးပွဲချင်းသေဆုံးကာ ကလေးငယ်များအပါအ၀င် အနည်းဆုံး ၅ ယောက်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်နက်ကြီးပေါက်ကွဲမှုကြောင့် သေဆုံးသွားသူ ၂ ဦးမှာ အသက် ၆၂ နှစ်အရွယ် Pi Lalzuali နှင့် အသက် ၄၁ နှစ်အရွယ် Tv.Lalramdika တို့ဖြစ်ကြသည်။

၎င်းတို့ ၂ ဦးသည် ယမန်နေ့ညက လက်ပံချောင်းစေ◌ျးအရှေ့ဘက် အသင်းလူကြီးအိမ်တစ်အိမ်တွင်အလည်သွားနေစဉ် ယင်းနေအိမ်ရှေ့မျက်နှာစာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဦးခေါင်းတွင်ထိမှန်ပြီး ပွဲချင်းသေဆုံးခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

လက်ပံချောင်းကျေးရွာသည် ကလေးမြို့မှ ၁၀ မိုင်ခန့်ကွာ‌ေ၀းပြီး ချင်းလူမျိုးများနေထိုင်သည့်ရွာကြီးတစ်ရွာဖြစ်သည်။ ယခင်ကလည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လက်ပံချောင်းကျေးရွာက အရပ်သားပြည်သူများ သေဆုံးမှုမကြာခဏဖြစ်ပွားလေ့ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.