Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီက အထူးအစီစဉ်တစ်ရပ်အနေဖြင့် နိုင်ငံတ၀န်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ကျင်းပမည်၊ ချင်းပြည်နယ်တွင်လည်း မတူပီမှာ ပြန်လည်ကျင်းပမည်

စစ်ကောင်စီက အထူးအစီစဉ်တစ်ရပ်အနေဖြင့် နိုင်ငံတ၀န်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ကျင်းပမည်၊ ချင်းပြည်နယ်တွင်လည်း မတူပီမှာ ပြန်လည်ကျင်းပမည်

0
By Editor on April 1, 2024 Khonumthung

(004SS)

နိုင်ငံတစ်ဝန်းရှိ တိုင်းနှင့် ပြည်နယ်အချို့တွင် အထူးအစီအစဉ်တစ်ရပ်ဟုဆိုကာ စစ်ကောင်စီက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ပြန်လည်ကျင်းပရန် စီစဉ်လျှက်ရှိပြီး ချင်းပြည်နယ်တွင်လည်း မတူပီစာစစ်ဌာနတွင် ပြန်လည်ကျင်းပမည်ဟု သိရသည်။

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ မှ ၁၉ ရက်နေ့အတွင်း ကျင်းပပြီးစီးခဲ့ပြီးဖြစ်သော်လည်း အချို့‌ေဒသများတွင် လုံခြုံရေးအရ စာမေးပွဲဖြေဆိုခွင့်မရရှိခဲ့သည့် ကျောင်းသူ/ကျောင်းသားများအတွက် အထူးအစီအစဉ်ဖြင့် ပြန်လည် ကျင်းပပေးမည်ဟု စစ်‌‌ေကာင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါ အထူးအစီအစဉ်တစ်ရပ်အဖြစ် ကျင်းပဆောင်ရွက်မည့် စာမေးပွဲအား လာမည့် ဧပြီလ ၂၉ ရက်နေ့မှ စတင်ကာ မေလ ၆ ရက်နေ့အထိကျင်းပမည်ဖြစ်ပြီး ကျောင်းသူကျောင်းသားများအနေဖြင့် ဧပြီလ ၁၂ ရက်နေ့နောက်ဆုံးထား၍ မိမိဖြေဆိုလို သော စာစစ်ဌာနများသို့စာရင်းပေးသွင်းရမည်ဟု သိရသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ချင်းပြည်နယ်အတွင်း စာမေးပွဲဖြေဆိုရန် လျှောက်ထားသူဦးရေ ၁၇၂၃ ရှိသည့်အနက် အမှန်တကယ် လာရောက်ဖြေဆိုသူမှာ ၄၀၁ ယောက်သာရှိပြီး ပျက်ကွက်သူ အယောက် ၁၃၂၂ ဦးရှိခဲ့သည်။

ထိုသို့ပျက်ကွက်သူများရခြင်းမှာ လုံခြုံ‌ေရးအရ စာမေးပွဲဖြေဆိုရန် ‌ေနရာသို့ ကျောင်းသူကျောင်းသားများ မသွားရောက် နိုင်ခြင်းကြောင့်ဖြစ်သည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူက ခိုနူမ်းသုန်ကိုပြောသည်။

စာစစ်ဌာန ၁၀ ခုရှိသည့် ချင်းပြည်နယ်တွင် ယခုနှစ်တက္ကသိုလ်၀◌င်တန်းစာမေးပွဲကို အထက(၁) ဟားခါး၊ အထက(၂) ဖလမ်း၊ အထက(၁) တီးတိန်၊ အထက- တွန်းဇံ၊ အထက- ကျီခါး၊ အထက (၁) မင်းတပ်၊ အထက (၂) မတူပီ စသည့် စာစစ်ဌာန ၇ ခုမှာသာ ကျင်းပနိုင်ခဲ့ကြသည်။

အထက (၁) ပလက်ဝ၊ အထက (၂) ပလက်ဝ၊ အထက-ဆမီး စသည့်စာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုရန် လျှောက်ထားသူ အများဆုံးဖြစ်သော်လည်း ကျင်းပပြုလုပ်နိုင်ခြင်းမရှိခဲ့ပေ။

မြို့နယ် ၉ ခုရှိသည့် ချင်းပြည်နယ်တွင် ထန်တလန်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တို့သည် စစ်အာဏာသိမ်းမှုဖြစ်ပွား သည့်နောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှုနှင့် နေရပ်စွန်ခွာထွက်ပြေးနေရခြင်းကြောင့် စာစစ်ဌာန ဖွင့်လှစ်နိုင်ခြင်း မရှိပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.