Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးများ ၎င်းတို့အိမ်ယာမှ ‌မြို့ထဲသို့ပြောင်းရွှေ့

စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးများ ၎င်းတို့အိမ်ယာမှ ‌မြို့ထဲသို့ပြောင်းရွှေ့

0
By Editor on April 24, 2024 Khonumthung

(004SS)

ချင်းပြည်နယ် ဟားခါးမြို့ရှိ စစ်ကောင်စီခန့်ဝန်ကြီးများသည် လုံခြုံရေးအခြေအနေကြောင့် ဝန်ကြီးများအိမ်ယာတွင် မနေရဲကြတော့ဘဲ ချင်းဦးစီးရပ်ကွက်ရှိ တိုက် ၉ လုံးတွင် ပြောင်းရွှေ့နေထိုင်နေကြကြောင်း သတင်းရရှိသည်။

ဧပြီလ ၁၂ ရက်နေ့က ဝန်းကြီးများအိမ်ယာမှ ဟားခါးမြို့ထဲသို့ရုံးတက်ရန်ထွက်လာစဉ် ၎င်းတို့ယာဉ်တန်းကို CDF-Hakha တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် ယခုကဲ့သို့မြို့ထဲသို့ပြောင်းရွှေခဲ့ကြခြင်းဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။

“ဟိုတစ်ခါ ဝန်ကြီးတွေ အပစ်ခံရတယ်လေ၊ စစ်ခွေးတွေက သူတို့အိမ်ရာမှာ မနေရဲကြတော့ဘူးနဲ့ တူတယ်။ ခုဒီဘက်မြို့ထဲ ပြောင်းလာကြပြီလေ၊ တိုက် ၉ လုံးမှာ၊ သိပ်မကြာသေးဘူး အခု တစ်ပါတ်မပြည့်သေးဘူး” ဟု ဟားခါးမြို့ဒေသခံတစ်ဦးက ပြောသည်။

တိုက် ၉ လုံးအိမ်ယာသည် ၂၀၁၀ ခုနှစ်တုန်းက ယခုဝန်ကြီးများအိမ်ယာ မပြီးစီးသေးခင်က ချင်းပြည်နယ်ဝန်ကြီးများ နေထိုင်ခဲ့သည့် အိမ်ယာဖြစ်ပြီး နောက်ပိုင်းတွင် ဌာနဆိုင်ရာအရာရှိများ နေထိုင်ကြသည်။

တိုက် ၉ လုံးအိမ်ယာတွင် နေထိုင်နေသော ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ်ရုံးအရှေ့ သုံးထပ်တိုက် ဝန်ထမ်းကွာတာနှင့် ခရိုင်စုပေါင်းရုံးနောက်ဖေးရှိ ဝန်ထမ်းကွာတာများသို့ ပြောင်းရွှေ့ခိုင်းထားကြောင်း ဒေသခံများထံများထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့တွင် စစ်ကောင်စီ ဟတ်စကီးတစ်စင်း ဟားခါးမြို့ပေါ်သို့ဆင်းသက်ကာ ဧပြီလ ၁၂ ရက်နေ့က တိုက်ခိုက်ခံရခြင်းကြောင့် ဒါဏ်ရာရရှိသူများအား ခေါ်ဆောင်သွားကြောင်း သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha သည် ဟားခါးမြို့တစ်ခုလုံး ထိန်းချုပ်နိုင်ရေးအတွက် ရုန်းတောင်စစ်ဆင်ရေးကို ဖော် ဆောင်လျှက်ရှိပြီး ဧပြီလ ၁၂ ရက်နေ့က စစ်ကောင်စီခန့်ဝန်ကြီးများစီးလာသောယာဉ်တန်းကို ဒရုန်းတွေနှင့် တိုက်ခိုက်မှုတွင် လူမှုရေးနှင့် စီးပွားရေးဝန်ကြီးအပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.