Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မရာလက်နက်ကိုင် ၂ ဖွဲ့ ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေးအတွက် တွေ့ဆုံဆွေးနွေး၊ နှစ်ဖက်သဘောတူညီမှုရရှိ

မရာလက်နက်ကိုင် ၂ ဖွဲ့ ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေးအတွက် တွေ့ဆုံဆွေးနွေး၊ နှစ်ဖက်သဘောတူညီမှုရရှိ

0
By Editor on May 24, 2024 Khonumthung

(004SS)

မရာလက်နက်ကိုင်တပ်ဖွဲ့ ၂ ခုဖြစ်သည့် မရာဒေသကာကွယ်ရေးတပ်ဖွဲ့ MDF/MTC နှင့် CDF-Mara တပ်ဖွဲ့တို့အကြား ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေးတွေ့ဆုံဆွေးနွေးမှုကို ဘာသာရေးအဖွဲ့အစည်း၏ ဦးဆောင်မှုဖြင့် ပြုလုပ်ကာ နှစ်ဖက်သဘောတူညီမှုရရှိကြောင်းသိရသည်။

မရာဧဝံဂေလိအသင်းတော် (Mara Evangelical Church) ၏ ဦးဆောင်မှုဖြင့် MDF/MTC နှင့် CDF-Mara တပ်ဖွဲ့တာဝန်ရှိ သူများသည် မီဇိုရမ်ပြည်နယ် ရှာဟာခရိုင် ဇောင်းလိန်ရွာ၌ မေလ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ၃ ရက်တိုင်တိုင်တွေ့ဆုံဆွေး နွေးခဲ့ကြပြီး ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေးသဘောတူညီမှုရရှိခဲ့ကြသည်ဟု MDF/MTC ပြန်ကြားရေးဌာန အတွင်းရေးမှူး ကပြောသည်။

“အဓိကတော့ ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းရေးအတွက် ဘာသာရေးအဖွဲ့အစည်းကနေ လုပ်ပေးတာဖြစ်ပါတယ်။ ငြိမ်းချမ်း ရေးကတော့ အဆင်ပြေတယ်ပေါ့နော်၊ ပေါင်းစည်းရေးအတွက်က ပြန်ပြီး ကော်မတီဖွဲ့၊ တဖြည်းဖြည်း ချဉ်းကပ်ရမှာ ဖြစ်ပါတယ်၊ အနည်းဆုံး ၂/၃ လလောက်အချိန်ပေးပြီးလုပ်ရမှာပေါ့နော် အလုံးစုံပူးပေါင်းနိုင်ဖို့ကို၊ မရာမြေမှာ အုပ်ချုပ်ရေး တစ်ခု၊ စစ်တပ်တစ်ခုတည်းပဲရှိရမယ်ဆိုတဲ့မူကို ကိုင်ဆွဲပြီး ချဉ်းကပ်နေတာပါ” ၎င်းကပြောသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် MDF နှင့် CDF-Mara အကြား အပြုသဘောဆောင်သောရှေ့လုပ်ငန်းစဥ် (၈) ရပ်ကို သဘောတူညီခဲ့ကြကြောင်း သိရသည်။

ယင်းသဘောတူညီချက်ထဲတွင် နှစ်ဖက်တပ်ဖွဲ့မှ ကိုယ်စားလှယ် ၅ ယောက်စီ၊ ဘာသာရေးဆရာ၊ မြို့မိမြို့ဖဘက်က ကိုယ်စားလှယ် ၅ ယောက်ဖြင့် ပြန်လည်ပေါင်းစည်းရေးကော်မတီဖွဲ့စည်းကာ ပေါ်လစီရေးဆွဲရန်၊ ပြန်လည်ပေါင်းစည်းရေး ကော်မတီက မရာလူထုကောင်စီညီလာခံခေါ်ယူပြီး မူကြမ်းအတည်ပြုကာ ရွေးကောက်ပွဲလုပ်ရန်၊ ရွေးကောက်ပွဲကျင်းပပြီး ၁၄ ရက်အတွင်း နှစ်ဖက်တပ်ဖွဲ့မှ ဖမ်းဆီးထားသော စစ်သုံ့ပန်းများ ပြန်လွှတ်ရန်တို့ပါဝင်ကြောင်း သိရသည်။

ချင်းအနွယ်ဝင် မရာမျိုးနွယ်စုများမှ ဖွဲ့စည်းတည်ထောင်ထားကြသော MDF နှင့် CDF-Mara တပ်ဖွဲတို့သည် နှစ်ဖက်သဘော ထားကွဲလွဲမှုတို့ ကြောင့် စစ်ရေးတင်းမာမှုရှိလာပြီးနောက် ယခုနှစ်ဆန်ပိုင်းကစတင်၍ တိုက်ပွဲပေါင်း ၁၀ ကြမ်ထက်မနည်း ဖြစ်ပွားကာ နှစ်ဘက်ထိခိုက်ကျဆုံးမှုများလည်းရှိခဲ့သည်။

မရာမျိုးနွယ်စုအချင်းချင်းကြားသွေးထွက်သံယိုမှုဖြစ်ပွားလာသည့်နောက်ပိုင်းတွင် မရာဧဝံဂေလိအသင်းတော်မှ ဘာသာရေး ခေါင်းဆောင်များက Peace Commission ကိုဖွဲ့စည်းကာ ငြိမ်းချမ်းရေးကြားဝင်ညှိနှိုင်းဆောင်ရွက်လာခဲ့ရာမှ ယခုအခြေ အနေထိရောက်ရှိလာနိုင်ခြင်းဖြစ်သည်ဟု သိရသည်။

“အဓိက ကမကဌပြုတာက မရာဧဝံဂေလိရုံးချုပ်ကနေ လက်နက်ကိုင် ၂ ဖွဲ့ရှိတာ လုံးဝအဆင်မပြေဘူးဆိုပြီး သူတို့ကနေ MBA, BAM, UPC အဲဒီအသင်းတော်တွေကို ဖိတ်ခေါ် ပြီး Peace Commission ကို ဖွဲ့လိုက်ပြီး လုပ်လိုက်တာ ဖြစ်ပါတယ်။ အဲတော့ Peace Commission ကနေ တစ်ဖွဲ့ကို ၄/၅ ကြိမ်တွေ့ပြီးမှပဲ အခုလို တွေ့ဆုံမှု ဖြစ်လာတာ ဖြစ်ပါတယ်” ဟု MDF/MTC ပြန်ကြားရေးဌာန အတွင်းရေးမှူးက ပြောသည်။

ယခုလက်ရှိတွင် CDF-Mara သည် ချင်းလဲန်းကောင်စီတွင်ပါဝင်သော လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး MDF မှာ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရိခေါဒါရ်မြို့က ဘိန်းဖြူဖမ်းဆီးရမိသော မူကြိုကျောင်းတွင် စိတ်ကြွဆေးပြားများ ထပ်မံဖမ်းဆီး

အရှို (ချင်း) အမျိုးသားပြည်နယ် တည်ထောင်နိုင်ရေး လုပ်ဆောင်မည်ဟု ACNFC ကြေညာ

မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသား နှစ်ဦးထံ ရူပီး သိန်း ၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.