Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရရှိ

ကန်ပက်လက်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရရှိ

0
By Editor on June 12, 2024 Headline

(006SV)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်ကြီးပိုင်းအမျိုးသမီး (၁) ဦး သေဆုံးပြီး ဒေသခံပြည်သူ (၅) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း CDF- ကန်ပက်လက်မှ တာဝန်ရှိသူက ပြောသည်။

“ဆက်တိုက် ၃ ကြိမ်ပစ်သွားတယ်။ ပစ်သွားတဲ့ ပုံစံက ပထမ ၁ ကြိမ်ပစ်တယ်။ ပထမဟာက ပေါင် ၃၀၀ လည်းဖြစ်နိုင်တယ်။ ပေါင် ၅၀၀ လည်းဖြစ်နိုင်တယ်။ ပြီးရင် သီးသန့် နောက်တစ်ခေါက်ပြန်လာပစ်တယ်။ ဝဲပတ်ပြီး ပြန်ပစ်တာပါ” ဟု CDF -ကန်ပက်လက်မှ တာဝန်ရှိသူက ပြောသည်။

အသက် ၇၆ နှစ်အရွယ် ဒေသခံ အမျိုးသမီး (၁) ဦးသေဆုံးပြီး ဒေသခံအမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၂) ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ယင်းကျေးရွာတွင် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိသကဲ့သို့ စစ်ရေးလှုပ်ရှားမှုများလည်း မရှိဘဲ ကျေးရွာနှင့် ပြည်သူများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း CDF- ကန်ပက်လက်မှ တာဝန်ရှိသူက ပြောသည်။

“အဲကို ပစ်ရင် ပြည်သူရှိတယ်ဆိုတာ သူတို့ သိတာပဲ။ သိရက်နဲ့ ပစ်တာဆိုတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်တာလို့ ပြောလို့ရတယ်” ဟု ၎င်းက ပြောသည်။

အိမ်ခြေ ၅၆ အိမ်ရှိသော ၎င်းကျေးရွာကို စစ်ကောင်စီက ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပထမတစ်လုံးမှာ စာသင် ကျောင်းအနား ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၊ ဒုတိယအလုံးမှာ စာသင်ကျောင်းနဲ့ ရွာအကြားနှင့် တတိယအလုံးက ကျေးရွာထဲသို့ ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းဆောင်များအပါအဝင် အရပ်သားနေအိမ် ၂၄ အိမ် ထိခိုက်ပျက်စီးပြီး အိမ်မွေးတိရစ္ဆာန်များလည်း ထိခိုက်မှု၊ သေဆုံံးမှု ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုအပြီးတွင်လည်း Y-12 လေယာဉ်ဖြင့် ထပ်မံရောက်ရှိလာပြီး ကျေးရွာပတ်ဝန်းကျင်းကို အချိန်ကြာမြင့်စွာ ဝဲပတ်၍ ကင်းထောက်နေခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.