Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယဗဟိုအစိုးရ၏ နယ်စပ်ခြံစည်းရိုးခတ်မည့် အစီအစဉ်အား CYLA ထောက်ခံဟုဆို

အိန္ဒိယဗဟိုအစိုးရ၏ နယ်စပ်ခြံစည်းရိုးခတ်မည့် အစီအစဉ်အား CYLA ထောက်ခံဟုဆို

0
By Editor on September 12, 2024 Headline

(004SS)

အိန္ဒိယဗဟိုအစိုးရ၊ ပြည်ပရေးရာဝန်ကြီးဌာန၏ တွဲဖက်အတွင်းရေးမှူး B Shyam နှင့် ဗဟိုလိုင်လူငယ်အဖွဲ့ (CYLA)တို့ယနေ့ တွေ့ဆုံခဲ့ကြပြီး အိန္ဒိယအစိုးရ၏ နယ်စပ်ခြံစည်း ရိုးခတ်မည့် အစီအစဉ်အား CYLA က သဘောတူကြောင်းသိရသည်။

အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန တွဲဖက်အတွင်းရေးမှူး B Shyam နှင့် ဗဟိုလိုင်လူငယ်အဖွဲ့ (CYLA) ခေါင်းဆောင်များသည် ယနေ့စက်တင်ဘာလ ၁၂ ရက်နေ့တွင် အိုင်ဇောလ်မြို့ State Guest House ၌ တွေ့ဆုံခဲ့ကြပြီး ကုလာတန်းဘက်စုံသယ်ယူပို့ ဆောင်ရေး စီမံကိန်းနှင့် ဇိုးရင့်ပွီ နယ်စပ်ကုန်သွယ်ရေးအခြေအနေများ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

CYLA ခေါင်းဆောင်များက အိန္ဒိယ၏အရှေ့မျှော်ဝါဒ India Act East Policy ကို ထောက်ခံကြောင်းနှင့် အိန္ဒိယအစိုးရ၏ နယ်စပ်ခြံစည်းရိုးခတ်မည့် အစီအစဉ်သည်လည်း အရေးကြီးပြီး CYLA အနေဖြင့် ထောက်ခံကြောင်း ပြောဆိုခဲ့ကြသည်ဟု The Lawngtlai Post က ဖော်ပြသည်။

ထို့နောက် လက်ရှိ ကုန်သွယ်ရေးအခြေအနေကို အိန္ဒိယအစိုးရက ပိုမိုအရေးစိုက်လုပ်ဆောင်နိုင်ရန် လိုလားကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေးဂိတ်ထားရှိရန်၊ နယ်စပ်ကုန်သွယ်ရေးဂိတ် Border Commercial Haat ထားရှိမည့်အစီစဉ်များကို လည်း အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း၊ လောင်တလိုင်နှင့် ဇိုးရင့်ပွီကြား ကားလမ်းပျက်စီးမှုအခြေအနေ နှင့် ထိုဒေသရှိ နစ်နာကြေးမရရှိကြသေးသောမြေပိုင်ရှင်များအား လျော်ကြေးရရှိနိုင်ရန် တောင်းဆိုခဲ့ကြသည်။

B Shyam ကလည်း CYLA ၏ တင်ပြဆွေးနွေးချက်များသည် အရေးကြီးကြောင်းပြောဆိုခဲ့ပြီး အဆိုပါ‌တင်ပြဆွေးနွေး ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အကြောင်း၊ ယခု စီမံကိန်းအောင်မြင်နိုင်ရေးအတွက် CYLA သည် အရေးပါကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.