Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီဖွဲ့စည်းမှုကို လက်မခံကြောင်း ZFU/တီးတန် ပအဖ တုန့်ပြန်

တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီဖွဲ့စည်းမှုကို လက်မခံကြောင်း ZFU/တီးတန် ပအဖ တုန့်ပြန်

0
By Editor on October 8, 2024 Khonumthung

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားသည့် PDA – Tedim ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တီးတိန်) က အောက်တိုဘာလ ၇ ရက်နေ့မှာ ဖွဲ့စည်းလိုက်သော တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီကို လက်မခံကြောင်း ဇိုမီးဖက်ဒရယ်ယူနီယံ ZFU/ တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် တွန်းဇန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ကို ၂၀၂၁ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ ညွှန်ကြားချက်အရ စတင်ဖွဲ့စည်းခဲ့ပြီး၊ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)၊ မြို့နယ်ပြည်သူလူထုနှင့် အတူလက်တွဲကာ ယနေ့အချိန်ထိ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများအား တစိုက်မတ်မတ် ဖော်ဆောင်လျက်ရှိသည်ဟု ဇိုမီးဖက်ဒရယ်ယူနီယံ ZFU/ တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်လာသည်။

People Defence Army (PDA-Tedim) က တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းသော ကြေညာချက်သည် ချင်းပြည်နယ်တစ်ခုလုံးကို စိုးမိုးခြယ်လှယ်လိုသည့် CNF/CNA ၏ ညစ်ပတ်သော နိုင်ငံရေးကစားကွက်တစ်ခုသာဖြစ်ပြီး တရားဝင်မှုမရှိကြောင်းနှင့် တီးတိန်မြို့နယ်ရှိ ပြည်သူလူထုမှလည်း လုံးဝ(လုံးဝ) လက်မခံကြောင်း အသိပေးကြေညာလိုက်သည်ဟု ဇိုမီးဖက်ဒရယ်ယူနီယံ ZFU/ တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်မှ ၂၈ ရက်အထိ PDA – Tedim ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တီးတိန်) သည် တီးတိန်မြို့နယ်အတွင်းရှိ ဒေသအသီးသီးမှ ကိုယ်စားလှယ် ၁၁၂ ဦး ပါဝင်သော အစည်းအဝေးကို ကျင်းပခဲ့ကြပြီး တီးတိန်မြို့နယ်အတွင်း ပြည်သူ့အုပ်ချုပ်ရေးယန္တရား ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီကို အောက်တိုဘာလ ၇ ရက်နေ့ကဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.