Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF-Thantlang ထိန်းချုပ်နယ်မြေအတွင်း အမဲလိုက်ခြင်းတားမြစ်

CDF-Thantlang ထိန်းချုပ်နယ်မြေအတွင်း အမဲလိုက်ခြင်းတားမြစ်

0
By Editor on March 6, 2025 Khonumthung

(004SS)

ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်း ကျေးငှက်နှင့် တောကောင်အမျိုးမျိုး ပစ်သတ်ခြင်း၊ အမဲလိုက်ခြင်းများ မပြုလုပ်ရန် အချက် ၃ ချက်ပါ တားမြစ်ချက်ကို ယမန်နေ့ မတ်လ ၅ ရက်နေ့တွင် CDF-Thantlang က ထုတ်ပြန်သည်။

ကျေးငှက်နှင့် တောကောင်များ၏ မျိုးပွားချိန်ကာလ မတ်လမှ ဇွန်လအတွင်း တောထွက်အမဲလိုက်ခြင်း၊ ကျော့ကွင်းထောင်ခြင်း၊ ပစ်ခတ်ခြင်းနှင့် ပိုက်ကွန်များအသုံးပြုကာ ငှက်ဖမ်းခြင်းများကို တားမြစ်ထားခြင်းဖြစ်သည်။

ကျေးငှက်များသည် ဥ ဥသည့်ကာလ၊ အသိုက်များဆောက်လုပ်သည့် ကာလဖြစ်‌သောကြောင့် မတ်လ ၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အသိုက်ဖျက်ဆီးခြင်း၊ ထောင်ချောက်ဆင်ခြင်း၊ ပိုက်ကွန်ဆင်ခြင်း၊ လေသေနတ်၊ လေးဂွဖြင့် ငှက်များ ပစ်ခတ်ခြင်း စသည်တို့ကိုမပြုကြရန် တားမြစ်ထားသည်။

အလားတူ တောကောင်များသည်လည်း ကိုယ်ဝန်လွယ်သည့်ကာလ၊ သားပေါက်သည့်ကာလ ဖြစ်‌ေသာကြောင့် ဧပြီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ တောတွင်းသားကောင်များ အမဲလိုက်ခြင်း၊ ကျော့ကွင်းဆင်ခြင်းများ မပြုကြရန်လည်း ထုတ်ပြန်ထားပါသည်။

ယခုထုတ်ပြန်သည့် တားမြစ်ချက်များကို ချိုးဖောက်ပြီး သားကောင်များ ပစ်သတ်ပါက လုပ်ထုံးလုပ်နည်းအတိုင်း အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဟု CDF-Thantlang က သတိပေးထားသည်။

CDF-Thantlang အနေဖြင့် ထန်တလန်မြို့နယ်အတွင်း တောတွင်းတိရိစ္ဆာန်မျိုးစုံ၏ မျိုးပွားမှုမထိခိုက်စေရန် နှစ်စဉ် ရာသီအလိုက် တားမြစ်ချက်များကို ထုတ်ပြန်‌ေလ့ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.