စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ကလေးမြို့နယ်အတွင်းရှိ ကလေး-တမူး လမ်းမနှင့် ကလေး-ဂန့်ဂေါလမ်မ ကြီးတို့တွင် စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိရာ ဒေသခံပြည်သူ အများအပြား အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
လတ်တလောအခြေနေတွင် နေရပ်တိမ်းရှောင်ဒေသခံပြည်သူများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသူငယ်များအတွက် အရေးပေါ်စားနပ်ရိက္ခာ၊ ကျန်းမာရေးကူညီစောင့်ရှောက်မှု၊ အခြေခံစားသောက်ကုန် စသည့် အကူအညီများ လိုအပ်လျက်ရှိပါသည်ဟု ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ယနေ့ထုတ်ပြန်သည်။
အရေးပေါ်တိမ်းရှောင်နေရသည့် ဒေသခံပြည်သူတို့၏ လိုအပ်ချက်များ အချိန်မီဖြည့်တင်းနိုင်ရန် ကလေးမြို့လူထုတိုက် ပွဲဦးဆောင်ကော်မတီအနေဖြင့် အရေးပေါ်တုံ့ပြန်ရေးနှင့်ကူညီရေးအဖွဲ့ အားဖွဲ့စည်းလိုက်သည်ဟုသိရသည်။
နိုင်ငံတကာရောက်မိဘပြည်သူများ၊ ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပရှိ တော်လှန်ရေး အင်အားစုများ ၊တိုင်းရင်းသားအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လက်ရှိ ကလေးမြို့နယ် အတွင်းရှိ နေရပ်တိမ်းရှောင်နေရသည့် ဒေသခံမိဘပြည်သူတို့၏ အရေးပေါ်လိုအပ်နေသည့်အခက်အခဲများ စောင့်ကြည့်ကာ ပံ့ပိုးကူညီပေးကြရန် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက တောင်းဆိုသည်။
အရေးပေါ်နေရပ်တိမ်းရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့လိုသူများအနေဖြင့် NUG Pay, SDB Bank account တို့ဖြင့်လုံခြုံစိတ်ချစွာ ကူညီထောက်ပံ့နိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။