Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF-ဟားခါး နှင့် CNA အကျဉ်းသားများကို မြို့မရဲစခန်းထဲ အထူးစစ်ဆင်ရေးဖြင့် ကယ်ထုတ်နိုင်ဟု CDF ဟားခါး ဆို

CDF-ဟားခါး နှင့် CNA အကျဉ်းသားများကို မြို့မရဲစခန်းထဲ အထူးစစ်ဆင်ရေးဖြင့် ကယ်ထုတ်နိုင်ဟု CDF ဟားခါး ဆို

0
By Editor on October 16, 2025 Khonumthung

(006SV)

ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးထားသည့် CDF-Hakha နှင့် CNA အကျဉ်းသားများကို အထူးစစ်ဆင်ရေးတစ်ခု ဖော်ဆောင်ပြီး ကယ်ထုတ်နိုင်ကြောင်း CDF – ဟားခါးက ယနေ့ အောက်တိုဘာလ ၁၆ ရက်မှာ ကြေညာသည်။

အောက်တိုဘာလ ၁၆ ရက် မနက် ၂ နာရီခွဲမှစတင်၍ CDF – ဟားခါး စစ်ဦးစီးချုပ်နှင့် တပ်မဟာ (၄) တပ်မဟာမှူးတို ကိုယ်တိုင် ကြီးကြပ်ကွက်ကဲမှုဖြင့် အထူးမစ်ရှင်တစ်ခု ဖော်ဆောင်ကာ CDF – ဟားခါး တပ်ဖွဲ့ဝင်များသည် ဟားခါးမြို့မရဲစခန်းကို စီးနင်းတိုက်ခိုက်၍ CDF – ဟားခါး ရဲဘော် ၃ ဦး၊ ချင်းအမျိုးသားကာကွယ်ရေတပ်မတော် (CNA) ရဲဘော် ၂ ဦးတို့ကို ကယ်ထုတ်နိုင်သည်ဟု သိရသည်။

အဆိုပါ ကယ်ထုတ်ရေး အထူးမစ်ရှင်တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦးကို ရှင်းလင်းနိုင်ပြီး ချင်းတော်လှန်ရေး ရဲဘော် အကျဉ်းသား ၅ ဦးအပြင် အခြားအကျဉ်းသား ၁၀ ဦးတို့ကိုလည်း ကယ်ထုတ်နိုင်သည်ဟု သိရသည်။

ဟားခါးမြို့မရဲစခန်းကို ၁ နာရီခွဲကြာ စီးနင်းတိုက်ခိုက်မှုတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များသည် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘဲ စစ်ဆင်ရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သော်လည်း တပ်ဆုတ်ပြီး ဆုံမှတ်နေရာအရောက်တွင် မထင်မှတ်သော စစ်ကော်မရှင်တပ်မှ ကျည်တစ်ထောင့် ထိမှန်၍ CDF – ဟားခါး ရဲဘော် ၁ ဦးက ကျဆုံးရသည်ဟု သိရသည်။

CDF ဟားခါး ထိန်းချုပ်ထားသော ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာရှိ စာသင်ကျောင်းကို အောက်တိုဘာလ ၁၃ ရက်တွင် စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ၈ နှစ်အရွယ် ကျောင်းသား ၁ ဦးနှင့် ၁၂ နှစ်အရွယ် ကျောင်းသူ ၁ ဦးတို့ သေဆုံးပြီး ဆရာ/မ ၅ ဦးနှင့် ကျောင်းသား ကျောင်းသူ ၁၆ ဦး ၊ စုစုပေါင်း ၂၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.