Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး အာဏာသိမ်းစစ်ကော်မရှင်ထံ လက်နက်ချပူးပေါင်း

BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး အာဏာသိမ်းစစ်ကော်မရှင်ထံ လက်နက်ချပူးပေါင်း

0
By Editor on February 18, 2026 Khonumthung

ဗိုလ်နဂါးနှင့်တပ်ဖွဲ့ဝင်တချို့သည် ရာဇဝတ်ပြစ်မှု ၇ ခု ကျူးလွန်ထားဟု NUG ထုတ်ပြန်

(006SV)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏ အဖွဲ့ခေါင်းဆောင် နိုင်းလင်း (ခေါ်) ဗိုလ်နဂါးသည် ၎င်း၏ မိသားစုဝင်များနှင့်အတူ လက်နက်ခဲယမ်းများဖြင့် အာဏာသိမ်းစစ်ကော်မရှင်ထံ လက်နက်ချပူးပေါင်းသွားကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၈ရက် ညနေ ၄ နာရီ ၅၀ မီနစ်ခန့်တွင် BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးသည် ၎င်း၏ မိသားစုဝင်များနှင့်အတူ လက်နက်မျိုးစုံ ၆ လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ စစ်ကိုင်းတိုင်းထဲရှိ စစ်ကော်မရှင် တပ်ထံသို့ ဆက်သွယ်၍ အလင်းဝင်ခြင်းဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၇ ရက်က ပုလဲမြို့နယ်ထဲတွင် BNRA တပ်ဖွဲ့၏ တပ်စခန်းတချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တပ်ဖွဲ့များက စီးနင်တိုက်ခိုက်ခဲ့ပြီးနောက် BNRA တပ်ဖွဲ့‌ ခေါင်းဆောင်သည် စစ်ကော်မရှင်ထံ လက်နက်ချပူးပေါင်းသွားခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန ပူးပေါင်းတပ်ဖွဲ့များသည် BNRA တပ်ဖွဲ့က ကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့် ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်း စစ်ဆေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတင်းမီဒီယာတချို့တွင် ဖြေကြားထားသည်။

ဖေဖော်ဝါရီလ ၁၈ ရက် မနက်ပိုင်းက ပုလဲမြို့အနီးက သေတ္တရာရွာကို ဝင်ရောက်လာသည့် စစ်ကော်မရှင် စစ်ကြောင်းက နယ်မြေရှင်းလင်းရေး ကူညီပေးပြီးနောက် BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနှင့် မိသားစုကို စစ်ကော်မရှင်တပ်က ရွာတစ်နေရာတွင် ရဟတ်ယာဉ်နှစ်စီးဖြင့် ခေါ်ထုတ်သွားသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ယနေ့ ညနေပိုင်းမှာ စစ်ကော်မရှင်က ထုတ်ပြန်လာခြင်းဖြစ်သည်။

BNRA ခေါင်းဆောင် ထင်လင်း (ခ) ဗိုလ်နဂါးနှင့် ၎င်း၏ တပ်ဖွဲ့ဝင်တချို့ကို မုဒိမ်းကျင့်ရန် ကြံစည်သည်ဟု စွပ်စွဲကာ လူသတ်၊ အလောင်းဖျောက်သည့်အမှု၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃ တပ်ဖွဲ့ဝင် မင်းထက်နိုင်းကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု၊ ပကဖ ရဲဘော် ၁၀ ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန် နှိပ်စက်မှု၊ အမျိုးသမီးငယ် ၂ ဦးကို သက်ငယ် မုဒိမ်း ကျူးလွန်မှု၊ ဥယျာဉ်မြေတွင် ဆင်မပိုးအိစံကို သတ်ဖြတ်ခုတ်ထစ်မီးရှို့မှု၊ NUG ဂိတ်စခန်းအား စီးနင်းပြီး တာဝန်ရှိသူများကို ရိုက်နှက် ဖမ်းဆီးမှုနှင့် သေနတ်ဖြင့် လိုက်လံပစ်ခတ်မှု၊ ယင်းမာပင်ခရိုင် တပ်ရင်း ၄ မှ PDF ရဲဘော် ဂတုံးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု စသည့် ပြစ်မှု ၇ မှုဖြင့် ဖမ်းဆီးအရေးယူနိုင်ရေး NUG အစိုးရက ဆောင်ရွက်ခဲ့သည်ဟု ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်မှာ အသိပေးထုတ်ပြန်လိုက်သည်။

Screenshot

ဗိုလ်နဂါးနှင့် BNRA တပ်ဖွဲ့ဝင်များ ကျူးလွန်ခဲ့သော ရာဇဝတ်ပြစ်မှုများကို သက်ဆိုင်ရာ ပြည်သူ့ရဲတပ်ဖွဲ့ကို ရဲလုပ်ထုံး လုပ်နည်းများနှင့်အညီ အမှုဖွင့်ဆောင်ရွက်ရာတွင် ကျူးလွန်သူများကို စုံစမ်းစစ်ဆေးနိုင်ရေးအတွက် လွှဲပြောင်း အပ်နှံပေးရန် အကြောင်းကြားခဲ့သော်လည်း ၎င်းတို့ဘက်မှ လွှဲပြောင်းပေးခဲ့ခြင်း မရှိကြောင်း NUG အစိုးရ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

Screenshot

ဖေဖော်ဝါရီလ ၁၇ ရက်တွင် NUG အစိုးရသည် ရာဇဝတ် ပြစ်မှုကျူးလွန်သည်ဟု တိုင်းကြားခံရသူများကို စုံစမ်းစစ်ဆေးနိုင်ရေး ဖမ်းဆီးထိန်းသိမ်းရန် ဆောင်ရွက်ရာတွင် BNRA တပ်ဖွဲ့ဝင်တချို့က ပြန်လည်ခုခံသည့်အတွက် ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် BNRA တပ်ဖွဲ့ဝင် ၁၅၀ ဦးခန့်သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များထံ ချိတ်ဆက်၍ အဖမ်းခံခြင်း၊ လာရောက်ပူးပေါင်းဆောင်ရွက်ခြင်း၊ လက်နက်အပ်နှံခြင်းများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားသွားရာလမ်း၌ ကွယ်လွန်ခဲ့သူ Tg. Pau Lam Kim ၏ သူငယ်ချင်း ၃ ဦး ကလေးမြို့သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ

ချင်းပြည်နယ်တွင် စစ်အစိုးရလက်အောက်ခံအခြေခံကျောင်းများဖွင့်လှစ်၊ ကျောင်းတက်ရောက်သူ လူဦးရေ နှစ်သောင်းကျော်ရှိဟု ဆို

မင်းတပ်နှင့် ကန်ပက်လက်ကို စစ်တပ်က အင်အား ၂၀၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေဟု CPU ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.