Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မင်းတပ်မြို့ လေကြောင်းတိုက်ခိုက်ခံရ၍ နေအိမ်အပါအဝင် အဆောက်အဦး ၂၀ ကျော်ပျက်စီး

မင်းတပ်မြို့ လေကြောင်းတိုက်ခိုက်ခံရ၍ နေအိမ်အပါအဝင် အဆောက်အဦး ၂၀ ကျော်ပျက်စီး

0
By Editor on April 12, 2026 Khonumthung

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ ၃ စီးဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာ အရပ်သားနေအိမ် အပါအဝင် အဆောက်အဦး ၂၀ ကျော် ထိခိုက်ပျက်စီးကြောင်း မင်းတပ်မြို့ဒေသခံများထံမှ သိရသည်။

ဧပြီလ ၁၁ ရက် ယမန်နေ့ညနက်ပိုင်း ၁၀ နာရီဝန်းကျင်က မင်းတပ်မြို့ပေါ် နေရာများကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ ၃ စီး အသုံးပြု၍ မီးလောင်ဗုံးများအပါအဝင် ဗုံး ၈ ကြိမ်ခန့် ကြဲချတိုက်ခိုက်သွားသည်ဟု မင်းတပ်မြို့ခံ ကိုဟာကလေးထံမှ သိရသည်။

လေကြောင်းတိုက်ခိုက်မှုများကြောင့် မင်းတပ်မြို့ပေါ် အရပ်သားနေအိမ်နှင့် အဆောက်အဦးများ ၂၀ ကျော် ထိခိုက်ပျက်စီးသွားကြောင်း၊ အိမ်စီးကား ၄ စီးလည်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူတချို့ ထိခိုက်သေဆုံးမှု ရှိသည်ဟု ကနဦး သတင်းများ ထွက်ပေါ်နေပြီး ခေါ်နုသုမ်းအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က သိမ်းပိုက်ထိန်းချုပ်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော် လည်ပတ်နေသည့် မင်းတပ်မြို့ပေါ်နှင့် မြို့နယ်ဒေသများကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားသွားရာလမ်းခုလတ်တွင် သေဆုံးခဲ့ရသော ချင်းလူငယ်၏ ရုပ်အလောင်း ကလေးမြို့မှ မွေးရပ်ဇာတိရွာသို့ သယ်ဆောင်ပြီ

မလေးရှားမှာ ဇနီးဟောင်းဖြစ်သူကိုသတ်ဖြတ်ခဲ့သည့် ချင်းအမျိုးသားဖမ်းဆီးခံရပြီးနောက် အမှုဖွင့်ရန်ပြင်ဆင်နေ

ICNCC က အုပ်ချုပ်ရေးမဏ္ဍိုင်ဖော်ဆောင်ရန် ဌာန ၉ ခုဖွဲ့စည်း

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.