မိဘများ… မိမိတို့၏ ရင်သွေးငယ်များကို နေ့စဉ် သင်ကြားပေးပါ
“မသိရင် မကိုင်နဲ့”
ကစားစရာ အရုပ်လိုလို၊ သံတိုသံစလိုလို ထူးဆန်းတဲ့ပစ္စည်းတွေ တွေ့ရင် လုံးဝ (လုံးဝ) လက်နဲ့မထိဖို့ သင်ပေးပါ။
“မသိတဲ့လမ်း မသွားနဲ့”
လူသူမရှိတဲ့ တောလမ်း၊ မြက်တောတွေထဲနဲ့ အဆောက်အဦးပျက်တွေထဲကို ဆော့ကစားဖို့ မဝင်ရဘူးလို့ မြစ်တားပါ။
“တွေ့ရင် လူကြီးကိုပြော”
မသင်္ကာစရာ ပစ္စည်းတစ်ခုခု မြင်ခဲ့ရင်၊ တွေ့ခဲ့ရင် အဝေးကနေ ချက်ချင်းရှောင်ပြီး မိဘတွေကို လာပြောဖို့ သေချာမှာကြားပါ။
“သင့်ကလေးရဲ့ ဘေးကင်းလုံခြုံရေးသည် မိဘများ၏ သတိပေးစကားပေါ်တွင် မူတည်ပါသည်”

