Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Editor's Pick»“အိမ်ပြန်ရောက်လို့ ဝမ်းသာပေမယ့်၊ ခြေလှမ်းတိုင်းမှာ သတိထားပါ”

“အိမ်ပြန်ရောက်လို့ ဝမ်းသာပေမယ့်၊ ခြေလှမ်းတိုင်းမှာ သတိထားပါ”

0
By Editor on June 24, 2026 Editor's Pick

နေရပ်ပြန်လာကြသည့် စစ်ဘေးရှောင်ပြည်သူများနှင့် မိမိနေအိမ်တွင် ပစ္စည်းပြန်လည်ယူဆောင်မည့်သူများအတွက် မြေမြှုပ်မိုင်းနှင့် စစ်လက်ကျန်ပစ္စည်းများအန္တရာယ်မှာ အလွန်စိုးရိမ်ရသည့် အခြေအနေဖြစ်သည် ။

နေရပ်ပြန်ပြည်သူများအတွက် မိုင်းအန္တရာယ် ကာကွယ်ရေး လမ်းညွှန်

၁။ အိမ်တွင်းသို့ မဝင်မီ သတိထားရန်

  • တံခါးနှင့် ပြတင်းပေါက်များ: အိမ်တံခါး သို့မဟုတ် ပြတင်းပေါက်များကို ချက်ချင်းတွန်းမဖွင့်ပါနှင့်။ တံခါးလက်ကိုင်တွင် ဝါယာကြိုးစများ သို့မဟုတ် ငါးမျှားကြိုးကဲ့သို့ သေးငယ်သော ကြိုးများ ချိတ်ဆက်ထားခြင်း ရှိ၊ မရှိ အဝေးမှ အရင်ကြည့်ရှုပါ ။
  • ခြံဝင်းအတွင်း လမ်းကြောင်း: မိမိအိမ်ခြံဝင်းအတွင်းဖြစ်သော်လည်း ပုံမှန်မဟုတ်ဘဲ မြေကြီးဖုနေခြင်း၊ မြေစာပုံအသစ်ရှိခြင်း သို့မဟုတ် အမှိုက်များဖြင့် ဖုံးအုပ်ထားခြင်း ရှိ၊ မရှိ စစ်ဆေးပါ ။

၂။ ပစ္စည်းများ ပြန်လည်ယူဆောင်ရာတွင် ရှောင်ရန်များ

  • အိမ်သုံးပစ္စည်းများ: ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော အိုးခွက်ပန်းကန်များ၊ အဝတ်အစားများ သို့မဟုတ် ကလေးကစားစရာများကို မစစ်ဆေးဘဲ မကိုင်ပါနှင့်။ အောက်ခြေတွင် မိုင်းထောင်ထားသည့် (Booby trap) အန္တရာယ် ရှိနိုင်သည်။
  • လျှပ်စစ်ပစ္စည်းနှင့် ဗီရိုများ: ဗီရိုတံခါးများ၊ အံဆွဲများနှင့် လျှပ်စစ်ခလုတ်များကို မစစ်ဆေးဘဲ ဆွဲဖွင့်ခြင်း၊ နှိပ်ခြင်း လုံးဝမပြုလုပ်ပါနှင့်။
  • အထုပ်အပိုးများ: မိမိပစ္စည်းမဟုတ်သော ထူးဆန်းသည့် အထုပ်အပိုးများ၊ သေတ္တာများကို တွေ့ရှိပါက လုံးဝမထိပါနှင့် ။

၃။ နေရပ်ပြန်ရာတွင် လိုက်နာရမည့် ဆောင်ရန်များ

  • အဖွဲ့လိုက်သွားပါ: နေရပ်ပြန်လျှင်ဖြစ်စေ၊ ပစ္စည်းယူလျှင်ဖြစ်စေ တစ်ဦးတည်းမသွားဘဲ အဖွဲ့လိုက်သွားပါ။ သို့သော် လမ်းလျှောက်သည့်အခါ တစ်ဦးနှင့်တစ်ဦး အကွာအဝေးတစ်ခုခြား၍ သွားလာပါ ။
  • သတင်းစုံစမ်းပါ: မိမိအိမ်တွင် စစ်တပ်စခန်းချခဲ့ခြင်း သို့မဟုတ် ကင်းပုန်းဝပ်ခဲ့ခြင်း ရှိ၊ မရှိ အိမ်နီးနားချင်းများ သို့မဟုတ် မျက်မြင်များထံ ဦးစွာမေးမြန်းပါ ။
  • အလင်းရောင်ရှိချိန်မှသွားပါ: နေဝင်ရီတရော သို့မဟုတ် မှောင်နေသည့်အချိန်တွင် မြေပြင်အနေအထားကို ရှင်းလင်းစွာမမြင်ရသဖြင့် အိမ်အတွင်းသို့ မဝင်ပါနှင့်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

သဘာဝဘေးအန္တရာယ်များကြောင့် ရွှေ့လျားသွားသည့် မြေမြှုပ်မိုင်းနှင့် တခြားပေါက်ကွဲစေတတ်သောပစ္စည်းများ အန္တရာယ်ဆိုင်ရာ ပြည်သူ့အသိပညာပေး သတိပေးချက်

မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်သောပစ္စည်းများအန္တရယ်ကြုံရသူများ၏ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီရေး ပြည်သူ့အသိပညာပေး လမ်းညွှန်

မိဘများ ကိုယ့်ကလေးကိုသင်ပေးပါ (မိုင်းအန္တရာယ် ကာကွယ်ရေး)

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 16, 2026

စစ်ရေးနှင့် နိုင်ငံရေးကို မဟာမိတ်အင်အားစုများနှင့် လက်တွဲ၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်မည်ဟု CPU/ CPA ဆို

November 16, 2026

ချင်းမြောက်တီးတိန် ပို့မည့် ကျပ် ၂ ဘီလီယံကျော်တန် ဘိန်းဖြူများနှင့် လူ ၇ ဦးကို ကလေးမြို့အနီး ဖမ်းမိ

November 16, 2026

ချင်း-မကွေး အစပ်ဒေသမှာ စစ်တပ်က ဖြတ်လေးဖြတ်ဗျူဟာကျင့်သုံး၊ ထောင်နှင့်ချီသော စစ်ဘေးရှောင်များ အခက်အခဲကြုံနေရဟု AAPP ပြော

November 13, 2026

ချင်းပြည်အစိုးရအဖွဲ့ အစည်းအဝေးမှာ လမ်းတံတားပြုပြင်ရေး၊ စစ်ဘေးရှောင်အရေးအပါအဝင် အချက် ၁၄ ချက်ကို ဆုံးဖြတ်ခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.