Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ
created by Polish

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

0
By Editor on August 27, 2026 Khonumthung

(002MG)

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်း- တီးတိန်မြို့သို့ ဆက်သွယ်သောကားလမ်းပိုင်း၌ စစ်တပ်၏ စစ်ရေးဂိတ်များတွင် ဂိတ်ကြေးအများအပြားပေးဆောင်နေရသောကြောင့် ကားခများမြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်း အဓိကဆက်သွယ်ထားသည့် ကားလမ်းမကြီးအား ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် ယာဉ်အအသွားအလာပြန်လည်ခွင့်ပြုလိုက်သော်လည်း စစ်ဆေးရေးဂိတ်အများအပြား ထားရှိကာ ဂိတ်ကြေးအဆမတန်ကောက်ခံခြင်းများ ပြုလုပ်နေသည်ဟု တီးတိန်မြို့ခံကပြောသည်။

တီးတိန်မြို့ခံက “ကလေးနဲ့ တီးတိန်ကြားပုံမှန်လမ်းသုံးလို့ရပေမယ့် စစ်ကော်မရှင်တွေက လမ်းတလျှောက်လုံး နေရာယူ တော့လေ ဂိတ်ကြေးတွေက ပေးနေရတာ၊ ၁ ဂိတ်မှာ ၂ သောင်းစီပေးရင်တောင်မှ ၇ ဂိတ်လောက်ရှိရင်တောင် တစ်သိန်း လေးသောင်းလောက်ဖြစ်နေပြီဆိုတော့ ကားသမားတွေကို အပြစ်ပြန်တင်လို့မရပြန်ဘူး ဘာလို့လဲဆိုရင် သူတို့ကလည်း လမ်းမှာက ဂိတ်ကြေးထိုးတဲ့ဟာတွေက များတော့လေ။ ကလေးနဲ့ တီးတိန်ကြားမှာ ဂိတ်က ၉ ခုလောက်ကို ရှိတာ။” ဟုပြောသည်။

လက်ရှိတွင် ကလေးမြို့မှ တီးတိန်မြို့သို့ မော်တော်ယာဉ်စီးခ လူတစ်ဦးလျှင် ငွေကျပ် တစ်သိန်းခွဲမှ တစ်သိန်းရှစ်သောင်း အထိရှိပြီး ကလေးမြို့မှ ဖလမ်းကားခမှာ ကျပ် နှစ်သိန်းခန့်ရှိသည်ဟု သိရသည်။

ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်း ဆက်သွယ်ရာတွင် အဓိက အသုံးပြုနေကြသည့် ကလေး-သိုင်းငင်း လမ်းပိုင်း ပုံမှန်အသုံးပြု၍ရပြီဖြစ်သော်လည်း ဂိတ်ကြေးနှင့် တန်ဆာခမြင့်တက်နေခြင်းကြောင့် အခြေခံကုန်ဈေးနှုန်းများ မြင့်တက်နေဆဲဖြစ်သည်ဟု သိရသည်။

“တီးတိန်မြို့ပေါ်က ကုန်စုံဆိုင်တွေ၊ အလှပြင်ဆိုင်တွေ ဖွင့်ကြတယ် ပုံမှန်လည်ပတ်နေပြီ ကုန်ဈေးက အကျတော့မရှိဘူး အတက်ပိုင်းပဲရှိတယ်။ ဆိုင်ဖွင့်တဲ့သူတွေအတွက် တန်ဆာခက တော်တော်လေးများတာပေါ့ ကလေးကနေ တီးတိန် အထိကို ပါဆယ်သေးသေးလေး တစ်ဗူးကို ၁ သောင်း၊ ၁ သောင်းခွဲ အဲ့လိုပုံစံ အဲ့တာတာင်မှ နည်းနည်း လေးတယ်ဆိုရင် ၂ သောင်းလောက်တောင်းတာမျိုးရှိတယ် လွယ်တော့ မလွယ် ဘူး။” ဟု တီးတိန်မြို့ဒေသခံက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေးမြို့နယ်၊ နတ်ချောင်းတိုက်ပွဲတွင် က‌လေး UG တပ်ဖွဲ့ဝင် (၄) ဦး ကျဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.