• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»AA ဘက်မှ အလင်းဝင်လာသူများပြားလာ ဆိုတဲ့ သတင်းအမှား

AA ဘက်မှ အလင်းဝင်လာသူများပြားလာ ဆိုတဲ့ သတင်းအမှား

0
By Editor on October 3, 2022 Khonumthung

#FactCheck

ဒီသတင်းအမှားကို Sakura Flower နဲ့ Golden Eyes ဆိုတဲ့ အကောင့်ကနေပြီး “AA လက်နက်ကိုင်အဖွဲ့အတွင်း အထက်အောက်ဖိနှိပ်အာဏာပြခံရခြင်း၊ မိဘများနှင့် ဆက်သွယ်ခွင့်မပေးခြင်း စသည့် လူ့အခွင့်အရေးဆုံးရှုံးမှုများရှိနေတာကြောင့် အစိုးရစစ်တပ်နှင့် ရခိုင်ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့ (ALP) သို့ အလင်းဝင်လာမှု အများအပြားရှိနေပါတယ်။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဆက်လက်ပြီး သတင်းအမှားမှာဖော်ပြထားတာက “မိုင်တိုင် ၄၀ တိုက်ပွဲ နောက်ပိုင်း AA ဘက်မှ အလင်းဝင်သူ ၄၀ ကျော်နေပြီဖြစ်ပြီး ALP အဖွဲ့သို နယ်စပ်မှတဆင့်အလင်းဝင်သူ ၆ ဦးရှိလာတာ တွေ့ရပါတယ်။” လို့ရေးသားထားတာဖြစ်ပါတယ်။

တိုက်ပွဲများပြင်းထန်နေချိန် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အရာရှိ၊ စစ်သည် ၁၀ ဦးထက်မနည်း ရက္ခိုင့်တပ်တော် (AA) ဘက်ကို အလင်းဝင်ရောက်လာတယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက စက်တင်ဘာ ၁၉ ရက် တွင်ပြုလုပ်ခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ငါးကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားပါတယ်။

“ပလက်ဝမြို့နယ်ထဲက မြန်မာစစ်တပ်စစ်ကြောင်းတွေကနေ လက်နက်တွေနဲ့ ကျနော်တို့ဆီကို ပူပေါင်းလာတဲ့ အရာရှိတွေ၊ စစ်သည်တွေကတော့ ၁၀ ယောက်ထက်မနည်းရှိပါတယ်။ နောက်လည်း တခြားမြို့နယ်တွေမှာလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေထဲက လက်နက်ယူပြီး ကျနော်တို့ဆီမှာ ပူးပေါင်းလာကြတာလည်းရှိပါတယ်”

အလင်းဝင်လာတဲ့ စစ်သည် ၁၀ ဦးထက်မနည်းမှာ လက်နက်အပြည့်အစုံဖြင့်လာရောက်ခဲ့ခြင်းဖြစ်ပြီး တခြားမြို့နယ်များအတွင်းမှ စစ်ကောင်စီတပ်သားများလည်း ထွက်ပြေးလာနေကြောင်းသိရှိရပါတယ်။

ဒါအပြင် ရက္ခိုင့်တပ်တော် (AA) ထံအလင်းဝင်ရောက်ရန် ဆက်သွယ်လာတဲ့ စစ်ကောင်စီတပ်သားများ ရာဂဏန်းအထိရှိလာတယ်လို့ ဦးခိုင်သုခကပြောပါတယ်။

“အဲ့တာတွေက တိုက်ပွဲမဖြစ်ခင်ကလည်း ရှိခဲ့ပါတယ်။ တိုက်ပွဲကာလမှာလည်း ဆက်ပြီးတော့ ရှိလာပါတယ်။ ဆိုတော့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွေမှာလည်း ပိုပြီးများလာပါတယ်။ နောက်ပြီး လာရန်ရှိတဲ့သူတွေလည်းအများကြီး ကျနော်တို့ဆီကို ဆက်သွယ်လာတာလည်းရှိပါတယ်။ အရည်အတွက်အားဖြင့် ပြောမယ်ဆိုရင် ရာဂဏန်းလောက်ရှိပါတယ် ”

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝဒေသမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား နေ့စဉ်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေပြီး အခုကာလအတွင်း ရှေ့တန်းစစ်မြေပြင်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ကျော်အထိ လာရောက်ခိုလှုံခဲ့ကြောင်း AA ဘက်က တရားဝင် ပြောဆိုထားပါတယ်။

တကယ်တော့ ရက္ခိုင့်တပ်တော် AA ကနေ ထွက်ပြေးတဲ့ တပ်သားတွေမဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့ထဲက တပ်သားတွေဟာ တပ်ထဲကနေထွက်ပြေးတိမ်းရှောင်ပြီး AA တပ်ဖွဲ့ထံကို အလင်းဝင်နေကြတာဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNA နှင့် YPDF တို့အကြား ကာကွယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

CDF-Kanpetlet အတွက် “နွားနောက် တစ်ကောင်ယူ၊ ခေါ်နူးအတွက် လှူ” ကံစမ်းမဲအစီစဉ်စတင်

အရေးတော်ပုံအောင်မြင်သည့်အထိ လက်တွဲတိုက်ပွဲဝင်ကြရန် ပြည်သူလူထုကို CNF တိုက်တွန်း

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.