Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»AA ဖမ္းဆီးသည့္ ခ်င္းလူငယ္ ၄ ဦးအနက္ ၃ ဦးျပန္လြတ္လာ

AA ဖမ္းဆီးသည့္ ခ်င္းလူငယ္ ၄ ဦးအနက္ ၃ ဦးျပန္လြတ္လာ

0
By Editor on August 26, 2020 Headline

#Unicode

By နှင်းနှင်း – ရက္ခိုင့်တပ်တော် (AA) မှ ဖမ်းဆီးထားသည့် ချင်းလူငယ် (၄) ဦးအနက် (၃) ဦးသည် သြဂုတ်လ ၂၅ နေ့က ပြန်လည်လွတ်မြောက်လာကြပြီဟု Chin IDPs Support Committee (CISC) အဖွဲ့မှ အတွင်းရေးမှူး ကိုကျော်အောင်ကပြောသည်။

“သူတို့နဲ့ကျွန်တော်စကားပြောပြီးပြီ သြဂုတ်လ ၂၅ ရက်နေ့မနက်ပိုင်းကနေ လွတ်လာတယ် ညနေပိုင်းကို ပလက်ဝမှာရောက်တယ်’’ ဟု ကိုကျော်အောင်ကပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှတဆင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ နေရပ်ပြန်သွားကြသည့် ချင်းလူငယ် (၄) ဦးကို ရက္ခိုင့်တပ်တော် (AA) က ငသရိုင်းကျေးရွာတွင် ဇူလိုင်လ (၂၉) ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါလူငယ် (၄) ဦးထဲမှ ကိုခင်မောင်ထွန်း၊ ကိုဘင်ဂျမင်၊ ကိုအောင်ထွန်းကိုတို့ (၃) ဦး ပြန်လွတ်ပေးလိုက်သော်လည်း ပလက်ဝမြို့နယ် အရပ်ဘက်အဖွဲ့အစည်းများတွင် ပါဝင်လှုပ်ရှားနေသည့် ကိုအောင်စိုးကိုမူ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။

ကိုကျော်အောင်က “ကိုအောင်စိုးကိုတစ်ယောက်တည်းကိုပဲ ဘာလို့မလွှတ်ပေးသလဲဆိုတာတော့ မပြောတတ်ဘူး၊ အရင်ကတော့ သူတို့သူငယ်ချင်း ၄ ယောက်ဆိုတော့ ခံသာသေးတယ် အခုတော့ သူ့သူငယ်ချင်းတွေက လွတ်တယ် သူပဲကျန်တယ်ဆိုတော့ သူ့အတွက် ကျနော်တို့စိုးရိမ်မိတယ်’’ ဟု ပြောသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် အဆိုပါလူငယ် ၄ ဦးကို မည်သည့်ကိစ္စကြောင့် ဖမ်းဆီးထိန်းသိမ်းရသည်ကိုမူ မသိရသေးကြောင်း၊ ဖမ်းဆီးထိန်းသိမ်းစဉ်တွင် ခြိမ်းခြောက်ရိုက်နှက်ခြင်းမျိူး မပြုလုပ်ခဲ့ကြောင်း ဦးကျော်အောင်က ဆက်ပြောသည်။

Photo – Khumi Media Group

#Zawgyi

By နွင္းနွင္း – ရကၡိုင့္တပ္ေတာ္ (AA) မွ ဖမ္းဆီးထားသည့္ ခ်င္းလူငယ္ (၄) ဦးအနက္ (၃) ဦးသည္ ျသဂုတ္လ ၂၅ ေန့က ျပန္လည္လြတ္ေျမာက္လာျကျပီဟု Chin IDPs Support Committee (CISC) အဖြဲ့မွ အတြင္းေရးမႉး ကိုေက်ာ္ေအာင္ကေျပာသည္။

“သူတို့နဲ့ကြ်န္ေတာ္စကားေျပာျပီးျပီ ျသဂုတ္လ ၂၅ ရက္ေန့မနက္ပိုင္းကေန လြတ္လာတယ္ ညေနပိုင္းကို ပလက္ဝမွာေရာက္တယ္’’ ဟု ကိုေက်ာ္ေအာင္ကေျပာသည္။

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ျမို့မွတဆင့္ ခ်င္းျပည္နယ္ ပလက္ဝျမို့နယ္သို့ ေနရပ္ျပန္သြားျကသည့္ ခ်င္းလူငယ္ (၄) ဦးကို ရကၡိုင့္တပ္ေတာ္ (AA) က ငသရိုင္းေက်းရြာတြင္ ဇူလိုင္လ (၂၉) ရက္ေန့က ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

အဆိုပါလူငယ္ (၄) ဦးထဲမွ ကိုခင္ေမာင္ထြန္း၊ ကိုဘင္ဂ်မင္၊ ကိုေအာင္ထြန္းကိုတို့ (၃) ဦး ျပန္လြတ္ေပးလိုက္ေသာ္လည္း ပလက္ဝျမို့နယ္ အရပ္ဘက္အဖြဲ့အစည္းမ်ားတြင္ ပါဝင္လႈပ္ရွားေနသည့္ ကိုေအာင္စိုးကိုမူ ဆက္လက္ထိန္းသိမ္းထားဆဲျဖစ္သည္။

ကိုေက်ာ္ေအာင္က “ကိုေအာင္စိုးကိုတစ္ေယာက္တည္းကိုပဲ ဘာလို့မလွြတ္ေပးသလဲဆိုတာေတာ့ မေျပာတတ္ဘူး၊ အရင္ကေတာ့ သူတို့သူငယ္ခ်င္း ၄ ေယာက္ဆိုေတာ့ ခံသာေသးတယ္ အခုေတာ့ သူ့သူငယ္ခ်င္းေတြက လြတ္တယ္ သူပဲက်န္တယ္ဆိုေတာ့ သူ့အတြက္ က်ေနာ္တို့စိုးရိမ္မိတယ္’’ ဟု ေျပာသည္။

ရကၡိုင့္တပ္ေတာ္အေနျဖင့္ အဆိုပါလူငယ္ ၄ ဦးကို မည္သည့္ကိစၥေျကာင့္ ဖမ္းဆီးထိန္းသိမ္းရသည္ကိုမူ မသိရေသးေျကာင္း၊ ဖမ္းဆီးထိန္းသိမ္းစဉ္တြင္ ျခိမ္းေျခာက္ရိုက္နွက္ျခင္းမ်ိူး မျပုလုပ္ခဲ့ေျကာင္း ဦးေက်ာ္ေအာင္က ဆက္ေျပာသည္။

Photo – Khumi Media Group

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.