(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇန်မြို့နယ်ကို သိမ်းပိုက်အပြီး ၂ နှစ်နီးပါးအကြာတွင် တွန်းဇန်မြို့နယ်ကောင်စီ/ CDF – တွန်းဇန်သည် တွန်းဇန်မြို့သစ်စီမံကိန်းကို စတင်အကောင်အထည်ဖော်နေပြီး လတ်တလောမှာ မြို့သစ်အတွက် မြေကွက် ၃၀၀ ဖော်ဆောင်မည်ဟု သိရသည်။ တွန်းဇန်မြို့၏ အထက်ပိုင်းရှိ အရင်တပ်ကုန်းဟောင်း နယ်မြေနှင့် အနီးပတ်ဝန်းကျင်ရှိ မြေများကို တွန်းဇန်မြို့သစ်အဖြစ် သတ်မှတ်ကာ အကောင်အထည်ဖော်နေသည်ဟု တွန်းဇန်မြို့နယ်ကောင်စီ ဥက္ကဌ ဦးထန်ဆွန်းမုန်က ပြောသည်။ “အဲဒီဟာက ကျနော်တို့က တွန်းဇန်မြို့ဆိုရင် ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ မြို့ကလေး တစ်မြို့ဖြစ်အောင် ပြန်လည်ပြီး တည်ဆောက်ချင်တာပေါ့နော်။ အခုဟာက မြို့တည်ဆောက်ပုံက တောင်စောင်းပေါ်မှာဆိုတော့ စနစ်မကျဘူး။ အဲဒါကို ကျနော်တို့က အများပြည်သူ နေထိုင်နိုင်အောင်ဆိုပြီးတော့ မြေကွက်ကို ဖော်ဆောင်ခြင်းဖြစ်ပါတယ်။ ပြီးတော့ မြို့တည် ဆောက်ပုံကိုလည်း ခေတ်မှီမြို့နဲ့ တူအောင် ကားလမ်းကို ကောင်းကောင်းလေး ဖောက်ထားတယ်။ စနစ်ကျတဲ့ မြို့ကလေး ဖြစ်အောင် ကျနော်တို့ တွန်းဇံမြို့နယ်ကောင်စီက မြို့သစ်ကို ဖော်ဆောင်ခြင်းဖြစ်တယ်။ လမ်းတွေ ဖောက်ပြီးသွားရင်း အကွက်ချပေးမယ်။ မြေကွက် ရောင်းပြီးတော့ မူလပိုင်ရှင်ကို နစ်နာကြေး ပေးဖို့ သူတို့နဲ့ ညှိနှိုင်းတိုင်ပင်ထားတာ ရှိပါတယ်” ဟု ဦးထန်ဆွန်းမုန်က ပြောသည်။ မြို့သစ်အတွက် လတ်တလောမှာ မြေကွက် တစ်ကွက်လျှက် ပေ ၆၀ ပတ်လည်ရှိသော မြေကွက်ပေါင်း ၃၀၀ ခန့် ဖော်ဆောင်မည် ဖြစ်ကြောင်း၊ လက်ရှိမှာ လမ်း ၄ လမ်းကို ဖောက်လုပ် ဖော်ဆောင်ထားပြီး ဖြစ်ကာ နောက်ထပ်လမ်းများကိုလည်း ဖော်ဆောင် ရန်…
Author: Editor
(002MG) အိန္ဒိယ-မြန်မာနယ်စပ်၊ ကူကီးဒေသက စစ်ဘေးရှောင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သော အခြေခံ စားနပ်ရိ က္ခာများကို ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး (KWHRO) က ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။ ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးသည် ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း ကူကီးဒေသ ကျေးရွာတစ်ရွာရှိ စစ်ဘေးရှောင် ပြည်သူများအား အခြေခံစားနပ်ရိက္ခာများ နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၄ ဦးအတွက် မီးဖွားရာတွင် လိုအပ်သည့် မွေးထုပ် ပစ္စည်းများ၊ တပိုင်တနိုင် စိုက်ပျိုး၍ရမည့် မျိုးစေ့များအား ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။ “အခုက လူဦးရေအရ အမျိုးအစား (၃) မျိုးနဲ့ထောက်ပံ့ပါတယ်။ ပထမက ကိုယ်ဝန်ဆောင်မိခင် တွေအ တွက် မွေးထုပ်တွေ ကူညီပေးတာတွေလုပ်တယ်။ မိခင် (၁၄) ဦး၊ ၂ နှစ်အောက်ကလေးငယ်ရှိတဲ့ မိခင်နဲ့ မိသားစုဝင် အိမ်ခြေ (၂၇) အိမ်ကို ထောက်ပံ့နိုင်ခဲ့တယ်။ရွာထဲ ရှိတဲ့လူတွေထဲမှာ ခက်ခဲဒုက္ခ ရောက် နေတဲ့သူတွေကို ကျမတို့က ထောက်ပံ့ ပေးတယ်။ လူဦးရေအရ ၄၀၀ ဝန်းကျင်ကို ထောက်ပံ့တာပါ။” ဟု ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်း အရုံးက တာဝန်ရှိသူ မ ဘွိုင်နူးက ပြောပါတယ်။ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အပါအဝင် အိန္ဒိယ-မြန်မာနယ်စပ် တလျောက်တွင် စစ်ဘေးရှောင်ပြည်သူများသည် စစ်ရှောင်အချိန်ကာလကြာမြင့်လာသောကြောင့် အခြေခံစား နပ်ရိက္ခာများလိုအပ်မှု၊ ဆေးဝါးလိုအပ်ချက်များ လာသည်ဟု သိရသည်။ ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးသည် သက္ကရာဇ် ၂,၀၀၀ ခုနှစ် စတင်ဖွဲ့စည်း ချိန်မှစပြီး…
(006SV) ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ချင်းအမျိုးသားတက္ကသိုလ် (CNU)၏ မဟာဌာနများသည် ဒီပလိုမာသင်တန်းများ၊ အင်ဂျင်နီယာသင်တန်းများနှင့် ဥပဒေပညာသင်တန်းများကို စတင်ဖွင့်လှစ်တော့မည်ဟု သိရသည်။ ဖွင့်လှစ်မည့် သင်တန်းများအတွက် ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် ရရှိသူများ စာရင်းကြေညာခြင်းနှင့်ပတ်သက်၍ ဇန်နဝါရီလ ၁၇ ရက် ထုတ်ပြန်ရာတွင် အသိပေးထားသည်။ ချင်းအမျိုးသားတက္ကသိုလ်၏ မဟာဌာနများမှ ဘွဲ့ကြိုပညာရေး ဒီပလိုမာသင်တန်း၊ ဘွဲ့လွန် ပညာရေးဒီပလိုမာ သင်တန်း၊ လုပ်ငန်းခွင် ပညာရေး ဒီပလိုမာသင်တန်း၊ လျှပ်စစ်အင်ဂျင်နီယာ၊ မြို့ပြအင်ဂျင်နီယာနှင့် ဥပဒေပညာသင်တန်းများကို စတင်ဖွင့်လှစ်မည်ဟု သိရသည်။ အဆိုပါ သင်တန်းများအတွက် ဝင်ခွင့်စာမေးပွဲကို ဖြေဆိုခွင့် လျှောက်ထားသော ကျောင်းသား/သူများအနေဖြင့် ဝင်ခွင့်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုနိုင်ခွင့်နှင့်ပတ်သက်၍ မိမိနှင့် သက်ဆိုင်ရာ မြို့နယ်/ ဒေသပညာရေး ရုံးများ သို့မဟုတ် နီးစပ်ရာ မြို့နယ်/ ဒေသပညာရေးရုံးများ သို့မဟုတ် ကျောင်းများတွင် ဆက်သွယ်စုံစမ်းနိုင်ပြီးဟု ချင်းပညာရေးဝန်ကြီးဌာနထံမှ သိရသည်။ ဝင်ခွင့်စာမေးပွဲ ဖြေဆိုလာချိန်တွင် ကျောင်းသား/သူများအနေဖြင့် မဖြစ်မနေ ယူဆောင်လာရမည့် စာရွက်စာတမ်း၊ အထောက်အထားများနှင့် သိရှိရမည့် အချက်များကိုလည်း နီးစပ်ရာ မြို့နယ်/ ဒေသပညာရေးရုံးများတွင်လည်း ဆက်သွယ်စုံစမ်းနိုင်ပြီဟု သိရသည်။
ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက်-NCCD က ချင်းပြည်နယ် နှင့် မီဇိုရမ်ပြည်နယ်အတွင်းရှိ ချင်းစစ်ဘေးရှောင်ပြည်သူများ ကို အခြေခံစားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးခဲ့ကြသည်ဟု သိရသည်။ ဇန်နဝါရီ ၁၂ ရက်မှ ၂၀ ရက်နေ့အထိ ၉ ရက်တာအတွင်းမှာ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် ၃ နေရာ၊ တီးတိန် မြို့နယ်တွင် ၁ နေရာ နှင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့နယ်တွင် ၁ နေရာ၊ လုံးလေမြို့နယ်တွင် ၁ နေရာ စုစုပေါင်း ကျေးရွာ ၆ ရွာတွင် ဆန်၊ ဆီ၊ ဆားများကို ကူညီထောက်ပံ့မှုပေးနိုင်ခဲ့သည်ဟု NCCD က ထုတ်ပြန်သည်။ NCCD သည် ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ချင်းမြေယာမူဝါဒဥပဒေများအပြင် ကျေးလက် ဒေသမှ ချင်းပြည်သူများအတွက် အခြေခံလိုအပ်ချက်များ ကူညီပံ့ပိုးခြင်းနှင့် တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ရန် ပံ့ပိုးကူညီပေးနေသည့် အဖွဲ့ဖြစ်သည်။
(004SS) စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဗလီကျောင်းတက်ရန်သွားသည့် ချင်းလူငယ်တစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးပြီး စစ်သင်တန်းတက်ရန် ပို့ဆောင်လိုက်သည်ဟု ဒေသခံများထံမှသိရသည်။ ဖမ်းဆီးခံရသူမှာ တာဟန်းရပ်ကွက်တွင် နေထိုင်သည့် ခရစ်ယာန်ဘာသာဝင် ချင်းလူငယ် ဇမ်းပီဟု သိရပြီး ဇန်နဝါရီ ၁၆ ရက်နေ့က ဖမ်းဆီးခံရခြင်းဟုသိရသည်။ ၎င်းသည် အိန္ဒိယနိုင်ငံတွင် ကျမ်းစာကျောင်းတက်ရောက်စဉ်အတွင်း အစ္စလာမ်ဘာသာရေးကို လေ့လာခဲ့သူဖြစ်ပြီး ကလေး မြို့သို့ ပြန်ရောက်သည့်အခါ အပတ်စဉ် သောကြာနေ့တိုင်း တာဟန်းမှ ကလေးမြို့ရှိ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုကိုယ်းကွယ်သည့်နေရာ ဗလီ (Mosque) ကျောင်းသို့ သွား ရောက်ဝတ်ပြုလေ့ရှိသည်ဟု သိရသည်။ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ အခြေအနေသိရှိသူ ကလေးမြို့နေ လူငယ်တစ်ဦးက “ပြီးခဲ့တဲ့သောကြာက သူစက်ဘီးနဲ့ တာဟန်းကနေ ကလေးမြို့က မူစလင်ဘုရားကျောင်းတက်ဖို့သွားရင်း ဖမ်းဆီးခံရတာ။ အဲနေ့က သူနဲ့အတူဖမ်းခံရတဲ့ လူငယ်တစ်ချို့ရှိတယ်လို့သိရတယ်။ သူနဲ့အတူဖမ်းခံရတဲ့ တစ်ယောက်က ငွေကြေးနဲ့ ပြန်ကယ်ထုတ်ခံရတယ်။ အဲလူနဲ့ သူ့အဖေဆီ စာတစ်စောင် ပါးခဲ့တယ်။ အဲဒါနဲ့ သူအဖမ်းခံရမှန်း သိကြတာ။ ဘယ်လောက်နဲ့ရွေးခိုင်းတာလဲတော့ မသိရဘူး။ ဒါမဲ့ သူ့အဖေက မရွေးနိုင်လို့ အခု စစ်မှုထမ်းပို့ခံရပြီ။ ဘယ်ကိုပို့ကြတာလဲတော့ မသိရဘူး။ ကလေးကနေ ဖမ်းခံရတဲ့သူ တွေကို တခြားဒေသပို့တယ်။ တခြားဒေသကနေ ဖမ်းခံရတဲ့သူကို ဒီဘက်လာပို့တယ်။ အခုတလော အဖမ်းအဆီးများတယ်။” ဟု ပြောသည်။ လက်ရှိကလေးမြို့တွင် စစ်ကော်မရှင်တပ်က အရပ်ဝတ်များဝတ်ဆင်ကာ လမ်းသွားလမ်းလာ လူငယ်များကို ဆက်တိုက် ဖမ်းဆီးမှုများပြုလုပ်နေပြီး ငွေကြေးသိန်းရာနဲ့ချီ ဖြင့် ပြန်လည်ရွေးခိုင်းမှုများရှိနေကြောင်း သိရသည်။ထို့အပြင် စစ်မှုထမ်းဆောင်ရန် လူဦးရေမပြည့်ပါက ငွေကြေးဖြင့်…
(006SV) မလေးရှားနိုင်ငံအတွင်းက ချင်းဒုက္ခသည်များအရေးနှင့်ပတ်သက်၍ ဩစတေးလျနိုင်ငံ အထက်လွှတ်တော်အမတ် Senator Dean Smith နှင့် မလေးရှားမှ ချင်းဒုက္ခသည်အဖွဲ့အစည်း ၃ ခုတို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သည်ဟု သိရသည်။ ဇန်နဝါရီလ ၁၁ ရက်မှ ၁၃ ရက်အထိ ဩစတေးလျနိုင်ငံ အထက်လွှတ်တော်အမတ်နှင့် တွေ့ဆုံမှုတွင် မလေးရှားရောက် ချင်းဒုက္ခသည်များ၏ အခြေအနေများကို တင်ပြဆွေးနွေးပြီး အကူအညီပေးရန်လည်း တောင်းဆိုခဲ့သည်ဟု မလေးရှားရောက် ချင်းဒုက္ခသည်အရေး ဆောင်ရွက်နေသော ACR အဖွဲ့ ဥက္ကဌက ပြောသည်။ “လက်ရှိ မြေပြင်မှာ ရှိနေတဲ့ အဖမ်းအဆီး အခြေအနေတွေရယ်၊ နောက်တချို့ချင်းတွေ မြန်မာပြည် ပြန်ပို့တဲ့အချိန်မှာ စစ်တပ်က လေဆိပ်မှာ ဖမ်းဆီးပြီး အသတ်ခံရတဲ့ အမှုကလည်း တစ်ခု၊ နှစ်ခု ရှိတယ်ပေါ့နော်။အဲဒါကို တင်ပြတယ်။ ချင်းပြည်နယ်ထဲမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေကိုလည်း တင်ပြတယ်။ ပြီးတော့ စိန်ခေါ်မှုတွေ၊၊ နောက်တစ်ခုက အခုလက်ရှိ ဩစတေးလျကနေ ဒုက္ခသည် လုပ်ပေးထားတွေလည်း ရှိတယ်။ ဒီဟာတွေက အရင်တုန်းက မြန်တယ်၊၊ အခုနောက်ပိုင်းက အရမ်းနှေးကွေးတယ်။ အဲဒါ နှေးကွေးနေတဲ့ ကိစ္စ၊၊ ပြီးတော့ ခေါ်စာတွေ နှောင့်နှေးနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ တင်ပြပေးတာပေါ့နော်။ ကျနော်တို့ဘက်က သက်သေတွေ ပြတာပေါ့နော်။ ပြီးတော့ US ဘက်က ရန်ပုံငွေ ရပ်တန့်သွားတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ တင်ပြတယ်။ ဒါတွေက ဘယ်လောက် သက်ရောက်မှု ရှိနေတယ်၊၊ ကျနော်တို့ ချင်းတွေအပေါ်မှာပေါ့နော်။ အဲဒါတွေ တင်ပြတယ်။ ဩစတေးလျအစိုးရ အနေနဲ့…
(006SV) ချင်းပြည်နယ်အတွင်း စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သော အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ထိပ်တန်းစစ်အရာရှိ ၁၀ ဦးကို တရားစွဲဆိုတိုင်ကြားသည့် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကို တီမောလက်စ်တေ နိုင်ငံက လက်ခံတွေ့ဆုံပြီး အားပေးကူညီသည်ဟုဆိုကာ စစ်ကော်မရှင်က အပြင်းအထန် ကန့်ကွက်ကြောင်း ထုတ်ပြန် သည်။ တီမောလက်စ်တေနိုင်ငံ၏ အာဆီယံပဋိဉာဉ်နှင့် ဆန့်ကျင်သည့် လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း အာဏာသိမ်း စစ်ကော်မရှင်၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၈ ရက်မှာ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ အာဏာသိမ်းစစ်အုပ်စု၏ မတရားကျူးလွန်မှုများကို ဖော်ထုတ်နေသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် တီမောလက်စ်တေအစိုးရတို့ တရားဝင်ထိတွေ့ဆက်ဆံခြင်းသည် အာဆီယံအဖွဲ့ဝင် နိုင်ငံများက ပြဌာန်းထားသော အာဆီယံပဋိညာဉ်ပါ အခြေခံမူများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု စစ်ကော်မရှင်က စွပ်စွဲပြစ်တင်ထားသည်။ အာဏာသိမ်းစစ်အုပ်စုကို တီမောလက်စ်တေ၏ ပြည်သူ့အစိုးရ ရှေ့နေရုံးတွင် တရားစွဲဆို တိုင်ကြားသည့် ချင်းလူ့ အခွင့်အရေးအဖွဲ့ (CHRO)ကို တီမောသမ္မတက လက်ခံတွေ့ဆုံ၍ အားပေးအားမြှောက်ပြုခြင်းသည် မြန်မာ့ပြည်တွင်း ရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သည်ဟု စစ်ကော်မရှင်က ပြင်းပြင်းထန်ထန် တုန့်ပြန်ထားသည်။ တီမောနိုင်ငံရဲ့ အဆိုပါ ထိတွေ့ဆက်ဆံမှု၏ အကြောင်းအရာ၊ သဘောသဘာဝနှင့် အကျိုးဆက်များအပေါ် ကန့်ကွက်ပြီး တရားဝင်ဆန့်ကျင်ကြောင်း မှတ်တမ်းတင်သည်ဟု စစ်ကော်မရှင်၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ တီမောသမ္မတ မစ္စတာ ဟိုဆေးရာမို့စ်ဟော်တာသည် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)အဖွဲ့အပါအဝင် တရားစွဲ ပူးပေါင်းအဖွဲ့ကို ဇန်နဝါရီလ ၁၄ ရက်က လက်ခံတွေ့ဆုံ၍ ဒေသတွင်း တရားမျှတမှု နှင့် တာဝန်ခံမှု ရှိရေး ဆွေးနွေးခဲ့သည်ဟု တီမောသမ္မတရုံး၏ နိုင်ငံပိုင်ဝက်ဆိုဒ်တွင် တရားဝင်ထုတ်ပြန်ထားသည်။…
(002MG) စစ်ကိုင်းတိုင်း၊ တမူးခရိုင် အမှတ် (၁) စစ်ဒေသ ကွပ်ကဲရေးရုံးအောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် ခွင့်လွန် ရဲဘော်များအားလုံး သက်ဆိုင်ရာ တပ်ရင်းများသို့ တာဝန်ပြန်လည်ထမ်းဆောင်ရန်ကြရန် အမျိုးသားညီညွတ် ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသဌာနချုပ် တမူးခရိုင်ကွပ်ကဲရေးရုံးက ဇန်နဝါရီ ၁၇ ရက်နေ့က ထုတ်ပြန်သည်။ အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင် ကွက်ကဲရေးရုံးနှင့် ၎င်းတို့ကွက်ကဲမှုအောက်တွင်ရှိသည့် အမှတ်(၁) တပ်ရင်း၊ အမှတ်(၂) တပ်ရင်း၊ အမှတ်(၃) တပ်ရင်း၊ အမှတ်(၄) တပ်ရင်းနှင့် အမှတ် (၅) တပ်ရင်းတို့မှ ရဲဘော်များအားလုံး ပြန် လည် တာဝန်ထမ်းဆောင်ကြရန် ဆင့်ခေါ်ြခင်းဖြစ်သည်။ ခွင့်လွန်(သို့မဟုတ်) အကြောင်းအမျိုးမျိုးကြောင့်တာဝန်ထမ်းဆောင်ရန် ပျက်ကွက်နေကြသော ရဲဘော်များအနေဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ လ (၃၁) ရက်နေ့ နောက်ဆုံးထားကာ သက်ဆိုင်ရာတပ်ရင်းများသို့ ပြန်လည်ရောက်ရှိကြောင်း သတင်းပို့ကာ တာဝန်ထမ်းဆောင်ရမည်ဟု ဖော်ပြထား သည်။ ပြန်လည်သတင်းပို့ တာဝန်ထမ်းဆောင်ခြင်းမရှိပါက ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ စစ်ဥပဒေအတိုင်း ဖမ်းဆီး အရေးယူသွားမည်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန အ မှတ် (၁) စစ်ဒေသဌာနချုပ် တမူးခရိုင်ကွပ်ကဲရေးရုံးက အသိပေး ထုတ်ပြန်ထားသည်။
(006SV) မြန်မာနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော သတင်းမီဒီယာသမား ၂၇ ဦးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ် ပေးပြီး သတင်းထောက်များကို ပစ်မှတ်ထား ဖမ်းဆီးခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းနှင့် ထောင်ဒဏ်ချမှတ်ခြင်းများ ချက်ချင်း ရပ်တန့်ရန် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က တောင်းဆိုလိုက်သည်။ ဇန်နဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်တွင် ကျင်းပသော IPCM ၏ ဒုတိယအကြိမ်မြောက် အထွေထွေညီလာခံကို အပြီးတွင် တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း ဇန်နဝါရီလ ၁၉ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်အာဏာသိမ်း ၅ နှစ်ကာလတွင် သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်များတွင် သတင်းသမား အနည်းဆုံး ၃၀ မှ ၆၀ ဝန်းကျင်အထိ ထိန်းသိမ်းခံရခဲ့ရကြောင်း၊ လက်ရှိအချိန်ထိ အမျိုးသမီးသတင်းသမား ၅ ဦးအပါအဝင် ၂၇ ဦးသည် အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရဆဲဖြစ်သည်ဟု IPCM ထံမှ သိရသည်။ အကျဉ်းကျခံထားရဆဲ သတင်းမီဒီယာသမားများတွင် ထောင်တစ်သက်၊ ထောင် ၁၀ နှစ်အပါအဝင် နှစ်ရှည်ထောင်ဒဏ် ကျခံထားရသူ ၁၄ ဦး ပါဝင်ပြီး တခြားသတင်းများသည်လည်း အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ ၁၀ နှစ်ကြား ပြစ်ဒဏ်များ ကျခံနေရသည်ဟု သိရသည်။ ၂၀၂၁ အာဏာသိမ်းချိန်မှ ယခုနှစ် ဇန်နဝါရီလအထိ သတင်းမီဒီယာအလုပ်ကို လုပ်ကိုင်နေစဉ် စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများကြောင့် သေဆုံးခဲ့ရသော သတင်းမီဒီယာသမား ၇ ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု…
“မတရားတဲ့ နည်းနဲ့ မမှန်တဲ့ နည်းနဲ့ ဒီလိုဆောင်ရွက်ချက်တွေ ကျူးလွန်တဲ့ လူမှန်သမျှကို စစ်တပ်ပဲဖြစ်ဖြစ်၊ စစ်ခွေးကပဲ ဖြစ်ဖြစ်၊ သူတို့ရဲ့ အစေခံတွေပဲ ဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ် ကျနော်တို့က အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” (006SV) စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုရဲ့ လောင်းရိပ်ကို ယူပြီး လူထုရဲ့ အကျိုးစီးပွားကို ခြစားဖျက်စီးနေတဲ့ အသင်းအဖွဲ့၊ ကုမ္ပဏီ လုပ်ငန်းနဲ့ လူပုဂ္ဂိုလ်တွေကို ဒီနေ့ဇန်နဝါရီလ ၁၅ ရက်မှ စတင်လို့ အမည်ပျက်စာရင်း သွင်းကာ အထူးပစ်မှတ်ထား တိုက်ခိုက် အရေးယူဆောင်ရွက်မှုတွေ လုပ်တော့မယ်လို့ CDF – ဟားခါးဗဟိုကောင်စီက ကြေညာလိုက်ပါတယ်။ ချင်းပြည်နယ်က လုပ်ငန်းအဖွဲ့အစည်း၊ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ် ၅၀၀ ကျော် ပါဝင်နေတဲ့ အဆိုပါ စာရင်းထဲမှာ စစ်ကော်မရှင်ခန့် ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်နဲ့ ဝန်ကြီးတွေ၊ ဒုတိုင်းမှူး၊ ဗျူဟာမှူးအပါအဝင် ဦးစီအရာရှိနဲ့အထက် ဝန်ထမ်းတွေ ပါဝင်နေပါတယ်။ အာဏာသိမ်းကာလ ၅ နှစ်အတွင်း ချင်းပြည်နယ်က စစ်အစိုးရအဖွဲ့ဝင်တွေနဲ့ စစ်တပ်ထိပ်ပိုင်အရာရှိကြီး ပါဝင်နေတဲ့ လုပ်ပိုင်ခွင့် အာဏာရှိတဲ့ ဝန်ထမ်းတွေအနေနဲ့ ခြစား ခိုးယူထားတဲ့ ပြည်သူ့ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ရှစ်သောင်း သုံးထောင်ကျော် ရှိတယ်လို့ CDF – ဟားခါက ကြေညာပါတယ်။ အမည်ပျက်စားရင်းထဲ ပါဝင်နေသူတွေအနေနဲ့ လာမယ့် ၁၅ ရက်အတွင်း လာရောက်ဖြေရှင်းနိုင်ခြင်း မရှိရင် ဟားခါးမြို့နယ်ထဲက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူမှာ ဖြစ်သလို၊ စီးပွားရှာ နေထိုင်၊ သွားလာခွင့်…
