Author: Editor

ဘုံပန်းတိုင်တူသော အင်အားစုများအနေဖြင့် ဤဘုံသဘောတူညီချက်မှာ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ် (006SV) အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစု ၇ ဖွဲ့က ဘုံနိုင်ငံရေးသဘောတူညီချက် ပထမမူကြမ်းကို ယနေ့ဇူလိုင်လ ၃၀ ရက်တွင် အတည်ပြုထုတ်ပြန်လိုက်သည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၊ အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော် (SFUH)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ (SFUIG)၊ မန္တလေးဒေသလွှတ်တော် (MRH) နှင့် မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီ (MIGC) တို့က သဘောတူ အတည်ပြု ခဲ့ကြသည်ဟု သိရသည်။ တော်လှန်ရေး အင်အားစုများ၏ ဘုံနိုင်ငံရေး သဘောတူညီချက်တွင် ပြည်နယ်ကို အခြေပြုသည့် ပြည်သူ့ဆန္ဒနှင့်အညီ ပြည် နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေးကို ဦးတည်သော bottom – up federalism approach ကို အခြေခံပြီး စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်မည်ဟု ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတွင် ပြည်နယ်/ ဖက်ဒရယ်ယူနစ် အားလုံး တန်းတူရည်တူရှိသော ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေရှိသော အာဏာကို ခွဲဝေကျင့်သုံးရာတွင် ပြည်သူကို အခြေခံသော စနစ်ဖြစ်မည်ဟု သိရသည်။ ဘုံနိုင်ငံရေး သဘောတူညီချက်တွင် တော်လှန်ရေး အင်အားစုများအကြား တော်လှန်ရေးဆိုင်ရာ သဘောတူညီချက်များ ၇ ချက်ရှိပြီး ၎င်းတို့ထဲတွင် တော်လှန်ရေးအင်အားစုအချင်းချင်း အမြင်မတူမှုများကို ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် ဖြေရှင်းရန်၊…

Read More

(002MG) အိန္ဒိယ – မြန်မာနယ်စပ် ကလေး – တမူးလမ်းကြောင်းပေါ်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ် ထားသည့် တမူးခရိုင်၊ ထင်းဇင်းကျေးရွာကို ပြန်လည်ထိန်းချုပ်လိုက်ပြီဟု အာဏာသိမ်းစစ်တပ်က ထုတ်ပြန်သည်။ ကလေး-တမူးလမ်းကြောင်းတစ်လျှောက် ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အာဏာသိမ်းစစ်တပ်သည် ဇွန်လ ၇ ရက်နေ့ကစ၍ တမူး နှင့် ကလေးမြို့ဘက်မှ စစ်ကြောင်း ၂ ကြောင်းဖြင့် နှစ်ဖက်ကြားညှပ်ပြီး လေကြောင်းတိုက်ခိုက်မှု အပါအဝင် မြေပြင်သာလွန်အင်အားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။ တမူးမြို့ဘက်မှ ချီတက်လာသော စစ်ကြောင်းသည် ရန်လင်းဖိုင် ကျေးရွာ နှင့် ဒေသတစ်ဝိုက်၊ ကလေးမြို့ဘက်မှ ချီတက်လာသော စစ်ကြောင်းသည် ကလေး-တမူးလမ်း ကြောင်း တစ်လျှောက်ရှိ မြို့၊ ရွာများအား ပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ရာမှာ ဇူလိုင်လ (၂၇) ရက် ယမန် နေ့ ညနေပိုင်းတွင် ထင်းဇင်ရွာသစ်နှင့် ထင်းဇင်ရွာ ဟောင်းတို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း စစ်တပ်၏ ပြန်ကြား ရေးဌာနက ထုတ်ပြန်သည်။ အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့၊ ကနန်ကျေးရွာနှင့် အနီးဝန်းကျင် ဒေသ များအား NUG အစိုးရတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက် နေ့တွင် သိမ်းပိုက် ထိန်းချုပ်ခဲ့သော်လည်း လက်ရှိမှာတော့ အာဏာသိမ်းစစ်တပ်က အများစုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဟု သိရသည်။ အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်ကြောင့် ကလေး – တမူး ကားလမ်းပေါ်ရှိ ခမ်းပတ် မြို့အား ဇွန်လ (၂၀)…

Read More

(002MG) ချင်-မကွေးအစပ်၊ ဆောမြို့ဘက်ဦးတည် စစ်ကြောင်းထိုး လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ရာတွင် စစ်သုံ့ပန်း (၉) ဦး၊ ခဲယမ်းနှင့် ရိက္ခာတင်ကား (၃) စီးအပြင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF စစ်ရုံးချုပ် က သတင်းထုတ် ပြန်သည်။ ဇူလိုင် ၁၆ ရက်နေ့က ဆောမြို့နယ်၊ လောင်းရှည်တိုက်နယ်မှ ဆောမြို့ဘက် ဦးတည်လာသော အမှတ် ၉၉ ခြေမြန် တပ်မဌာနချုပ် (တပ်မ ၉၉ ) မှ အင်အား ၃၀ ဝန်းကျင်သည် ပြည်သူ့ ကာကွယ်ရေးတပ်မ တော်၊ မကွေးတိုင်းစစ်ဌာန လက်အောက်ရှိ ခရိုင်စစ်ဌာနများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီသည် အထိနာ သောကြောင့် လောင်းရှည်မြို့ထဲ ပြန်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။ ထို့နောက် ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ နယ်မြေရှင်းလင်းရေးပြုလုပ်ရာတွင် လက်နက်ခဲယမ်း များ၊ ရိက္ခာတင် ကား (၃) စီး အပြင် ရိက္ခာများနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်း ဆည်းရမိခဲ့သည်ဟု သိရသည်။ ဇူလိုင် ၂၅ ရက်နေ့တွင်လည်း အင်အား(၁၈၀) ဝန်းကျင် စစ်ကြောင်းသည် လေကြောင်းပစ်ကူရယူကာ မြေပြင်၊ ဝေဟင် ထိုးစစ်ဖြင့် ဒုတိယအကြိမ် ထိုးစစ်ဆင်ရာ ပြည်သူ့ကာကွယ်ရေး တပ်မတော် မကွေးတိုင်းစစ်ဌာန တပ် ရင်းတပ်ဖွဲ့မှ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ် အထိ နာသောကြောင့်…

Read More

တော်လှန်ရေးအင်အားစုများအနေဖြင့် ပြည်သူလူထု၏ ဆန္ဒနှင့် CDM လှုပ်ရှားမှုများ၏ ရည်မှန်းချက်များကို အလေး ထားကာ စစ်အုပ်စုအတွက် တရားဝင်စေမည့် လုပ်ရပ်များကို ရှောင်ရှားပြီး ခေတ်စနစ်ပြောင်းလဲရေးကို သာရှေ့ရှု၍ ပြည်သူ့တော်လှန်ရေးတာဝန်များကို ဆက်လက်ထမ်းဆောင်သွားကြရန် ချင်းလဲန်းကောင်စီက တိုက်တွန်းလိုက်သည်။ ချင်းပြည် (Chinland) ကောင်စီ ဒုတိယသက်တမ်း၊ တတိယအကြိမ် ကောင်စီအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် ချင်းလဲန်းကောင်စီက ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ စစ်အုပ်စုသည် ၎င်းတို့ကိုယ်တိုင်က တစ်ဖက်သတ်စိတ်ကြိုက်ဖွဲ့စည်းလိုက်သည့် ရွေးတုအစိုးရကို တရားဝင်ဒီမိုကရေစီ အစိုးရအဖြစ် အသိအမှတ်ပြုခံရရှိရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေသည်ဟုဆိုသည်။ ထို့ကြောင့် ကြည်း၊ ရေ၊ လေ အင်အားအားလုံးရင်းသုံးလျက် စစ်ရေး အရှိန်မြှင့်လာခြင်း၊ အပြစ်မဲ့ပြည်သူများ အပေါ် ရည်ရွယ် ချက်ရှိရှိ ပိုမိုအကြမ်းဖက်တိုက်ခိုက်လာခြင်း၊ အိမ်နီးချင်းနှင့် ပြည်ပနိုင်ငံတချို့၏ ဖိအားကို အသုံးပြု၍ တော်လှန် ရေးအင်အားစုများကို သီးခြားစီတွေ့ဆုံဆွေးနွေးခြင်းများပြုလုပ်နေခြင်းများအပေါ် အထူးသတိထား ရမည်ဟု လည်း ချင်းလဲန်းကောင်စီကပြောသည်။ စစ်အုပ်စုအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အမှန်တကယ်ဆန္ဒရှိပါက အရပ်သား ပြည်သူအဆောက်အဦးများ၊ ကျန်းမာရေး၊ ပညာရေးနှင့် ဘာသာရေး အဆောက်အဦးများ အပါအဝင် အရပ်သား ပစ်မှတ်များအပေါ် လေကြောင်းတိုက်ခိုက်မှုများကို ရပ်ဆိုင်းခြင်း၊ စစ်ဘေးဒုက္ခသည် အရပ်သားပြည်သူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလွတ်လပ်စွာဝင်ရောက်စေခြင်း၊ အတင်းအဓမ္မစစ်သား စုဆောင်းခြင်းများရပ်ဆိုင်းခြင်းနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိလွှတ်ပေးခြင်း စသည့် လုပ်ငန်းစဉ်များကို ကနဦးဆောင်ရွက်ခြင်းဖြင့် သက်သေပြရမည်ဟုလည်း ချင်းလဲန်းကောင်စီက တောင်းဆိုထားသည်။ ချင်းပြည် (Chinland) ကောင်စီ…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်သို့ တိမ်းရှောင်လာကြသည့် ခမ်းပတ်၊ ကနန် စစ်ရှောင်ပြည်သူများအကြား ရာသီတုပ် ကွေးရောဂါအဖြစ်များနေပြီး အသက် (၈) နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း စစ်ဘေး ရှောင်များ ကူညီကယ်ဆယ်ရေး နှင့် စောင့်ရှောက်ရေးကော်မ တီထံမှ သိရသည်။မိုးတွင်းကာလရောက်လာသည်နှင့်အမျှ ရာသီဥတုအပြောင်းအလဲတို့ကြောင့် လက်ရှိ စစ်ဘေးခိုလှုံနေကြရသည့် ကလေးမြို့ပေါ်ရှိ စစ်ဘေးရှောင်ပြည်သူ များအကြားတွင် ဖျားနာသူများပြားလာကာ အခြေခံ ကျန်းမာရေးစောင့် ရှောက်မှုနှင့် ဆေးဝါးများ အကူအညီလိုအပ်နေခြင်းဖြစ်သည်။“အဓိက လိုအပ်တာကတော့ ကျန်းမာရေး၊ ဆေးဝါးပေါ့နော် အဲ့တာက အခက် အခဲဆုံးဖြစ်မယ်။ မိုးတွင်း ဆိုတော့ မိုးလည်း နေ့တိုင်းလိုလိုမိုးရွာ၊ နေပူတဲ့အချိန်မှာ တအားနေပူတဲ့အချိန်မှာ မခံနိုင်ကြဘူး လေ။ ပြီးခဲ့တဲ့အပတ်ကလည်း ခမ်းပတ်စစ်ဘေးရှောင် ကလေးမလေးတစ်ယောက် အသက်ပါသွားတယ်။ အသည်း ရောင်အသားဝါနဲ့ သွေးလွန် တုပ်ကွေး နှစ်ခုစလုံးပိုးတွေ့တယ်၊ ဖြစ်ချင် တော့ အဲ့ဒီပိုးက ဦးနှောက် ထိတက် သွားတာ။ ရှင်းဟုန်ဆေးရုံမှာကုတယ် လုံးဝကုလို့မ ရတော့လို့ သောကြာနေ့ညဆုံးသွားတယ်။ ကလေး မက ၈ နှစ်အရွယ်ပဲရှိသေးတယ်။ တချို့ကလေးတွေက ၂ ပတ်လောက်နဲ့ ဆေးရုံမှာ အသည်း ရောင် အသားဝါနဲ့ ဆေးကုရတယ်။ အဲ့လိုမျိုးနေမကောင်းဖြစ်ကြတာ ရောဂါအမျိုး မျိုးနဲ့။” ဟု စစ်ဘေးရှောင် ကူညီရေးတာဝန်ခံက ပြောသည်။ကလေးမြို့ပေါ်ရှိ စစ်ဘေးရှောင်ပြည်သူများသည် ချောင်းဆိုး၊ တုပ်ကွေး၊ အ သည်းရောင်အသားဝါ၊ သွေး လွန်တုပ် ကွေး ရောဂါ များဖြစ်ပွားနေသော ကြောင့် ကလေးမြို့ပေါ်ရှိ ဝယ်စလီဆေးရုံ၊ အဂ္ဂါပေး (မေတ္တာ)…

Read More

(006SV) ချင်းပူးပေါင်းတပ်နှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲများဖြစ်ပွားနေသည့် မင်းတပ်မြို့အနီးနေရာများကို ယနေ့ မနက်ပိုင်းက စစ်တပ်သည် ဂျက်ဖိုက်တာ ၅ စီး၊ Y – 12 ဗုံးကြဲလေယာဉ် ၂ စီးတို့ဖြင့် ဗုံးအလုံးရေ ၁၂၀ ထက်မနည်း ကြဲချတိုက်ခိုက်ကြောင်း သိရသည်။ “တော်လှန်ရေးတပ်တွေနဲ့ စကစတပ်တွေ ချတဲ့ တိုက်ပွဲဖြစ်တဲ့ နေရာကို ကြဲချတာပါ။ လေကြောင်းနဲ့ ဗုံးကြဲသံတွေ တဒုန်းဒုန်းပဲ ကြားနေရတယ်။ ကျန်တာ ဘာမှ မသိရသေးဘူး။ ဘယ်သူမှ အပြင်မထွက်ပဲ ပုန်းနေရတယ်” ဟု မင်းတပ်ဒေသခံ တစ်ဦးက ပြောသည်။ ဇူလိုင်လ ၂၄ ရက် နံနက် ၉ နာရီခွဲခန့်တွင် နေပြည်တော်အေလာလေတပ်မှ ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်းတိုက် ခိုက်မှု ၂ ကြိမ်၊ ဗုံး ၄ လုံး ကြဲချကြောင်း၊ တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့် ၉ နာရီခွဲခန့်မှ ၉ နာရီ ၄၇ မီနစ်ခန့် အထိ ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်၊ ဗုံး ၈ လုံး ကြဲချခဲ့သည်ဟု သိရသည်။ နံနက် ၉ နာရီ ၅၀ ခန့်မှ ၁၀ နာရီခန့်အထိ မင်းတပ်မြို့အနီးက တိုက်ပွဲဖြစ်ပွားနေသော နေရာများကို မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်၊…

Read More

(002MG) ချင်းပြည်နယ်တွင် စစ်တပ်ကြောင့် ဇွန်လအတွင်းမှာ အမျိုးသမီး ၇ ဦးအပါအဝင် အရပ်သားပြည်သူ (၂၆) ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂၁) ဦး အထိရှိခဲ့ကြောင်း Women for Justice (WJ) က ယနေ့ ဇူလိုင် (၂၄) ရက် တွင် သတင်းထုတ်ပြန်သည်။ စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၇ ဦး၊ အမျိုးသား (၃) ဦး၊ ကျား၊မ ခွဲခြား၍ မရသူ (၉) ဦး၊ လူသားဒိုင်း၊ ဖမ်းဆီး သတ်ဖြတ်ခံရသူ အမျိုးသား (၄) ဦး၊ မြေမြှုပ်မိုင်းကြောင့် အမျိုး သား (၃) ဦး စုစုပေါင်း (၂၆) ဦး သေဆုံးခဲ့ရသည်ဟု WJ ကဆိုသည်။ ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁) ဦး၊ အမျိုးသား (၂) ဦး ၊ ကျား၊ မခွဲခြား၍ မရ သော (၁၇) ဦး နှင့် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား (၁) ဦး စုစုပေါင်း (၂၁) ဦး တို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။ အလားတူ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် (၁၅) လုံး၊ အစိုးရအ ဆောက်အအုံ (၁) လုံး ထိခိုက်ပျက်စီးခဲ့ သည်ဟုလည်းဆိုသည်။ စစ်ကိုင်းတိုင်းတွင်လည်း စစ်တပ်၏ လူသားဒိုင်း၊ ဖမ်းဆီးသတ် ဖြတ်မှုကြောင့် အမျိုးသား (၁၀) ဦး၊…

Read More

(006SV) ကနေဒီတောင်နှင့် တီးတိန်မြို့ကြား ချီတက်လာသော အာဏာသိမ်းစစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ZRA – EC တပ်ဖွဲ့ဝင် ၃ ဦးအပါအဝင် စစ်ကောင်စီတပ်မှ ၆ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိကြောင်း PDF – Zoland ထံမှ သိရသည်။ ဇူလိုင်လ ၂၁ ရက် ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်းရှိ ကနေဒီတောင်နှင့် တီးတိန်မြို့ကြား စစ်ကြောင်းထိုးလာနေသော စစ်တပ်၏ တပ်ဖွဲ့ဝင်များကို ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ ZFU/ PDF Zoland က ဇူလိုင်လ ၂၂ ရက်မှာ ထုတ်ပြန်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ ZRA- EC တပ်ဖွဲ့ဝင် ၃ ဦး ပါဝင်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်ဟု PDF- Zoland ထံမှ သိရသည်။ အဆိုပါ စစ်ဆင်ရေးသည် PDF – Zoland နှင့် အာဏာသိမ်းစစ်တပ်တို့ကြားမှ တိုက်ပွဲတစ်ခုသာ ဖြစ်ကြောင်း ပြည်သူများ သိရှိစေရန် အသိပေးထုတ်ပြန်ရသည်ဟု PDF – Zoland က ဆိုသည်။ တိုက်ပွဲသည် ဇူလိုင်လ ၂၁ ညဦးပိုင်း ၈ နာရီခန့်တွင် စစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်တို့၏ ကင်းလှည့်ကားကို မြေမြုပ်မိုင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် PDF –…

Read More

(002MG) အိန္ဒိယ-မြန်မာနယ်စပ် ကလေး – တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့် ကမ္မ ကြီးကျေးရွာကို ပြန်လည်ထိန်းချုပ်လိုက်ပြီဟု အာဏာသိမ်းစစ်တပ်က ထုတ်ပြန်သည်။ ကလေး-တမူးကားလမ်းမကြီးပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကြောင်းထိုးလာသော အာဏာသိမ်း စစ်တပ် သည် ခမ်းပတ်မြို့အနီးရှိ ကမ္မကြီး (ချင်း) ရွာကို ဇူလိုင် (၁၉) နေ့ကလည်းကောင်း၊ ကမ္မကြီး (ဗမာ) ကျေးရွာကို ဇူလိုင်လ ၂၁ ရက်နေ့က သိမ်းပိုက် နိုင်ခဲ့ကြောင်း စစ်တပ်အာအော် ပြန်ကြားရေးဌာနက ယနေ့ ဇူလိုင် လ ၂၃ ရက်နေ့တွင် ထုတ်ပြန် သည်။ အာဏာသိမ်းစစ်တပ်သည် အိန္ဒိယ – မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသော ကလေး – တမူး လမ်းမကို ပြန်လည်ထိန်းချုပ်နိုင်ရန် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကစ၍ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာပြီး တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ၁ လခွဲကျော်ကြာတိုက်ပွဲဖြစ်ပွားနေပြီဖြစ်သည်။ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့်သာလွန်အင်အားကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၎င်းတို့ထိန်းချုပ်ထားသော ခါမ်းပါတ်မြို့ နဲ့ ကနန်ကျေးရွာတို့ကို ဇွန်လအတွင်းက လက်လွှတ်ခဲ့ရပြီး ယခုအခါ ကမ္မကြီး ရွာကို ထပ်မံလက်လွှတ်ရ ခြင်းဖြစ်ကြောင်းသိရသည်။

Read More

(004SS) အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော် ပါလီမန်အဆောက်အအုံအနီးနှင့် Jantar Mantar အပါအဝင် နေရာအနှံ့အပြားတွင် အမျိုးသားအဆင့် ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (NEET) မေးခွန်းပေါက်ကြားမှုနှင့် စာမေးပွဲစနစ် မသမာမှုများကြောင့် ကျောင်းသားများနှင့် ပြည်သူများ၏ ကန့်ကွက်ဆန္ဒပြပွဲများ အရှိန်ဟုန်ပြင်းစွာ ဖြစ်ပွါးလျက်ရှိနေချိန် ဒေသတွင်းရောက်ရှိနေသည့် မြန်မာစစ် ဒုက္ခသည်များ မည်သည့်ဆန္ဒပြပွဲတွင်မျှ ပါဝင်ပတ်သက်ခြင်း မပြုကြရန် ချင်းဒုက္ခသည်ကော်မတီ CRC – New Delhi က ဇူလိုင်လ ၂၂ ရက်နေ့တွင် အရေးပေါ် အသိပေးနှိုးဆော်ချက် ထုတ်ပြန်သည်။ အိန္ဒိယနိုင်ငံတွင် ခိုလှုံခွင့်လျှောက်ထားသူများနှင့် ဒုက္ခသည်အဖြစ် နေထိုင်သူများသည် လက်ခံသူနိုင်ငံ၏ နိုင်ငံရေးလှုပ်ရှားမှုနှင့် ဆန္ဒပြပွဲများတွင် ပါဝင်ခွင့်မရှိပေ။ လက်ရှိတွင် ဒေလီရဲတပ်ဖွဲ့က လမ်းမများကို ပိတ်ဆို့ထားပြီး ဆန္ဒပြသူများကို အစုလိုက်အပြုံလိုက် ထိန်းသိမ်းမှုများ ပြုလုပ်နေသဖြင့် မြန်မာစစ်ဘေးရှောင်များ မသက်ဆိုင်သော ဘေးထွက်ဆိုးကျိုးများ မကြုံတွေ့ရစေရန် CRC က သတိပေးထားခြင်း ဖြစ်သည်။ အထူးသဖြင့် မြန်မာစစ်ဘေးရှောင်များအနေဖြင့် ဥပဒေနှင့်အညီ အေးချမ်းစွာ နေထိုင်ကြရန်၊ မည်သည့်ဆန္ဒပြပွဲသို့မျှ သွားရောက်ခြင်း မပြုရန်၊ သက်ဆိုင်ရာ အာဏာပိုင်များ၏ ညွှန်ကြားချက်ကို လိုက်နာရန်နှင့် အတည်မပြုရသေးသော သတင်းများကို မျှဝေခြင်း မပြုဘဲ အထူးသတိထား ပြုမူကြရန် CRC က တိုက်တွန်းထားသည်။ ဆန္ဒပြပွဲကို ကျောင်းသားအဖွဲ့အစည်းများနှင့် ပြည်သူ သောင်းချီက နယူးဒေလီမြို့ရှိ Jantar Mantar၊ ပါလီမန်အဆောက်အအုံလမ်းကြောင်းများနှင့် မြို့တော်၏ အဓိက လမ်းမကြီးများပေါ်တွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ရာမှ ပြင်းလာလာခဲ့ခြင်းဖြစ်သည်။ ယခုဆန္ဒပြပွဲများသည် အိန္ဒိယနိုင်ငံ၏ National Eligibility cum…

Read More