Author: Editor

(006SV) တော်လှန်ရေးကာလ ချင်းပြည်ကို ဦးဆောင်မည့် ချင်းပြည်အစိုးရအဖွဲ့ကို ၀န်ကြီးဌာန ၁၄ ခုဖြင့် ဖေဖော်၀ါရီလ ၁ ရက်နေ့က ချင်းလဲန်းကောင်စီက ဖွဲ့စည်းခဲ့သည်မှာ ယခုဆိုလျှင် တစ်လကျော်ကျော်ခန့် ရှိလာပြီဖြစ်သည်။ ၀န်ကြီးချုပ် ဦးပါထန်း ဦးဆောင်သည့် ချင်းပြည်အစိုးရအဖွဲ့အနေဖြင့် ရက် ၁၀၀ စီမံကိန်းများချမှတ်ကာ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများကို ဦးစားပေးအနေဖြင့် စတင်ဆောင်ရွက်မည်ဟု ကြေညာခဲ့သည်။ ကန့်ကွက်မှုကြားမှ ပေါ်ပေါက်လာသော ချင်းပြည်အစိုးရအဖွဲ့အနေဖြင့် ဘာတွေကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီလဲ၊ အနာဂတ်ချင်းပြည်တည်ဆောက်ရေးအတွက် ဘယ်လိုအစီအမံများချမှတ်ဆောင်ရွက်နေပြီလဲ၊ လက်ရှိချင်းနိုင်ငံရေးအခင်းအကျင်း အပေါ်ဘယ်လိုသဘောထားရှိပါလဲ၊ ယင်းအခြေအနေများနှင့်ပတ်သက်၍ ချင်းပြည်၀န်ကြီးချုပ် ဦးပါထန်းကို Khonumthung သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။ KMG – ချင်းပြည်အစိုးရအဖွဲ့ ယန္တရား လည်ပတ်နေမှု အခြေအနေတွေကို ပြောပြပေးပါဦးဆရာ။ချင်းပြည်အစိုးရဲ့ ရက် ၁၀၀ စီမံကိန်းအရ မြို့နယ်နဲ့ ဒေသတွေက ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ ဒေသန္တရ အစိုးရအဖွဲ့တွေနဲ့ ချိတ်ဆက် ဆောင် ရွက်သွားမယ်လို့ သိရပါတယ်။ အကောင်အထည်ဖော်မှုက ဘယ်လိုအခြေအနေတွေ ရှိနေပါပြီလဲခင်ဗျာ။ ဝန်ကြီးချုပ် – ချင်းပြည်၊ ချင်းလဲန်းအုပ်ချုပ်ရေး ယန္တရားလည်ပတ်မှုကတော့ အခုထိ လုပ်ဆောင်နေဆဲပဲ။ လာမယ့် ဧပြီလထဲ မှာလည်း ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေ အားလုံးကို ဖိတ်ထားတယ်။ သူတို့နဲ့ကျနော်တို့ ဆွေးနွေးတိုင် ပင်မယ်၊ ချိတ်ဆက်မယ်၊၊ အဓိကက သူတို့နဲ့ အတူတူ လက်တွဲပြီးမှ ပညာရေးကဏ္ဍနဲ့ အုပ်ချုပ်ရေး ကဏ္ဍတွေ ၊ နောက်ပြီးမှ လူသားစာနာကဏ္ဍတွေလည်း အများကြီး ဆောင်ရွက်စရာ ရှိတယ်။ တရားဥပဒေ စိုးမိုးရေးကဏ္ဍတွေ လည်း…

Read More

(004SS) ချင်းပြည်နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၄၀၁ ယောက်သာရှိပြီး ပျက်ကွက်သူပိုများနေကြောင်း ချင်းပြည်နယ် ပညာရေးမှူးရုံး၏ စာရင်းပြုစုချက်အရ သိရသည်။ ယမန်‌နေ့ မတ်လ ၁၁ ရက်ကစပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြရာ ချင်းပြည်နယ်တွင် တက္ကသိုလ်၀င်တန်းစာမေးပွဲဖြေဆိုရန် လျှောက်ထားသူဦးရေ ၁၇၂၃ ရှိသည့်အနက် အမှန်တကယ် လာရောက်ဖြေဆိုသူမှာ ၄၀၁ ယောက်သာရှိပြီး ပျက်ကွက်သူ အယောက် ၁၃၂၂ ရှိသည်ဟုသိရသည်။ ထိုသို့ပျက်ကွက်သူများရခြင်းမှာ စာမေးပွဲဖြေဆိုရန် မသွားရောက်နိုင်ခြင်းကြောင့်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ကျွန်တော်တို့ ပြင်ပဖြေကလေးတွေက ပျက်ကွက်များတာပေါ့နော်၊ ပြင်ပဖြေကလေးတွေက ဖောင်တင်ထားပြီးတော့ ဖြေဆိုမဲ့နေရာမရောက်ရှိနိုင်လို့လဲ ဖြစ်မှာပေါ့နော်။ ပြီးတော့ ပလက်ဝမြို့နယ်ပေါ့ အဲမှာ စာစစ်ဌာန ၃ ခု သတ်မှတ်ထားတာ ဖြေဆိုဖို့စာရင်းရှိကျောင်းသားဦးရေက ၉၉၅ ဦးရှိပါတယ်၊ ဒါပေမဲ့ လုံခြုံရေးအရ ပလက်ဝမှာ စာစစ်ဌာနမဖွင့်လှစ်နိုင်လို့ စစ်တွေမြို့နယ် စာစစ်ဌာနမှာ ဖြေဆိုဖို့သတ်မှတ်ထားတာ ကလေးတွေကိုလည်းအကြောင်းကြားထားပြီးပြီပေါ့ ဒါမပမဲ့ သူတို့က အခြေအနေအရ မသွားရောက်နိုင်တဲ့အတွက် ပျက်ကွက်မှု ရာခိုင်နှုန်းက များသွားတာပေါ့။” ဟု ချင်းပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။ စာစစ်ဌာန ၁၀ ခုရှိသည့် ချင်းပြည်နယ်တွင် ယခုနှစ်တက္ကသိုလ်၀◌င်တန်းစာမေးပွဲကို အထက(၁) ဟားခါး၊ အထက(၂) ဖလမ်း၊ အထက(၁) တီးတိန်၊ အထက- တွန်းဇံ၊ အထက- ကျီခါး၊ အထက (၁) မင်းတပ်၊ အထက (၂) မတူပီ စသည့် စာစစ်ဌာန ၇ ခုမှာသာ…

Read More

(006SV) ချင်းပြည်နယ်၊ လိုင်လင်းပီမြို့အနီး မရာဒေသရှိ ပါဆင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသားတစ်ဦးကို CNA နှင့် CDF – မရာကို သတင်းများပေးပို့သည့် အထောက်အထားများ ရရှိသောကြောင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF)၊ ကာကွယ်ရေးအတွင်းရေးမှူး ကိုဓူဝံက ပြောသည်။ ပါဆင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်အောင်နှင့် ၎င်း၏ အစ်ကိုဖြစ်သူ ဦးရာခယ်ကို မတ်လ ၉ ရက်၊ ညနေပိုင်းက MDF တပ်ဖွဲ့ ဝင်များက ၎င်းတို့၏ နေအိမ်များမှ ဖမ်းဆီး၍ ယနေ့အချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း ကိုဓူဝံက ပြောသည်။ “ကျနော်တို့က လောလောဆယ် လုံခြုံးရေးအရ သတင်းတွေ ပေးနေတာကို အထောက်အထားနဲ့ ရှိတယ်။ အဲဒါကြောင့် ရွာမှာ ထားလိုက်ရင် ကျနော်တို့ လုံခြုံရေးကို ထပ်ပြီးမှ သတင်းတွေ ထပ်ပို့နေမယ်။ အဲဒါဆိုရင် ကျနော်တို့ လုံခြုံရေးအတွက် မကောင်းဘူး။ အဲဒါကြောင့် ကျနော်တို့နဲ့အတူ ခဏထိန်းသိမ်းထားတာပါပဲ” ဟု MDF ကာကွယ်ရေးအတွင်းရေးမှူးက ပြောသည်။ ပါဆင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အကိုဖြစ်သူတို့ကို သတင်းလုံခြုံမှုအတွက် မိမိတို့ တပ်ဖွဲ့နှင့်အတူ ခဏထိန်းသိမ်းထား ခြင်းဖြစ်ပြီး ဖမ်းဆီးခြင်း သဘောမျိုး မဟုတ်ကြောင်း ကိုဓူဝံက ပြောသည်။ ၎င်းတို့သည် MDF တပ်ဖွဲ့ဝင်များ ပါဆင်းရွာကို ရောက်သည့်အချိန်တွင် CNA နှင့် CDF – မရာကို သတင်းများ ပေးပို့နေသည်ဟူ၍ မြေပြင်တပ်မှူးများက သတင်းများ ပေးပို့လာပြီး နှစ်ပတ်နီးပါး စောင့်ကြည့်ခဲ့ပြီးနောက် သက်သေအထောက်အထားများ ခိုင်လုံသောကြောင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း ကိုဓူဝံက…

Read More

ကလေးမြို့နယ်၊ ကံသာယာရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းတပ်ဖွဲ့နှင့် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ မတ်လ (၁၀) ရက်က တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ရုပ်အလောင်း ၃ လောင်းနှင့် လက်နက်ငယ် ၂၀ ကျော်နှင့် ကျည်ဆံခဲယမ်းအမြောက်အများ သိမ်းဆည်းရမိကြောင်း NUG အစိုးရအဖွဲ့ ကာကွယ်ရေး၀န်ကြီးဌာနလက်အောက် အမှတ် (၁) စစ်ဒေသထုတ်ပြန် သည်။ အင်အား ၈၀ ခန့်ရှိသော စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ၎င်းတို့ လက်လွှတ်ခဲ့ရသော ကံသာယာရွာရှိ စခန်းအား ပြန်လည်ရယူရန် စစ်ကြောင်းထိုးလာရာမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အလောင်း (၃) လောင်း ရရှိပြီး လက်နက်ငယ် (၂၄) လက်၊ ကျည်မျိုးစုံ (၁၂၀၀) ခန့်၊ ရှေ့ထွက်မိုင်း (၂) လုံး၊ ကျည်အိမ် (၂၄) ခု သိမ်းဆည်းရမိသည်ဟုဆိုသည်။ ကံသာယာရွာတိုက်ပွဲတွင် စစ်ကောင်စီအဖွဲ့ကို ကလေးခရိုင် တပ်ရင်းများ၊ အထူးလှုပ်ရှား တပ်ရင်းများ၊ ခရိုင်ဒရုန်းတပ်ဖွဲ့၊ RKDF၊ HNB၊ S2UG၊ EFDF၊ TCDF၊ ဒေါင်းသွေးရာဇာ၊ GRF၊ ကလေးမြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့မှ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အမှတ် ၁ စစ်ဒေသကထုတ်ပြန်သည်။

Read More

(002MG)ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဘွာန်လုံး (Buanlung) ကျေးရွာတွင် မိုင်းမတော်တဆမူပေါက်ကွဲမူဖြစ်ပွားကာ ကလေးငယ် (၂) ဦးသေဆုံးပြီး ကျန်ကလေးငယ် (၃) ဦးမှာ ပြင်းထန် ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။ အဆိုဖြစ်စဉ်သည် ယမန်နေ့ မတ်လ (၁၀) ရက်ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် (၇) နှစ်အရွယ် မောင်ထဘိခ့်ထောင်းနှင့် အသက် (၁၃) နှစ်အရွယ် မောင်ဗန်ဗျက်ကျုံးတို့သေဆုံးကာ ကျန်ကလေးငယ်တွေမှာလည်း လက်မောင်း၊ ခြေထောက် တို့တွင် ဒဏ်ရာရရှိခဲ့ကြသည်ဟု သိရသည်။ ကျေးရွာဒေသခံတဦးက “CDF ဖက်က အလည်သွားရင်းနဲ့ မတော်တဆဖြစ်သွားတာ မနေ့က (၄) နာရီလောက်မှာ ကား ထဲမှာ ကလေး(၅) ယောက်က ဆော့နေတုန်း ဗုံးကွဲတာပေါ့၊အကြီးဆုံးက (၁၃) နှစ်အရွယ်သူက ဒီမနက်ဆုံး တာ၊ အားလုံး ပြောရင် ဒဏ်ရာတော့ ကြီးတာပေါ့ ဆေးရုံမှာ ကုသနေတုန်း” ဟု ပြောသည်။ မိုင်းမတော်တဆဖြစ်ပွားသည့်ကားမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် CDF-Senthang ၏ ကားဖြစ်ကြောင်း ဘွာန်လုံးကျေးရွာသို့သွားရောက်စဉ် ကလေးငယ်များကားပေါ်တက်ဆော့ကာ မတော်တဆပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။ ယခုကိစ္စနှင့်ပတ်သက်၍ CDF-Senthang ကိုဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ မှတ်ချက်ပြု ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။ CDF-Senthang ထိန်းချုပ်နယ်မြေထဲရှိသည့် ဘွာန်လုံးကျေးရွာတွင် လွန်ခဲ့သည့် ၂၀၂၂ ခုနှစ်အောက်တိုဘာ ၁၉ ရက်နေ့ တုန်းကလည်း မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ် ၂ ယောက်သေဆုံးခဲ့ပြီးဖြစ်သည်။

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ကို ရက္ခိုင့်တပ်တော် (AA) က ဆက်လက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး အစီအစဉ်များ ဖော်ဆောင်နေမှုသည် မှန်ကန်သောလမ်းကြောင်းမဟုတ်ကြောင်း ချင်းပြည်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးပါထန်းက ပြောသည်။ “AA က ပလက်ဝမြို့နယ်မှာ အုပ်ချုပ်ရေးဖော်ဆောင်တာတော့ မှန်ကန်တဲ့ လမ်းကြောင်း မဟုတ်ဘူး။ ဒါက တိုင်းရင်းသား အချင်း ချင်းကြားမှာ ရေရှည်မှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်စေမယ့် အရာတွေ ဖြစ်တယ်။ ဒါက သူတို့ မလုပ်ဆောင်ရင် အကောင်းဆုံးပဲ။ ဒါပေ မယ့် ကျနော်တို့ စောစောက ပြောထားသလိုပဲ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရေးလမ်းကြောင်းနဲ့ အရင်သွားမှာဖြစ်ပါတယ်” ဟု ချင်းပြည်ဝန်ကြီးချုပ်က ပြောသည်။ ပလက်ဝအရေးကိစ္စနှင့် ပတ်သက်၍ ရက္ခိုင်တပ်တော် AA/ ULA နှင့် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရတို့ကြား တွေ့ဆုံညှိနှိုင်းရေး လမ်းကြောင်းဖြင့် ဆက် လက်လုပ်စရာများ ရှိနေသေးကြောင်း ချင်းပြည်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က ပြောသည်။ ပလက်ဝမြို့နယ်အတွင်း လူမျိုးစုများထဲက သင့်လျော်သူများဖြင့် လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး အစီအမံများ ရေးဆွဲကာ အုပ်ချုပ်ရေး အစီအစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရက္ခိုင်တပ်တော် AA က မတ်လ ၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။ ပလက်ဝမြို့နယ်ကို လုံခြုံရေး၊ တည်ငြိမ်ရေး အာမခံချက် ရှိရန် ULA/ AA ၏ ထိန်းချုပ်မှု အောက်တွင် ဆက်လက်ထားရှိသွား မည်ဖြစ်ကြောင်း ULA/ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယင်းသတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။ ချင်းတော်လှန်ရေးအင်အားစုများအနေဖြင့် ပလက်ဝဒေသကို…

Read More

(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ ၎င်းတို့ထံ အလင်းဝင်ရောက်လာကြောင်း CDF-Hakha က ထုတ်ပြန်သည်။ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူနှင့်အတူ ‌စစ်‌အာဏာရှင်တော်လှန်ရေးတွင် ပါဝင်မည်ဟုဆိုကာ ယမန်နေ့ မတ်လ ၁၀ ရက်နေ့တွင် အလင်းဝင်လာခြင်းဖြစ်သည်ဟု CDF-Hakha က ထုတ်ပြန်သည်။ ၎င်းနှင့်အတူ သေနတ် တစ်လက်၊ ကျည်ဘောတ်စ် ၄ ခု နှင့် ကျည်ဆံအများအပြားဖြင့် ဝင်ရောက်လာကြောင်း CDF- Hakha က ထုတ်ပြန်သည်။ ထို့နောက် အဆိုပါရဲတပ်သားအား ဆုငွေလက်ဆောင် ငွေသား ကျပ်သိန်း ၅၀ ချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးကြောင်း သိရသည်။ “အဲလိုအလင်းဝင်တဲ့ စစ်သားနဲ့ရဲတွေက ကျွန်တော်တို့နဲ့အတူ ပြန်လည် တိုက်ပွဲဝင်ချင်တဲ့သူတွေလည်းရှိတယ်။ ဒါပေမဲ့ သူတို့လည်းပင်ပန်းနေပြီးပြီဆိုတော့ ကျွန်တော်တို့အနေနဲ့ ပြန်လည် တိုက်ပွဲမဝင်ခိုင်းတော့ဘဲ လွတ်မြောက်နယ်မြေရောက်တဲ့အထိ တာဝန်ယူပေးတယ်” ဟု CDF- Hakha တာဝန်ရှိသူတစ်ဦးက ပြောသည်။ စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း ၃ နှစ်တာကာလအတွင်း CDF-Hakha တပ်ဖွဲ့ထံ အလင်း၀င်လာကြသူ စစ်ကောင်စီလက်အောက်ခံ ရဲ နှင့် စစ်သား အယောက် ၄၀ ခန့်ရှိပြီဖြစ်ကြောင်း CDF-Hakha တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်မတ်လ ၂ ရက်နေ့ကလည်း ချင်းပြည်နယ် ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦးသည် CDF-Hakha ထံလက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာခဲ့ဖြစ်သည်။ စစ်ကိုင်းတိုင်း ကလေးမြို့ မှ ရဲတပ်သား တစ်ဦးသည်လည်း G3 လက်နက် အမျိုးစား ၁…

Read More

(005MK) အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မဏိပူရ်ပြည်နယ်တွင် ဖမ်းဆီးထိန်သိမ်းခံရသော မြန်မာနိုင်ငံသား ၇ ဦးကို မဏိပူရ် ပြည်နယ်အစိုးရက မတ်လ ၈ ရက်နေ့က နေရပ်သို့ပြန်လည်ပို့ဆောင်လိုက်ပြီး နောက်ထပ် ၇၇ ဦးကိုလည်း လာမည့် ရက်ပိုင်းအတွင်းထပ်မံပို့ဆောင်မည်ဟု Indianexpress သတင်းဌာနက ဖော်ပြသည်။ “အိန္ဒိယကိုတရားမ၀င်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ပထမအသုတ်ကို ဒီနေ့ ပြည်နှင်ဒဏ်ပေးတယ်။ အိန္ဒိယသည် ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်းမရှိသော်လည်း မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်ဖြင့် အကျပ် အတည်းမှ ထွက်ပြေးလာသူများကို စနစ်တကျ ချဉ်းကပ်မှုဖြင့် ခိုလှုံခွင့် ပေးထားကြောင်း” မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် N Biren Singh ကသူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ယမန်နေ့ကရေးသားထားသည်။ မဏိပူရအစိုးရအနေဖြင့် နောက်ထပ်မြန်မာနိုင်ငံသား ၇၇ ဦးကို အင်ဖာမြို့မှ နယ်စပ်မြို့ မိုရေးမြို့သို့ ပို့ဆောင်ကာ ထိုမှတဆင့် တမူးမြို့သို့ နေရပ်ပြန်ပို့ရေး ယခုသီတင်းပတ်အစောပိုင်းမှာ အမိန့်ထုတ်ပြန်ခဲ့သည်ဟု Indianexpress က ဆိုသည်။ အဆိုပါ လူ ၇၇ ဦးတွင် အမျိုးသမီး ၅၁ ဦးနှင့် ကလေးငါးဦးပါဝင်ပြီး ၎င်းတို့အားလုံးကို မတ်လ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး ပြည်နှင်ဒဏ်ပေး နေရပ်ပြန်ပို့မည်ဟု သိရသည်။ မကြာသေးမီက ပြီးဆုံးခဲ့သော မဏိပူရ်ပြည်နယ်လွှတ်တော် ဘတ်ဂျက်အစည်းအဝေးတွင် မဏိပူရ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၆၇၄၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ယင်းတို့အနက် ၂၅၉ ဦးကို ဇီ၀ဗေဒဆိုင်ရာ အသေးစိတ်အချက် အလက်များမှတ်တမ်းတင်ပြီးနောက် နေရပ်ပြန်လည်ပို့ဆောင်ခဲ့သည်ဟု မဏိပူရ်၀န်ကြီးချုပ်က ပြောဆိုခဲ့ကြောင်း…

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ အမှတ် (၁) တိုက်နယ်ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းဖြင့် ၂ ကြိမ်တိုက်ခိုက်ပြီး စစ်သေနတ်ဖြင့်ပါ ပစ်ခတ်သောကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း သတင်း ရရှိသည်။ “စစ်ကောင်စီက လေကြောင်းနဲ့ တိုက်နယ် ၁ ဘက်က နေရာတခုကို အကြောင်းမဲ့ ပစ်သွားတာပါ။ အဲဒီမှာ တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိပဲနဲ့ ဗုံး ၄ လုံး ကြဲချပြီးတော့ ပွိုင့်ဖိုက်နဲ့လည်း ပစ်ခတ်ခဲ့တယ်” ဟု မင်းတပ်မြို့ခံ တစ်ဦးက ပြောသည်။ ယနေ့ မတ်လ ၈ ရက် နံနက် ၁၀ နာရီ ၂၀ ခန့်တွင် စစ်ကောင်စီ၏ မကွေးတိုင်းဘက်မှ တက်လာသော ဂျက်ဖိုက်တာ (၁) စီးဖြင့် မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁) ဘက်ကို ၂ ကြိမ်တိုက်ခိုက်ပြီး ဗုံး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့ကာ ပွိုင့်ဖိုက်ဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ကလေးငယ် (၁) ဦး နှင့် အမျိုးသား (၁) ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အရပ်သားနေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ Photo – Salai Naing Hung/ Hkl

Read More

(002MG) ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ ရုန်းတောင်စစ်ဆေးရေးဂိတ်အနီးတွင် အရပ်သားပြည်သူတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်ခဲ့သည်ဟု သိရသည်။ သေဆုံးသူမှာ ထန်တလန်မြို့နယ် မှောင်တလန်ကျေးရွာသား ဟားခါးမြို့တွင်နေထိုင်သူ အသက် ၅၅ နှစ်အရွယ် ဦးလွှန်မှုန်းဟုသိရပြီး ၎င်းသည် မတ်လ ၇ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီအခြေစိုက်ရာ ရုန်းတောင်ဘက်ကို ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ဓာတ်ဆီဆိုင်အနီးမှာ ပစ်သတ်ခံရခြင်းဖြစ်သည်ဟု သိရသည်။ ဟားခါးမြိုခံတဦးက “သူက ၂၆၆ တပ်ဖက်မှာ အသွားအလာလုပ်တဲ့အခါကျတော့ အပစ်ခံရတာ၊ သူ့ အလောင်းတောင် အခုထိ ဆေးရုံမှာ ထုတ်လို့မရသေးဘူး။ အဲ့ဖက်က စစ်တပ်ဂိတ် ဖက်ဆိုတော့ ဒီမှာက ည (၆) နာရီနောက်ပိုင်းအပြင် မထွက်ရဘူးလေ ထွက်ရင်တော့ ဖမ်းတာ၊ ပစ်တာတို့လုပ်တယ်” ဟု ပြောသည်။ ဦးလွှန်မှုန်းသည် ဟားခါးမြို့မြေစာရင်းရုံးမှ အစိုးရ ဝန်ထမ်းဟောင်းတဦးဖြစ်သည်ဟု သိရသည်။ လက်ရှိမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့သည် မြို့တွင်းကင်းလှည့်ခြင်း၊ လမ်းဆုံလမ်းခွနေရာများတွင် စစ်ဆေးရေးများ ပြုလုပ်နေသည်ဟုသိရသည်။

Read More