(004SS) စစ်ကိုင်းတိုင်း ကလေးမြို့မှ ရန်ကုန်သို့ ပျံသန်းသည့် လေယာဉ်စီးနှင်းခစေ◌ျးနှုန်း ကျပ် ၁၅၀၀၀ အထိ ထပ်မံမြင့်တက် သွားရာ ကျပ်ငွေ ၃ သိန်း ၆ သောင်းကျော်အထိ ဖြစ်လာပြီဟု လေယာဉ်လက်မှတ်အရောင်းဌာနထံမှ သိရသည်။ ကလေး-ရန်ကုန် လေယာဉ်လက်မှတ်စေ◌ျးနှုန်းမှာ ဇန်နဝါရီလ ၂၈ ရက်နေ့မှစတင်ကာ ဈေးမြင့်တက်သွားခြင်းဖြစ်ပြီး ယခင်က လေယာဉ်စီးနှင်းခ တစ်ဦးမှာ ကျပ် ၃၅၀,၀၀၀ ရှိရာမှ ယခုအခါ ကျပ် ၃၆၅,၀၀၀ ဖြစ်သွားပြီဟု ကလေးမြို့က လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တစ်ဦးကပြောသည်။ “ဈေးတော့ ထပ်တက်သွားပြီ၊ ဘာကြောင့်တက်တယ်ဆိုတာတော့ မသိရဘူးပေါ့နော်၊ ရုံးဘက်က ချပေးတဲ့ဈေးနဲ့ပဲ ရောင်းနေရတာဆိုတော့ ကိုယ်က ဈေးလျှော့ပေးပါပြောလို့လည်း မရဘူး၊ တစ်ချို့ အပြင်က cancel လုပ်တဲ့ဟာတွေဆို ၄၀၀,၀၀၀ ၊ ၄၅၀,၀၀၀ နဲ့ ပြန်ဝယ်နေရတဲ့သူတွေေတာင်ရှိတယ်” ဟု ၎င်းက ပြောသည်။ ယခုလက်ရှိ ကလေးမြို့လေဆိပ်မှ အပါတ်တိုင်း တနလ်ာ၊ အဂါ၊ ဗုဒ္ဒဟူး နှင့် ကြာသပတေးနေ့များတွင်၊ တစ်ရက်လျှင် တစ်ကြိမ်မှ နှစ်ကြိမ်အထိ မြန်မာ့လေကြောင်းလိုင်း MNA တစ်ခုတည်းသာ ပျံသန်းနေကြောင်း သိရသည်။ ယခုကဲ့သို့ လေယာဉ်လက်မှတ်ဈေးမြှင့်တက်နေသော်လည်း ကုန်းလမ်းဆက်သွယ်ရေး အဆင်မပြေမှုများကြောင့် လေယာဉ်စီးသူ များပြားနေဆဲဖြစ်ကြောင်းသိရသည်။ တချိန်တည်းမှာပဲ ကလေးမြို့မှ ရန်ကုန်သို့ ကုန်းလမ်းဖြင့်လည်း အချို့ ကားဂိတ်များပြေးဆွဲလျက်ရှိေနေကြာင်း သိရသည်။ ယခုတွင်မူ မဟာမြိုင်လမ်းမကြီးအား အသုံးပြုကာ ကလေးမြို့မှ ပြည်မဘက်သွားရာတွင် မော်တော်ယဉ်စီးခ တစ်ဦးလျှင် ကျပ်တစ်သိန်းခွဲပေးဆောင်ကြရသည်ဟု သိရသည်။ ယခင်က ကလေးမြို့မှ ပြည်မဘက်သွားရာ…
Author: Editor
(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ဒေသက ဟုမ်းကျေးရွာကို ယမန်နေ့က စစ်ကောင်စီက လေကြောင်းဖြင့် ၃ ကြိမ် ဗုံကြဲတိုက်ခိုက်ရာ ပြည်သူ (၇) ဦး သေဆုံးသွားကြောင်း CDF – Daai မှ တာဝန်ရှိသူက ပြောသည်။ ပလက်ဝမြို့နယ်၊ CDF – Daai ထိန်းချုပ်နယ်မြေအတွင်းရှိ ဟုမ်းကျေးရွာကို စစ်ကောင်စီက ဇန်နဝါရီလ ၂၉ ရက် မွန်းလွဲပိုင်းတွင် လေကြောင်းမှ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ပြည်သူ ၇ ဦး သေဆုံးကာ နေအိမ်များလည်း ထိခိုက်ပျက်စီးသွားကြောင်း CDF – Daai မှ တာဝန်ရှိသူက ပြောသည်။ “ကျနော်တို့ ထိန်းချုပ်နယ်မြေ မြစ်ကြောင်းတစ်လျှောက်လုံးကို ပစ်နေတာဆိုတော့ အဲဒါကို အဖြေရှာနေဆဲပဲ။ စဉ်းစား တာက အကြောင်းမဲ့ လာပစ်တာတော့ မဖြစ်နိုင်ဘူးပေါ့နော်။ အဲဒီလမ်းကြောင်းကို ရက္ခိုင်တပ်တော် AA က အရင်တုန်း က ထောက်ပို့လမ်းကြောင်းအဖြစ် အသုံးပြုဖူးတယ်။ အဲဒါကြောင့် ထောက်ပို့လမ်းကြောင်းကို မသုံးရဲအောင်လို့ ပစ်တာ လားလို့ ယူဆချက်ရှိတယ်။ နောက်တစ်ချက်က အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ပစ်တာပေါ့နော်” ဟု CDF- Daai မှ တာဝန်ရှိသူက ပြောသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများမှာ ဓာတ်ဆီကယ်ရီသမားများဟု သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြု၍ မရနိုင်သေးပေ။ ဟုမ်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ဗုံးကြဲတိုက်ခိုက်မှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းက မတူပီမြို့နယ် ထယ်ဘွေးစခန်းကို ချင်းပူးပေါင်းတပ်၏…
(005MK) အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ပြီး နယ်စပ်တဖက်တချက်စီ လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် Free Movement Regime (FMR) ဖျက်သိမ်းမည့်အစီစဉ်ကို ကန့်ကွက်သည့်အနေဖြင့် အိန္ဒိယပြည်ထဲရေး၀န်ကြီး Amit Shah ၏ ရုပ်ပုံကို Zo Reunification Organization (ZORO) က အိုင်ဇောလ်မြို့တွင် ယနေ့ မီးရှို့ခဲ့ကြသည်။ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ MZP အစည်းအေ၀းခန်းမတွင် Zo Reunification Organization (ZORO) အဖွဲ့က ယနေ့တွင်ကျရောက်သော ၁၃၂ ကြိမ်မြောက် ချင်း-လူရှိုင်းညီလာခံ (Chin-Lushai Conference) အထိမ်းအမှတ်နေ့ အခမ်းအနား ကျင်းပပြုလုပ်ရာတွင် ချင်း (ဇိုး) မျိုးနွယ်စုများအား ပိုင်းခြားမည့် နယ်စပ်ခြံစည်းရိုးခတ်ကာ FMR ဖြတ်သိမ်းမည့်အစီစဉ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။ Zo Reunification Organization (ZORO) အနေဖြင့် အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ပြီး နယ်စပ် တဖက်တချက်စီ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် Free Movement Regime (FMR) ကိုလည်း ဖျက်သိမ်းမည့် အိန္ဒိယအစီစဉ်ကို ဆက်လက်ဆန့်ကျင်သွားမည်ဖြစ်ပြီး အဓိကကြိုးကိုင်သူဖြစ်သည့် အိန္ဒိယ ပြည်ထဲရေး၀န်ကြီး၏ ရုပ်ပုံကို ယနေ့ မီးရှို့ဖျက်စီးခဲ့ကြခြင်းဖြစ်သည်။ “အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် FMR ကိုဖျက်သိမ်းပြီး နယ်စပ်တလျှောက် ခြံစည်းရိုးခတ်ဖို့ အိန္ဒိယဗဟိုအစိုးရရဲ့အစီစဉ်ကို မိမိတို့အနေနဲ့မလိုလားပါဘူး၊ ဒီလုပ်ရပ်ဟာ အိန္ဒိယအစိုးရအနေနဲ့ မိမိတို့မျိုးနွယ်စုတွေကို ပိုင်းခြားဖို့စီစဉ်တာဖြစ်တယ်လို့ ယူဆရပါတယ်” ဟု ZORO ကပြောသည်။ Zo Reunification Organization (ZORO) အဖွဲ့သည် ဗြိတိသျှအစိုးရ၏ နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုကြောင့် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့် စသည့် ၃…
(006SV) ချင်းပြည်နယ် မင်းတပ်မြို့နယ်၏ စည်းလုံးမှုပျက်ပြားစေရန် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်၀ိုက်နည်းဖြင့်သော်လည်းကောင်း ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းဆောင်ရွက်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို အရေးယူမည်ဟု ချင်းအမျိုးသားကောင်စီ (မင်းတပ်) က ယနေ့ထုတ်ပြန်လိုက်သည်။ တော်လှန်ရေးကာလအတွင်း စည်းလုံးညီညွတ်သည့် မင်းတပ်မြို့နယ်အတွင်းရှိ တော်လှန်ရေး အင်အားစုများနှင့် ပြည်သူလူထုကို စိတ်ဝမ်းကွဲပြားအောင် စည်းလုံးညီညွတ်မှု ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းဆောင်ရွက်နေသည့် ပုဂ္ဂိုလ်/အဖွဲ့အစည်းများ ရှိလာကြောင်း စိစစ်တွေ့ရှိရပြီး မည်သည့် ကောင်စီ၊ အုပ်ချုပ်ရေး၊ လက်နက်ကိုင်အဖွဲ့အစည်းများကိုမျှ အသိအမှတ်ပြုမည်မဟုတ်ဘဲ ဖွဲ့စည်းလာပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားကောင်စီ (မင်းတပ်) က ယနေ့ ဇန်နဝါရီလ ၂၉ ရက်မှာ သတင်းထုတ်ပြန်သည်။ မင်းတပ်မြို့နယ်ထဲမှ တိုက်နယ် (၄) နှင့် တိုက်နယ် (၁၁) နှစ်ခုသည် မင်းတပ်ဒေသ (၁) ကောင်စီအဖြစ် ဖွဲ့စည်း၍ ချင်းလဲန်း ကောင်စီတွင် အပြည့်အဝ ပူးပေါင်းပါဝင်ပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ချင်းအမျိုးသားကောင်စီ (မင်းတပ်) က ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်လာခြင်းဖြစ်သည်။ ယင်းသို့ ဖွဲ့စည်းလာပါက ချင်းအမျိုးသားကောင်စီ (မင်းတပ်) ၏ စည်းမျဉ်း/ ဥပဒေ၊ ကြားကာလ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ဥပဒေ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ၏ စစ်စည်းကမ်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု ဆိုသည်။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် CDF မင်းတပ်ကို နိုင်ငံရေးဦးဆောင်မှုပေးမည့် ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို ပြည်တွင်း/ပြည်ပရှိ တော်လှန်ရေးညီအစ်ကိုများထံ အကြံပြုချက်များရယူပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ညီလာခံအစည်းအဝေး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ စီမံခန့်ခွဲရေးကော်မတီဝင်များနှင့် CDF –…
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲမှ တိုက်နယ်နှစ်ခုသည် မင်းတပ်ဒေသ (၁) ကောင်စီအဖြစ် ဖွဲ့စည်း၍ ချင်းလဲန်းကောင်စီ -CC ၏ အစိုးရဖွဲ့စည်းမှုတွင် ဒေသအစုအဖွဲ့တစ်ခုအနေဖြင့် အပြည့်အဝ ပူးပေါင်းပါဝင်ပြီဖြစ်ကြောင်း မင်တပ်ဒေသ (၁) ကောင်စီမှ တာဝန်ရှိသူ ကိုမောင်အောင်က ပြောသည်။ ချင်းပြည်သူတွေ မျှော်လင့်နေကြသော ချင်းလဲန်းကောင်စီကို ဖွဲ့စည်းနိုင်ပြီဖြစ်သောကြောင့် မင်းတပ်မြို့နယ် အတွင်းမှ တိုက်နယ် (၄) နှင့် တိုက်နယ် (၁၁) တို့က ပြည်သူများသည် ဆုံးဖြတ်ချက် ချမှတ်၍ မင်းတပ်ဒေသ (၁) ကောင်စီကိုဖွဲ့စည်းကာ ချင်းလဲန်းကောင်စီ – CC တွင် ပါဝင်ခြင်းဖြစ်ကြောင်း ဇန်နဝါရီလ ၂၈ ရက်က ထုတ်ပြန်ခြင်းဖြစ်သည်ဟု သူက ပြောသည်။ “ဒေသ ၁ ထဲမှာမှ ပြည်သူတွေကို အခြေခံပြီးတော့ ကျေးရွာတိုင်းမှာ ပြည်သူတွေနဲ့ သဘောထား ဆန္ဒတွေကို တောင်းခံတယ်။ ပြည်သူလူထုက ကျနော်တို့ကို နိုင်ငံရေးအနေနဲ့က ချင်းလဲန်းကောင်စီကို သွားပါဆိုပြီးဖြစ်တယ်။ တကယ်လို့များ မင်းတပ်ဒေသ ၁ က လူထုက ICNCC ကို သွားပါလို့ ဆုံးဖြတ်လာရင်လည်း ကျနော်တို့က လက်ခံမှာပဲ။ ချင်းလဲန်းကောင်စီမှာ အဖွဲ့တစ်ဖွဲ့အနေနဲ့ ပါဝင်တော့မယ်” ဟု ကိုမောင်အောင်က ပြောသည်။ မင်းတပ်ဒေသ (၁) ကောင်စီသည် ချင်းလဲန်းကောင်စီတွင် မြို့နယ်အစုအဖွဲ့ တစ်ခုအစား ဒေသအစုအဖွဲ့တစ်ခုအနေဖြင့် ပါဝင်မည်ဖြစ်သည်။ ဇန်နဝါရီလအတွင်းမှာ မင်းတပ်ဒေသ (၁) ကောင်စီနယ်နိမိတ်အတွင်းက လူထုကို သဘောထားတောင်းခံခြင်းများ ပြုလုပ်ခဲ့ပြီး နောက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သူက…
(006SV) မလေးရှားနိုင်ငံ၊ ပဲရပ်ပြည်နယ်၊ Cameron Highlands တွင် မြေပြိုမှုကြောင့် သေဆုံးသွားသည့် မင်းတပ်မြို့မှ သွားရောက်လုပ်ကိုင်နေသည့် ချင်းလူမျိုး (၅) ဦး၏ ရုပ်အလောင်းအားလုံးကို ယနေ့မှာ ပြန်လည်တူးဖော်ရရှိပြီးဖြစ်ကြောင်း The Highlands Chin Community ထံမှ သိရသည်။ ဇန်နဝါရီလ ၂၅ ရက် ည ၈ နာရီခန့်တွင် မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်မြို့မှ အလုပ်သမားများ နေထိုင်သော ခြံအတွင်း မြေပြိုကျရာမှ သေဆုံးသူအားလုံးကို ယနေ့ ဇန်နဝါရီလ ၂၇ ရက်တွင် ပြန်လည်တူးဖော်နိုင်ခဲ့ကြောင်း HCC ထံမှ သိရသည်။ သေဆုံးသွားသူများမှာ တစ်မိသားစုထဲမှ ဦးရှိန်းလောဟာ၊ ဦးရှိန်းလောဟာ၏ သား ဦးလောဟာဖေ ၊ ဦးလောဟာဖေ၏ ဇနီး ဒေါ်အွမ်မြူး တို့အပြင် ကိုထန်းမောင်းနှင့် ကိုကီးရှိန်အွမ် တို့ဖြစ်ပါသည်။ ဇန်နဝါရီလ ၂၆ ရက်တွင် ရုပ်အလောင်း (၂) လောင်းကို တူးဖော်နိုင်ခဲ့ပြီး ယနေ့တွင် ကိုထန်းမောင်း၊ ဦးရှိန်လောဟာနှင့် ဒေါ်အွမ်မြူးတို့၏ ရုပ်အလောင်းများကို ပြန်လည်တူးဖော်နိုင်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသွားသူထဲမှ ဦးလောဟာဖေနှင့် ဒေါ်အွမ်မြူးတို့မှာ မလေးရှားနိုင်ငံတွင် ကျောင်းပညာသင်ယူနေသည့် ၈ နှစ်အရွယ်သမီးတစ်ဦးနှင့် ၅ နှစ်အရွယ် သမီးတစ်ဦးတို့ကျန်ရှိခဲ့သည်။
Salai Vakok မြန်မာ့နွေဦးတော်လှန်ရေးနဲ့အတူ ချင်းတော်လှန်ရေးအင်အားစုတွေ နှစ်ရှည်လများ ရည်မှန်းထားတဲ့ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတွေဟာ စစ်အာဏာသိမ်းပြီး ၃ နှစ်နီးပါးကြာမှာ အခွင့်အလမ်းကောင်းတွေနဲ့ ပို၍ လမ်းပွင့်သွားပါတယ်။ ချင်းတော်လှန်ရေး အင်အားစုတွေဟာ မိမိတို့ရဲ့ ရပိုင်ခွင့်တွေကို ရရှိဖို့နဲ့ ကာကွယ်နိုင်ဖို့အတွက် စစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်နေမှုမှ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပြည်တွင်းပြည်ပရဲ့ တရားဝင်မှု ရရှိရေးကို ကြိုးစားလာခြင်းလည်းဖြစ်ပါတယ်။ ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ချင်းလဲန်းကောင်စီ ဖြစ်ပေါ်လာဖို့ ချင်းတော်လှန်ရေးအင်အားစုတွေ နှစ်ပေါင်းများစွာကတည်းက ကြိုးစားနေကြတာပါ။ CNF ၊ CDFs နဲ့ ချင်းလွတ်တော်ကိုယ်စားလှယ်တချိုု့က ၊ အခု ပြဌာန်းလိုက်တဲ့ ချင်းလဲန်းဖွဲ့စည်းပုံ အခြေခံဥပဒေဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ်ပေါင်း ၇၅ ကျော်မှာ ပထမဦးဆုံး ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်တယ်ဆိုတဲ့ ဝိသေသဂုဏ်ပုဒ်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ တော်လှန်ရေးအင်အားစုတွေကို နိုင်ငံရေးနဲ့ စစ်ရေးအရ ဟန်ချက်ညီညီပေါင်းစပ် တိုက်ပွဲဝင်နိုင်ဖို့ စုစည်းပေမယ့် ပြည်နယ်ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့ ကောင်စီဟာ လက်ရှိမှာ ချင်းတော်လှန်ရေးအင်အားစုတွေကို ကွဲပြဲစေဖို့ ဖြစ်ပေါ်လာနေပါတယ်။ – ချင်းလဲန်းကောင်စီ (CC) ဘာလုပ်နေလဲ CNF/CAN၊ CDFs (၁၄) ဖွဲ့နဲ ချင်းလွှတ်တော်ကိုယ်စားလှယ်တချို့က ပြဌာန်းအတည်ပြုထားတဲ့ ချင်းလဲန်းဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့အတူ ချင်းလဲန်းကောင်စီ (CC) ဟာ ကောင်စီဖွဲ့ပြီး ရက်ပေါင်း (၅၀) ခန့်ကြာမှာ ချင်းပြည်အစိုးရယန္တရားတွေမှာ တာဝန်ထမ်း ဆောင်မယ့်သူတွေကို အခုသီတင်းပတ်ထဲ အပြီးသတ် ရွေးချယ်နေပါတယ်။ CNF/CNA ဌာနချုပ်၊ ချင်းလုံးမြို့မှာ ဇန်နဝါရီလ…
(006SV) ချင်းပြည်နယ်တွင် ကြားကာလပြည်သူ့အုပ်ချုပ်ရေး ဆောင်ရွက်နေသည့် အဖွဲ့များဖြင့် ချင်းပြည်သူ့ အုပ်ချုပ်ရေးကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC)က ယနေ့မှာ သတင်းထုတ်ပြန်လိုက်သည်။ ချင်းပြည်သူ့အုပ်ချုပ်ရေးကော်မတီက ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့များနှင့် ချိတ်ဆက်ပြီး လက်ရှိချင်းပြည်သူများ၏ အခြေခံပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားမည်ဟု ယနေ့ ဇန်နဝါရီလ ၂၇ ရက်တွင် ထုတ်ပြန်သည်။ ချင်းပြည်သူ့ အုပ်ချုပ်ရေးကော်မတီသည် ICNCC မှတစ်ဆင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC)၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) တို့နှင့် ချိတ်ဆက်ဆောင်ရွက် သွားမည်ဟု သိရသည်။ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC)တွင် အသစ်ပါဝင်လာသည့် မြို့နယ်နှင့် ဒေသအစုအဖွဲ့၊ ချင်းကာကွယ် ရေးအစုအဖွဲ့ (CDF) အပါအဝင် ချင်းလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၊ နိုင်ငံတကာရောက် ချင်းအစုအဖွဲ့နှင့် Chin CDMer အစုအဖွဲ့တို့ ပါဝင်ကြောင်း၊ လက်ရှိတွင် (၆) မြို့နယ်မှာ မြို့နယ်အဆင့်မှ ပါဝင်လျက်ရှိကြောင်း ICNCC အလှည့်ကျသဘာပတိ ဒေါက်တာကင်တန်လင်းက ခိုနူမ်းသုန်နှင့် ဇန်နဝါရီလလယ်ပိုင်းက အင်တာဗျူးတွင် ပြောသည်။ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ -ICNCC သည် ချင်းအင်အားစုအဖွဲ့များအကြား နိုင်ငံရေးအရ သဘောတူညီမှု ရရှိရန် ကြိုးစားပြီး ICNCC Reform ကော်မတီမှ လုပ်ဆောင်မည့် Chin Charter ပြင်ဆင်မှု ပြီးစီးသောအခါ ချင်းပြည်အစိုးရအား ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ ချင်းတစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးကို ရှေးရှူလျက် ချင်းတော်လှန်ရေးအဖွဲ့ အချင်းချင်းအကြား မလိုလားအပ်သော ပဋိပက္ခများ…
မီဇိုရမ်ပြည်နယ်တောင်ပိုင်း မရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ရှာဟာ (Siaha) မြို့တွင် သုံးဘီးတက္ကစီယာဉ်မောင်းတစ်ဦးကို သတ်သွားသူ ၄ ဦး၏ အချက်အလက်ကို မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ယမန်နေ့က ထုတ်ပြန်ကာ ၎င်းတို့သည် မိန်းမခိုးပြေးရန် ချင်းပြည်နယ်မှ ရောက်ကြသော ချင်းလူမျိုးများဖြစ်ကြသည်ဟု ဆိုသည်။ ရှာဟာမြို့ ECM ရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ် သုံးဘီးတက္ကစီ (Auto rickshaw) ယာဉ်မောင်း KL Zoasa သည် ဇန်န၀ါရီလ ၂၄ ရက်နေ့က ၎င်းတို့ ၄ ဦးက လောင်တလိုင်မြို့သို့ ငှါးရမ်းကာ သတ်ဖြတ်ခဲ့ကြသည်။ KL Zoasa ကိုသတ်ဖြတ်သူ ၄ ဦးစလုံးကို မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီဖြစ်ကာ ၎င်းတို့သည် စစ်ဘေးရှောင်များမဟုတ်ကြဘဲ ရခိုင်လူမျိုးများ AA နှင့်ပတ်သက်သူများဟု မီဇိုးကျောင်းသားသမဂ္ဂ MZP နှင့် စစ်ဘေးရှောင် ကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် NUA က ဇန်န၀ါရီလ ၂၅ ရက်ညမှာ ထုတ်ပြန်ခဲ့ကြသည်။ သို့သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ မဟာမိတ်ရေးရာ၊ သတင်းပြန်ကြားရေးနှင့် ဖြန့်ချီရေးဌာနက ကျုးလွန်သူများ၏ သတင်းအချက်အလက်ကို စုံစမ်းခဲ့ရာတွင် ၎င်းတို့ ၄ ဦးစလုံးသည် ရခိုင်လူမျိုးများမဟုတ်ကြဘဲ ချင်းပြည်နယ် ပလက်၀မြို့နယ် မရာနယ်ကျေးရွာတစ်ရွာဖြစ်သည့် Raka ကျေးရွာတွင် နေထိုင်ကြသူများဟု သိရသည်။ ၎င်းတို့သည် သူငယ်ချင်းဖြစ်သူအတွက် မိန်းမခိုးပြေးရန် ရှာဟာမြို့သို့ လာရောက်ကြသူများဖြစ်ကြပြီး ယခုကဲ့သို့ လူသတ်မှုကျူးလွန်ရသည့် အကြောင်းရင်းကိုမူ မသိရသေးပေ။
(002MG) ဆန်ပြတ်မူ လချီကြုံနေရသည့် ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့တွင် ယမန်နေ့က ကုန်တင်ကားနှစ်စီးဖြင့် စားသုံးကုန်ပစ္စည်းအပါအဝင် ဆန်အိတ် (၄၀၀) နီးပါး ရှောက်ရှိလာသည်ဟု မတူပီမြို့ခံတစ်ဦးကပြောသည်။ မတူပီမြို့ခံတစ်ဦးက ”မနေ့ကပဲ ကုန်တင်ကားကြီးတွေဝင်တယ် ဆန်ကတော့ အိတ် (၄၀၀) နီးပါးဝင်တယ်၊ လောလောဆယ် ဆန်ပြတ်တဲ့သူတွေအတွက်တော့ လောက်ပါတယ် အဆင်ပြေတယ်။ အကုန်လုံးတအိမ်ထောင်ကိုတ အိတ်ဝယ်ရင်တော့ တဝက်တောင်လောက်မှာမဟုတ်ဘူး၊ နောက်ထပ်ကားတွေလဲဝင်ဖို့ရှိတယ်လို့ ကြားတယ်” ဟုပြောသည်။ အဆိုပါ ဆန်သယ်ကုန်တင်ကားတို့သည် ဂန့်ဂေါ-မတူပီကားလမ်းပိုင်းမှ ရောက်ရှိလာခြင်းဖြစ်ပြီး ဆန်အရေအတွက် အကန့်အသတ်ဖြင့်သာ သယ်ဆောင်ရပြီး အိမ်ဆောက်ပစ္စည်းသုံး ဘိလပ်မြေတို့ကိုမူ တင်ခွင့်မပြုကြောင်း သိရသည်။ လက်ရှိရောက်လာသည့် ပဒေသာ ဆန်တအိတ်လျှင် ကျပ် (၁၂၀၀၀၀) ခန့်ရှိပြီး ကြက်သွန်ဖြူ၊ အနီ တပိသာလျင် ၈၀၀၀ ကျပ်တို့ဖြင့် ဝယ်ယူကြရသည်ဟု သိရသည်။ မတူပီမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က လွန်ခဲ့သော (၃) လခန့်ကတည်းက ကုန်ကားအဝင်/အထွက် ပိတ်ပင်ခဲ့ပြီးနောက် မြို့တွင်း ဆန်ပြတ်လပ်ပြီး ပြည်သူများ စားဝတ်နေရေးခက်ခဲလာကြခြင်းဖြစ်သည်။ မတူပီမြို့တွင်း မြို့မိမြို့ဖနှင့် ဘာသာရေးဆရာတော်များက စစ်ကောင်စီတပ်ဖွဲ့ထံ ခွင့်ပြုချက်တောင်းဆိုကာ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့၏ ခွင့်ပြုချက်တို့ဖြင့် ကုန်တင်ကားများ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ပြီး မင်းတပ်-မတူပီ ကားလမ်းပိုင်းမှာ ပိတ်ထားဆဲဖြစ်သည်ဟု သိရသည်။
