(006SV) ချင်းပြည်နယ်မြောက်ပိုင်းတွင် ဝေဘုလမြို့မှ ဖလမ်းမြို့သို့ ဦးတည် ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေးတပ်တို့ ယနေ့မှာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှု အများအပြား အသုံးပြုနေကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ယနေ့ နိုဝင်ဘာလ ၁၇ ရက် နံနက် ၈ နာရီခွဲမှ စတင်၍ ညနေပိုင်းအထိ အင်အား ၃၀၀ ခန့်ရှိသော စစ်ကော်မရှင် စစ်ကြောင်းနှင့် ချင်းတော်လှန်ရေးတပ်တို့ တိုက်ပွဲများ ပြင်းထန်ခြင်းဖြစ်ကာ စစ်ရေးမှာ ဆက်လက် တင်းမားနေခြင်းဖြစ်သည်။ “ဒီမနက် ၈ နာရီ ၃၀ လောက်နေ စတင်ပြီး မဏီပူရ တစ်လျှောက်မှာ ကျနော်တို့ ထိတွေ့မှုတွေ ရှိပါတယ်။ နောက်ပြီးတော့ ၁၀ နာရီ လောက်မှာလည်း ရှိပါတယ်။ ဒီမနက်ကနေ စတင်ပြီး ထိတွေ့မှုတွေက ပြင်းထန်းပါတယ်။ ၂ နာရီနဲ့ ၃ နာရီကြားမှာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေမှာ Y 12 နဲ့ရော ဂျက်ဖိုက်တာနဲ့ရော တောက်လျှောက်ကြဲ တာပေါ့နော်။ Y 12 နဲ့ကို တော်တော် ဗုံးကြဲပါတယ်။ နောက်ပြီးတော့ ဂျက်ဖိုက်တာနဲ့ကောက အကြိမ်နဲ့က ၆ ကြိမ်လောက် ကြဲပါတယ်။ တိုက်ပွဲက ထိတွေ့မှု ပြင်းထန်နေဆဲ အခြေအနေ ဖြစ်ပါတယ်။ ဘယ်အခြေအနေ မဆို ထိတွေ့မှု ဆက်ဖြစ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်” ဟု CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။ အောက်တိုဘာလ ၁၉…
Author: Editor
(006SV) တော်လှန်ရေး ၅ နှစ်နီးပါးတွင် အာဏာသိမ်းစစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ချင်းပြည်နယ် အတွင်းရှိ ချင်းတော်လှန်ရေး ရဲဘော် ၁၁၅ ဦးထက်မနည်း ကျဆုံးပြီး ချင်းပြည်နယ် ပြင်ပဒေသရှိ ချင်းတော်လှန်ရေးရဲဘော် ၁၆ ဦးထက်မနည်း ကျဆုံးကြောင်း ချင်းရေးရာအဖွဲ့ ချုပ် (ICA) က ကြေညာသည်။ “တိုက်ပွဲတွေနဲ့ မြို့သိမ်းတိုက်ပွဲတွေ လုပ်လို့ လေကြောင်းတိုက်ခိုက်တာတွေက အများဆုံးလို့ ပြောရမှာပေါ့နော်၊၊ လေကြောင်းတိုက်ခိုက်မှု ဖော်ပြထားတဲ့ နေရာတွေမှာလည်းပဲ မင်းတပ်နဲ့ ဖလမ်းမြိုနယ်မှာ အများဆုံး ဖြစ်နေတာ တွေ့ရတယ်။ အဲဒါက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတဲ့ နေရာတွေမှာ လေကြောင်းတိုက်ခိုက်မှု လုပ်တာဖြစ်ပါတယ်။ ရဲဘော်တွေထဲမှာလည်း ထိခိုက်ဒဏ်ရာ ရရှိတာတွေ ရှိပါတယ်၊၊ ဒါပေမယ့် ကျနော်တို့မှာ ဒေတာ အတိအကျ မရှိပါဘူး။ ထုတ်ပြန်ချက်တွေ အများစုက ပြည်သူ ဒဏ်ရာ ရရှိတာပဲ အများစု ပါတဲ့အခါကြတော့ ရဲဘော်ဒဏ်ရာ ရရှိတာက အခက်အခဲ တွေ့လို့၊ သီးသန့်ဖော်ပြထားခြင်းတော့ မရှိပါဘူး” ဟု ICA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ၂၀၂၁ အာဏာသိမ်းချိန်မှ ၂၀၂၅ အောက်တိုဘာလကုန်အထိ ချင်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၅၂ ကြိမ် ပြုလုပ်ရာ ဗုံးအလုံးရေ ၂၃၅၀ ကျော် ကြဲချခဲ့သည်ဟု ICA (Institute of Chin Affairs) က နိုဝင်ဘာလ ၁၄ ရက်မှာ ထုတ်ပြန်သည်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ချင်းအရပ်သားပြည်သူ ၁၃၅ ဦးထက်မနည်း သေဆုံးပြီး ချင်းတော်လှန်ရေးအဖွဲ့ဝင်…
(006SV) အာရက္ခတပ်တော် ULA/ AA သိမ်းပိုက်ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ တိုက်နယ်တွင် ကုန်သည်များအပါအဝင် ဒေသခံ ၃၀၀ ဝန်းကျင်သည် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကူးစက်ရောဂါ ဖြစ်ပွားနေပြီး ၃၀ ဦးမှာ အတွင်းလူနာအဖြစ် ကုသမှု ခံယူနေသည်ဟု သိရသည်။ ပလက်ဝမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အိန္ဒိယနိုင်ငံ၊ လောင်တလိုင်ခရိုင်၊ ကာကီကျေးရွာ၊ တွီဒန်းကျေးရွာ၊ လုံတင်းကျေးရွာများမှ အစပျိုးဖြစ်ပွားလာသော ပြင်းထန်ဝမ်းပျက်ကူးစက်ရောဂါသည် ရှင်းလက်ဝတိုက်နယ်က ဒေသခံများ၊ ကုန်သည်များကို ကူးဆက်ခံရခြင်းဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် အတွင်းလူများတွင် ပြန်လည်သက်သာလာမှုများလည်း ရှိနေပြီဖြစ်ကြောင်း ULA/ AA ၏ အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက နိုဝင်ဘာလ ၁၂ ရက်က ထုတ်ပြန်သည်။ ULA/ AA သည် ပလက်ဝမြို့နယ်ကို ခရိုင်တစ်ခုအဖြစ် သတ်မှတ်၍ အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင် ရွက်နေရာ အာရက္ခပြည်သူ့ ကျန်းမာရေးဌာနမှ အရေးပေါ် တုန့်ပြန်ရေးဆေးအဖွဲ့သည် ပလက်ဝခရိုင်မှ ဒေသအစိုးရအဖွဲ့များ၊ NGO/ CSO များနှင့် ပူးပေါင်း၍ ဆေးဝါးကုသခြင်း၊ ရောဂါမပြန့်ပွားအောင် ထိန်းချုပ်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများကို ချက်ချင်း လုပ်ဆောင်နေသည်ဟု သိရသည်။ နိုဝင်ဘာလ ၄ ရက်မှ စတင်၍ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ရာ လက်ရှိတွင် ကူးဆက်လူနာ အသစ် ၅ ရာခိုင်နှုန်းအောက်သို့ လျှော့ကျလာသည်ကို တွေ့ရှိရပြီး ကူးဆက်မှု နှုန်းလည်း ကျဆင်းလာသည်ဟု ထုတ်ပြန်သည်။ ပလက်ဝမြို့နယ်နှင့် ဆက်စပ်ဒေသများမှ အန္တရာယ်ရှိသော အုပ်စု…
(005MK) ပလက်ဝစစ်ဘေးရှောင်အများစုနေထိုင်ကြသော မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ထဲက ကာကီကျေးရွာတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦး ယနေ့ မနက်ပိုင်းတွင် ထပ်မံသေဆုံးခဲ့သည်။ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် ကာကီကျေးရွာမှာ နိုဝင်ဘာလဆန်းပိုင်းကစ၍ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားခဲ့ကြပြီး နိုဝင်ဘာလ ၄ ရက်၊ ၉ ရက် နှင့် ၁၁ ရက်နေ့တို့က ဒေသခံ ၂ ဦး နှင့် စစ်ဘေးရှောင် ၂ ဦးတို့ သေဆုံးခဲ့ ကြပြီးဖြစ်သည်။ ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်း ၄ နာရီဝန်းကျင်တွင် အသက် ၁၄ နှစ်အရွယ်ရှိသော Chawlithaw ထပ်မံသေ ဆုံးခဲ့သည်ဟု မီဇိုရမ်ဒေသတွင်းသတင်းမှာဖော်ပြသည်။ အလားတူ ရှာဟာခရိုင် Lungdar ကျေးရွာမှာလည်း ယနေ့မနက်ပိုင်းက ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် လူတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။ ကာကီကျေးရွာတွင် ဝမ်းရောဂါကူးစက်မှုကြောင့် လက်ရှိမှာလည်း လူနာအယောက် ၃၀ ကျော်ရှိနေကြောင်းသိရသည်။ ကျေးရွာလူငယ်အဖွဲ့က ကာကီကျေးရွာကို Lockdown ချထားပြီး ကျန်းမာရေးဌာနကလွဲ၍ မည်သူမျှ ဝင်ထွက်သွားလာ ခွင့်မပြုကြောင်း သိရသည်။ ကာကီကျေးရွာသည် အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသောကျေးရွာဖြစ်ပြီး ပလက်ဝမြို့နယ်က စစ်ဘေးရှောင် ၅၀၀ ကျော်နေထိုင်ကြသည်ဟု သိရသည်။
ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်သည့် ကနေဒီတောင်၊ သိုင်းငင်းတို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ် (006SV) အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေ ရှိသည့် ချင်းမြောက်ပိုင်း ဒေသများကို စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် မြေပြင်ထိုးစစ်များ ပြုလုပ်နေကြောင်း သိရသည်။ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ချင်းမြောက်ပိုင်းဒေသကို စစ်ကော်မရှင်တပ်က တီးတိန်း၊ ကလေး၊ ဝေဘူလ စသည့်တို့မှ စစ်ကြောင်း ၃ ကြောင်းဖြင့် အင်အားရာချီအသုံးပြုကာ အပြင်းအထန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ “ဖလမ်းကို အဓိက ဦးတည်နေတယ်။ တီးတိန်ဘက်ကလည်း သိုင်းငင်းကနေ ဆင်းလာတယ်။ ကလေးဘက်နေလည်း လာနေတာ ရှိတယ်။ ပြီးရင် နတ်ချောင်း၊ ဝေဘူလမြို့ဘက်ကနေလည်း ဖလမ်းမြို့ကို ဦးတည်လာနေတဲ့ စစ်ကြောင်းက အတော်နီးကပ်လာပြီ။ ဗားရ်တံတားနဲ့ နီးကပ်လာပြီးလို့ ပြောလို့ ရတယ်။ အနေအထားကတော့ ၂၀၂၆ ဇန်နဝါရီလ ၂၅ ရက် ဝန်းကျင်မှာ လုပ်မယ့် ရွေး ကောက်ပွဲ တတိယအပိုင်းမှာ ထန်တလန်၊ ဖလမ်း၊ တွန်းဇံ စတဲ့ ဒီ ၃ မြို့နယ်ကို ထည့်ချင်လို့ အပြင်းအထန် တိုက်စစ်ဆင်နေတဲ့ အနေအထားမျိုးပဲ၊၊ သေချာတာက စစ်တပ်က ဒုတိယပိုင်းမှာ ရွေးကောက်ပွဲ လုပ်စရာ မရှိဘူး။ အဲတော့ တတိယပိုင်းမှာ လုပ်မယ်။ ၉ မြို့နယ်မှာ ၅ မြို့နယ်ကို ရအောင် လုပ်သွားမယ်ဆိုတဲ့ အနေအထားမျိုးနဲ့ အင်အားသုံး စစ်ကြောင်းထိုးလာတဲ့ အနေအထားမျိုး ပါ”ဟု CDM ဗိုလ်ကြီး ဇင်ယော်က…
(006SV) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်းတပ်များ၏ တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူ ၂၀၀၀ ကျော်သည် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး အခြေခံစားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ် လိုအပ်နေသည်ဟု သိရသည်။ သိုင်းငင်းသို့ ကလေးမြို့နှင့် တီးတိန်မြို့တို့မှ နှစ်ဖက်ညှပ်၍ ဦးတည်စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်ကြောင့် အောက်တိုဘာလမှ စတင်၍ ကလေး – သိုင်းငင်း – တီးတိန်း လမ်းမပေါ်က ဒေသခံပြည်သူများသည် စစ်ဘေးရှောင်နေရသည်ဟု CDF – CDM Siyin ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “မွှာလ်ပီးကနေ အာလွယ်၊ ပြီးတော့ အကုန်လုံးက စစ်ဘေးရှောင်ကြတယ်၊၊ ဘယ်သူမှ ရွာထဲ မဝင်နိုင်ဘူးပေါ့။ ဒေသခံ လူဦးရေက ၂၀၀၀ ကနေ ၃၀၀၀ ကြားလောက်ရှိမယ်။ သူတို့ကတော့ အထူးသဖြင့်က အရေးပေါ် စားနပ်ရိက္ခာ လိုပါတယ်။ ပြီးတော့ အမိုးအကာ လိုအပ်တယ်။ ဆေးဝါးတွေလည်း လိုပါမယ်။ စစ်ဘေးရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေလည်း များတယ်။ ကလေးသူငယ်တွေလည်း များတယ်” ဟု CDF – CDM Siyin ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ တီးတိန်မြို့နယ်ထဲက မွှာလ်ပီး၊ တုန်းဆမ်း၊ ထီးဇန်၊ ဟိုန်ဇန်၊ သိုင်းငင်း၊ ဆွလင်၊ ဘဲကန့်၊ အာလွယ် စသည့် ကျေးရွာ ၈ ရွာထက်မနည်းက ဒေသခံပြည်သူ ၂၀၀၀ မှ ၃၀၀၀ ကြားသည် အိုးအိမ်စွ့န်ခွာကာ စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်သည်ဟု သိရသည်။ ချင်းပြည်မြောက်ပိုင်းတွင် အင်အား ရာချီဖြင့် စစ်ကြောင်းထိုးနေသော…
(005MK) ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ထဲက ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြသော မီဇိုရမ် ပြည်နယ် လောင်တလိုင်ခရိုင်ထဲက စစ်ရှောင်စခန်းတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦး သေဆုံးပြီဟု သိရသည်။ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် ကာကီကျေးရွာမှာ နိုဝင်ဘာလဆန်းပိုင်းကစ၍ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားခဲ့ကြပြီး ဒေသခံ ၂ ဦး နှင့် စစ်ဘေးရှောင် ၂ ဦးတို့ သေဆုံးခဲ့ကြောင်း စစ်ဘေးရှောင် နှင့်နီးစပ်သူများထံမှ သိရ သည်။ ကာကီကျေးရွာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့က အသက် ၇၅ နှစ်အရွယ် ဦး လောမ်ပါသေဆုံးခဲ့ပြီး၊ နိုဝင်ဘာလ ၉ ရက်နေ့က အသက် ၂၄ နှစ်အရွယ် ဒေါ်နီဒါ၊ အသက် ၄၈ နှစ်အရွယ် ဦးကိုင်လော နဲ့ ယနေ့ နိုဝင်ဘာ ၁၁ ရက်မနက်ပိုင်းမှာ အသက် ၂၈ နှစ်အရွယ် ကိုဆောလ တို့ သေဆုံးခဲ့သည်ဟု ဒေသတွင်းသတင်းမှာ ဖော်ပြသည်။ ယခုလက်ရှိတွင်လည်း ကာကီကျေးရွာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ အယောက် ၂၀ ဝန်းကျင်ခန့်ရှိနေပြီး လောင်တလိုင်မြို့ကနေ ကျန်းမာရေးလုပ်သားများစေလွှတ်ကာ ကုသရေးများဆောင်ရွက်ရန်စီစဉ်နေကြသည်ဟု သိရ သည်။ ကာကီကျေးရွာသည် အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသောကျေးရွာဖြစ်ပြီး ပလက်ဝမြို့နယ်က စစ်ဘေးရှောင် ၅၀၀ ကျော်နေထိုင်ကြသည်ဟု သိရသည်။
(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့မှ သိုင်းငင်းရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်း တပ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရာ ယမန်နေ့က တိုက်ပွဲတွင် စစ်ကော်မရှင်တပ်က အထိအခိုက်အကျဆုံး များသည်ဟု သိရသည်။ နိုဝင်ဘာလ ၉ ရက်က စစ်ကော်မရှင်တပ် စစ်ကြောင်းသည် သိုင်းငင်ရွာကို ရောက်ရှိလာချိန်တွင် ချင်းပူးပေါင်း တပ်က မိုင်းထောင် တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကော်မရှင်တပ်က ၂၀ ခန့် သေဆုံးပြီး ၇ ဦး အပြင်းအထန် ရရှိကြောင်း CDF CDM Siyin ပြောရေးဆိုခွင့်ရှိ သူ ဆလိုင်း ဒီကီက ပြောသည်။ “မနေ့က တိုက်ပွဲက ပြင်းထန်တယ်လို့ ပြောရမယ်။ မနေ့က ကျနော်တို့က သိုင်းငင်းကို ဆုတ်လိုက်ရတော့ အထွက်လမ်းတွေရော အဲဒီမှာက မိုင်းတွေ တော်တော်ထောင်ခဲ့ပါတယ်။ အဲဒီမှာ သူတို့က အတော်လေး အထိနာသွားတဲ့ သဘောရှိတယ်။ ကျနော်တို့ မြင်တွေ့ရတာက ၇ ဦးက ပွဲချင်းပြီး သေတယ်။ ပြီးတော့ ၂၀ ကျော်က အပြင်းအထန် ဒဏ်ရာ ရတယ်လို့ ကျနော်တို့ သိထားတယ်။ ဒါပေမယ့် ဒီမနက် (နိုဝင်ဘာလ ၁၀ရက်) အတွင်းသတင်းကနေ ပြန်ကြားတာက သေတာက အယောက် ၂၀ တဲ့၊ ၇ ဦးကတော့ အပြင်းအထန် ဒဏ်ရာ ရတာဆိုပြီးတော့ ပြောတယ်” ဟု ဆလိုင်း ဒီကီက ပြောသည်။ နိုဝင်ဘာလ ၇ ရက်ကလည်း လေထန်ကုန်း ခေါ် Fort…
(006SV) ဗိုလ်ချုပ်ထွန်းမြတ်နိုင် အပါအဝင် ULA/ AA ထိပ်ပိုင်းခေါင်းဆောင်များနှင့် ချင်းညီနောင် (CB) အဖွဲ့တို့ တွေ့ဆုံပြီး စစ်ရေး မဟာ မိတ်အပြင် နိုင်ငံရေးနှင့် စီးပွားရေး မဟာမိတ်အထိ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရေး ဆွေးနွေးနိုင်ခဲ့ သည်ဟု ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောသည်။ ချင်းညီနောင်အဖွဲ့၏ ခေါင်းဆောင်များသည် ပြီးခဲ့သည့်အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင် အပါအဝင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ထိပ်ပိုင်းခေါင်းဆောင်များ၊ အာရက္ခတပ်တော် (AA) ထိပ်ပိုင်းခေါင်းဆောင်များကို စုံစုံလင်လင်တွေ့ဆုံကာ ဆွေးနွေးနိုင်ခြင်းဖြစ်သည်ဟု နိုဝင်ဘာလ ၈ ရက်က ပြုလုပ်သော ချင်းညီနောင် ရန်ပုံငွေပွဲတွင် CB ပြောခွင့်ရက ပြောသည်။ “ပြီးခဲ့တဲ့လကပါ။ တွေ့ဆုံကြတာပါ။ ဆွေးနွေးကြတာပါ။ အဓိကက တော်လှန်ရေးနဲ့ ပတ်သက်လို့ စစ်ရေးမှာ ဘယ်လိုပူးပေါင်းကြမလဲ၊၊ ဘယ်လိုအပြန်အလှန် ကူညီကြမလဲ၊၊ အဓိကက စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်လာနိုင်တာကို ခန့်မှန်းထားတယ်။ ပြင်ဆင်ထားကြတာပေါ့။ အဲဒီမှာ တွေ့ရတော့မှ စစ်ရေးမဟာမိတ်အပြင် နိုင်ငံရေးနဲ့ စီးပွားရေး မဟာမိတ်အထိ ပူးပေါင်းချိတ်ဆက်ဖို့ လူမျိုးချင်း အပြန်အလှန် ကူညီဖေးမကြဖို့ပါ” ဟု ဆလိုင်းယောမာန်က ပြောသည်။ စစ်အစိုးရ ခေတ်အဆက်ဆက်သည် ချင်းနှင့် ရခိုင်ကို ဝေးကွာနေအောင် လုပ်ထားပြီး ရခိုင်ပြည်နယ်နှင့် နီးကပ်သောကြောင့် လက်ရှိကာလတွင် စီးပွားရေး ပူးပေါင်းလုပ်ဆောင်နိုင်မှုနှင့် ကုန်သွယ်နိုင်မှုကိုလည်း ဆွေးနွေးသည်ဟု သိရသည်။ ချင်းညီနောင်အဖွဲ့၏ ရခိုင်ပြည်နယ် ခရီးစဉ်တွင် ULA/ AA ခေါင်းဆောင်များက ကူညီနိုင်မည့် အပိုင်းနှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့်အပိုင်းတို့ကို စိတ်ဝင်တစား…
စစ်တပ်က ဒေသခံ ၁၄ ဦးကို လူသားဒိုင်အဖြစ် ဖမ်းဆီးထားရာမှ အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့် (006SV) တီးတိန်မြို့မှ သိုင်းငင်းဘက်သို့ အင်အားရာချီဖြင့် စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်နှင့် ချင်းညီနောင် (CB) ပူးပေါင်းတပ်တို့ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေရာ စစ်ကော်မရှင်တပ်မှ ၄၀ ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိသည်ဟု ချင်းညီနောင်က ကြေညာသည်။ အောက်တိုဘာလ ၂၉ ရက်မှ စတင်၍ ချင်းပြည်နယ်၊ တီးတိန်မြို့မှ သိုင်းငယ်သို့ အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်နှင့် ချင်းညီနောင်တပ်တို့သည် နေ့စဉ် ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့သည်ဟု ချင်းညီနောင်က နိုဝင်ဘာလ ၇ ရက်မှာ ထုတ်ပြန်သည်။ စစ်ကော်မရှင်တပ်သည် ဒေသခံပြည်သူ တချို့ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြု၍ သိုင်းငင်းသို့ ဦးတည် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရသော ဒေသခံပြည်သူ ၁၄ ဦးကို လက်ရှိမှာ ကယ်တင်ထားနိုင်ခဲ့ပြီး ယင်းအထဲက အမျိုးသမီး ၁ ဦးမှာ အဓမ္မပြုကျင့်ခံထားရသည်ဟု ချင်းညီနောင်ထံမှ သိရသည်။ တိုက်ပွဲများအတွင် စစ်ကော်မရှင်တပ်က အနည်းဆုံး ၄၀ ခန့် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိသည့်အပြင် ထွက်ပြေးလွတ်မြောက်သူ တချို့ ရှိကြောင်း၊ လက်နက်ခဲယမ်း အများအပြားနှင့် ချောဆွဲထားသော ပြည်သူပိုင် မော်တော်ကား တစ်စီးကို ပြန်လည် သိမ်းဆည်းရမိပြီး ဖမ်းဆီးရမိသော စစ်သုံ့ပန်းတချို့ကို ထိန်းသိမ်းထားသည်ဟု သိရသည်။ စစ်ကော်မရှင်တပ်သည် အောက်တိုဘာလ ၂၆…
