Author: Editor

ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် ပြည်သူများ၏ချွေးနဲစာဖြင့် ဝယ်ယူထားသော ကာကွယ်ရေးပစ္စည်းများအား ZRA လက်နက်ကိုင်အဖွဲ့မှ ခိုးယူထွက်ပြေးသွားပါသဖြင့် ပြည်သူထံ ပြန်လည်အပ်နှံခြင်းမရှိလျှင် လိုအပ်သလို အရးယူဆောင်ရွက်သွားမည်ဟု PDF-Zoland မှ ယမန်နေ့၌ ကြေညာချက်ထုတ်ပြန်သည်။ အောက်တိုဘာ ၁၄ ရက်နေ့က မဏိပူမြစ်ပေါ်ရှိ Mansuang တံတားတွင် ZRA အဖွဲ့မှ တော်လှန်ရေးအတွက်အသုံးပြုမည့် လက်နက်များ သယ်ဆောင်လာသော လူငယ် ၂ ဦးအား ဖမ်းဆီးနှိပ်စက်ပြီး လက်နက်လုယူခဲ့ခြင်း ဖြစ်သည်။ ထို့နောက် အောက်တိုဘာ ၁၅ ရက်နေ့တွင် ဆိုင်ဇန်ရွာသို့ဝင်ရောက်ကာ ရွာသားများအား စစ်ဆေး၍ စိတ်ပင်ပန်းအောင် အမျိုးမျိုး လုပ်ခဲ့ကြသည်ဟု သိရသည်။ ရွာတွင်းဆူပူမှု မဖြစ်စေလိုသောကြောင့် PDF Zoland လူငယ်များ ရွာထဲမဝင်မီ ၎င်းတို့ လုယူထားသောပစ္စည်းများ ပြန်လည်ပေးအပ်ပြီး ရွာမှငြိမ်သက်စွာ ထွက်ခွါရန် တယ်လီဖုန်းဖြင့် ညှိုနှိုင်းသော်လည်း လက်ခံခြင်းမရှိဘဲ ၎င်းတို့အသုံးပြုခဲ့သော ဆိုင်ကယ်များထားခဲ့ကာ ခြေလျင်ဖြင့် ထွက်ပြေးသွားသည်ဟု သိရသည်။ ယခုတွင် ၎င်းဆိုင်ကယ်များအား Tedim Public Administration (ပြည်သူ့အုပ်ချုပ်ရေး) မှ သိမ်းဆည်းထားသည်ဟု သိရသည်။ ZRA အဖွဲ့သည် ယမန်နေ့ မနက် ၈ နာရီခန့်တွင် ဆိုင်မွောလ်ရွာမှ ကျောက်သယ်ယာဉ်တစ်စီးဖြင့် စကစစစ်သားများတာဝန်ကျရာ တီးတိန်ကျောင်းအောက်ရှိ လမ်းမကိုဖြတ်ကာ မြစ်တစ်ဖက်ကမ်းသို့ ပြန်လည်ထွက်သွားကြသည်ဟုလည်း သိရသည်။ ZRA အဖွဲ့အနေဖြင့် ၎င်းတို့၏ ဆိုင်ကယ်များကို မံဆောင်းတံတားရှိ ပြည်သူများထံမှ လုယူထားသောပစ္စည်းများနှင့် လာရောက်လဲလှယ်နိုင်မည် ဖြစ်ပြီး ပြည်သူပိုင်ပစ္စည်းများ ပြန်လည်ပေးအပ်ခြင်းမရှိလျှင် ZRA အဖွဲ့အား အကြမ်းဖက်အဖွဲ့၊…

Read More

ချင်းပြည်နယ် မြို့တော်ဟားခါးနှင့် ထန်တလန်မြို့နယ်ကြားရှိ တောင်ကုန်များကို အောက်တိုဘာ ၁၇ ရက်က စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု The Chinland Post က ရေးသားသည်။ ထန်တလန်နှင့် ဟားခါးကြားတွင် စစ်ကောင်စီတိုက်လေယာဉ်က အနည်းဆုံး ၄ ကြိမ်ခန့် ဗုံးကြဲခဲ့သည်ဟု ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် နီးစပ်သော သတင်းရင်းမြစ်များကို ကိုးကားပြီး The Chinland Post ကဖော်ပြသည်။ ယင်းတိုက်ခိုက်မှုတွင် CDF တပ်ဖွဲ့ဝင်များ ဘေးကင်းကြောင်း သိရသည်။ လွန်ခဲ့သည့် ရက်ပိုင်းကစ၍ ဟားခါး-ထန်တလန်ကြားတွင် တိုက်ပွဲများဖြစ်ပွားနေပြီး တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်ဖွဲ့အား ကြားညှပ်ပိတ်ဆို့ထားသောကြောင့် လေကြောင်းမှ ပစ်ကူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Read More

ချင်းပြည်နယ် မတူပီမြို့ မြို့နယ်ပညာရေးမှူး ဦးတင်လွေးကို CDF-Matupi တပ်ဖွဲ့က ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် CDF-Matupi က ရှင်းလင်းချက်ထုတ်ပြန်ခဲ့သည်။ ဦးတင်လွေးသည် အောက်တိုဘာလ ၁၆ ရက်ညက မတူပီမြို့က နေအိမ်တွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။ CDF-Matupi ၏ ရှင်းလင်းချက်တွင် ဦးတင်လွေးသည် စစ်ကောင်စီ၏ ပညာရေးယန္တရားကို အဓိကလည်ပတ်စေသည့် Non-CDM တစ်ဦးဖြစ်ပြီး CDM သမားများကို အမျိုးမျိုးခြိမ်းခြောက်ကာ Non-CDM ပြန်လည်ပြုလုပ်ကြရန် ဖိအားပေးခြင်း၊ CDM စာရင်းများကို စစ်ကောင်စီထံပေးပို့ခြင်း အချိူ့သော CDM သမားများ၏စာရင်းကို လျှိ့ဝှက်ပြီး စစ်ကောင်စီအငြိမ်းစား ဗိုလ်မှူးဝင်းနိုင်နှင့် ပူးပေါင်းကာ CDM သမားများ၏ လစာကိုထုတ်ယူကြောင်း ဖော်ပြသည်။ CDF-Matupi အနေဖြင့် ဦးတင်လွေးကို စာအားဖြင့် ၃ ကြိမ်၊ နှုတ်အားဖြင့် အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း လုံးဝလိုက်နာခြင်းမရှိပဲ CDF-Matupi ကို ပြန်လည်ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။ CDF-Matupi ၏ အသိပေးထုတ်ပြန်ချက်များဖြစ်သည့် ကြေညာချက်စာအမှတ် (၂/၂၂) နှင့် စာအမှတ် (၄/၂၂) အရ ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကာ စစ်အာဏာရှင်စနစ်ဖြိုခွင်းရာတွင် စစ်ကောင်စီ၏ အဓိကထောက်တိုင်အဖြစ် ရပ်တည်သူဖြစ်သည့်အတွက် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု CDF-Matupi ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Read More

ချင်းပြည်နယ်၊ မတူပီမြို့က မြို့နယ်ပညာရေးမှုး ဦးတင်လွေးသည် အောက်တိုဘာလ ၁၆ ရက် တနင်္ဂနွေညက ၎င်း၏နေအိမ်တွင် သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံးခဲ့သည်ဟု သိရသည်။ ဦးတင်လွေးသည် မတူပီမြို့တွင် မြို့နယ်ပညာရေးမှူးအဖြစ် ၂၀၁၉ ခုနှစ်ခန့်က စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းတွင်လည်း CDM ပြုလုပ်ခြင်းမရှိပဲ မြို့နယ်ပညာရေးမှူးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေသူဟု သိရသည်။ မြို့နယ်ပညာရေးမှူးရုံးကို မတူပီမြို့က ၎င်း၏နေအိမ်တွင် ဖွင့်လှစ်ထားပြီး အောက်တိုဘာလ ၁၆ ရက်ည ၈ နာရီကျော်ကျော်ခန့်က နေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ဦးတင်လွေးကို မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မှ ပစ်ခတ်သတ်ဖြတ်သွားသည်ဟု မသိရသေးပေ။ ဦးတင်လွေးသည် စိတ်သဘောထားကောင်းမွန်ပြီး စာအသင်ပြလည်းကောင်းသည့်အပြင် လူချစ်လူခင်ပေါများသည့် ကျောင်းဆရာတစ်ဦးဖြစ်ပြီး ယခုကဲ့သု့ိသေဆုံးမှုအပေါ် အလွန်စိတ်မကောင်းကြောင်း မတူပီမြို့က သူ့တပည့်ဖြစ်ခဲ့ဖူးသူတစ်ဦးက ပြောသည်။ “သူကတော့ တကယ့်ရိုးသားတဲ့သူ ကျနော်အလယ်တန်းဘဝတုန်းကလည်း စာသင်ပေးသေးတယ် ပြီးတော့ မူလတန်း ကလေးတွေကိုလည်းအကတွေသင်ပေးတယ် သူကိုယ်တိုင် သူက မြန်မာစာမေဂျာလေ ကျနော်တို့ကို မြန်မာစာပြတာ ပုံပြင်လိုနဲ့ဘာနဲ့ပြတော့ စာတောင်ကျက်စရာမလိုအောင်ကို အသင်ပြလည်းကောင်းတယ်၊ ခုလိုဖြစ်သွားတာ တကယ်စိတ်မကောင်းဘူး” ဟု ၎င်းကပြောသည်။ မြို့နယ်ပညာရေးမှုး ဦးတင်လွေးပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့သည် မတူပီမြို့အတွင်း ကင်းလှည့်ကာ လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးခြင်းနှင့် မြို့တွင်းလမ်းကြားများတွင် ကင်းချထားမှုများ ပြုလုပ်ကြသည်ဟု သိရသည်။

Read More

ရေး – Salai Vakok “အကြင်လင်မယားအဖြစ် အေးအတူ၊ ပူအမျှ ဇနီးလောင်းအပေါ်၊ သစ္စာရှိရှိနဲ့ ပေါင်းသင်းပါမယ်လို့ ကတိဝန်ခံချက် ပြုပါသလား” ဓမ္မသင်းအုပ်ဆရာထံမှ ချင်းစကားဖြင့် အေးဆေးလေးပင်စွာ ထွက်ပေါ်လာသော အသံဖြစ်ပြီး သူ၏ရှေ့တွင် အနောက်တိုင်းဝတ်စုံဖြင့် သတိုးသားနှင့် သတိုးသမီးမှာ အပြုံးကိုယ်စီဖြင့် တည်ရှိသည်။ မင်္ဂလာမောင်နှံက လက်ထပ်လက်စွပ် လှဲဝတ်ခြင်း၊ လက်မှတ်ထိုးခြင်းတို့နှင့်အတူ သင်းအုပ်ဆရာက ကောင်းချီးပေးနေသည်။ မင်္ဂလာမဏ္ဍပ်ကို မိုးကာဟောင်းစတွေ မိုးထားပြီး အပြင်အဆင်ကို ပန်းတိမ်ငို၊ ထင်းရှုးရွက်၊ ပုလဲပွင့် စသဖြင့် တောပန်းတချို့နှင့် အလှဆင်ယင်ထားသည်။ ဧည့်ပရိတ်သတ်ကို ကျွေးမွေးရန် စာပွဲဝိုင်းတချို့ ချထားသည်။ ချင်းကျေးလက်ဒေသက တောဓလေ့ မင်္ဂလာဆောင်တစ်ခုသာဖြစ်သည်။ အနီးတစ်ဝိုက်တွင် လူမရှိသော အိမ်တွေနှင့် တိတ်ဆိတ်နေသော၊ စစ်ရှောင်နေရသော ထိုဒေသ၏ မင်္ဂလာဆောင်တွင် ရွာသားက ပုံမှန်ထက် လွန်စွာနည်းသည်။ သို့သော် စစ်မြေပြင် ယူနီဖောင်းဝတ်ထားသော ဧည့်ပရိတ်သတ်နှင့် ရပ်ဝေးမှ လာရောက်ဂုဏ်ပြုသော ပရိတ်သတ်တို့ကြောင့် မင်္ဂလာဆောင်က ပိုစည်နေသည်။ ထူးခြားသည်က မင်္ဂလာဆောင်ကို တိုက်ပွဲဝင်ရန် အသင့်ပြင်ဆင်ထားသော ဝတ်စုံပြည့်ဖြင့် ရဲဘော်တွေ၊ တပ်ရင်း တပ်ဖွဲ့တွေက လုံခြုံရေး ယူပေးနေခြင်းပါ။ မင်္ဂလာဆောင်နေချိန်တွင် အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာလျှင် အဆင်သင့် ရင်ဆိုင်တိုက်ပွဲဝင်နိုင်ရန်ဖြစ်သည်။ စက်တင်ဘာလတွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက ရွာကလေးတစ်ရွာ၊ ညိုမှိုင်းသော တောတောင် အလယ်တစ်ခုမှာ စစ်ကောင်စီကို ခုခံတော်လှန်နေသူ CNDF- Vakok ရင်းမှူး အားလျန်၏ လက်ထပ်ပွဲဖြစ်သည်။ “ဘုရားရဲ့ ကျေးဇူးတော်နဲ့ အခက်အခဲတွေ ကြားထဲကနေ ကျနော်တို့ မင်္ဂလာပွဲလေး…

Read More

မြန်မာ့နွေးဦးတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြသော ချင်းပြည်နယ်က မရာမျိုးနွယ်စုထဲက လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ Chinland Defense Force- Mara (CDF-Mara) နဲ့ Mara Administrative Territorial Council – MATC/MDF တပ်ဖွဲ့တို့ဟာ ယခင်အစောပိုင်းကတည်းက အငြင်းပွားမှုတွေ ဖြစ်ပွားနေခဲ့ရာကနေ အောက်တိုဘာလ ၃ ရက်နေ့ကစလို့ နှစ်ဖက်အကြားစစ်ရေး အခြေအနေတင်းမှာလာခဲ့ပြီးနောက် အောက်တိုဘာလ ၉ ရက်နေ့က ငဖိုင်ပီးကျေးရွာမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှုမရှိခဲ့ပေမယ့် ငဖိုင်ပီးကျေးရွာက ဒေသခံပြည်သူ ၆၀၀ ကျော်ဟာ စစ်ရေးပဋိက္ခကြောင့် တဖက်အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတဝန်းလုံးမှာ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ဆန့်ကျင် တော်လှန်ခဲ့ကြပြီး ချင်းပြည်နယ်မှာလည်း မြို့နယ်ကိုအခြေခံပြီး ဖွဲ့စည်းတဲ့ လက်နက်ကိုင်အဖွဲ့နဲ့ မျိုးနွယ်စုကိုအခြေခံပြီး ဖွဲ့စည်းတဲ့ လက်နက်ကိုင်တပ်ဖွဲ့စုစုပေါင်း ၁၈ ဖွဲ့ကျော်ရှိပါတယ်။ CDF-Mara နဲ့ MATC/MDF တို့ဟာ မရာမျိုးနွယ်စုကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်ကြပါတယ်။ ဘာကြောင့် မျိုးနွယ်စုတူ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ပဋိပက္ခဖြစ်နေရတာပါလဲ။ သူတို့တပ်ဖွဲ့ ၂ ဖွဲ့ကြား မပြေလည်မှု တွေ၊ အငြင်းပွားမှုတွေက ဘာကြောင့်ပါလဲ။ ဖြေရှင်းဖို့ ဘယ်လိုလုပ်ဆောင်ဖို့လိုအပ်ပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး Mara Administrative Territorial Council – MATC/MDF ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ဆာကို ခိုနူမ်းသုန်ကဆက်သွယ်မေး မြန်းထားပါတယ်။ မေး။ ။ CDF-Mara နဲ့ MATC/MDF အကြား အဓိက အဆင်မပြေမှု၊ အငြင်းပွားမှုတွေဟာ ဘာတွေပါလဲ။…

Read More

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့တွင် အင်အားဖြည့်တင်းလာသော စစ်ကောင်စီပို့ဆောင်ရေး ရဟတ်ယာဉ်နှစ်စီးကို ယနေ့အောက်တိုဘာလ ၁၆ ရက်နေ့တွင် CDF-Kanpetlet တပ်ဖွဲ့က ပစ်ခတ်ခဲ့ရာတွင် ဆီတိုင်ကီနှင့် ပန်ကာတစ်ချောင်းကျိူးသွားခဲ့သည်ဟု သိရသည်။ ယနေ့ အောက်တိုဘာလ (၁၆) ရက်နေ့တွင် စစ်ကောင်စီရဟတ်ယာဉ်လာမည်ဟု သတင်းကြားသည့်အတွက် စောင့်ကြိုကာ လက်နက်ငယ်များပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်ဒဏ်ရာရှိမှုအခြေနေ ရှိ/မရှိကို စုံစမ်းနေဆဲဟု CDF-Kanpetlet က ထုတ်ပြန်သည်။ ကန်ပက်လက်မြို့နယ် ကျင်ဒွေးတပ်စခန်းတွင်လည်း အောက်တိုဘာ ၁၅ ရက်နေ့က ရဟတ်ယာဉ်နှစ်စီးဖြင့် စစ်ကောင်စီအင်အား သုံးဆယ်ကျော်ဖြည့်တင်ထားသည်ဟု ဆိုသည်။ ယခုအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ကန်ပက်လက်မြို့နယ်အတွင်း စစ်အင်အားများကို နည်းလမ်းမျိုးစုံဖြင့် ဖြည့်တင်းနေပြီး အင်အားသုံးစစ်ကြောင်းထိုးမှူများ ဖြစ်လာနိုင်ပါသဖြင့် ပြည်သူများ အသွားအလာဂရုစိုက်ကြရန် CDF-Kanpetlet က သတိပေးထုတ်ပြန်ထားသည်။

Read More

မြန်မာနိုင်ငံဘက်မှ ခိုးသွင်းလာသည့်ဟု သံသယရှိဖွယ် တိရိစ္ဆာန်အမျိုးမျိုး အကောင် ၁၄၀ ကို မီဖိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ တွင် ယနေ့အောက်တိုဘာလ ၁၅ ရက်မနက်ပိုင်းက ဒေသတွင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိ ကယ်တင်ခဲ့သည်ဟု သိရသည်။ ယင်းတိရိစ္ဆာန်များကို ကျန်ဖိုင်းမြို့တွင်နေထိုင်ကြသော ဒေသခံအမျိုးသား ၃ ဦးစီးလာသည့် ကား ၃ စီးတွင် ကျန်ဖိုင်းခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ ဖမ်းဆီးရမိသည့် တိရိစ္ဆာန်နှင့်ငှက်များမှာ လိပ်အကောင် ၃၀၊ မျောက်နှစ်ကောင်၊ Marmoset မျောက်အမျိုးစား နှစ်ကောင်၊ စပါးအုံးမြွေ ၂၂ ကောင်၊ Sumatran Water Monitor ၁၈ ကောင်၊ မိချောင်းသားပေါက် ၅၅ ကောင်၊ Flame power bird ၄ ကောင်၊ Servel cat ၄ ကောင်၊ Marmoset နှစ်ကောင်၊ Albino wallaby တစ်ကောင် တို့ဖြစ်ကြသည်။ ယခုဖမ်းဆီးရမိသည့် တိရိစ္ဆာန်နှင့် ငှက်များ၏ တန်ဖိုးမှာ ရူပီးငွေသိန်း ၁၃၀ ကျော်ရှိသည်ဟု သိရသည်။

Read More

အပြစ်မဲ့ပြည်သူများကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ပြီး ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်မှ ကလေးမြို့ဆင်းသွားသော စစ်ကောင်စီယာဉ်ကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က တိုက်ခိုက်ခဲ့သည့်အတွက် ကားပေါ်ပါလာသော လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူများ ထိခိုက်ဒဏ်ရာရရှိခဲ့သည် CDF Civic Defense Militia Siyin က ယနေ့ထုတ်ပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့သည် သိုင်းငင်မှ ကလေးမြို့သို့ ပြန်လှည့်သည့်အချိန်တွင် ရွာခံအရပ်သားပြည်သူတချိူ့အား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မွှလ်ပီးနှင့် ကလေးမြို့အကြား ရှုခင်းသာတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့က ပစ်ခတ်ခဲ့သည်ဟု CDF CDM-Siyin တပ်ဖွဲ့ဆိုသည်။ ထိုပစ်ခတ်မှုကြောင့် လူသားဒိုင်းကာ အဖြစ်ခေါ်ခံရသော အပြစ်မဲ့ပြည်သူများ ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့က ဒေသခံပြည်သူ အနည်းဆုံး ၅ ယောက်ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသည်ဟု သိရသည်။ CDF CDM Siyin ဒေသအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့ထံသို့ ကြိုတင်အသိမပေးပဲ စစ်ဆင်ရေးမျိုးများကို နောက်နောင်မပြုလုပ်ကြရန်နှင့် ယခုကဲ့သို့ အသိမပေးပဲ ဝင်ရောက်စစ်ဆင်းရခြင်းသည် ပြည်သူ့ကာကွယ်ရေးတစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား ဆိုးရွားစွာ နားလည်မှုကွဲလွဲစေနိူင်ပါသည်ဟု CDF CDM- Siyin က ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ နောက်နောင် ယခုကဲ့သို့ ဖြစ်လာပါက မည်သည့်အဖွဲ့ကိုမဆို သည်းခံနားလည်ပေးမည်မဟုတ်ကြောင်း ဤကဲ့သို့ အပြစ်မဲ့ပြည်သူများ လူသားဒိုင်းကာအဖြစ် အသုံးချခံပါလာကြောင်းသိလျက်ပင် စစ်ဆင်ရေးကို တဇွတ်ထိုး ပြုလုပ်သည်ကိုလည်း ပြင်းထန်စွာ ရှုတ်ချပါသည်ဟု CDF CDM-Siyin က ဆိုပါသည်။ ယမန်နေ့အောက်တိုဘာလ ၁၃ ရက်နေ့မနက်ပိုင်းက တီးတိန်မြို့နယ် ကလေး-သိုင်းငင်လမ်းမပေါ်တွင် အထိုင်ချသော စစ်ကောင်စီစခန်းကို CDF CDM-Siyin တပ်ဖွဲ့က…

Read More

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့က မီဇိုရမ်တက္ကသိုလ် (Mizoram University) တွင် မြန်မာဘာသာရပ် ဒီပလိုမာတန်းကို အောက်တိုဘာလ ၁၂ နေ့က စတင်သင်ကြားနေပြီဖြစ်ကြောင်း သိရသည်။ ယခုလက်ရှိတွင် မြန်မာဘာသာရပ်ကို သင်ကြားသူ ၇ ဦးရှိပြီး ၎င်းတို့တွင် အိန္ဒိယလူမျိုး၊ နာဂလူမျိုးနှင့် တက္ကသိုလ်ကျောင်းတွင် ပါမေက္ခအဆင့်ရှိသူများလည်း တက်ရောက်သင်ကြားကြသည်ဟု သိရသည်။ မီဇိုရမ်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သော Pu Lalnilawma က “မြန်မာဘာသာ သင်ကြားပေးတဲ့ဆရာမက နေမကောင်းဖြစ်နေတာကြောင့် လာမယ့်အပတ်မှ အတန်းကိုပြန်စတက်နိုင်မှာဖြစ်တယ်။ လက်ရှိအမည်စရင်းပေးထားတဲ့ ကျောင်းသား/သူ ၁၀ ယောက်ရှိရှိသည့်အနက် ၃ ယောက်ကပြန်မတက်တော့ လောလောဆယ်မှာ မြန်မာဘာသာကို သင်ကြားလေ့လာသူ ကျောင်းသား/သူ စုစုပေါင်း ၇ ယောက်ပဲရှိသေးတယ်၊ အခြား စိတ်ဝင်စားတဲ့ ကျောင်းသား/ သူတွေအတွက် အချိန်ဇာယားပိုင်းမှာ နည်းနည်းအခက်ခဲရှိကြတယ်၊ ဥပမာ စနေနေ့ တွေမှာ ဒီမြန်မာဘာသာရပ်ကို သင်မယ်ဆိုရင် တက်ချင်တဲ့ကျောင်းသား/သူ တွေပိုများများတက်လာနိုင်ကြမှာ” ဟု ပြောသည်။ ယခုအစီစဉ်ကို ချင်းရေးရာအဖွဲ့ချုပ် (ICA) နင့် မီဇိုရမ်တက္ကသိုလ် (MZU) တို့၏ပူးပေါင်းဆောင်ရွက်မှုဖြင့် စတင်အကောင် အထည်ဖော်ဆောင်ခြင်းဖြစ်သည်။ မြန်မာစာပေသင်ကြားပေးသည့် ဆရာမမှာ မြန်မာစာဘာသာရပ်ဖြင့် Ph.D ဘွဲ့ရရှိထားသူ Dr. Elis Thangi ဖြစ်ပြီး မြန်မာဘာသာနင့် မီဇိုးဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်သူဖြစ်သည်။ အဆိုပါတက္ကသိုလ်တွင် ကျောင်းသူ/ကျောင်းသားများအနေဖြင့် မြန်မာအက္ခရာ၊ ဝေါဟာရ၊ သဒ္ဒါဖွဲ့စည်းပုံနှင့် စကားပြော၊ စကားပြေအရေးအသားတို့ကို လေ့ကျင့်သင်ကြားပေးသွားမည်ဟု သိရသည်။ သင်ကြားမည့်ကာလသည် ၁၀ လကြာမြင့်မည်ဖြစ်ကာ နာရီပေါင်း ၁၂၀ ကို…

Read More