အိန္ဒိယ-မြန်မာ နယ်စပ်ကျေးရွာ ၄ ရွာမှ စစ်ဘေးရှောင်ပြည်သူများကို ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးမှ အခြေခံစားသောက်ကုန်များ ထောက်ပံ့ကူညီပေးခဲ့ကြသည်ဟု သိရသည်။ အိန္ဒိယ-မြန်မာနယ်စပ်ရှိ Jang Ngou Bung, Bong Mol, Lhang Cham, Ngah Mun စသည့်ကျေးရွာ ၄ ရွာမှ အိမ်ခြေ ၂၆၀ ထံ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အားလူး၊ ငါးသေတ္တာဗူး၊ ပဲရာဇာနှင့် အခြေခံဆေးဝါးများကို ကူညီထောက်ပံပေးခဲ့သည်ဟု Kuki Women Center Tamu က ထုတ်ပြန်သည်။
Author: Editor
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်ရေးနှင့် အာဏာတည်တန့်ရေးအတွက် ပူးပေါင်းဆောင်ရွက်သူများအနေဖြင့် မိမိအသိစိတ်ဖြင့်နှုတ်ထွက်ကြရန် CDF-Kanpetlet တပ်ဖွဲ့က သတိပေးလိုက်သည်။ စစ်ကောင်စီအနေဖြင့် ၎င်း၏ အုပ်ချုပ်ရေးယန္တရားနှင့် အာဏာတည်တန့်ရေးအတွက် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ စည်းရုံးရေး၊ ဒေသဖွံ့ဖြိုးရေး စသည့် အကြောင်းပြချက် ၅ မျိူးကို မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရန် ကြိုးပမ်းလျှက်ရှိပြီး ယင်းအတွက် ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ရပ်မိ/ရပ်ဖအဖွဲ့ဝင်များအား အသုံးပြုထားသည်ဟု CDF-Kanpetlet တပ်ဖွဲ့၏ စက်တင်ဘာလ ၂၉ ရက်နေ့ ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီ၏ လုပ်ငန်းများဆောင်ရွက်ရန်အတွက် ကန်ပက်လက်မြို့နယ်ထဲမှ ကျေးရွာအုပ်စု တာဝန်ခံများ၊ ဆယ်အိမ်မှူးများ၊ ရာအိမ်မှူးများစုစုပေါင်း ၁၉ ဦး၊ အရံမီးသတ် ၇ ဦး၊ ပြည်သူ့စစ်မှ ၇ ဦး၊ ကြက်ခြေနီမှ ၇ ဦး၊ ရပ်မိရပ်ဖ ၇ ဦးနှင့် အခြားအဖွဲ့များမှ ၆ ဦး စုစုပေါင်း ၅၃ ဦးဖြင့် ဆောင်ရွက်လျှက်ရှိကာ လိုအပ်ပါက လက်နက်များလည်း တပ်ဆင်နိုင်ရန်အထိ ညွန်ကြားထားပြီးဖြစ်ကြောင်း အတိအကျသိရှိပြီးဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါပုဂ္ဂိုလ် ၅၃ ဦးအနေဖြင့် မိမိအသိစိတ်ဖြင့် အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး နှုတ်ထွက်ကြရန် အကယ်၍ နှုတ်ထွက်ခြင်းမရှိဘဲ စစ်ကောင်စီယန္တရား လည်ပတ်ရေးအတွက် ဆက်လက်ပါဝင်ပူးပေါင်းနေပါက ပြည်သူ့သစ္စာဖောက်အဖြစ်သတ်မှတ်ပြီး တွေ့သည့်နေရာတွင် ရှင်းလင်းအရေးယူသွားမည်ဟု CDF-Kanpetlet ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#FactCheck ဒီသတင်းအမှားကို Sakura Flower နဲ့ Golden Eyes ဆိုတဲ့ အကောင့်ကနေပြီး “AA လက်နက်ကိုင်အဖွဲ့အတွင်း အထက်အောက်ဖိနှိပ်အာဏာပြခံရခြင်း၊ မိဘများနှင့် ဆက်သွယ်ခွင့်မပေးခြင်း စသည့် လူ့အခွင့်အရေးဆုံးရှုံးမှုများရှိနေတာကြောင့် အစိုးရစစ်တပ်နှင့် ရခိုင်ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့ (ALP) သို့ အလင်းဝင်လာမှု အများအပြားရှိနေပါတယ်။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဆက်လက်ပြီး သတင်းအမှားမှာဖော်ပြထားတာက “မိုင်တိုင် ၄၀ တိုက်ပွဲ နောက်ပိုင်း AA ဘက်မှ အလင်းဝင်သူ ၄၀ ကျော်နေပြီဖြစ်ပြီး ALP အဖွဲ့သို နယ်စပ်မှတဆင့်အလင်းဝင်သူ ၆ ဦးရှိလာတာ တွေ့ရပါတယ်။” လို့ရေးသားထားတာဖြစ်ပါတယ်။ တိုက်ပွဲများပြင်းထန်နေချိန် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အရာရှိ၊ စစ်သည် ၁၀ ဦးထက်မနည်း ရက္ခိုင့်တပ်တော် (AA) ဘက်ကို အလင်းဝင်ရောက်လာတယ်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက စက်တင်ဘာ ၁၉ ရက် တွင်ပြုလုပ်ခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ငါးကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားပါတယ်။ “ပလက်ဝမြို့နယ်ထဲက မြန်မာစစ်တပ်စစ်ကြောင်းတွေကနေ လက်နက်တွေနဲ့ ကျနော်တို့ဆီကို ပူပေါင်းလာတဲ့ အရာရှိတွေ၊ စစ်သည်တွေကတော့ ၁၀ ယောက်ထက်မနည်းရှိပါတယ်။ နောက်လည်း တခြားမြို့နယ်တွေမှာလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေထဲက လက်နက်ယူပြီး ကျနော်တို့ဆီမှာ ပူးပေါင်းလာကြတာလည်းရှိပါတယ်” အလင်းဝင်လာတဲ့ စစ်သည် ၁၀ ဦးထက်မနည်းမှာ လက်နက်အပြည့်အစုံဖြင့်လာရောက်ခဲ့ခြင်းဖြစ်ပြီး တခြားမြို့နယ်များအတွင်းမှ စစ်ကောင်စီတပ်သားများလည်း ထွက်ပြေးလာနေကြောင်းသိရှိရပါတယ်။ ဒါအပြင် ရက္ခိုင့်တပ်တော် (AA) ထံအလင်းဝင်ရောက်ရန် ဆက်သွယ်လာတဲ့ စစ်ကောင်စီတပ်သားများ ရာဂဏန်းအထိရှိလာတယ်လို့ ဦးခိုင်သုခကပြောပါတယ်။ “အဲ့တာတွေက တိုက်ပွဲမဖြစ်ခင်ကလည်း ရှိခဲ့ပါတယ်။…
မြန်မာ့နိုင်ငံရေးအခြေနေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း ၁၁ ချက်ကို အိုင်ဇောလ်မြို့ ကောမီရှင်နာမင်းကြီး (Deputy Commissioner) က စက်တင်ဘာလ ၂၈ ရက်စွဲဖြင့် ထပ်မံထုတ်ပြန်လိုက်သည်။ အိုင်ဇောလ်မြို့ Deputy Commissioner မှ ထုတ်ပြန်ကြေညာလိုက်သော ယင်းစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များကို မြန်မာဘာသာဖြင့် ဆီလျှော်အောင် ပြန်ဆိုထားပါသည်။ ၁။ ရပ်ကွက် (သို့) ကျေးရွာအတွင်းသို့ ဝင်ရောက်လာသော စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ရပ်/ကျေးအဆင့်ဖွဲ့စည်း ထားသော စစ်ဘေးရှောင်ကော်မတီအဖွဲ့ထံ အကြောင်းကြားရမည်။ ရပ်/ကျေးအဆင့်စစ်ဘေးရှောင်ကော်မတီများနေဖြင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များဖြည့်သွင်းကာ နယ်မြေအရာရှိထံကြားနာပြီးနောက် ကော်မီရှင်နာမင်းကြီးရုံးသို့ အိုင်ဇောလ်မြို့တွင် စစ်ဘေးရှောင်အသိမှတ်ပြုကဒ် (identity Card) ပြုလုပ်ရမည်ဖြစ်သည်။ ၂။ အိုင်ဇောလ်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်စခန်း (Relief Camp) များတွင်နေထိုင်ကြမည့် မည်သူမဆို Deputy Commissioner ၏ ခွင့်ပြုချက် (သို့မဟုတ်) ၎င်း၏ ကိုယ်စားပြုတစ်ဦးဦးထံမှ ခွင့်ပြုချက်အရင်ရှိထားရမည်။ ၃။ မြန်မာစစ်ဘေးရှောင်များအနေဖြင့် တရားမဝင် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ မီဇိုရမ်ပြည်နယ်အတွင်း ပြဌာန်းထားသော ဥပဒေနှင့် ရပ်၊ရွာ စည်းမျည်းစည်းကမ်းများအား ဆန့်ကျင်ပြီး နေထိုင်ခြင်းမပြုရ။ ထို့အပြင် အိန္ဒိယ၏ ဥပဒေများကိုလည်း လိုက်နာရမည်ဖြစ်ပြီး မည်သူမျှမချိူးဖောက်ရ။ ၄။ မြန်မာစစ်ဘေးရှောင်များအနေဖြင့် မိမိတို့သဘောဆန္ဒဖြင့် ဆိုင်ခန်းများ၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရ။ တည်ဆဲဥပဒေများကို လိုက်နာရမည်။ ၅။ မြန်မာစ်စဘေးရှောင်များအနေဖြင့် (စစ်ဘေးရှောင်စခန်းတွင်နေထိုင်သူများသာ) အခြားနေရာများသို့ ပြောင်းရွှေ့နေထိုင်မည်ဆိုပါက စစ်ဘေးရှောင်စခန်း တာဝန်ရှိသူ (သို့မဟုတ်) ရပ်၊ကျေး စစ်ဘေးရှောင်ကော်မတီများထံ အကြောင်းကြားပြီး ထိုမှတဆင့် အိုင်ဇောလ်မြို့…
ဒီသတင်းအမှားကို Shwe Eain Thu ဆိုတဲ့အကောင့် ကနေပြီး “ပြီးခဲ့တဲ့ရက်တုန်းကလည်း ၃၈ ယောက်ဆိုပြီး သတင်းအမှားတွေနဲ့ လော်ကြတာ အလိမ်ပေါ်သွားတော့ အခု ၃ ယောက်ဆိုပြီး A ပိန်းတွေ ထပ်လုပ်ပြန်တယ်။ ဘာကြောင့် ဒီလိုသတင်းအမှားတွေ ဖြန့်နေလဲဆိုတာ ပြီးခဲ့တဲ့ ၂ ရက်က စုံစမ်းကြည့်လိုက်တော့ စကစတပ်သားတွေပြေးတာမဟုတ်ဘဲ AA ဓာတ်ခဲလေးတွေ မြေပြင်မှာ စားစရာမရှိ ငတ်ပြတ်နေတဲ့အပြင် တိုက်ပွဲတွေမှာ အကြီးစာမိပြီး ဆားပေါက် ဒဏ်ရာရတဲ့သူတွေကို ဆေးကုဖို့ကအစ ခက်ခဲနေတာကိုမြင်နေရတော့ စိတ်ဓာတ်ကျပြီး ထွက်ပြေးနေကြတယ်လို သိရတယ်။” “ဒါကို ကျန်တဲ့ ULA/AA နယ်မြေမှူးနဲ့အဖွဲတွေ ရှာဖွေဖမ်းဆီးပေးဖို A ပိန်းများက လိုင်းပေါ်ကနေ တစ်ဖက်လှည့်သတင်းဖြင့် သတင်းချပေးနေခြင်းသာဖြစ်တယ်လို AA ရဲ့ နယ်မြေစည်းရုံးရေးမှူး တစ်ဦးထံကနေ သိထားပါတယ်..။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဒီသတင်းအမှားနဲ့ပတ်သက်ပြီး ရှာဖွေကြည့်တဲ့အခါ ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်နေ့တွင် ကျောက်တော်မြို့ရှိ စစ်ကောင်စီတပ်ရင်းများမှ စစ်ကောင်စီတပ်သား ၃၈ ဦးခန့်ဟာ လက်နက်အပြည့်အစုံနဲ့၊ စက်တင်ဘာလ ၂၁ ရက်နေ့မှာတော့ ကျောက်ဖြူမြို့ရှိ စစ်ကောင်စီတပ်ရင်းမှ စစ်ကောင်စီတပ်သား နှစ်ဦး စုစုပေါင်း ၄၀ ဦးဟာ AA ထံကို အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံများထံက သိရသည်။ “ကျွန်တော်တို့ ကြားရတာကတော့ လက်နက်အပြည့်အစုံနဲ့ AA ထံ အလင်းဝင်သွား တယ်လို့သိရတယ်။ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေဘက်ကပေါ့။ လက်နက် အပြည့်အစုံနဲ့ ဝင်သွားတယ်လို့ သိရတယ်။ ဘယ်တပ်ရင်းကလည်း…
ရေး – Salai Vakok ချင်းပြည်နယ်၊ ဟားခါးမြို့၏ အသင်းတော်ပိုင်းတွင် တက်တက်ကြွကြွလှုပ်ရှားနေသည့် ချင်းလူငယ်၊ အမျိုးသမီးအဆိုတော် Mercy Ngun Tha Chin ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ‘အများပြည်သူ ထိတ်လန့်စေရန်’ နှင့် ‘ရပ်ရွာအေးချမ်းသာယာမှုပျက်ပြားစေရန်’ မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေခဲ့ပြီး PDF များကို ထောက်ပံ့သော စာသားများအား စစ်ဆေးတွေ့ရှိသောကြောင့်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။ Mercy Ngun ကို ဖမ်းဆီးခြင်းသည် ယခင်လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ကြံအမှုဆင် ဖန်တီးခြင်းသာဖြစ်နိုင်ပြီး ဟားခါးမြို့တွင် ယခုကဲ့သို့ အဖမ်းခံရသူ များစွာရှိသည်ဟု ဒေသခံများက ပြောသည်။ “မြို့ပေါ်မှာ အဲလိုမျိုးစွပ်စွဲပြီး ဖမ်းခံရသူတွေ တော်တော်များနေပြီ။ အခု (ဟားခါး) အကျဉ်းထောင်မှာ မိန်းကလေးကော၊ ယောကျာ်းလေးကော တော်တော်များတယ်။ အဖမ်းခံရတဲ့တော်တော်များများက ကျနော်သိသလာက်ဆိုရင် လုံးဝကို အဖမ်းမခံသင်တဲ့ သူတွေပေါ့နော်။ လုံးဝ မဟုတ်ဘဲနဲ့ အဖမ်းခံရတဲ့သူတွေ တော်တော်များတယ်” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။ ဟားခါးမြို့အကျဉ်းထောင်တွင် ဖမ်းဆီးခံရ၍ အမှုရင်ဆိုင်နေရသူ လက်ရှိ (၇၀) ခန့်ရှိနေပြီး အမျိုးသမီးငယ်များလည်း တရားစွဲခံရ၊ ထောင်ချခံထားရသည်။ စစ်အာဏာသိမ်းချိန်မှ လက်ရှိအချိန်အထိ ဟားခါးတွင် ပုဒ်မမျိုးစုံတပ်၍ မသင်္ကာမှုဖြင့် အဖမ်းခံရသူ ၄၀၀-၅၀၀ ခန့်ရှိခဲ့ပြီး အများစုမှာ မဟုတ်၊ မမှန်ဘဲ ဖမ်းဆီးသောကြောင့် ပြန်လွှတ်ရသည်။ ချင်းပြည်နယ်တွင် ဟားခါးမြို့သည် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းနှင့် ထောင်ချခြင်းကို အများဆုံးခံရသော မြို့ဖြစ်သည်။ ဟားခါးလူထုသည် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)…
ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့၏ အဝင်/အထွက်အားလုံးကို စစ်ကောင်စီက ပိတ်ပင်လိုက်ပြီး ဒေသခံပြည်သူများ ခရီးသွားလာခွင့်နှင့် ကုန်ပစ္စည်းသယ်ယူခွင့်ကိုလည်း တားမြစ်ထားသည်ဟု သိရသည်။ မတူပီမြို့တွင် ယခင်က ဒေသခံပြည်သူများခရီးသွားလိုပါက အထွေထွေအုပ်ချုပ်ရေးမှူးထောက်ခံစာဖြင့် ခရီးသွားလာခွင့်ရှိသော်လည်း မကြာသေးခင်ရက်ပိုင်းကစ၍ ထောက်ခံစာဖြင့်လည်း ခရီးသွားလာခွင့်မပြုတော့ကြောင်း မတူပီမြို့မှ ဒေသခံတစ်ဦးက ပြောသည်။ “အဝင်ထွက်သွားလာလို့လုံးဝမရဘူး၊ နှစ်လလောက်ပိတ်မယ်လို့ကြားတယ်၊ မင်းတပ်လမ်းဖက်ဆိုရင် သူတို့တွေက တောထဲတွေမှာ အလံနီတွေအကုန်စိုက်ထားတယ် အရင်ကမရှိဘူး အခုတလော ပဲစိုက်ထားတာ၊ အဲ့တာကိုကျော်ရင် ပစ်မိန့်ပေးထားတယ်လို့ကြားတယ်၊ အခုတလော ဘယ်သူမှ မြို့ပြင်ဖက်မထွက်တာ၊ သွားလာချင်တဲ့သူတွေကိုလည်း သူတို့ ထောက်ခံစာလုံးဝမပေးဘူး။” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့သည် မတူပီမြို့ အဝင်အထွက်လမ်းမကြီး ၃ ခုဖြစ်သည့် မတူပီ-မင်းတပ်၊ မတူပီ-ဟားခါးနှင့် မတူပီ-ပလက်ဝမြို့သို့ ဆက်သွယ် သောကားလမ်းမကြီးများကို မြို့အဝင်အထွက်တွင် စစ်ရေးဂိတ်များထားရှိကာ မည်သူမျှ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း သိရသည်။ မတူပီမြို့သည် ချင်းပြည်နယ်တောင်ပိုင်းတွင် အချက်အချာကျသည့်မြို့တစ်မြို့ဖြစ်ပြီး စစ်ကောင်စီ၏ စစ်ဗျူဟာအခြေစိုက်ရာမြို့ဖြစ်သလို စစ်ကောင်စီတပ်ရင်း ၂ ခု အခြေစိုက်ထားသည့်မြို့ဖြစ်သည်။ နှစ်လခန့်တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တည်ငြိမ်ခဲ့သော်လည်း ယခုစက်တင်ဘာလလယ်ပိုင်းကစ၍ CDF-Matupi တပ်ဖွဲ့နှင့် ထိတွေ့မှုများပြန်လည်ဖြစ်ပွားလာခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ယခုကဲ့သို့ မတူပီမြို့အဝင်အထွက်အားလုံးကို ပိတ်ပင်ကာ ခရီးသွားလာခွင့်၊ ကုန်ပစ္စည်းများ သယ်ယူခွင့်ပိတ်ပင်မှုပြုလုပ်ရသည့်အကြောင်းရင်းအားမသိရသော်လည်း စက်တင်ဘာလ ၁၉ ရက်နေ့ကစ၍ CDF-Matupi တပ်ဖွဲ့နှင့် မြို့အနီးတိုက်ပွဲပြန်လည်ဖြစ်ပွားလာခြင်းကြောင့်ဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ ယခုကဲ့သို့ မတူပီမြို့၏ အဝင်/အထွက်အားလုံးပိတ်ပင်ကာ ခရီးသွားလာခွင့်နှင့် မည်သည့်ကုန်ပစ္စည်းမှ သယ်ယူခွင့်ကို ရက်ရှည်လများပိတ်ပင်မည်ဆိုပါက ဒေသခံပြည်သူများအတွက် အခက်ကြုံလာနိုင်သည်ဟု မတူပီမြို့ဒေသခံတစ်ဦးက ပြောသည်။ “ပြည်သူတွေအတွက်ကတော့ အခုတလော လမ်းတွေပိတ်တယ်ဆိုတော့…
ဟားခါးမြို့ ဆောက်လုပ်ရေးရိပ်သာ မီးလောင်မှုနှင့်ပတ်သက်၍ ဖိအားပေးခံနေရသောကြောင့် ချင်းပြည်နယ် လမ်းဦးစီးဌာန ရုံးတာဝန်ခံ ညွှန်ကြားရေးမှူး ဦးထာပဲန်းနှင့် ဇနီးသည်တို့သည် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ “သူက CDM မလုပ်ဘူးပေါ့နော်၊ ဒါပေမဲ့ ဟိုတခေါက် မီးလောင်တဲ့ကိစ္စမှာ သူက တာဝန်ရှိပုဂ္ဂိုလ်ကိုး၊ ဆိုတော့ အစိုးရဘက်ကနေလည်း ဖိအားပေးမှု တေရှိတာပေါ့။ ဟိုတစ်ခေါက်ကဆို တရားရုံးထိသွားရတယ် မေးမြန်းခံရတယ်ပေါ့။ သူတို့ကလည်း အဲဒီဒါဏ်ကို မခံနိုင်လို့ဖြစ်မှာပေါ့နော်။ သူတို့ကတော့ အဲကွာတာမီးလောင်ပြီး တစ်ပတ်ကျော်လောက်မှာ ထွက်ပေးကြတာဖြစ်တယ်” ဟု ဟားခါးဒေသခံတစ်ဦးက ပြောသည်။ ဦးထာပဲန်သည် လွန်ခဲ့သော ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၂ နာရီခွဲအချိန် ဟားခါးမြို့ ပြည်နယ်လမ်းဦးစီးဌာန ဝင်းအတွင်းရှိ ဧည့်ရိပ်သာ မီးလောင်ကျွမ်းခဲ့မှု၊ ဟားခါးခရိုင် လမ်းဦးစီးဌာနမှ AD နှစ်ဦး၊ AE တစ်ဦးနှင့်အတူ အခြားလုပ်သား (၈) ဦး စုစုပေါင်း ဌာနမှ ဝန်ထမ်း ၁၁ ဦး ပျောက်ဆုံးမှုများအတွက် ဟားခါးရဲစခန်းတွင် အမှုဖွင့်ခံထားရကြောင်း သိရသည်။ ထို့ကဲ့သို့ အခြေအနေများကြောင့် ဦးထာပဲန်တို့နှင့် ဇနီးသည်တို့သည် လွန်ခဲ့သည့် ၃ ပတ်ခန့်ကတည်းက ဟားခါမြို့မှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါပျောက်ဆုံးသွားသည့် ၁၁ ဦးမှာ စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့သော ဟားခါးနှင့် ထန်တလန်ကြား သီမစ်တံတား တည်ဆောက်မည့်သူများဖြစ်ကြပြီး သြဂုတ်လ ၃၁ ရက်နေ့ မီးလောင်မှုဖြစ်ပွားပြီးနောက် ပျောက်ဆုံးသွားခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးသွားခြင်း ဟုတ်/မဟုတ်ဆိုသည်ကိုမူ မသိရပေ။ လက်ရှိတွင် ပျောက်ဆုံးနေသော…
ဒီသတင်းအမှားကို Yandar Maung ဆိုတဲ့ Facebook အကောင့်ကနေ “မကွေးတိုင်း၊ ပေါက်မြို့နယ် ကြက်ဆူအိုင့်ရွာကို မြိုင်ပဒက်များ မီးရှို့ထွက်ပြေးနေလို့ စစ်ကြောင်းမှ လိုက်လံရှင်းလင်းနေ” ဆိုပြိးရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဒီသတင်းဖြစ်စဉ်နဲ့ပတ်သက်ပြီးရှာဖွေစီစစ်ကြည့်လိုက်တဲ့အခါမှာတော့ မြိုင်မြို့နယ်မှ ပြည်သူ့ ကာကွယ်ရေးတပ်- ပြန်ကြားရေးတဦးက “အဲဒီစစ်ကြောင်းကပဲ တဖွဲ့က သရက်ကန်ရေနံမြေ ရဲစခန်းထဲမှာ ဆေးကုနေတယ်။ နောက်တဖွဲ့က မြိုင်နယ်စပ်နဲ့ ပေါက်နယ်စပ်အဆုံး ဖြစ်တဲ့ ရေနံမှော်ဘက်ဖြစ်တဲ့ ကြက် ဆူအိုင့် ရွာဘုန်းကြီးကျောင်းထဲမှာ တပ်စွဲပြီး ဒီမနက်မှာ ရွာထဲက ပြည်သူပိုင် ရေနံတွင်းတွေနဲ့ အိမ်တွေကို မီးရှို့ ဖျက် ဆီးနေတယ်။ အခုထိ လောင်နေတုန်း။ ဒီမနက်မှာ တိုက်ပွဲဖြစ်တာ မရှိဘဲ ဝင်ပြီး မီးရှို့တာ။ အိမ် ခြေကတော့ ရာနဲ့ချီ ရှိတယ်ဗျ” ဧရာဝတီသတင်းဌာနမှာရေးသားဖော်ပြထားပါတယ်။ Link>>> https://www.facebook.com/theirrawaddyburmese/posts/pfbid02Y9FFBBNyBKQstXbxm4ZZ1dFdMm16vsY1v67jwmKgGmWByvynFkGxZFAUEiptDHFsl နောက်ထပ် Khithit Media မှာလည်း “အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြိုင်မြို့နယ် အနောက်ပိုင်းမှ ပေါက်နယ်စပ်ကို စက်တင်ဘာလ ၂၅ ရက်နေ့ ညပိုင်းက ရောက်ရှိလာပြီး ယနေ့ နံနက် ၇ နာရီခန့်တွင် ကြက်ဆူအိုင့်ရွာကို ဝင်ရောက်စီးနင်း မီးရှို့နေခြင်း ဖြစ်ကြောင်း သိရသည်။ ” မနေ့ညက မြိုင်နယ်အနောက်ပိုင်း ပေါက်နယ်စပ်က ပေါက်မြို့နယ် ကြက်ဆူအိုင့်ရွာမှာ ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ယနေ့မနက် 7:00 လောက်မှာ ကြက်ဆူအိုင့်ရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။ အိမ်ခြေကတော့ အရင်က နှစ်ရာလောက်ရှိတယ်။ အဲ့ဒီရွာက ပေါက်နယ်နဲ့ မြိုင်နယ်အစပ်မှာ ရှိတာပါရွာပတ်လည်မှာ…
အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း တမူးမြို့အဝင်တွင် ယနေ့မနက်ပိင်း ၈ နာရီခန့်က စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က အနီးနားပတ်ဝန်း ကျင်တွင်ရှိသော လူနေအိမ်များကို မီးရှို့ခဲ့သည်ဟု သိရသည်။ တမူးမြို့ခံတစ်ဦးက “ဒီနေ့မနက် မြို့ပြင်မှာ တိုက်ပွဲဖြစ်ကြတာ မိနစ် ၂၀ ဆယ်လောက်ကြာတယ်၊ အဲ့နောက် တော့ စစ်သားတွေက GL. ထန်ဘွဲ့အိမ်နဲ့ သူ့အိမ်ရှေ့က ဈေးရောင်းတဲ့အမျိုးုသမီးအိမ်လည်း မီးရှို့သွားကြတယ်” ဟု ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့မှ အင်အားအလုံးအရင်းဖြင့် နန်မြင်ဟန်တံတားမှ သုံးမိုင်ဂိတ်အထိ တပ်အင်အားဖြန့်ထားမှုများရှိသည့်အပြင် ထိတွေ့တိုက်ပွဲများဖြစ်ပွားချိန်ဖြတ်သန်းသွားလာမှုများ မြင်တွေ့ရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ ပြည်သူများအား လူသားဒိုင်းကာအဖြစ် အသုံးချလာနိုင်၍ လတ်တလော တမူး-ကလေး ကားလမ်းများကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် ကာကွယ်ရေးတပ်ဖွဲ့ဘက်က မေတ္တာရပ်ခံထားကြောင်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့ကလည်း တမူးမြို့ မြို့သစ်ခရိုင်၊ အောင်ဇေယျကျေးရွာဖက်မှ စစ်ကြောင်းထိုး လာသော စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက နှစ်ကြိမ်တိုင်တိုင်ခြုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ ဦးနှင့်အထက် သေဆုံးခဲ့သည့်အပြင် အများအပြားဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း PDF-CEU Tamu မှ ထုတ်ပြန်ထားသည်။ စက်တင်ဘာလ ၁၉ ရက်နေ့တွင်လည်း တမူးမြို့ဖက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များသည် တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေးရွာရှိ လူနေအိမ် ၄ အိမ်၊ နန်မွမ်းတားရွာ ၃ အိမ်၊ ခွမ်းမွမ်းနွမ်း ၂ အိမ်တို့ကို မီးရှို့ခဲ့သည်။
