ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ အခြေစိုက် ခလရ (၁၄၀) မှ ဗိုလ်မှုးသန်းနိုင်ဝင်းအသတ်ခံရမှုနှင့်ပတ်သက်၍ စစ် ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် ပြည်သူ ၆ ဦးအနက် ၂ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဟုသိရသည်။ မတူပီမြို့အတွင်းရှိ တပ်တွင်း CDM ပြုလုပ်လိုသူများနှင့် မတူပီမြို့နယ်အတွင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို အထူးစောင့်ကြည့်ထုတ်ဖော်နေသည့် ဗိုမှူးသန်းနိုင်ဝင်းကို ဇူလိုင်လ ၁၅ ရက်နေ့က CDF-Matupi တပ်ဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အခင်းဖြစ်ပွားသည့် အနီးနာတွင်နေထိုင်သော ဒေသခံရွာသား ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံက ပြောသည်။ “သန်းနိုင်ဝင်းရဲ့ အသတ်ခံတဲ့အနီးအနားမှာရှိတဲ့ လူပဲဖမ်းတယ်။ အဓိက မင်္သကာလို့ဖမ်းတာပေါ့။ သူတို့ ၆ ဦးအနက်မှာ နှစ်ဦးကတော့မေးမြန်းပြီးတော့ ပြန်လွတ်လာတယ်လို့ပြောတယ်။ အခုလေးဦးကတော့ မလွတ်သေးဘူး သူတို့ကိုအခု လောလောဆယ် တပ်တွင်းမှာထားတယ်လို့ သတင်းရထားတယ်။ ပြီးတော့ နောက်ဆက်တွဲ အခု သူတို့နဲ့ပက်သက်လာတဲ့ လူတွေလည်း စစ်တပ်က စုံစမ်းနေတုန်း။” ဟု CDF- Matupi မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ စစ်ဗျူဟာထောက်လှန်းရေးတစ်ဦးလည်းဖြစ်သော ဗိုလ်မှူးသန်းနိုင်ဝင်း၏ သတင်းပေးမှုကြောင့် CDM ပြုလုပ်ရန်ကြံစည်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၇) ဦး သတ်ဖြတ်ခံရပြီး (၄) ဦးထောင်သွင်းအကျဉ်းချခံရသည့်အပြင် ဇွန်လ ၂၅ ရက်နေ့က မတူပီမြို့နေ အမျိုးသမီးတစ်ဦးကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့ဖူးသူလည်းဖြစ်သည်ဟု CDF-Matupi က ထုတ်ပြန်ထားသည်။ ထို့ကြောင့် CDF-Matupi တပ်ဖွဲ့က ဗိုလ်မှူးသန်းနိုင်ဝင်းကို မတူပီမြို့အပြင်ဘက်ကို မျှားခေါ်ခဲ့ပြီးနောက် ဇူလိုင် ၁၅…
Author: Editor
ချင်းပြည်နယ်၊ ဖလမ်း-ဟားခါးကြား ကားလမ်းမပေါ်မှာတည်ရှိသော ချွန်ကျုံးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ၂ ရက် ဆက်တိုက်မီးရှို့ခဲ့ပြီး အိမ်ခြေ ၁၅ လုံးကျော်လောင်ကျွမ်းပျက်စီးခဲ့သည်ဟု သိရသည်။ ဖလမ်းမြို့မှ ဇူလိုင် ၇ နေ့ကထွက်ခွါလာသော စစ်ယာဉ်တန်း ၂၇ စီးပါ စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင်လ ၁၄ ရက်နေ့ညနေ ပိုင်းတွင် ဟားခါးမြို့နှင့် ၁၀ မိုင်ကျော်ကျော်ခန့်ဝေးသော ချွန်ကျုံးကျေးရွာသို့ရောက်ရှိခဲ့ပြီးနောက် လူနေအိမ် ၄ လုံးမီးရှှိုကာ ယနေ့တွင် လူနေအိမ် ၁၀ လုံးကျော်ထပ်မံမီးရှိုခဲ့သည်ဟု CDF-Hakha မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ချွန်ကျုံးရွာမှာ ၃ နေရာလောက်ရှို့တာ ကျွန်တော်တို့သိတာက ၁၅ အိမ်လောက်ပါသွားပြီး။ မီးကလောင် နေတုန်းပဲ ထပ်ရှို့နေတုန်းပဲ သူတို့က တိုက်ပွဲဖြစ်လို့၊ စစ်ကြောင်းထိုးရင်လည်း မီးရှို့တာပဲ။ အခုလည်း စစ်ကောင်စီတပ်တွေက ရွာထဲမှာရှိနေတုန်း ” ဟု CDF-Hakha မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ချွန်ကျုံးကျေးရွာအတွင်း လူနေအိမ်များမီးလောင်ကျွမ်းနေသည်ကို အဝေးကနေလှမ်းမြင်နေရပြီး လောင်ကျွမ်းပျက်စီးမှု သည် ယခုထက်ပိုများနိုင်သည်ဟုလည်း သူကဆက်ပြောသည်။ ယမန်နေ့ ဇူလိုင်လ ၁၄ ရက်ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့သည် ဒုတ်ထက် နှင့် ချွန်ကျုံးကျေးရွာအကြားတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြပြီးနောက် ညပိုင်းတွင်ချွန်ကျုံးကျေးရွာသို့ဝင်ရောက်ကာ မီးရှို့ခဲ့ကြ ခြင်းဖြစ်သည်။ ဒုတ်ထက်နှင့် ချွန်ကျူံးကျေးရွာအကြားတိုက်ပွဲတွင် CDF-Hakha တပ်ဖွဲ့မှ ရဲဘော် ဆလိုင်းဗျက်နှင်းကျဆုံးခဲ့သည်ဟု သိရသည်။ အင်အား ၂၀၀ ခန့်ပါဝင်ပြီး စစ်ကား ၂၇ စီးဖြင့် ဟားခါးမြို့ဘက်သို့ချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ချင်းအမျိုးသားတပ်မတော် (CNA)…
ကလေးမြို့ အနောက်ဘက် တာဟန်းရပ်ကွက် ဝယ်စလီဆေးရုံလမ်းကြားတွင် ယနေ့ ဇူလိုင် ၁၅ ရက် နေ့လည် ၁၂ နာရီကျော်ကျော်ခန့်ကစပြီး ပစ်ခတ်မှုများ ဖြစ်ပွားနေသည်ဟု သိရသည်။ ဝယ်စလီဆေးရုံလမ်းကြားသည် စစ်ကောင်စီတပ်ဖွဲ့များ ကင်းစောင့်စခန်းချသည့်နေရာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများထံမှ သိရသည်။ ယခုလက်ရှိတွင် တာဟန်းရပ်ကွက်နေ ပြည်သူများသည် အိမ်တခါးများပိတ်ထားကာ အိမ်ထဲတွင် ပုန်းအောင်းနေကြရသည်ဟု သိရသည်။ ယမန်နေ့ညကလည်း တာဟန်းရပ်ကွက်တွင် တစ်နာရီကျော်ကြာ ပစ်ခတ်မှုဖြစ်ပွားကာ လက်နက်ကြီးအနည်းဆုံး ၅ ကြိမ်ခန့် ကျရောက်ပေါက်ကွဲပြီး နေအိမ်တချိူ့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မိုင်းနင်းမိ၍ ခြေထောက်နှင့် မျက်စီ ၂ လုံးအပါအဝင် တကိုယ်လုံးဒဏ်ရာရရှိ ကာ စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေရသော စစ်ဘေးရှောင်ဒေါ်ဝင်းခင်သည် အကူအညီလိုအပ်နေသည်ဟု သိရသည်။ ပလက်ဝမြို့၊ မြို့မရပ်ကွက် ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် အသက် (၄၂) နှစ်အရွယ် ဒေါ်ဝင်းခင်သည် ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က မြို့အနီးရုပ်ချောင်းထဲတွင် ဟင်းရှာထွက်စဉ် မိုင်းနင်းမိ၍ ပေါက်ကွဲကာ မျက်စီ ၂ လုံး၊ ယာခြေထောက်ပြတ်သွားသည့်အပြင် တကိုယ်လုံ းဒဏ်ရာရရှိခဲ့သည်။ ပလက်ဝမြို့ဆေးရုံတွင် ၂ ရက်ဆေးကုသမှုခံယူပြီးနောက် ဇွန်လ ၂၂ ရက်နေ့တွင် စစ်တွေမြို့သို့ပို့ဆောင်ကာ ယနေ့ချိန်ထိဆေးဝါးကုသမှုခံယူလျှက်ရှိပြီး အကူအညီလိုအပ်နေသည်။ ဒေါ်ဝင်းခင်တို့မိသားစုသည် ပလက်ဝမြို့နယ် သကာချောင်းကျးရွာကဖြစ်ကြပြီး ၂၀၂၀ ခုနှစ်-ဧပြီလဝန်းကျင်ခ န့်က ပလက်ဝမြို့ပေါ် စစ်ဘေးရှောင်စခန်းသို့ တိမ်းရှောင်လာခဲ့ကြကာ လင်ယောကျာ်းမရှိတော့ပဲ ကလေး (၅) ဦးကို ပြုစုပေးနေသေ ာမိခင်ဖြစ်သည်ဟု သိရသည်။ ဆေးဝါးကုသရန် ငွေကြေးအကူအညီလိုအပ်လျှက်ရှိကြောင်းနှင့် အကူအညီပေးလိုသူများ ဆက်သွယ်လိုလျှင် ဖုန်း- 09420576056ကို ဆက်သွယ်ပေးနိုင်ကြောင်း သိရပါတယ်။
ရေး – Salai Vakok ချင်းတောင်ခြေရှိ ရွာကလေးတွင် ထင်းရှုး၊ သစ်အယ်ပင်တွေ ဝန်းရံထားသော အထက်တန်းကျောင်းခွဲတစ်ခုသည် အလယ်တန်းအဆင့်အထိသာ ကျောင်းသား/သူ ရာချီကို ပညာသင်ကြားနေရသည်။ စစ်အာဏာမသိမ်းခင်က အဖြူ၊ အစိမ်းဝတ်ဖြင့် စာသင်ကြားရသော အသက် (၄၀) အရွယ် ဆရာမ နှင်းပန်းအိမ် (အမည်လွှဲ) သည် CDM ပြုလုပ်ပြီးနောက် စစ်ရှောင်ထွက်ရင်း ပြည်သူ့ကျောင်းမှာ စာသင်တာ ၂ နှစ်ရှိပါပြီ။ ဆရာမတို့ကျောင်းက ချင်းပြည်နယ်၊ မင်းတပ်-CDF ၏ လွတ်မြောက်နယ်မြေမှ ပြည်သူ့ကျောင်းအဖြစ်၊ ဖွင့်လှစ်သင်ကြားမှု တစ်လကျော်ပြီးဖြစ်သော ကျောင်းများထဲက တစ်ကျောင်းပါ။ ဆရာမနှင်းပန်းအိမ်အပါအဝင် ထိုကျောင်းက ဆရာ/ဆရာမတို့မှာ ကလေးတွေကို ပညာသင်ကြားပေးနေသော်လည်း CDM ပြုလုပ်ပြီး ၂ နှစ်ရှိလာချိန်အထိ ထောက်ပံ့ငွေနှင့် ထောက်ပံ့မှုပစ္စည်းများ လုံးဝနီးပါး မရရှိပါ။ စစ်ကောင်စီဖွင့်သော ကျောင်းတွင် အခမဲ့ပညာရေးဖြစ်သောကြောင့် ခဲတံ၊ ဗလာစာအုပ်၊ ပုံနှိပ်စာအုပ် စသည်တို့ကို ရရှိနိုင်သော်လည်း ပြည်သူ့ကျောင်းအဖြစ် ဖော်ဆောင်ရသောအခါ ကိုယ်ထူကိုယ်ထဝယ်ရ၍ ထောက်ပံ့ငွေ မရရှိသောကြောင့် လွန်စွာအခက်အခဲဖြစ်ရသည်။ “အခြေအနေကတော့ မိုးနဲ့မြေလိုပါပဲ။ ကျမတို့လည်း ဘာမှမရတော့ဘူး။ ကလေးတွေလည်း ဘာတစ်ခုမှ မရတော့ဘူး” ဟု ဆရာမ နှင်းပန်းအိမ်က ဆိုသည်။ ဆရာမ နှင်းပန်းအိမ်တို့ ရွာကျောင်းတွင် မူလတန်းမှ အလယ်တန်းအထိ ကျောင်းသူ/သား ၂၀၀ ခန့်ရှိပြီး CDM ပညာရေးဝန်ထမ်း ၅ ဦးနှင့် ၁၀ တန်းအောင်/ ၁၀ တန်းကျထားသော၊ စိတ်အားထက်သန်လှသော လုပ်အားပေးဆရာမ ၁၄ ဦးတို့ဖြင့်…
မတူပီမြို့အခြေစိုက် ခလရ (၁၄၀) မှ ဗိုလ်မှူးသန်းနိုင်ဝင်းကို ဇူလိုင် ၁၅ ရက်နေ့က ရှင်းလင်းသုတ်သင်ခဲ့သည်ဟု CDF-Matupi တပ်ဖွဲ့ ယနေ့ထုတ်ပြန်သည်။ ဗိုလ်မှူးသန်းနိုင်ဝင်းသည် မတူပီမြို့အခြေစိုက် စစ်ဗျူဟာ ထောက်လှန်းရေးတစ်ဦးဖြစ်ပြီး တပ်တွင်း CDM ပြုလုပ်လိုသူများနှင့် မတူပီမြို့နယ်အတွင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို အထူးစောင့်ကြည့် ထုတ်ဖော်နေသူဟု သိရသည်။ ဗိုလ်မှူးသန်းနိုင်ဝင်း၏ သတင်းပေးမှုကြောင့် CDM ပြုလုပ်ရန် ကြံစည်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၇) ဦး သတ်ဖြတ်ခံရပြီး (၄) ဦး ထောင်သွင်းအကျဉ်းချခံရသည့်အပြင် ဇွန်လ ၂၅ ရက်နေ့က မတူပီမြို့နေ အမျိုးသမီးတစ်ဦးကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့ဖူးသူလည်းဖြစ်သည်ဟု CDF-Matupi က ထုတ်ပြန်ထားသည်။
ချင်းပြည်နယ် ရိခေါဒရ်မြို့ အမှတ် ၂ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးကတဆင့် မီဇိုရမ်ပြည်နယ်ကို ဝင်ရောက်မည့် မြန်မာဘက်က ကုန်ပစ္စည်းများအားလုံးကို ကျန်ဖိုင်းခရိုင် မော်တော်ယာဉ်များအသင်းက ဇူလိုင်လ ဒုတိယပတ်ကစ၍ ပိတ်ပင်ထားမြစ်ထားသည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသည့် မြန်မာကုန်ပစ္စည်းများအနက် ကွမ်းသီးခြောက်တစ်ခုတည်းကိုသာ တရားမဝင်ပစ္စည်းအနေဖြင့်သတ်မှတ်ကာ မီဇိုရမ်အစိုးရက ပိတ်ပင်ထားဆီးထားသည့်အပေါ် ကျန်ဖိုင်းခရိုင် မော်တော်ယာဉ်များအသင်းက မကျေနပ်သည့်အတွက် ယခုကဲ့သို့ နယ်စပ်ကတဆင့် ဝင်လာမည့် မြန်မာကုန်ပစ္စည်းများအားလုံးကို ဇူလိုင် ၁၃ ရက်နေ့ကစ၍ ပိတ်ပင်ထားမြစ်လိုက်ကြခြင်းဖြစ်သည်။ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေး ချင်းပြည်နယ် ရိခေါဒါရ်မြို့ဒေသခံတစ်ဦးက “ဘာမှတင်ပို့လို့မရဘူး ဘယ်ကုန်ပစ္စည်းမဆို သရက်သီး၊ ကွမ်းရွက်ကအစ ဘာမှသယ်လို့မရဘူး ခရီးစောင်အိတ်ပါ အကုန်စစ်တယ်၊ ကုန်စမ်းပါမကျန်အောင်အ ကုန်ပိတ်တော့ အတော်လေး ဒုက္ခဖြစ်နေကြတယ်” ဟု ပြောသည်။ အိန္ဒိယ-မြန်မာနယ်စပ်ကတင့် မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်သည့်ကုန်ပစ္စည်းအားလုံးနီးပါးသည် တရားဝင်နည်းလမ်းဖြင့် ဝင်ရောက်လာခြင်းမဟုတ်ဘဲ ယင်းကုန်ပစ္စည်းများအနက် ကွမ်းသီးခြောက်ကိုသာ ဖမ်းဆီးအရေးယူမှုပြုလုပ်ခြင်းသည် တရားမျှတမှုမရှိသည့်အပြင် ကျန်ဖိုင်းခရိုင်အတွင်းရှိ ပြည်သူများအား ခွဲခြားဖိနှိပ်မှုတစ်ခုဖြစ်သည်ဟု ကျန်ဖိုင်းခရိုင် မော်တော်ယာဉ်များအသင်းက ဆိုသည်။ ကျန်ဖိုင်းခရိုင်သည် အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်နှင့်ထိစပ်နေသော ဒေသဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးမှတဆင့် မီဇိုရမ်ပြည်နယ် မြို့နယ်အသီးသီးသို့ ပို့ဆောင်မည့် မြန်မာကုန်ပစ္စည်းများအားလုံးသည် ကျန်ဖိုင်းမြို့ကို ဖြတ်သန်းသွားလာကြရသည်။ ယခုလက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် ကျန်ဖိုင်းမြို့သို့သွားသည့် Melbuk နှင့် Mualkawi ကျေးရွာတွင် စစ်ဆေးရေးဂိတ်များထားရှိကြသည့်အပြင် ကျန်ဖိုင်းမြို့ အထွက်တွင်လည်း စစ်ဆေးရေးဂိတ်ထားရှိကာ ကျန်ဖိုင်းမြို့ကို ဝင်လာမည့် ကုန်ပစ္စည်းနှင့် ကျန်ဖိုင်းမြို့မှ ထွက်ခွါမည့် မြန်မာကုန်ပစ္စည်းအားလုံးကို ပိတ်ပင်ထားကြသည်။ ကျန်ဖိုင်းခရိုင် မော်တော်ယာဉ်များအသင်းအနေဖြင့် ကွမ်းသီးခြောက်များအား လွတ်လပ်စွာသယ်ယူခွင့်ပြုရန် မီဇိုရမ်အစိုးရကို တောင်းဆိုထားကြပြီး ၎င်းတို့၏…
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းဒေသတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး ဇူလိုင် ၁၁ ရက်မှ ၁၃ ရက်နေ့အထိ ၃ ရက်တာတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်က အယောက် ၅၀ နီးပါး သေဆုံးသည်ဟု PDF-Kalay တပ်ဖွဲ့က ထုတ်ပြန်သည်။ ကလေးမြို့နယ်တောင်ပိုင်း ရန်ကြီးအောင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့အင်အား ၂၀၀ ခန့်သည် ဇူလိုင်လ ၁၁ ရက်နေ့က ကလေး-နတ်ချောင်း-ဖလမ်း ကားလမ်းမပေါ်ရှိ ဟားခါးလေးကျေးရွာဘက်သို့ ဝင်ရောက်လာစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြသည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၃ ဦးခန့် သေဆုံးခဲ့သည်။ ထို့နောက် ဇူလိုင် ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးလေးကျေးရွာမှ မြောက်ဘက်သို့ရွေ့လျားလာခဲ့ရာ အင်းစိန်ရွာသစ်နှင့် စည်သာရွာအကြားတွင် ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က ၅ ဦးခန့် ထပ်မံသေဆုံးခဲ့ကြောင်း PDF-Kalay က ထုတ်ပြန်သည်။ အင်းစိန်ရွာသစ် အနီးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် လယ်တောထဲတွင်နေထိုင်သည့် ကလေးငယ်တစ်ဦးလည်း လက်နက်ကြီးဗုံးဆံထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင် ၁၂ ရက်ညက စည်သာကျေးရွာတွင် ညအိပ်ခဲ့ကြပြီးနောက် ဇူလိုင် ၁၃ ရက်နေ့တွင် စည်သာရွာမှ မြောက်ဘက်သို့ ဦးတည်လာရာ သာယာကုန်းကျေးရွာအနီးတွင် ပူးပေါင်းတပ်ဖွဲ့များက ထပ်မံ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်က အများအပြားကျဆုံးခဲ့သည်ဟု PDF-Kalay တပ်ဖွဲ့ကဆိုသည်။ PDF-Kalay တာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီဖက်က မနေ့က တရက်ထဲကို (၄၂) ယောက်ကျတယ်။ ပထမရက်တိုက်ပွဲမှာ ၂/၃ ယောက်၊ ဒုတိယနေ့မှာလည် ၃…
ချင်းပြည်နယ် ကန်ပက်လက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Kanpetlet တပ်ဖွဲ့တို့ ဇူလိုင်လ ၁၂ ရက်နေ့က တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ အဆိုပါတိုက်ပွဲမှာ ယမန်နေ့ မနက် ၁၁ နာရီမှ နေ့လယ် ၂ နာရီအထိ တရက်တည်းတွင် နှစ်ကြိမ်တိုက်ပွဲဖြစ်ပွားကာ CDF-Kanpetlet ဖက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း CDF-Kanpetlet မှ သတင်းထုတ်ပြန်ထားသည်။ ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ကန်ပက်လက်မြို့ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် ၃ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း CDF-Kanpetlet က ဆိုသည်။ ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့က ကန်ပက်လက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို CDF-Kanpetlet မှ သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် PDF-Zoland ၏ သတိပေးစာကို အသံချဲ့စက်ဖြင့် လိုက်လံကြေညာပေးခဲ့သော လူမှုရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုအင်ခတ်မွန်ကို ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခံရပြီး လက်ရှိတွင် အမှုစစ်ဆေး ရင်ဆိုင်နေရသည်ဟု သိရသည်။ “သူကိုတော့ မနေ့ကအမှုစစ်တယ်။ အမိန့်တော့ မချသေးဘူး။ အမှုစစ်တဲ့ကာလဖြစ်သေးတယ်။ သူက ရဲစခန်းအချုပ်ထဲမှာပဲ။ ဒီဖက်ကတော့တတ်နိုင်သမျှ ရပ်မိရမ်ဖဖက်ကလည်း အများကြီးကူညီဆောင်ရွက်ဖို့ပြင်ထားတယ်” ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော PDF-Zoland သည် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က တီးတိန်မြို့နယ်အတွင်းရှိ Non-CDM ပညာရေးဝန်ထမ်း၊ ဘော်ဒါဆောင်များ၊ ကျောင်းသားမိဘများ၊ မြို့မိမြို့ဖများနှင့် ဘာသာရေးခေါင်းဆောင်များ သိစေရန်ဟုဆိုကာ အသိပေးစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ သတိပေးစာထုတ်ပြန်ချက်ကို လော်စပီကာဖြင့် လိုက်လံကြေညာပေးသောကြောင့် Shalom Youth Committee လူမှုကူညီရေး အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ကိုလျန်းရှန်းမုန်နှင့် ကိုအင်ခတ်မွန်တို့ကို စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးကို တီးတိန်မြို့ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် ကိုအင်ခတ်မွန်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်တရားစွဲဆိုကာ အသံချဲ့စက်ထားရှိသည့် အိမ်ရှင်ဖြစ်သူ ကိုလျန်းရှန်းမုန်ကို ဇူလိုင်လ ၅ ရက်နေ့က ကတိခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။ ကိုအက်ခတ်မွန် ပြန်လည်လွှတ်မြောက်နိုင်ရေးအတွက် တီးတိန်မြို့မှ ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိ/ရပ်ဖများကလည်း အသနားခံစာတင်ထားကြသည်ဟု သိရသည်။ ပုဒ်မ ၅၀၅ (ခ) သည် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူအား ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း၊ ကြောက်ခြင်း၊…