(003PT) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် မော်လိုက်ကလေးအကျဥ်းထောင်တွင် အကျဉ်းချခံရသည့် နိုင်ငံရေးအကျဥ်းသား များမှာ ဆေးကုသခွင့် မရရှိကြသည့်အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများ ခံနေကြရသည်ဟု ကလေးမြို့ ပင်မသပိတ် အင်အားစု (Kalay Township Strike Committee) အဖွဲ့က ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။ ယခုနှစ် ဧပြီလ ၁၆ ရက်နေ့က ကလေးမြို့တွင် တော်လှန်သကြန်ဆင်နွှဲကာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့သော ကလေးမြို့နယ် သပိတ်ကော်မတီ အဖွဲ့ဝင် ကိုသန်းစိုးဦး (ခ) ကိုဂွတို၊ ကိုမျိုးကိုဝင်း (ခ) ကိုမျိုးကို၊ မနှင်းစံ (ခ) အိစံ နှင့်၊ မကျန်ဒိတ်ကိမ်တို့ ၄ ဦးသည် စစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက်ခံခဲ့ရသော ဒဏ်ကြောင့် အရေးပေါ် ဆေးကုသမှုများ လိုအပ်သော်လည်း စစ်ကောင်စီက ဆေးကုသခွင့်မပေးခဲ့ကြောင်း ကလေးမြို့ ပင်မသပိတ် အင်အားစုက ဆိုသည်။ ၎င်းတို့ ၄ ဦးသည် ဆေးကုသခွင့်မရရှိကြသည့်အပြင် ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် ၂ နှစ်စီ၊ ပုဒ်မ ၅၀(ည)၊ ၅၀(စျ) နှင့် ၅၂(က) စသည့် ပုဒ်မ တို့ဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ အသီးသီးပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ကြရသည်။ ယခုလက်ရှိတွင်လည်း မော်လိုက်ကလေးအကျဉ်းထောင်ထဲတွင် မျက်စိနှာကူးစက်ရောဂါ ပျံ့ပွားလျက်ရှိပြီး အကျဉ်းသားများအနေဖြင့် ဆေးကုသခွင့်လည်း မရရှိကြကြောင်း ကလေးမြို့ ပင်မသပိတ်အင်အားစုက ဆိုပါသည်။ ထို့အပြင် မော်လိုက်ကလေး အကျဥ်းထောင်သို့ အခြားဒေသမှ အဓမ္မဖမ်းဆီးခံရ၍ ရောက်ရှိလာကြသော နိုင်ငံရေးအကျဉ်း သားများမှာ…
Author: Editor
(004SS) စစ်ကိုင်းတိုင်း ကလေးမြို့အနောက်တောင်ပိုင်း မြို့လှရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ယနေ့စက်တင်ဘာလ ၂၉ ရက်မနက်ပိုင်းက ဒေသခံ အမျိုးသမီး တစ်ဦး ပွဲချင်းသေဆုံးခဲ့ပြီး အမျိုးသား ၃ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှသိရသည်။ “အင်ဂါနေ့ကနေစပြီး တိုက်ပွဲစဖြစ်တာပေါ့နော်၊ ဒီနေ့ညနေမှာတောင်မှ ကလေးမြို့ထဲကနေ ၁၂၀ မမ နဲ့ လှမ်းထုနေတာ လက်နက်ကြီးသံတွေကြားနေရတယ်။ လက်နက်ကြီးကြောင့် မြို့လှရပ်ကွက်က အမျိုးသမီး ဗိုက်ပွင့်ပြီး ပွဲချင်းဆုံးသွားတယ်၊ နောက် အမျိုးသား ၃ ယောက် လဲ ထိခိုက်ထားတယ်၊ စကစကတော့ ပြည်သူတွေနေတဲ့ရွာတွေ၊ ရပ်ကွက်တွေမှာ ရမ်းသမ်း ပစ်ခတ်တာ များတယ်’’ ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်နက်ကြီးကြောင့် အမျိုးသား ၃ ဦး၏ ထိခိုက်မှု ဒါဏ်ရာအခြေအနေကိုတော့ အတိအကျ မသိရပေ။ လွန်ခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ ယနေ့အထိ စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်းတို့၏ လက်ေ၀ခံ ပျူစောထီး ပူပေါင်းတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ကလေးမြို့အနောက်တောင်ပိုင်းတွင် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားကာ စစ်ရေးတင်းမာလျက်ရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းဟု သိရသည်။ စက်တင်ဘာ ၂၈ ရက်ညပိုင်းကလည်း စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကြောင့် တပ်ဦးတီတာရပ်ကွက်နေ အရပ်သား ၂ ဦးထိခိုက်ခဲ့သည်ဟုသိရသည်။ ထို့အပြင် ယင်းနေ့ညနေပိုင်းတွင် မွန်းလိုင်ရပ်ကွက်က အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။ အလားတူ စက်တင်ဘာ ၂၇ ရက်နေ့ကလည်း ကလေးမြို့နယ်တောင်ပိုင်း…
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းက တိုက်နယ် ၄ သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ကလေးငယ် (၂) ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားပြီး နေအိမ်တချို့လည်း ပျက်စီးသွားသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က ယနေ့ သတင်းထုတ်ပြန်သည်။ ယနေ့ စက်တင်ဘာလ ၂၉ ရက်က မင်းတပ်မြို့နယ်အတွင်းရှိ တိုက်နယ် ၄ ဘက်သို့ မင်းတပ်မြို့ပေါ်က ခလရ ၂၇၄ တပ်ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၁၀ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းသို့ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် တစ်လုံးနှင့် အိမ်သာ (၂) လုံးတို့မှာ ထိခိုက်ပျက်စီး သွားသည်ဟု သိရသည်။ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက မည်သည့်အတွက်ကြောင့် လက်နက်ကြီးများ ရမ်းတမ်းပစ်ခတ်နေမှုနှင့် ထိဒဏ်ရာဒဏ်ရာ ရရှိသွားသော ကလေးငယ် ၂ ဦး၏ အခြေအနေကို မင်းတပ် တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး ဆက်သွယ်၍ မရသေးပါ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်က မင်းတပ်မြို့အဝင်တွင် စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် တောင်ယာသွားသော သက်ကြီးပိုင်း အရပ်သားတစ်ဦး ထိခိုက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့သော ဇနီးဖြစ်သူကို ခလရ ၂၇၄ တပ်ရင်းက ဆေးကုသပေးနေသည်ဟု မင်းတပ်မြို့ပြည်သူအုပ်ချုပ်ရေးမှ တာဝန်ရှိသူ ကိုယောမာန်က ပြောသည်။ စက်တင်ဘာလ ၂၄ ရက်က…
(003PT) မြန်မာ့နွေဦးတော်လှန်ရေးတွင် ပြည်သူအားလုံး မိမိတတ်နိုင်သည့်ဖက်မှ ပူးပေါင်းပါ၀င်ကြရန် CDF-Hakha Central Council က ဒုတိယအကြိမ်မြောက် လူထုညီလာခံအပြီးတွင် ဖိတ်ခေါ်လိုက်သည်။ CDF-Hakha Central Council သည် ဒုတိယအကြိမ် လူထုညီလာခံကို စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိကျင်းပခဲ့ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်သည်အထိ ဆက်လက်တော်လှန်တိုက်ပွဲ၀င်ရန် မူ၀ါဒနှင့် လမ်းစဉ်များ ချမှတ်ခဲ့ကြသည်ဟု စက်တင်ဘာလ ၂၈ ရက်နေ့စွဲဖြင့် CDF-Hakha Central Council က ထုတ်ပြန်သည်။ နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်လက်အောက်မှ လွတ်လပ်ရေးကိုမြတ်နိုးသော လူသားတိုင်းအတွက် နောက်ဆုံးတိုက်ပွဲဖြစ်ပြီး တော်လှန်ရေးကာလအတွင်း နိုင်ငံနှင့်လူမျိုးအတွက် အသက်ပေးဆပ်ခဲ့ရသော အာဇာနည်သူရဲကောင်းများကို လေးစားဂုဏ်ပြုရင်း ပြည်သူများအားလုံး မိမိတတ်နိုင်သည့်ဖက်မှ ပူးပေါင်းပါ၀င် တိုက်ပွဲဆင်နွှဲကြရန် ဖိတ်ခေါ် ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ြပထားသည်။ CDF-Hakha Central Council သည် တိုင်းပြည်နှင့်လူမျိုးလွတ်လပ်ပြီး စစ်မှန်သော Federal Democracy နိုင်ငံတော် တည်ဆောက်နိုင်ရေးအတွက် CNF/A ၏ လမ်းညွန်မှုနင့် လူထုထောက်ခံအားပေးမှုအရ ပေါ်ထွက်လာသော တော်လှန်ရေး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး CNF/A ၊ Chinland Council၊ NUG အစိုးရနှင့် အခြားသော တော်လှန်ရေးအဖွဲ့များနှင့်လည်း ချိတ်ဆက်ပြီး တော်လှန်တိုက်ပွဲဝင်နေသည်ဟု ဆိုသည်။ လူဦးရေ ၃၅၀ ကျော်တက်ရောက်သော ဒုတိယအကြိမ်မြောက် လူထုညီလာခံတွင် ဌာနအသီးသီးမှ လုပ်ငန်းနှင့် ငွေစရင်းအစီရင်ခံစာများ တင်ပြခြင်းအပါဝင် ဖွဲ့စည်းပုံ ပြန်လှန်ပြုပြင် အတည်ပြုခြင်း၊ CDF-Hakha Council ကို CDF-Hakha…
(004SS) ကလေးမြို့အနောက်ဘက် မွန်းလိုင်ရပ်ကွက်တွင် ယနေ့ညနေပိုင်းက ဗုံးတစ်လုံးပေါက်ကွဲပြီး ၁၂ နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်ခန့်တွင် မွန်းလိုင်ရပ်ကွက်ရှိ နှစ်ခြင်းဘုရားကျောင်းအနီးတွင် မြေပြင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ဒီနေ့ညနေက ဗုံးတစ်လုံးပေါက်တယ် အကျယ်ကြီးပဲ၊ ကျွန်မတို့ရပ်ကွက်မှာ တိုက်ပွဲဖြစ်တာမျိူးတော့လဲ မရှိဘူး၊ ကလေးငယ်တစ်ယောက် ထိတယ်၊ ယောကျာ်းလေးပဲ ဘယ်သူဆိုတာတော့ သေချာမသိရသေးဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ကလေးမြို့အနောက်တောင်ပိုင်း မြို့လှ၊ အင်ဒိုင်းကုန်းရပ်ကွက်ဘက်တွင် စက်တင်ဘာလ ၂၆ ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဖွဲ့များ လူနေရပ်ကွက်ထဲတွင် ခြေကုပ်ယူတပ်စွဲလာပြီးနောက် ယမန်နေ့ကလည်း တိုက်ပွဲဖြစ်ပွားကာ စစ်ရေးတင်းမာလျက်ရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်ကလည်း ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်တွင် မိုင်း ၃ လုံးပေါက်ကွဲမှုကြောင့် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ၎င်း တို့ ၅ ဦးသည် ပြင်းထန်ဒါဏ်ရာရရှိခဲ့ကြပြီး အချို့မှာ ခွဲစိတ်ကုသမှုခံယူရသည်အထိ ဒါဏ်ရာပြင်းထန်ခဲ့ကာ ဆေးရုံတွင် ဆေးကုသမှုခံယူေနကြရဆဲဖြစ်သည်ဟု သိသည်။
(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အဝင် ဆိုင်းဘုတ်ပေါ်တွင် ချင်းပြည်အလံနှင့် CDF – ကန်ပက်လက်အလံတို့ကို လွှင့်ထူထားသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့- ကန်ပက်လက်က ထုတ်ပြန်သည်။ “ကိုယ့်မြို့ကိုယ် စိုးမိုးတော့မယ်လို့ နမိတ်ပြလိုခြင်းဖြစ်တယ်။ ကိုယ့်မြို့ကို ကိုယ်ပိုင်တယ် ဆိုတာကို ပြသလိုခြင်းဖြစ်တယ်။ လူသူမနေတော့တဲ့ မြို့ပျက်ကြီးလိုများဖြစ်နေတဲ့ ကန်ပက်လက်မြို့လေးကို ကျနော်တို့ ပြန်ပိုင်ချင်တယ်၊၊၊ ပြန်နေချင်တယ်။ အရင်လို ပြန်လည်စိုပြေစေချင်တယ်။ ဒါကြောင့် ပြန်ပိုင်ဆိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု CDF – ကန်ပက်လက်မှ တပ်မဟာမှူး ဆလိုင်းထွန်းလိန်ထန်က ပြောသည်။ ယနေ့ စက်တင်ဘာ ၂၈ ရက်တွင် ကန်ပက်လက်မြို့ အဝင်လမ်းမပေါ်ရှိ “လောက်နူးမြေ ကန်ပက်လက်မြို့မှ လှိုင်လှဲစွာ ကြိုဆိုပါ” ဟူ၍ ရေးထားသည့် ဆိုင်းဘုတ်ကြီးပေါ်တွင် CDF ကန်ပက်လက် ရဲဘော်များက ချင်းပြည်နယ်အလံနှင့် CDF- ကန်ပက်လက်အလံတို့ကို လွှင်ထူထားခြင်းကို ဓါတ်ပုံများနှင့်တကွ ထုတ်ပြန်ခြင်းဖြစ်သည်။ ခုခံပြောက်ကျားစစ်မှ စခန်းသိမ်းထိုးစစ်ဆင်မှုများ ပြုလုပ်နိုင်ရန် အချိန်ရောက်လာပြီဖြစ်၍ ဒရုန်းအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်းများ ဖြည့်တင်းနိုင်ရန် “ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်း” ရန်ပုံငွေလှုပ်ရှားမှု ကမ်ပိန်းကို ဩဂုတ် ၃၁ ရက်မှ အောက်တိုဘာ ၁၅ ရက်ထိ CDF ကန်ပက်လက်က ပြုလုပ်နေပါသည်။
(006SV) ချင်းပြည်နယ် ကန်ပက်လက်မြို့ပေါ်တွင် စစ်ကောင်စီတပ်စွဲထားသည့် ထွေအုပ်ဦးစီးရုံးနှင့် ပညာရေးမှူးရုံးတို့ကို စီးနင်းတိုက် ခိုက်ရာ စစ်ကောင်စီက ၃ ဦးထက်မနည်းသေဆုံးပြီး မြို့ပေါ်စစ်ရေးတင်းမာနေဆဲဖြစ်သောကြောင့် ပြည်သူများသတိပြုနေထိုင် ကြရန် CDF- ကန်ပက်လက်၊ တပ်မဟာမှူး ဆလိုင်းထွန်းလိန်ထန်က ပြောသည်။ ယမန်နေ့ စက်တင်ဘာလ ၂၇ ရက် မနက် ၆နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက်က ရုတ်တရက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သူက ပြောသည်။ “ထွေအုပ်ရုံးကို သိမ်းပိုက်နိုင်ဖို့နဲ့ ပြန်လည်ရယူနိုင်ဖို့ မစ်ရှင်နဲ့ ချဉ်းကပ်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲက နာရီ ငါးပတ်လောက် ကြာသွားပါတယ်။ ကျနော်တို့က လက်နက်ချကြပါ။ ပူးပေါင်းကြပါလို့ အော်သတိပေးခဲ့တယ်။ သူတို့ဘက်က စခန်းမကျရေးကို ဦးတည်ခဲ့ကြတယ်။ ခံပြီးတော့ ပစ်နေကြတယ်။ အထဲမှာ ငိုသံ၊ အော်သံတွေလည်း ကျနော်တို့ ကြားရတယ်။ ကျနော်တို့မှာက လက်နက်ကြီး ပစ်ကူမရှိတော့ အထဲထိ ဝင်လုံးဖို့မှာ အဆင်မပြေတော့ ဆုတ်ခွာခဲ့ရတယ်” ဟု တပ်မဟာမှူးဆလိုင်းထွန်းလိန်ထန် က ပြောသည်။ တိုက်ပွဲတွင် စစ်ကောင်စီမှ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကာ CDF- ကန်ပက်လက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည် ဟု သူက ပြောသည်။ ထွေအုပ်ဦးစီးဌာနရုံးကို ပြန်လည်သိမ်းပိုက်ရန် အခွင့်သာခဲ့သော်လည်း လက်လုပ်လက်နက်ကြီးမှာ တိကျမှု မရှိခြင်း၊ လက်နက် ကြီးပစ်ကူနှင့် ဒရုန်းပစ်ကူ မပေးနိုင်ခြင်းတို့ကြောင့် ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။ “ကျနော်တို့မှာ လက်နက်ကြီး၊ ဒရုန်းနဲ့ စနိုက်ဘာတွေပေါ့နော်။ ဒီလိုမျိုး…
(005MK) မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်လာကြသော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ သွေးချင်းညီအကို စစ်ဘေးရှောင် ပြည်သူများ၏ ဇီ၀မှတ်တမ်း (biometric နှင့် biographic) ကောက်ယူရန် အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေး၀န်ကြီးဌာနမှ ဖိအားပေးမှုခံနေရသော်လည်း ကောက်ယူမည်မဟုတ်ကြောင်း မီဇိုရမ်အစိုးရကပြောဆိုလိုက်သည်။ ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်က ကျင်းပသော မီဇီုရမ်ပြည်နယ်အစိုးရ ၀◌န်ကြီးများအစည်းအဝေးမှာ အဆိုပါကိစ္စကို ဆွေးနွေးကြရာတွင် ဗဟိုအစိုးရ၏ အပြင်းအထန် ဖိအားပေးမှုခံနေရသော်လည်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သွေးချင်းညီအစ်ကို စစ်ဘေးရှောင်များ၏ biometric နှင့် biographic ကောက်ယူမှတ်တမ်းတင်မှုများ လုပ်ဆောင်မည်ဆိုပါက မလိုလာအပ်သော နောက်ဆက်တွဲပြသနာများ ဖြစ်လာနိုင်သည်ဟု မီဇိုရမ်အစိုးရ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီး Pu Lalruatkima က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထို့ကြောင့် သွေးချင်းညီအကို စစ်ဘေးရှောင်များအတွက် နောက်ဆက်တွဲ ဖြစ်လာနိုင်သော ပြသနာများကို ရှေးရှူလျက် ဇီ၀မှတ်တမ်းတင်ကောင်ယူမှုကို ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း ဗဟိုအစိုးရထံ အကြောင်းပြန်ကြားရန် ၀န်ကြီးများ အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၀န်ကြီး Pu Lalruatkima က ပြောသည်။ မြန်မာစစ်ဘေးရှောင် ၃ သောင်းကျော်နေထိုင်သော မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင်များ၏ ဇီ၀အချက်အလက်မှတ်တမ်းများ ကောက်ယူရန် ဗဟိုအစိုးရ ပြည်ထဲရေး၀န်ကြီးဌာနက ပြည်နယ်အစိုးရကို အကြောင်းကြားခဲ့ပြီးနောက် ဇူလိုင်လကုန်ပိုင်းကစ၍ စစ်ဘေးရှောင်စခန်းတချို့တွင် ဇီ၀အချက်အလက်မှတ်တမ်း ကောက်ယူမှုကို စတင်လုပ်ဆောင်ခဲ့ကြသည်။ အဆိုပါကိစ္စအပေါ် အရပ်ဖက်အဖွဲ့အစည်းတချို့မှ ဝေဖန်ကန့်ကွက်မှုများရှိလာသည့်နောက်ပိုင်း ဇီ၀မှတ်တမ်းကောက်ယူမှုကို ရပ်နားကာ ယခုအခါ ဇီ၀မှတ်တမ်းကောက်ယူမှုကို လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း မီဇိုရမ်ပြည်နယ်အစိုးရက တရား၀င် ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။ ပုံစာ – မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့…
(006SV) ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် CDF အပါအဝင် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ဖြင့် ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေရာ နှစ်ဖက်ထိခိုက်ကျဆုံးမှု များပြားပြီး စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံအရပ်သား ၅ သေဆုံးသည်ဟု သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၂၆ ရက် မနက် ၈ နာရီက စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ အောင်သာယာရွာသို့ စစ်ကောင်စီ နှင့်ပျူစောထီး ပူးပေါင်းတပ်တို့ အင်အား ၁၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာရာ ဒေသတော်လှန်ရေးပူးပေါင်းတပ်များဖြင့် မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ချင်းကာကွယ်ရေးတပ် – KKG က ယနေ့ ထုတ်ပြန်သည်။ တိုက်ပွဲတွင် စစ်ကောင်စီက လက်နက်ကြီးပစ်ကူ အများအပြားသုံး၍ သာလွန်အင်အားဖြင့် ထိုးစစ်ဆင်လာမှုကို ကာကွယ်ရေးပူးပေါင်းတပ်တို့က ခုခံတိုက်ခိုက်ရာ စစ်ကောင်စီမှ ၂ ဦးသေဆုံးပြီး CDF-KKG မှ ရဲဘော်တစ်ဦး၊ ကလေး (ပကဖ) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။ နေ့လည် ၁ နာရီခန့်တွင်လည်း အောင်သာယာအရှေ့ရပ်ကွက်တွင် စခန်းချနေသည့် စစ်ကောင်စီပူးပေါင်းတပ်ကို CDF-KKG နှင့် ကလေးခရိုင်တပ်ရင်း (၄) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီမှ ထိခိုက်မှုရှိနိုင်ပြီး ချင်းပူးပေါင်းတပ်မှ ရဲဘော် (၂) ဦး မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့သည်ဟု CDF- KKG က ဆိုသည်။ ယနေ့ စက်တင်ဘာလ ၂၇ ရက်တွင် အောင်သာယာမှ မှန်တောသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီပူးပေါင်းတပ်နှင့် ဒေသ ကာကွယ်ရေးပူးပေါင်းတပ်တို့…
(006SV) ချင်းပြည်နယ်၊ ထန်တလန်မြို့တိုက်ပွဲတွင် CNF/CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်ဖွဲ့က တစ်ဦးကျဆုံး၊ တစ်ဦး ထိခိုက်ဒဏ်ရာရရှိထားပြီး စစ်ကောင်စီတပ်က သေဆုံးမှုကို မသိသေးသော်လည်း ၁၃ ဦးမှာ ထိခိုက်ဒဏ်ရာများဖြင့် ဟားခါးဆေးရုံရောက်နေသည်ဟု CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ “ငါတို့ဖက်ကတော့ ထန်တလန်က တိုက်ပွဲမှာ ၁ ဦးကျဆုံးသွားတယ်။ ရဲဘော်တစ်ဦးကတော့ ထိခိုက်ဒဏ်ရာရရှိထားတယ်။ စစ်ကောင်စီဘက်ကတော့ ၁၃ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိပြီးတော့မှ ဟားခါးဆေးရုံရောက်နေတယ်။ သူတို့ဘက်က အသေအပျောက်ကိုက အခု မသိသေးဘူး” ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ စက်တင်ဘာလ ၂၅ ရက်ကဖြစ်ပွားတဲ့ ထန်တလန်မြို့တွင်းတိုက်ပွဲမှာ ချင်းအမျိုးသားတပ်မတော် (CNF/CNA) မှ တတ်ကြပ်ကြီး ဆလိုင်းလိန်းဟုန် ကျဆုံးခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် CNF/ CNA နှင့် CDF ထန်တလန်တို့ တပ်စွဲစိုးမိုးထားသည့် နေရာများကို စက်တင်ဘာလ ၂၀ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်လာရာ ထိတွေ့တိုက်ပွဲမှာ တစ်ပတ်ကျော်ကြာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု The Chin Journal က ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်နှင့် ဒေသခံများကို ကိုးကားပြီး ဖော်ပြထားသည်။ ထန်တလန်မြို့တိုက်ပွဲတွင် စစ်ကောင်စီသည် ဟားခါးမြို့မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေပြီး ထန်တလန်မြို့ တိုက်ပွဲနေရာသို့ စစ်အင်အားများလည်း ဖြည့်တင်းနေသည်ဟု သိရသည်။ ထန်တလန်မြို့တွင်းရှိ တပ်ကုန်းအပါအဝင် ၎င်းအနီးက စခန်း (၅) ခုအပြင် တခြားမြို့တွင်းက စစ်စခန်းငယ် (၂) ခုနှင့်…
