Author: Editor

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မဏိပူရ်ပြည်နယ်တွင် ယက္ကန်းလုပ်ငန်း လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား အယောက် ၁၀၀ ကျော်ကို ဒေသတွင်းရဲတပ်ဖွဲ့က ယနေ့နံနက်ပိုင်းက ဖမ်းဆီးခဲ့သည်ဟု သိရသည်။ မဏိပူရ်ပြည်နယ် ချူရီချမ်းပူရ်ခရိုင် နယူးလမ်ကား (New Lamka) မြို့တွင် ယက္ကန်းလုပ်ငန်းလုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများကို မဏိပူရ်ရဲတပ်ဖွဲ့က ယနေ့နံနက်ပိုင်း ၆ နာရီခန့်ကစ၍ တစ်အိမ်ဝင်တအိမ်ထွက် လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အဖမ်းခံရသူ ၁၂၀ ခန့်ရှိပြီဟု မဏိပူရ်ပြည်နယ်တွင် နေထိုင်သည့် ယက္ကန်းသမားတစ်ဦးကပြောသည်။ “ဘာကြောင့်ဖမ်းတာလဲတော့မသိဘူး၊ ဒီမနက် ၆ နာရီလောက်ကနေ ယက္ကန်းရုံတွေကို တစ်အိမ်ဝင်တစ်အိမ်ထွက်ပြီး လိုက်ဖမ်းနေတာ အချုပ်ကားနဲ့ကိုတင်သွားတာ ဘယ်လိုလုပ်မလဲတော့မသိဘူး” ဟု ၎င်းကပြောသည်။ မဏိပူရ်ပြည်နယ် နယူးလမ်ကားမြို့တွင် ယက္ကန်းအလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား တစ်ထောင်ဝန်းကျင်ခန့်ရှိသည်ဟု သိရသည်။ အများစုသည် အိမ်ငှါးကာ ယက္ကန်းလုပ်ငန်းကို ကိုယ်ပိုင်လုပ်ကိုင်ကြသည်ဟု သိရသည်။ မဏိပူရ်အာဏာပိုင်များသည် ယခင်ကလည်း မြန်မာနိုင်ငံသားယက္ကန်းသမားများကို ဖမ်းလေ့ရှိပြီး ယခုကဲ့သို့အဖမ်းခံရပါက ၎င်းတို့ကို ခန်းမကြီးတစ်ခုတွင် အကျယ်ချုပ်သဘောဖြင့် ထားရှိလေ့ရှိကာ ထိုနေရာတွင် ယက္ကန်းလုပ်ငန်းများကိုမူ လုပ်ကိုင်ခွင့်ပြုသည်ဟု သိရသည်။

Read More

တစ်နိုင်ငံလုံးတွင် CDM လှုပ်ရှားမှု အားအကောင်းဆုံးပြည်နယ်ဖြစ်သည့် ချင်းပြည်နယ်တွင် စစ်ကောင်စီက ဇွန်လဆန်းပိုင်းကစ၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြသော ချင်းပြည်သူအများစုက မိမိတို့၏ သားသမီးများကို ကျောင်းအပ်နှံခြင်း မရှိခဲ့ကြပေ။ မြို့နယ် ၉ မြို့နယ်ရှိသော ချင်းပြည်နယ်တွင် စစ်ကောင်စီက ဟားခါး၊ ဖလမ်း၊ တီးတိန်၊ မင်းတပ်၊ တွန်းဇံ၊ မတူပီ၊ ပလက်ဝ မြို့ပေါ်တို့မှာသာ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ခဲ့ပြီး တက်ရောက်သူ ကျောင်းသား/ကျောင်းသူ တစ်သောင်းကျော်ကျော်လောက်သာရှိကြသည်ဟု ပညာရေးဌာနက စာရင်းအရ သိရသည်။ ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ၂ နှစ်ကျော်ကြာ စာသင်ကျောင်းနှင့် ဝေးခဲ့ကြရသည့် ကလေးငယ်များအတွက် ကျောင်းပညာရေးများ ဆုံးရှုံးမှုမရှိစေရန် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များ၏ ဦးဆောင်မှုဖြင့် ၎င်းတို့ထိန်းချုပ်ရာနယ်မြေတွင် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုစတင်ခဲ့ကြသည်။ ယခုစာသင်နှစ်တွင်လည်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာနယ်မြေတွင် ပညာရေးကျောင်းများ စတင်ဖွင့်လှစ်လာခဲ့ကြသည်။ ချင်းပြည်နယ် ထန်တလန်၊ မတူပီနှင့် ပလက်ဝမြို့နယ် စသည့် နယ်မြေ ၃ ခုတွင် ပြန့်ကျက်နေထိုင်ကြသည့် မရာနယ်မြေဒေသတွင် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MATC) က အခြေခံပညာကျောင်းများဖွင့်လှစ်ရန် ပြင်ဆင်နေပြီး အခြေခံပညာဆရာဖြစ်သင်တန်းကို မကြာသေးခင်ကပဲ ကျင်းပပြုလုပ်ခဲ့ကြသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MATC) ၏ အထွေထွေအတွင်းရေးမှူး ဦး Khai Sa ကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။ မေး။ ။ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီကနေ အခြေခံပညာ ဆရာဖြစ်သင်တန်းပြုလုပ်ခဲ့တဲ့ အခြေအနေလေး ပြောပါပေးလို့ရမလား။ ဖြေ။ ။ အခု ပြည်တွင်းစစ်ကာလ ၂ နှစ်ကာလဖြတ်သန်းလာတဲ့နေရာမှာ ကျောင်းနေရွယ်ကလေးတွေ ပညာသင်ကြားရေးဟာ…

Read More

ရေးသူ- Salai Vakok “တီးတိန်မြို့တွင် အသက်၂၀ အရွယ် လူငယ်တစ်ဦးကို စစ်ကောင်စီက ပစ်သတ်” အထက်ပါခေါင်းစီးနှင့် သတင်းကို ဆလိုင်းဘင်နဇာက ချင်းပြည်နယ်အခြေစိုက် Khonumthung မီဒီယာတွင် ရေးသားခဲ့ခြင်းပါ။ ထိုချိန်က ဘင်နဇာသည် ချင်းပြည်နယ်က သတင်းတွေကို ချင်းပြည်နှင့် တစ်နိုင်ငံလုံးသိရဖို့ သတင်းတွေ ဖန်တီးရေးသားနေခဲ့ပြီး လက်နက်ကိုင်ခုခံတော်လှန်မှုထဲ မဝင်ရောက်ခဲ့သေးချိန်ဖြစ်သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းတောင်တကြော၏ ဆန္ဒပြပွဲတွေကို ဘင်နဇာက တောက်လျှောက် သတင်းတွေယူခဲ့ရသည်။ ချင်းပြည်နယ်၊ တီးတိန်မြို့တွင် အသက် ၂၀ အရွယ် Tg.Felix Thang Muan Lian ကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်မှုသတင်းသည် ဘင်နဇာ ရေးသားခဲ့သော သတင်းများစွာထဲက တစ်ပုဒ်ဖြစ်သည်။ စစ်ကောင်စီက ဆန္ဒပြသူတွေကို နှိမ်နှင်းခြင်း၊ ဖမ်းဆီးခြင်း၊ ပစ်သတ်ခြင်းနှင့် တိုက်ပွဲသတင်းတွေကို ဘင်နဇာတို့ သတင်းသမားတွေက ပြည်သူလူထုတွေအချိန်နှင့်တပြေးညီသိနိုင်ဖို့ နေ့စဉ်ရေးသားရပါသည်။ စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှု သတင်းတွေ နေ့စဉ်နဲ့အမျှ ရေးနေရသော ဘင်နဇာ၏ စိတ်တွေ ထိန်းမရတော့ပါ၊ ကိုယ်တိုင်ဝင်၍ ဆန္ဒပြချင်လာသည်။ တော်လှန်ခုခံချင်လာသည်။ ဘင်နဇာကို ဂျာနယ်လစ်ဇင်ကျင့်ဝတ်တွေက တားမြစ်ထားသည်။ သတင်းသမားသည် ဆန္ဒပြပွဲများတွင် ကိုယ်တိုင်ပါဝင်၍မရဘဲ သတင်းဖြစ်ရပ်များကိုသာ အများပြည်သူ သိရှိရန်၊ ဖော်ထုတ်တင်ပြရန် တာဝန်ရှိသည်။ ကိုယ့်မိတ်ဆွေနှင့် ညီအစ်ကိုမောင်နှမတွေ အပါအဝင် ကိုယ့်လူမျိုးတွေ တော်လှန်နေချိန်တွင် ဘင်နဇာက ကွန်ပျူတာရှေ့တွင်ထိုင်ပြီး သတင်းတင်ဆက်နေရသည်ကို စိတ်မလုံပါ။ သတင်းရေးနေရင်း မျက်ရည်ကျသည့် အချိန်ရှိသကဲ့သို့ အားတင်းရင်းရေးနေရသည့် အချိန်တွေကို ဘင်နဇာ ခုထိ မမေ့နိုင်ခဲ့။ “ကိုယ်တိုင်…

Read More

ဆလိုင်းကစ် (ပ်) (ချင်းပြည်) ၁၉၇၅ ဂျွန်လ (၆) ရက်။ မှတ်မိသလောက်ကတော့ ပညာရေးတက္ကသိုလ်မှာ ပွဲဦးထွက်ဆွေးနွေးပွဲတခုလုပ်ပြီး ၁၉၇၅ ဂျွန်လ (၆) ရက်နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ်ကို ပညာရေးဝန်ကြီးကိုယ်တိုင်လာဖို့ တိုက်တိုက်ဆိုင်ဆိုင် အလှည့်ကြုံပါတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင်လို့ ဆိုရတာက အဲဒီနေ့ဟာ အရင်နှစ်က ဖြစ်ပျက်ခဲ့တဲ့ အထွေထွေ အလုပ်သမားသပိတ်ကြီးရဲ့ နှစ်ပါတ်လည်နေ့ကြီး ဖြစ်နေပါတယ်။ ဆင်မလိုက်သင်္ဘောကျင်း၊ သမိုင်းချည်မျှင်နှင့် အထည်စက်ရုံ စသည်တို့မှာ အလုပ်သမား အမြောက်အမြားနဲ့အတူ ကျောင်းသားတစ်ချို့ ၁၉၇၄ ဂျွန်လ (၆) နဲ့ (၇) ရက်နေ့များမှာ သွေးမြေကျ အသက်စတေးခဲ့ကြတာ ပူပူနွေးနွေးပဲ ရှိနေပါသေးတယ်။ ပိုပြီးဆိုးတာက ရန်ကုန်စက်မှုတက္ကသိုလ် မဆလရဲ့ လမ်းစဉ်လူငယ်အဖွဲ့ထဲက ကျောင်းသားတွေကို တိတ်တဆိတ် ကြိုတင်ညှိနှိုင်းထားကြပြီး၊ ဘယ်သူပြီးရင် ဘယ်သူ ဘာတွေပြောမယ်၊ ဘာတွေ တင်ပြဆွေးနွေးမယ်ဆိုတာတွေ ဇာတ်တိုက်ထားကြတဲ့သတင်းဟာ စက်မှုတက္ကသိုလ် ကျောင်းဆောင်တွေမှာ ပြန့်နှံ့နေပြီး မဆလခေတ်တခုလုံးမှာ မဆလရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း ဒီလို ဟန်ပြ အတုအယောင် ဆွေးနွေးဝိုင်း ကျင်းပပြီး ကျောင်းသားထုကို လိမ်ညာစော်ကားဖို့ ကြံစည်မှုအပေါ် ကျောင်းသားထုဟာ ဒေါသူပုန်ထနေကြပြီးဖြစ်တယ်။ ဆွေးနွေးပွဲကို စက်မှုတက္ကသိုလ်ခန်းမထဲမှာ ကျင်းပခဲ့ပြီး စင်မြင့်ပေါ်မှာတော့ ရန်ကုန်စက်မှုတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ကြီး၊ ပညာရေးဝန်ကြီး ဒေါက်တာခင်မောင်ဝင်းနဲ့ နိုင်ငံတော်ကောင်စီဝင် ဒေါက်တာလှဟန်တို့အဖွဲ့က နေရာယူထားကြပါတယ်။ ဒါပေမဲ့ မဆလအတွက် မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်သွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ပွဲဦးထွက်ပြောဖို့ လမ်းစဉ်လူငယ်က ဇာတ်တိုက် ရွေးချယ်ထားတဲ့ ကျောင်းသားတချို့သာ ပြောလိုက်ရပြီး နောက်ပိုင်းကျောင်းသားထုထဲက တစ်ယောက်ပြီးတစ်ယောက် စစ်အစိုးရကို…

Read More

ရေး – ဆလိုင်းကစ်(ပ်) (ချင်းပြည်) “ —- တောင်ခိုးများဝေမှိုင်းသော၊ တောင်ဇလပ် ပန်းများ ဆင်သသော၊ စိမ်းသော၊ ပြာသို့သော (ချင်းပြည်မှ) အောက်ချင်းငှက်သည် သစ္စာရှိခြင်း၊ ညီညွတ် စည်းလုံးခြင်း၊ အေးချမ်းခြင်းတေးသံကို သီဆို ကျူးရင့်ပါစေသတည်း။” စာဆိုတော်ကြီး ဒဂုံတာရာ – (တက္ကသိုလ်များ ရန်ကုန်၊ ချင်း မဂ္ဂဇင်း ၁၉၈၂ – ၈၃ မှ ကောက်နှုတ်ချက်။) သူဟာ စင်စစ် အမြင့်ပျံ အောက်ချင်းငှက်၊ ရဲစွမ်းသတ္တိရှိသော သားကောင်းယောက်ျားဟူ၍ နက်ရှိုင်းတဲ့ အဓိပ္ပာယ်ကိုဆောင်တဲ့ ဆလိုင်းဟူသော ဂုဏ်ပုဒ်နှင့်အတူ လွတ်မြောက်ရေးတိုက်ပွဲတို့ ပြင်းထန်ခဲ့ပြီး အစဉ်အလာအားဖြင့် ကမ္ဘာတလွှား သွေးမြေအကျဆုံး တက္ကသိုလ်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းပရဝဏ် ပြင်းပြခိုင်မာတဲ့ နိုင်ငံရေးသန္တိဌာန်တခုကို ကိုင်ဆွဲကာ ခြေချခဲ့တယ်။ သူဟာ ခွပ်ဒေါင်းအလံကို မြင့်မြင့် လွှင့်ထူနိုင်ခဲ့ပြီး ဂုဏ်ရောင်ပြောင်တဲ့သူရဲ့ ခွပ်ဒေါင်းရဲဘော်တို့နဲ့ လက်ချင်းအခိုင်အမာဆက်ကာ တောင်ပံအတူ ခတ်ခဲ့တယ်။ သူဟာ အဖိနှိပ်ခံပြည်သူတို့ရဲ့ လွတ်မြောက်ရေးအတွက် တိုက်ပွဲများစွာ ရွပ်ရွပ်ချွံချွံ ဆင်နွှဲခဲ့တယ်။ ရဲစွမ်းသတ္တိ ရှိသော သားကောင်းယောက်ျား ပီသခဲ့တယ်။ စစ်မှန်တဲ့ ဆလိုင်းတဦး၊ ပြည်သူ့အကျိုးကို ဦးထိပ်ထားကာ ချင်းအမျိုးသားရေးဂုဏ်ရောင် ပြောင်စေခဲ့သူ၊ ကြီးမားမြင့်မြတ်တဲ့ တော်လှန်ရေး စိတ်ဓါတ်ကို ကိုင်ဆွဲထားသူ ဆလိုင်းတင်မောင်ဦး။ ၁၉၇၆ ခု၊ ဂျွန် ၂၆ ရက်နေ့ (နံနက် ၄ နာရီ) အင်းစိန်ထောင်မှာ စစ်အစိုးရက ဆလိုင်းတင်မောင်ဦးကို လျှို့ဝှက်စွာ ကြိုးပေးသတ်ဖြတ်ခဲ့တယ်။ သမိုင်းမှာ မကြုံစဘူး ကျောင်းသား…

Read More

ရေး – Salai Vakok “ကျွန်မတို့ လက်နက်မပါဘဲနဲ့ တော်လှန်ရင်တော့ မဖြစ်ဘူး” လက်နက်ကိုင်တော်လှန်မှ ဖြစ်တော့မည်ဆိုသည့် ခံယူချက်တစ်ခုနှင့် မဒေစီတစ်ယောက်၊ ချင်းအမျိုးသားတပ်ဦးဆီကို ရောက်လာခဲ့သည်။ စစ်တပ်က လက်နက်အားကိုးဖြင့် နိုင်ငံကို တရားမဝင်အာဏာသိမ်းပြီးနောက် မြေပြန့်ဒေသတွင်သာမက ချင်းတောင်တကြောမှာပါ အုံနဲ့ကျင်နဲ့ ဆန္ဒပြမှုတွေထဲ မဒေစီလည်း ပါဝင်ခဲ့သည်။ လမ်းမပေါ်တွေမှာ အေးချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်၏ ဖမ်းဆီးမှုနှင့် သတ်ဖြတ်မှုတွေထဲ မဒေစီ၏ အသိသူငယ်ချင်းတွေ ပါသွားခဲ့သည်။ စစ်တပ်၏ အာဏာရှင်စနစ်ကို လူငယ်တွေမှ မတော်လှန်ရင် တော်လှန်မည့်သူ ရှိတော့မှာ မဟုတ်ဘူးဆိုသည့် စိတ်ဖြင့် မဒေစီတစ်ယောက် လက်နက်ကိုင်ဖို့ ရွေးချယ်ခဲ့သည်။ စစ်တပ်အာဏာမသိမ်းမိက ဇာတိချင်းပြည်အတွက် ဥပဒေပညာရှင်ဖြစ်ချင်ခဲ့သူပါ။ သေနတ်ကိုင်ဖို့ အိမ်မက်ပင် မမက်ဖူးခဲ့သည့် မဒေစီက ယောကျ်ားတွေနှင့်တန်းတူ စစ်သင်တန်းတက်ပြီးနောက် ချင်းအမျိုးသားတပ်ဦး၊ CNF ဌာနချုပ် ဝိတိုရိယစခန်းမှာ စစ်ရေးတာဝန်တွေကို ထမ်းဆောင်နေပါသည်။ “ဒီမတရားတဲ့အရာကြီးကို ကျမ လက်ပိုက်ကြည့်မနေနိုင်ဘူး။ အဲအတွက်မို့ ခက်ခဲတဲ့ အရာတွေကို ကျမတို့ သိပြီးသားဖြစ်တယ်။ ချင်းအမျိုးသားတပ်မတော်ကို ကျမ လာမယ်ဆိုကတည်းက အဆိုးဆုံးကို ပြင်ဆင်ပြီးမှ လာရောက်ခဲ့ခြင်းဖြစ်တယ်” ဟု မဒေစီက ပြောသည်။ စစ်အာဏာရှင်၏ မတရားမှုကြီးကို လက်ပိုက်ကြည့် မနေနိုင်၍ လက်နက်ကိုင် ခုခံတွန်းလှန်သည့် အမျိုးသမီးက မဒေစီတစ်ဦးတည်း မဟုတ်ပါ။ ချင်းတောင်တကြောက ထောင်ချီသော အမျိုးသမီးတွေသည် ချင်းဒေသကာကွယ်ရေးတပ်တွေမှာ ဝင်ရောက်ပြီး စစ်အာဏာရှင်ဖြုတ်ချရေးအတွက် တိုက်ပွဲဝင်နေကြသည်။ ချင်းဒေသ၏ နွေဦးတော်လှန်ရေး စတင်ချိန်တွင် လမ်မပေါ်က ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများတွင် အမျိုးသားထက် အမျိုးသမီးအင်အားက…

Read More

အိန္ဒိယ- မြန်မာနယ်စပ် စစ်ကိုင်းတိုင်း တမူးမြို့နယ် ရန်လင်းဖိုင်ကျေးရွာနှင့် ခွန်မွန်းနွန်ကျေးရွာမှ ပြည်သူ (၃) ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၂၃ ရက်က ဖမ်းဆီးခဲ့ပြီး ယနေ့မနက် ၁၀ နာရီဝန်းကျင်ခန့်တွင် နမွန်းတားကျေးရွာတွင် ၎င်းတို့၏ရုပ်အလောင်း တွေ့ရှိခဲ့ကြသည်ဟု သိရသည်။ “မနေ့က သေနတ်ပစ်ခတ်ပြီးတဲ့နောက်မှာ ပြည်သူ (၃) ဦး ပုန်းနေရင်းနဲ့ ဖမ်းသွားတယ်။ ဒီမနက်က သတ်လိုက်တယ်ပြောလို့ အခုအလောင်းသွားသယ်မလို့ အခြေအနေကောင်း/မကောင်း စောင့်ကြည့်နေတာ ကောင်းရင် သွားသယ်ကြမှာ” ဟု ရန်လင်းဖိုင်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်သည့် ပြည်သူ (၃) ဦးမှာ ရန်လင်းဖိုင်ကျေးရွာမှ ဦးပေါင်တင်းထန်၊ ဦးဟောင်လင်မာန်းနှင့် ခွန်မွန်းနွန်ကျေးရွာက ဦးဆေးခိုထန်တို့ဖြစ်ကြပြီး ၎င်းတို့သည် ယမန်နေ့ပစ်ခတ်မှုအတွင်း စာသင်ကျောင်းနှင့် နေအိမ်တွင် ပုန်းအောင်းနေစဉ် စစ်ကောင်စီတပ်ကဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့ဇွန်လ ၂၃ ရက်နေ့ညနေပိုင်းက ရန်လင်းဖိုင်ကျေးရွာဘက်သို ဝင်ရောက်လာပြီး လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် လူနေအိမ် ၆ အိမ်ကိုမီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားအားလုံးသည်လည်း လယ်တောနှင့် အနောက်ဖက် အိန္ဒိယနယ်စပ်ဖက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့မှ ရန်လင်းဖိုင်ကျေးရွာအတွင်းရှိ TBA ဘုရားရှိခိုးကျောင်းကို သေနတ်ဖြင့် ပစ်ခတ်ဖျက်စီးခဲ့ပြီးဖြစ်သည်။ ရန်လင်းဖိုင်ကျေးရွာသည် တမူး-ကလေးကားလမ်းဘေးတွင်တည်ရှိပြီး အိမ်ခြေ ၁၃၀ ကျော်ရှိသည့် ထာဒိုကူကီး ချင်းမျိုးနွယ်များနေထိုင်သည့်ကျေးရွာဖြစ်သည်။ ယခုရက်ပိုင်းအတွင်း တမူးမြို့နယ်ဘက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား စစ်ရေးတင်းမာနေပြီး ယမန်နေ့ ညနေပိုင်းကလည်း Tamu-PDF တပ်ရင်း (၃) မှ…

Read More

ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် ဇွန်လ ၂၀ ရက်နေ့က ကလေးြမို့ဘက်သို့ ဆင်းသွားသော ဒိုင်နာကားတစ်စီး မတော်တဆဖြစ်မှုကြောင့် ခရီးသည် ၂ ဦး သေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ တီးတိန်မြို့နယ် တုန်းဇန်ကျေးရွာမှ စစ်ကိုင်းတိုင်း ကလေးမြို့ဘက်သို့ ဆင်းသွားသော ခရီးသည် ၈ ဦးပါလာသည့် ဒိုင်နာကားတစ်စီးသည် ဒိမ်လိုကျေးရွာလမ်းခွဲအနီးတွင် ကားဘရိတ်ပေါက်ပြီး မြေထိမ်းနံရံတိုက်မိကာ ပေ ၂၀၀ ကျော်နက်သော ချောက်ထဲသို့ လိမ့်ကျခဲ့ခြင်းဖြစ်သည်။ ကူညီပေးခဲ့သူ တစ်ဦးက “တွေ့တဲ့လူတွေက ကျွန်တော်တို့ကို လှမ်းကြောင်းကြားတာ၊ ရောက်တော့ ဒါဏ်ရာသိပ်မပြင်းထန်တဲ့ လေးယောက်က လမ်းပေါ်တက်နိုင်နေပြီ။ ထပ်ရှာတော့ နှစ်ယောက်ပြန်တွေ့တယ်။ နောက်နှစ်ယောက်ကျန်နေေ သးလို့၊ နောက်ထပ် လူမှုကူညီရေးအသင်းတစ်ခုကို အကူအညီတောင်းပြီး ဒါဏ်ရာရတဲ့ ခြောက်ယောက်ကို တီးတိန် ဆေးရုံသို့ ပို့နှင့်လိုက်တယ်။ နောက်ထပ် နှစ်ယောက်ကိုတော့ နဲနဲနောက်ကျမှ အနီးနားမှ ပြည်သူများနှင့် ကူညီရေးအသင်း စုပေါင်းရှာဖွေပြီး ဆေးရုံပို့ခဲ့ရတယ်” ဟု ပြောသည် အဆိုပါကားတိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများကို လူမှုကူညီရေး လူငယ်အဖွဲ့အစည်း များဖြစ်သော Leitawhtan ZYA, Leilum ZYA , Dimlo ZYA တို့နှင့် အနီးအနားပြည်သူများက တီးတိန်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြပြီး ဒဏ်ရာ ပြင်းထန်သည့် ခရီးသည် ၄ ဦးကို ကလေးမြို့သို့လွှဲပြောင်းကာ ပို့ဆောင်နေစဉ် ည ၉ နာရီကျော်တွင် ဦးထန်ခွါကျင်တွောင် ကွယ်လွန်ခဲ့သည်ဟု လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။ ကျန်လူနာ ၃ ဦးကို ကလေးမြို့သို့ဆက်လက်ပို့ဆောင်ခဲ့ပြီး ဒါဏ်ရာ ပြင်းထန်သူတစ်ဦးကို မန္တလေးဆေးရုံသို့…

Read More

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Zotung ၏ လှုပ်ရှားနယ်မြေထဲသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့က အရပ်သားပြည်သူ ၆ ဦးကိုဖမ်းဆီးကာ ၎င်းတို့ထဲမှ ၂ ယောက်ကို သတ်ဖြတ်ခဲ့သည်ဟု CDF-Zotung က ဇွန်လ ၂၁ ရက်တွင် ထုတ်ပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၄ ရက်နေ့ကစ၍ CDF-Zotung နယ်မြေထဲသို့ စစ်ကြောင်းထိုးလာပြီး အရပ်သားပြည်သူ ၆ ဦးကို ဖမ်းဆီးကာ လူသားဒိုင်းကာ၊ လမ်းပြအဖြစ် အသုံးပြုခဲ့ပြီး ၎င်းတို့ထဲမှာ ဇိုတုန်နယ် အန်းတားကျေးရွာတွင်နေထိုင်သူ ဦးဝင်းလွင်စိုး (၂၈ နှစ်) နှင့် ဦးမြင့်မောင် (၅၅ နှစ်) တို့နှစ်ဦးကို ဇွန်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့က သတ်ဖြတ်ခဲ့သည်ဟု CDF-Zotung က ထုတ်ပြန်သည်။ ၎င်းတို့နှစ်ဦး၏ ရုပ်အလောင်းကို ဇွန်လ ၁၈ နှင့် ၂၁ ရက်နေ့တို့တွင် ရှာဖွေတွေ့ရှိခဲ့ကြပြီး မီးသဂြိုလ်ပေးခဲ့ကြသည်ဟု CDF-Zotung ကဆိုသည်။ အန်းတားကျေးရွာသည် မကွေးတိုင်း ဂန့်ဂေါ်မြို့နယ်တွင်တည်ရှိသည့် ဇိုတုန်ရွာတစ်ရွာဖြစ်ပြီး ဂန့်ဂေါ်မြို့မှ မိုင် ၂၀ ခန့်ကွာဝေးသည်ဟု သိရသည်။

Read More

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကျိန်းပီးကွတ်ကျေးရွာက CDM နှစ်ဦးနှင့် အရပ်သားတစ်ဦး စုစုပေါင်း သုံးဦးကို Zomi Revolutionary Army (Eastern Command) တပ်ဖွဲ့က ဖမ်းဆီးရိုက်နှက်ကာ ကျေးရွာမှပြောင်းရွှေ့ကြရန် နယ်နှင်ဒဏ်ပေးသည်ဟု သိရသည်။ ZRA (EC) တပ်ဖွဲ့ဝင်များသည် ယမန်နေ့ (ဇွန်လ ၂၀) မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်ခန့်တွင် ကျိန်းပီးကွတ်ကျေးရွာသို့ ဝင်ရောက်လာပြီး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်သော (CDM) ကျောင်းဆရာတစ်ဦး၊ ရဲတပ်သားတစ်ဦးနှင့် ကျောင်းဆရာမတစ်ဦး၏အမျိုးသား စုစုပေါင်း ၃ ဦးတို့ကို ရွာအပြင်ဘက် နှစ်ခြင်းသချုင်းကုန်းအနီးသို့ ဖမ်းဆီးခေါ်ဆောင်ကာ ၃ နာရီကြာခန့် ရိုက်နှက်စစ်ဆေးခဲ့သည်ဟု သိရသည်။ ၎င်းတို့ ၃ ဦးအား ရိုက်နှက်စစ်ဆေးမေးမြန်းမှုအပြီးတွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဇွန်လ ၂၅ ရက်နေ့နောက်ဆုံးထား၍ ရွာထဲမှ ပြောင်းရွှေ့ထွက်ခွါကြရန် ZRA (EC) က နယ်နှင်ဒဏ်ပေးထားသည်ဟု သိရသည်။ “မသေချင်ရင်တော့ ထွက်သွားရမှာပေါ့၊ မိသားစုနှင့်အတူသွားရမှာဆိုတော့လေ။ စားဖို့သောက်ဖို့ ရောင်းလို့ရတာတွေ ရောင်းရမယ်။ ဘယ်တတ်နိုင်မှာလဲ” ဟု တီးတိန်မြို့က ဒေသခံတစ်ဦးက ခိုနူမ်းသုန်သတင်းဌာနကို ပြောပြသည်။ ဖမ်းဆီးရိုက်နှက်ခံရသော အဆိုပါ ၃ ဦးသည် လမ်းပင်မလျှောက်နိုင်ကြတော့ဘဲ ရွာသားများက ဆိုင်ကယ်များဖြင့် သွားရောက်သယ်ယူခဲ့ရသည်ဟု သိရသည်။ ၎င်းတို့ထဲမှ တစ်ယောက်သည် ရွာမှ ပြောင်းရွှေ့သွားပြီဟု သိရသည်။ ကျိန်းပီးကွက်ကျေးရွာသည် တီးတိန်မြို့မှ ၁၈ မိုင်ခန့်ကွာဝေးကာ အိမ်ခြေတစ်ရာကျော်ရှိပြီး အခြေခံပညာအထက်တန်းကျောင်းရထားသော ရွာတစ်ရွာဖြစ်သည်ဟု သိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ZRA (EC) က ယနေ့ဇွန်လ ၂၁…

Read More