ချင်းပြည်နယ်၊ ဟားခါးမြို့အနီး နှီယာလောန်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယနေ့မနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်က ဟားခါးမြို့ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော ဝန်ကြီးအိမ်ယာနှင့် ခရိုင်ရုံးအနီးတွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် နှီယာလောန်ကျေးရွာမှ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲကာ အိမ်ရှင် ဒေါ်ရှာမ်အဲမ် ပွဲခြင်းပြီးသေဆုံးခဲ့သည်ဟု နှီယာလောန်ဒေသခံတစ်ဦးက ပြောသည်။ “သူက မီးဖိုချောင်မှာ ထမင်းချက်တယ်၊ အဲဒီချိန်မှာ ဗုံးကကျရောက်ပေါက်ကွဲလာတာ၊ မီးဖိုချောင်က နေလို့မရဘူး အကုန်ပျက်စီးသွားတယ်၊ လူငယ်တစ်ယောက်လည်း ဒဏ်ရာရတယ်၊ အခုက ဆေးရုံမှာထားတယ်။ ဒီမနက် ဗုံးက နှစ်ခါကျတော့ လျှပ်စစ်ကြိုးလည်း သုံးနေရာလောက်ပျက်သွားတယ်” ဟု နှီယာလောန်ဒေသခံက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့၏ ယနေ့မနက် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် နှီယာလောန်ကျေးရွာက လူနေအိမ် ၇ လုံးလည်း ထိခိုက်ပျက်စီးသွားသည်ဟု သူကဆိုသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့တွင်လည်း နှီာယာလောန်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်ခဲ့ကြပြီး နှီာယာလောန်ဘုရားကျောင်းက အထွေထွေအလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်နေသူ ဆလိုင်းမန်လျန်ဆန်ကို စစ်ကောင်စီတပ်ဖွဲ့မှ ပစ်သတ်ခဲ့သည်။ နှီာယာလောန်ကျေးရွာသည် ဟားခါးမြို့နှင့် ၇ မိုင်ကွာဝေးပြီး အိမ်ခြေ ၁၇၀ ဝန်းကျင်ရှိသည်ဟု သိရသည်။
Author: Editor
မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ တက္ကသိုလ်တွင် သုတေသန Fellowship သင်တန်းတက်ရောက်နိုင်ရန် မြန်မာစစ်ဘေးဒုက္ခသည် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာတော်သင်အစီစဉ်တရပ်ကို ချင်းရေးရာအဖွဲ့ချုပ် (ICA) က သြဂုတ်လ ၈ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။ လက်ရှိ မြန်မာနိင်ငံအတွင်းဖြစ်ပွားနေသည့် ပဋိပက္ခအခြေအနေအမျိုးမျိုးကြောင့် မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးဒုက္ခသည်အဖြစ် ရွှေ့ပြောင်းနေထိုင်ရပြီး ကျန်ရစ်ခဲ့သော ပညာရေးကွာဟချက်များ ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ချင်းရေးရာအဖွဲ့ချုပ် (ICA) နှင့် မီဇိုရမ်တက္ကသိုလ် (MZU) တို့ ပူးပေါင်းဆောင်ရွက်သည့် အစီစဉ်တရပ်ဖြစ်သည်။ သုတေသန Fellowship သင်တန်းကို လာမည့်အောက်တိုဘာလ ၃ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး မီဇိုရမ်ပြည်နယ်အတွင်း နေထိုင်သော စစ်ဘေးဒုက္ခသည် ၅ ဦးကို ခေါ်ယူမှာဖြစ်ပြီး ယင်းအတွက် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်သွားမည်ဖြစ်သည်။ “သုတေသနလုပ်မှာဖြစ်သည့်အတွက် အနည်းဆုံးတော့ ဘွဲ့တစ်ခုခုတော့ရထားရမယ်၊ ဥပမာအားဖြင့် လူမှုရေးသိပ္ပံ၊ ပထဝီ၊ နိုင်ငံရေးသိပ္ပံတို့၊ ဥပဒေတို့ နောက်ပြီးတော့ လူမှုကြီးကြပ်ရေးနင့် ပက်သက်တဲ့ ဘွဲ့ရထားတဲ့လူတွေကို ဦးစားပေးခေါ်မှာပေါ့နော်၊ ပြီးတော့မှ စာတမ်းကကြတော့ အင်္ဂလိပ်လို ရေးရမှာဖြစ်တဲ့အတွက်ကြောင့် မြန်မာရော အင်္ဂလိပ်ရော ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်တဲ့သူကို ကျွန်ပ်တို့ခေါ်ပါတယ်” ဟု ချင်းရေးရာအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးက ပြောသည်။ Fellowship သင်တန်းသည် ယခုနှစ် အောက်တိုဘာလ မှ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ ၁၂ လ ကြာမြင့်မည်ဖြစ်ပြီး ၁၈ လအထိ သက်တမ်းတိုးနိုင်ခြေရှိကြောင်း သိရသည်။ ရွေးချယ်ခံရသော ပညာတော်သင်များအတွက် နေထိုင်စားသောက်စရိတ်နှင့် တက္ကသိုလ်ရှိ သင်ကြားရေးဆိုင်ရာ အထောက်အကူပစ္စည်းများကို ပေးအပ်မည်ဟု သိရသည်။…
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် မြန်မာနိုင်ငံသားတစ်ဦးထံမှ ဘိန်းဖြူ ၆၃.၄၆ ဂရမ်ကို မီဇိုရမ်ရဲတပ်ဖွဲ့က ယနေ့ သြဂုတ်လ ၉ ရက်နေ့တွင် ဖမ်းဆီးရမိသည်ဟု သိရသည်။ အိုင်ဇောလ်မြို့ Thuampui ရပ်ကွက်တွင်နေထိုင်သူ ကလေးမြို့ တာဟန်းရပ်ကွက်မှ အသက် ၃၅ နှစ်အရွယ် Lalhruailiana ၏ နေအိမ်ကို ယနေ့မနက်ပိုင်းက သတင်းပေးပို့ချက်အရ မီဇိုရမ်ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာတွင် ဆပ်ပြာခွက်ထဲတွင်ထားရှိသော ဘိန်းဖြူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ အဆိုပါ ဖမ်းဆီးရမိသည့် ဘိန်းဖြူမှာ နိုင်ငံတကာပေါက်ဈေးအရ ရူပီးငွေ ၃၂ သိန်းခန့်ရှိသည်ဟု ဆိုသည်။ ၎င်းကို Bawngkawn ရဲစခန်းသို့ပို့ဆောင်ပြီး မူးယစ်ဆေးဝါးရောင်း ဝယ်မှုအက်ဥပဒေနှင့် တရားမဝင် ဝင်ရောက်နေထိုင်မှု (နိုင်ငံခြားသား) မှုတို့ဖြင့် အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။ မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေ အမြောက်အများနေထိုင်နေထိုင်ကြသော မီဇိုရမ်ပြည်နယ်မှာ မူးယစ်ဆေးဝါးဖမ်းဆီးမှု ဆက်လက်မြင့်တက်နေပြီး အထူးသဖြင့် ဘိန်းဖြူ အများစုသည် အိန္ဒိယ-မြန်မာနယ်စပ်ဘက်ကနေ ဝင်ရောက်လာခြင်းဖြစ်ပြီး ဘိန်းဖြူဖမ်းဆီးမှုအများစုမှာ မြန်မာနိုင်ငံသားများ ပါဝင်လေ့ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံသားများအနေဖြင့် မီဇိုရမ်ပြည်နယ်အတွင်းသို့ မူးယစ်ဆေးဝါးများ သယ်ယူရောင်းချခြင်းမပြုကြရန်နှင့် ဆက်လက်လုပ်ဆောင်ကြပါက ပြင်းပြင်းထန်ထန် အရေးယူမည်ဟု CDF တပ်ဖွဲ ့များကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါကားလမ်းမပေါ်ရှိ သာယာကုန်းကျေးရွာက ဘုရားကျောင်းတစ်ကျောင်းအပါအဝင် လူနေအိမ်ခြေ ၅၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။ ယခုသြဂုတ်လဆန်းပိုင်းကစ၍ ကလေးနည်းပညာတက္ကသိုလ်အနီးတွင်တည်ရှိသော သာယာကုန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးနောက် ယင်းကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့က သြဂုတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ၃ ရက်အတွင်း လူနေအိမ်ခြေ ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သာယာကုန်းကျေးရွာ ဒေသခံတစ်ဦးကပြောသည်။ “၃ ရက်အတွင်းမှာ အိမ်က ၅၂ အိမ်လောင်တယ်၊ ဘုရားကျောင်းတစ်ကျောင်းလည်းပါသွားတယ်၊ ကျောက်ပေါ်တည်အသင်းတော်ကို မီးရှို့တာ၊ တခြားဘုရားကျောင်းကတော့ အဆင်ပြေသေးတယ်၊ အင်္ဂါနေ့မနက်ကနေ မီးရှို့တာ သူတို့က တောက်လျှောက်မီးမရှို့ပဲနဲ့ အင်္ဂါနေ့ကတော့ ဘယ်လောက်မီးရှို့သလဲမသိပေမယ့် ဗုဒ္ဓဟူးနေ့က ၂၀ ကျော်တယ်၊ ကြာသပေးနေ့ဆိုရင် ၅၀ ကျော်ဖြစ်သွားတယ်၊ တရက်တရက်ကို ဘယ်နှစ်အိမ်မီးရှို့သလဲဆိုတာတော့ ကျနော်တို့မသိဘူး သွားလည်းမသွားရဲတော့ဘူးလေ၊ ၃ ရက်အတွင်းမှာ ၅၂ အိမ်ပါသွားတာပေါ့ဗျာ မီးရှို့တဲ့ထဲမှာ” ဟု သာယာကုန်းကျေးရွာ ဒေသခံက ပြောသည်။ အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိသော သာယာကုန်းကျေးရွာတွင် လူဦးရေ ၁၅၀၀ ခန့်နေထိုင်ကြပြီး ချင်းလူမျိူးအများစုနေထိုင်ကြသည့် ကျေးရွာဖြစ်သည်။ သြဂုတ်လဆန်းပိုင်းကစ၍ ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ရွာသားများအားလုံးသည် ကလေးမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အသင်းတော်၊ အရပ်ဖက်အဖွဲ့အစည်းများက ကူညီစောင့်လျှောက်ပေးလျှက်ရှိသည်ဟု သိရသည်။ “အခု ကျွန်တော်တို့ ဘုရားကျောင်းတစ်ခုမှာ နေကြတယ်၊ ကျွန်တော်တို့ ထွက်ပြေးရတာလည်း ညဆယ်နာရီလောက်ဆိုတော့ အဝတ်အစား ၁ ထည်၊ ၂ ထည်လောက်ပဲ ပါသွားတယ်ဆိုတော့…
ချင်းပြည်နယ်ဒေသကာကွယ်ရေး CDF တပ္ဖြဲ ့က အကြိမ်ကြိမ် သတိပေးထုတ်ပြန်သည့်ကြားမှ မီဇိုရမ်ပြည်နယ်သို့ ဘိန်းဖြူ ရောင်းဝယ်ဖောက်ကားရန် သယ်ဆောင်လာသာ ချင်းလူမျိုး၂ ဦးကို CDF-Thantlang တပ်ဖွဲ့က သြဂုတ်လ ၅ ရက်နေ့က ဖမ်းဆီးရမိသည်ဟု သိရသည်။ ထန်တလန်မြို့နယ်၊ CDF-Thantlang တပ်ရင်း (၄) နယ်မြေ၊ ထန်ဇန်းနှင့် ရွာခွာကျေးရွာအကြား စစ်ဆေးရေးဂိတ်တွင် ထန်တလန်မြို့နယ် Fungkah ကျေးရွာနေ Pu Za Hup နှင့် Pu Van Za Ham တို့နစ်ဦးထံမှ သြဂုတ်လ ၅ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖမ်းဆီးရမိသည့် ဘိန်းဖြူ ၁၅၀ ဂရမ်မှာ ကာလပေါက်ဈေးနှုန်းအရ ကျပ်သိန်း ၂၀ဝ ကျော်တန်ဖိုးရှိကြောင်း သိရသည်။ ဘိန်းဖြူများကို ကလေးမြို့မှယူဆောင်ကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ပို့ဆောင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်းနင့် ယခင်ကလည်း မီဇိုရမ်ပြည်နယ်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်လေ့ရှိပြီး ၎င်းတို့နဲ့အတူ တွဲလုပ်သူများလည်း ထန်တလန်မြို့နယ်တွင် ရှိနေသေးကြောင်း ဖမ်းဆီးခံရသူများ၏ ဝန်ခံထွက်ဆိုချက်အရ သိရသည်။ CDF-Thantlang တရားစီရင်ရေးဌာနကမှ ၎င်းတို့ ၂ ဦးကို ဥပဒေအတိုင်း ထိုက်တန်သောပြစ်ဒဏ် ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
တိုက်ပွဲပြင်းထန်နေသော ကလေးမြို့နယ်တောင်ပိုင်း သာယာကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့က ဒေသခံရွာသား ၃ ဦးသတ်ဖြတ်ပြီး အယောက် ၃၀ ခန့်ကို ဆက်လက်ဖမ်းဆီးထားသည်ဟု PDF (Kalay) တပ်ဖွဲ့က ထုတ်ပြန်သည်။ ကလေးနည်းပညာတက္ကသိုလ်ကျောင်းအနီး သာယာကုန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ သြဂုတ်လ ၂ ရက်နေ့ မှ သြဂုတ်လ ၄ ရက်နေ့အထိ တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က သာယာကုန်းကျေးရွာက လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ရွာသားအယောက် ၃၀ ကို ဆက်လက်ဖမ်းဆီးထားသည်ဟု PDF (Kalay) တပ်ရင်း ၁ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ရွာသားအယောက် ၃၀ ဖမ်းထားတယ် အဲဒီက ၃ ယောက်ကိုသတ်လိုက်တယ် အခု ရွာသား ၂၇ ယောက်ကို ဆက်ပြီးဖမ်းထားတုန်းပဲ” ဟု ၎င်းကပြောသည်။ အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိသော သာယာကုန်းကျေးရွာတွင် လူဦးရေ ၁၅၀၀ ခန့်နေထိုင်ကြပြီး ချင်းလူမျိူးအများစုနေထိုင်ကြသည့် ကျေးရွာဖြစ်သည်။ ယခုဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ရွာသားအားလုံးနီးပါးသည် နီးစပ်ရွာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယခုအဖမ်းခံရသူများသည် စစ်ကောင်စီတပ်ဖွဲ့များရွာထဲသို့ ဝင်လာစဉ် ပိတ်မိနေသည့် ရွာသားများဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် ယနေ့ သြဂုတ်လ ၅ ရက်နေ့တွင်လည်း ကလေးမြို့တွင်း တောင်ဖီလာရပ်ကွက် ဝန်ထမ်းအိမ်ရာအနီးတွင် ထိတွေ့မှုထပ်မံဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်သားများပါလာသည့် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ၆ ဦး အခင်းဖြစ်ရာနေတွင် သေဆုံးကာ ကျန် ၄ ဦးမှာလည်း…
မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးမှုဆက်လက်မြင့်တက်နေပြီး ယခုသြဂုတ်လဆန်းပိုင်းအတွင်း မြန်မာနိုင်ငံသား တစ်ဦးအပါအဝင် ဒေသခံ ၃ ဦးထံမှ ဘိန်းဖြူ ၁၁၆၀ ဂရမ်ကို မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း သိရသည်။ သြဂုတ်လ ၄ ရက်နေ့က အိုင်ဇောလ်မြို့အထူးရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်တို့ပူးပေါင်းပြီး ကြိုတင်သတင်းရရှိထားချက်အရ အိုင်ဇောလ်မြို့တွင် မြန်မာနိုင်ငံသား ချင်းပြည်နယ် Darkhai ရွာသစ်မှ အသက် ၄၂ နှစ်အရွယ် ဦးကပ်ဇတုန်ထံမှ ၄၂၈.ဝ၄ ဂရမ်အလေးချိန်ရှိသော ဘိန်းဖြူဖမ်းဆီးရမိခဲ့သည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ အဆိုပါဖမ်းဆီးရမိသည့် ဘိန်းဖြူမှာ နိုင်ငံတကာပေါက်ဈေးအရ ရူပီးငွေ သိန်း ၂၀ဝ ကျော်ခန့်ရှိသည်ဟု သိရသည်။ သြဂုတ်လ ၃ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ်တောင်ပိုင်း Sangau ကျေးရွာတွင် ဒေသခံအမျိုးသားနှစ်ဦး K. Lallungkhama(60) နှင့် H. Zoenga (38) တို့ထံမှ ၁၇၂ ဂရမ်အလေးချိန်ရှိသော ဘိန်းဖြူကို ရဲတပ်ဖွဲ့ကဖမ်းဆီးရမိ ခဲ့ကြသည်။ အဆိုပါဘိန်းဖြူ၏ တန်းဖိုးမှာ နိုင်ငံတကာပေါက်ဈေးအရ ၈၆ သိန်းရှိသည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ အလားတူ သြဂုတ်လ ၂ ရက်နေ့ကလည်း Serchhip ကျေးရွာတွင် ဒေသခံအမျိုးသမီး Lalduhawmi ထံမှ ၅၆၂ အလေးချိန်ရှိသော ဘိန်းဖြူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး နိုင်ငံတကာပေါက်ဈေးအရ ရူပီးသိန်း ၂၀ဝ ကျော်ခန့်ရှိသည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ မီဇိုရမ်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မူးယစ်ဆေးဝါး (အထူးသဖြင့် ဘိန်းဖြူ) ဖမ်းဆီးမှု မကြာခဏရှိခဲ့သည်။ ဘိန်းဖြူအများစုသည် အိန္ဒိယ-မြန်မာနယ်စပ်ဘက်မှ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ယူဆရပြီး ဘိန်းဖြူဖမ်းဆီးမှုအများစုမှာ…
ရေး – Salai Vakok မြန်မာနိုင်ငံမြေလတ်ပိုင်း မကွေးမြို့မှ မိုင် ၁၀၀ ကျော်ကွာဝေးသော ရခိုင်ရိုးမတောင်၏ တောတောင်ထူထပ်သော နေရာတစ်ခုတွင် ချင်းဘာသာကို သင်ကြားရသော CDM ကျောင်းဆရာတစ်ဦးသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်အတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေသည်။ တချိန်က မကွေးတိုင်းရှိ ရွာတစ်ရွာ၏ အခြေခံပညာအလယ်တန်းကျောင်းတွင် သူငယ်တန်းမှ (၈) တန်းအထိ ချင်းလူမျိုး ကျောင်းသူ/သားပေါင်း တစ်ရာကျော်ကို ချင်းဘာသာ စာ၊ စကား သင်ကြားပေးရသော ကျောင်းဆရာတစ်ဦးပါ။ သူ၏ ပြည်သူ့ကာကွယ်ရေးစခန်းတွင် သူ့ကို ရဲဘော်များက ကျောင်းဆရာဟူ၍ ခေါ်ကြသည်။ သာမန်အရပ်သားနှင့် ကျောင်းဆရာဘဝတွင် ချင်းလူမျိုးများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့နှင့် ချင်းစာစကား ရေရှည်တည်တံ့ဖို့သာ ဆောင်ရွက်နေသူ၊ အသက် (၃၀) ကျော်အရွယ်၊ သမီး နှစ်ဦး၏ ဖခင်၊ ချင်းရွာသားတစ်ဦး ဖြစ်သည်။ သို့သော် စစ်တပ်က လက်နက်အားကိုးဖြင့် တရားမဝင်အာဏာသိမ်းမှုက သူ့ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲသွားစေသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် သူ့ရွာနှင့် မြို့နယ်၏ လူထုဆန္ဒပြပွဲများတွင် တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့သည်။ စစ်တပ်က သူကိုဖမ်းမမိ၍ သူ့ဦးလေးနှင့် သူ့ယောက်ဖ (၈) တန်းကျောင်းသားကို ဖမ်းသွားသည်။ (၈ တန်းကျောင်းသားကို အတန်ကြာဖမ်းထားပြီး ပြန်လွှတ်ခဲ့သည်) ရပ်ရွာဖွံ့ဖြိုးရေး လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ရွာဥက္ကဌကိုလည်း ဖမ်းဆီးခဲ့သည်။ သူတို့ တစ်မိသားစုလုံးက အိမ်ကိုစွန့်ခွာပြေးရပြီး အားလုံးမှာ တကွဲတပြားဖြင့် ရှောင်တိမ်းနေရသည်။ လက်နက်ကိုင်လမ်းစဉ်ဖြင့် စစ်အာဏာသိမ်းမှုကို တော်လှန်ရာတွင်လည်း တစ်နိုင်ငံလုံးမှ တော်လှန်သူများနည်းတူ သူလည်း လက်နက်စွဲကိုင်ခဲ့သော မြေပြန့်ဒေသက အရှိုချင်းလူမျိုးတစ်ဦးဖြစ်သည်။ လက်ရှိတွင်…
စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်း သာယာကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ သြဂုတ်လ ၃ ရက်နှင့် ၄ ရက်နေ့တွင် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့ဘက်က ၃ ဦးကျဆုံးခဲ့သည်ဟု သိရသည်။ ကလေးနည်းပညာတက္ကသိုလ်ကျောင်း တောင်ဘက် သာယာကုန်းကျေးရွာတွင် သြဂုတ်လ ၂ ရက်နေ့ကတည်းက တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို PDF (Kalay) တပ်ရင်း ၁၊ ၂၊ ၃၊ ၅၊ ၆၊ ၇၊ ၈၊ ၁၂ တို့နှင့်အတူ ပ.က.ဖ (ကလေး)၊ CNDF၊ CDF-KKG၊ RKDF ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ သြဂုတ်လ ၃ ရက်နေ့ ညနေ ၅ နာရီခန့်က သွားရောက်တိုက်ခိုက်ခဲ့ကြသည်။ ယနေ့ သြဂုတ်လ ၄ ရက်နေ့တွင်လည်း နံနက်ပိုင်း ၉ နာရီဝန်းကျင်ခန့်ကစ၍ တနေကုန်နီးပါး တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြပြီး ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု PDF (Kalay) က ထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က PDF (Kalay) တပ်ဖွဲ့ဝင်တစ်ဦး၊ ပ.က.ဖ တပ်ဖွဲ့ဝင် ၂ ဦး စုစုပေါင်း ၃ ဦး ကျဆုံးခဲ့ပြီး PDF (Kalay) တပ်ဖွဲ့ဝင် ၁၀ ဦး၊ CNDF-Vakok တပ်ဖွဲ့ဝင် ၂ ဦး၊ ပ.က.ဖ တပ်ဖွဲ့ဝင် ၄…
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ရောက်ရှိနေကြသော မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ဒေသခံဘာသာစကားများ သိရှိနားလည်နိုင်ရန်အတွက် Youth for Myanmar အဖွဲ့က အခြေခံမီဇိုးဘာသာစကား သင်ကြားမှုအစီစဉ်ကို အွန်လိုင်းကတဆင့် သြဂုတ်လ ၁ ရက်ကစတင်လိုက်ပြီဟု သိရသည်။ အခြေခံ မီဇိုးဘာသာစကားသင်ကြားမှုကို သြဂုတ်လ ၁ ရက်နေ့ကစ၍ အပတ်စဉ် တနင်္လလာနေ့တိုင်း (အိန္ဒိယစံတော်ချိန် နံနက် ၈ နာရီနှင့် ညပိုင်း (၈) နာရီအချိန်များတွင်) Youth For Myanmar (Facebook Page) အွန်လိုင်းစာမျက်နှာမှတစ်ဆင့် ထုတ်လွှင့်သင်ကြားပေးနေခြင်းဖြစ်သည်။ “မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင်ပြီး လာရောက်နေထိုင်တဲ့အခါမှာ ဘာသာစကားနားမလည်မှုကြောင့် အခက်အခဲ အများကြီးကြုံရတယ်၊ ဥပမာ ဆေးရုံ၊ ဆေးခန်းသွားတဲ့အခါ၊ ဈေးဝယ်သွားတဲ့အခါ၊ အလုပ်လုပ်တဲ့အခါ လိုအပ်တာလေးတွေ ဝယ်ဖို့သွားတဲ့အခါမျိုးမှာလည်း ဘာသာစကားမတတ်တော့ အဆင်မပြေဘူးပေါ့နော် ဒါကြောင့် တဖက်တလမ်းကနေ အထောက်အကူဖြစ်စေဖို့ ခုလို ဘာသာစကားသင်ကြားတဲ့အစီစဉ်ကို လုပ်ဆောင်ရတာပါ” ဟု Youth for Myanmar က တာဝန်ရှိသူတစ်ဦးက ပြောသည်။ ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူ ၃ သောင်းကျော်ခန့်ရှိပြီး မီဇိုရမ်ပြည်နယ်အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ စီစဉ်ပေးသော စစ်ဘေးရှောင်စခန်းများတွင် နေထိုင်လျှက်ရှိကြကာ တချိူ့မှာလည်း ရပ်ကွက်အတွင်း အိမ်ငှါးနေထိုင်ကြသည်။ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ငွေကြေးအသုံးပြုရာတွင် သိသင့်သိအပ်သော ကိန်းဂဏာန်းအသုံးအနှုန်းများ၊ ဈေးဝယ်ယူရာတွင် သုံးနှုန်းသော ဒေသစကားအခေါ်အဝေါ်များကို သင်ကြားပို့ချပေးလျက်ရှိပြီး ဒေသခံပြည်သူနှင့် အပြန်အလှန်စကားပြောဆိုရာ နားလည်တတ်ကျွမ်းသည့်အထိ တဆင့်ပြီးတဆင့် သင်ခန်းစာများကို မြှင့်တင်ပို့ချ သင်ကြားပေးသွားမည်ဟုလည်း သိရသည်။ Youth…
