စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း စစ်ဘေးဒဏ်ခံနေရသော စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေရှာဖွေသည့်အနေဖြင့် အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ယနေ့ ဇူလိုင် ၃၀ ရက်နေ့တွင် “Mobile Charity Concert” ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။ ယင်းရန်ပုံငွေဂီတပွဲအစီစဉ်ကို အိုင်ဇောလ်မြို့အခြေစိုက် မီဇိုးကျောင်းသားသမဂ္ဂအဖွဲ့၊ NGO united for democratic Myanmar အဖွဲ့များနှင့် တေးဂီတအဆိုတော်များဖြင့်ဖွဲ့စည်းထားကြသော MZI, MDM, PUMP တို့မှ ဦးဆောင်ကျင်းပခြင်းဖြစ်သည်။ ယနေ့ ဂီတရန်ပုံငွေဖျော်ဖြေပွဲကို အိုင်ဇောလ်မြို့၏ အချက်အချာကျသော လမ်းဆုံများဖြစ်သည့် Thakthin, Sikulpuikawn, Khatla နဲ့ Tennis court စသည့်နေရာများတွင် မီဇိုရမ်ပြည်နယ်အတွင်းရှိ နာမည်ကြီးအဆိုတော်များမှ သီဆိုဖျော်ဖြေကာ စစ်ဘေးရှောင်များကူညီနိုင်ရန် အလှူငွေပုံများထားရှိကာ အလှူခံခဲ့ကြသည်ဟု သိရသည်။ ကလေးဒေသ စစ်ဘေးရှောင်ပြည်သူများအတွက် အလှူငွေရှာဖွေရေး တေးဂီတဖျော်ဖြေမှုအစီစဉ်ကို လာမည့် သြဂုတ်လ ၆ ရက်နှင့် ၁၅ ရက်နေ့တို့တွင်လည်း ထပ်မံပြုလုပ်ကြမည်ဟု သိရသည်။
Author: Editor
မကွေးတိုင်း ဂန့်ဂေါမြို့နယ်ကနေ ချင်းပြည်နယ် မတူပီမြို့နယ် ဇိုတုန်နယ်မြေထဲကို စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်း ၂ ကြောင်းဖြင့် ဇူလိုင်လ ၂၄ ရက်နေ့ကစ၍ ဝင်ရောက်စစ်ကြောင်းထိုးလာနေပြီး ရွာသား အယောက် ၃၀ ဝန်းကျင်ကိုလည်း ဖမ်းဆီးထားသည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းတစ်ကြောင်းမှာ ဇိုတုန်နယ်မြေ ယုံနက်ကျေးရွာမှ တီလောဘက်သို့ ဦးတည်ချီတက်ကြပြီး နောက်တစ်ကြောင်းမှာ ဂန့်ဂေါနှင့် ဇိုတုန်နယ်မြေအစပ် ဇီးပြား၊ အန့်တာနှင့် ရမ်စီးကျေးရွာဘက်တစ်လျှောက်ကို ဝင်ရောက်စစ်ကြောင်းထိုးလာကာ ရမ်စီးကျေးရွာမှ ရွာသားအယောက် ၃၀ ဝန်းကျင်ခန့်ကိုလည်းဖမ်းဆီးထားသည်ဟု Supreme Council CDF-Zotung မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အင်အား ၇၀၊ ၈၀ လောက်ရှိမယ်လို့ခန့်မှန်းရတယ်၊ ၂ ဖွဲ့ခွဲပြီး တစ်ဖွဲ့ကတော့ ရမ်စီး ကျေးရွာနားတဝိုက်ကို ရှင်းလင်းရေး လုပ်ပြီးမှ ရမ်စီးရွာသားတွေကိုဖမ်းတယ်၊ နောက်တစ်ဖွဲ့ကတော့ တီလောဘက်ကိုတောက်လျှောက်တက်လာတာ” ဟု ၎င်းကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးလာသည့် လမ်းတစ်လျှောက် ဇီးပြားနှင့် အန့်တာကျေးရွာကြားတွင်လည်း အမည်မသိ အရပ်သား ၂ ဦး သေဆုံးနေသည်ကို ရွာသားများတွေ့ရှိခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့မှ သတ်ဖြတ်ခြင်းဖြစ်နိုင်သည်ဟု ၎င်းက ဆက်ပြောသည်။ ယခုလက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းသည် ရမ်စီးကျးရွာအနီးတဝိုက်တွင် လှုပ်ရှားနေကြပြီး စစ်ကြောင်းတစ်ကြောင်းမှာ တီလောကနေ ရေဇွာ-မတူပီဘက်ကို ဦးတည်လာသည်ဟု ယူဆရကြောင်း Supreme Council CDF-Zotung မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ရမ်စီးရွာသားတွေကိုဖမ်းထားတဲ့ စစ်ကြောင်းတစ်ကြောင်းက အဲဒီအနီးနားပတ်ဝင်းကျင်မှာပဲ တောမှာနေပြီးမှ ရှင်းလင်းရေးလုပ်တာ၊ ပြီးတော့ တီလောဖက်သွားတဲ့ဟာကတော့ မတူပီကို ဦးတည်မလား ရေဇွာကို ဦးတည်မလား မတူပီနဲ့ ရေဇွာကြား…
Ko Thway, Thway Thik Ko, Thway Thik Ko, စစ်အောင်, Phyoe Gyi, Phyo Lay စတဲ့အကောင့်တွေကနေပြီး “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အပြီး ရုရှားနိုင်ငံကစစ်ဘက်ဆိုင်ရာ အကူအညီတွေနဲ့ အခြားလူသားချင်းစာနာမှု အကူအညီ တော်တော်များများ ပေးခဲ့ပါတယ်။” ဒါအပြင် “ထူးခြားမှုတစ်ခုကတော့ အကြမ်းဖက်ဖြေရှင်းရေး လက်နက်ငယ် သိန်းဂဏန်းခန့်ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး အခြား လူသိနည်းသေးသော အကူအညီတစ်ခုကတော့ အကြမ်းဖက်နိုမ်နင်းရေးအထူးတပ်ဖွဲ့ သုံးဖွဲ့စေလွှတ်ပေးပြီး အကြမ်းဖက်မှုများကို ကူညီနိမ်နင်းပေးမယ့် အစီစဉ်ဖြစ်ပါတယ်။” ဆက်လက်ပြီး “ဒီအစီစဉ်က နိုင်ငံရေးဆူပူမှုတွေဖြစ်နေပြီး သွေးထွက်သံယိုဖြစ်နေတဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအတွက် ဘောလန်ဒီယာတပ်သားတွေစေလွှတ်ပေးတာဖြစ်တယ်။ မြန်မာနိုင်ငံတွင်သာမက အခြားအာဆီယံနိုင်ငံတွေမှာလဲ အလားတူဖြစ်စဉ်တွေဖြစ်လာရင် ယခုလိုကူညီသွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကပြောကြားခဲ့ပါတယ်။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး Sergey Lavrov ရဲ့ပြောကြားချက်များကို ရှာဖွေကြည့်တဲ့အခါ ဇူလိုင်လ (၂၅) ရက်နေ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ကိုင်ရိုရှိ အာရပ်အဖွဲ့ချုပ် သံတမန်များအား ပြောကြားသည့်မိန့်ခွန်းမှာ အနောက်တိုင်းနိုင်ငံများအနေဖြင့် အခြားနိုင်ငံများအပေါ် လွှမ်းမိုးချုပ်ကိုင်ရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအကြောင်းမပါဝင်ပါဘူး။ Link>>> https://fb.watch/ewL2Ti3DpB/ ဒါအပြင် တခြားသတင်းဌာနတွေမှာလည်းဖော်ပြထားတာမျိုးမရှိပါဘူး။ စာဖတ်သူများအနေနဲ့ သတင်းတုသတင်းအမှားများကိုသတိထားဖတ်ရှုဖို့တိုက်တွန်းလိုက်ပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ရိခေါဒါရ်မြို့ တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ကို CDF-Hualngoram တပ်ဖွဲ့က ဇူလိုင် ၂၅ နှင့် ၂၆ ရက်နေ့က ၂ ရက်ဆက်တိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။ CDF-Hualngoram တပ်ဖွဲ့အနေဖြင့် မြို့တွင်းစစ်ဆင်ရေးဖော်ဆောင်ကာ ရိခေါဒါရ်မြို့ တပ်စခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက မတရားသေဒဏ်စီရင်ခဲ့သော နိုင်ငံရေးခေါင်းဆောင်များအတွက် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု CDF-Hualngoram က ယနေ့ ထုတ်ပြန်ကြေညာသည်။ ပထမရက်တိုက်ပွဲမှာ မိနစ် ၄၀ ခန့်ကြာမြင့်ပြီး ဒုတိယရက်တိုင်ပွဲမှာလည်း မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့သည်ဟုဆိုသည်။ အဆိုပါတိုက်ပွဲအတွင်း CDF-Hualngoram တပ်ဖွဲ့ဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေနေကိုမူ အတိအကျ အတည်မပြုနိုင်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းတိုက်ပွဲတွင် CDF-Hualngoram တပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြသည်ဟု သိရသည်။
စစ်ကောင်စီက မတရားကွက်မျက်ခဲ့သည့် “ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်” တို့အတွက် တရားမျှတမှု ပြန်လည်ရယူရန် CDF-Kanpetlet တပ်ဖွဲ့က ကန်ပက်လက်မြို့တွင် ယနေ့ စစ်ရေးဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ CDF-Kanpetlet တပ်ဖွဲ့သည် စစ်ကြောင်း ၃ ခုခွဲ၍ ကန်ပက်လက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပ ညာရေးရုံးနှင့် မြို့နယ်အခြေခံပညာ အထက်တန်းကျောင်းတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ရာ ရဲ (၂) ဦး၊ စစ်သား (၂) ဦး၊ စုစုပေါင်း (၄) ဦးသေဆုံးကာ စစ်သား (၁) ဦး ဒဏ်ရာရရှိခဲ့ပြီသည်ဟု CDF-Kanpetlet တပ်ဖွဲ့က ယနေ့ထုတ်ပြန်သည်။ စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ မတရားကြိုးမိန့်ပေးခြင်းအပါအဝင်၊ စစ်ရာဇဝတ်မှုများကို ဆက်လက်လုပ်ဆောင်နေပါက CDF-Kanpetlet မှ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ CJDC တို့၏ လမ်းညွှန်ချက်များကိုလိုက်နာ၍ မြို့တွင်းစစ်ဆင်ရေးများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဟုလည်း CDF-Kanpetlet က သတိပေးထုတ်ပြန်ထားသည်။ ယနေ့တိုက်ပွဲမှာ နေ့လည် ၁၂ နာရီ ၂၅ မိနစ်မှ မွန်းလွဲပိုင်း ၁ နာရီ မိနစ် ၂၀ ခန့်အထိ ကြာမြင့်ခဲ့ပြီး CDF-Kanpetlet တပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြသည်ဟု သိရသည်။
FiftyTwoNews စစ်ကောင်စီဝါဒဖြန့် Facebook Account ကနေ“မနေ့က (ဇူလိုင် ၂၅) နေ့ လယ် ၂ နာရီခန့်တွင် ချင်းပြည်နယ် မတူပီမြို့နယ်အတွင်း နယ်မြေရှင်း လင်းရေးဆောင်ရွက်နေသော လုံခြုံရေးပူးပေါင်းအဖွဲ့များသည် မတူပီမြို့နယ်၊ ဖနိုင်ကျေးရွာ အနီးတွင် အကြမ်းဖက် CDF များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် CDF များထံမှ ပဒတ်ကင် ၁ ကင်၊ လက်လုပ်တစ်တောင့်ထိုးသေနတ် ၁ လက်၊ တစ်တောင့်ထိုးကျည် ၈ တောင့်တို့အား သိမ်းဆည်ရမိခဲ့ကြောင်း သိရှိရသည်။” လို့ရေးသာဖော်ပြထားတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး CDF-Matupi ပြန်ကြားရေးတာဝန်ခံတစ်ဦးမှ “အဲ့ဒါ ၂၅ ရက်နေ့က တိုက်ပွဲဖြစ်တာ.. တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က (၅) ယောက်သေပြီး (၄) ယောက်ဒဏ်ရာရတာ..ကျနော်တို့ CDF-Matupi ဘက်ကတော့ အထိခိုက်မရှိပြန်ဆုတ်ခွာနိုင်တာ သူတို့ဘက်ကတော့ ဘာလက်နက်မှ သိမ်းဆည်းရမိတယ်ဆိုတာမရှိဘူး…အဲ့ဒါသတင်းအမှားပါ” လို့ပြောကြားခဲ့ပါတယ်။ တပင်ရွှေထီး အကောင့်မှလည်း“ ချင်းပြည်နယ် မတူပီမြို့နယ် လေမျိုချောင်း တံတားနားမှာ စစ်ကောင်စီနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၂) မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး PDF များဘက်မှ PDF အလောင်း (၁) လောင်းနှင့် သေနတ် (၁) လက်တို့အား စစ်ကောင်စီတပ်သားများမှ သိမ်းဆည်းမိသွားကြောင်းသိရပါတယ်။” လို့ရေးသားဖော်ပြထားပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး Chinland Defense Force – Matupi မှ “၂၀၂၂ခုနှစ်၊ ဇူလိုင် ၂၅ ရက်၊ ၁၁ နာရီခန့်တွင် CDF-Matupi တပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင်များအကြား လေမျိုချောင်းတံတား…
ချင်းပြည်နယ် မရာနယ်မြေအတွင်း ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများကို ယခုဇူလိုင်လကစ၍ ငွေကြေးထောက်ပံ့ပေးမည်ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MATC က ထုတ်ပြန်သည်။ ပထမအကြိမ် မရာပြည်သူ့ညီလာခံသက်တမ်း၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MATC ၏ ဒေသန္တရအုပ်ချုပ်ရေးမှ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများ ပိုမိုစီမံဆောင်ရွက်နိုင်စေရေး ရည်ရွယ်ချက်ဖြင့် တိုက်နယ် (၆) ခု ကျေးရွာပေါင်း ၆၄ ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ အားလုံးကို ဇူလိုင်လ (၃၀) ရက်နေ့မှ စတင်ပြီး ဒီဇင်ဘာလ (၃၀) ရက်နေ့ (၆)လတာအတွင်း ရုံးသုံးနှင့်အထွေထွေအသုံးစားရိတ်အဖြင့် တစ်လလျှင် အိန္ဒိယရူပီး ၁၅၀၀ (မြန်မာကျပ်ငွေ ၅၀၀၀၀) ပံ့ပိုးကူညီသွားတော့မည်ဖြစ်ကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MATC က ထုတ်ပြန်သည်။ “အခု ကျနော်တို့က ဇူလိုင်လကုန်လို့ရှိရင် ပြည်သူ့ညီလာခံပထမသက်တမ်းအတွင်းမှာ ဇူလိုင်ကနေ ဒီဇင်ဘာလအထိ ကို တိုက်နယ်အုပ်ချုပ်ရေးမှူး ၆ ဦးရယ် ကျေးရွာအုပ်ချုပ်ရေးမှူး ၆၄ ဦးပေါ့ အဲဒါတွေကို ကျနော်တို့က အိန္ဒိယရူပီးနဲ့ ၁၅၀၀ စီကို လစဉ်လစဉ်ထောက်ပံ့ပေးဖို့ဆုံးဖြတ်ထားတာပေါ့” ဟု MATC မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မရာနယ်မြေဆိုသည်မှာ ချင်းပြည်နယ် ထန်တလန်၊ မတူပီနှင့် ပလက်၀ စသည့် မြို့နယ် ၃ မြို့နယ်အတွင်းရှိ မရာမျိူးနွယ်စုများနေထိုင်ကြသောကျေးရွာများကိုဆိုလိုပြီး ရွာပေါင်း ၆၄ ရွာရှိသည်ဟု သိရသည်။ ယခုလက်ရှိတွင်လည်း မရာနယ်မြေအတွင်းရှိ ကျေးရွာပေါင်း ၅၀ ကျော်တွင် အလယ်တန်းအထိ ကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ပြီဟုလည်း သိရသည်။ “၆၄ ရွာရှိသည့်အနက် ၅၂ ရွာမှာ အလယ်တန်းထိ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ပြီး ကျောင်းသူ/ကျောင်းသား ၃၀၀၀…
ချင်းပြည်နယ် ဟားခါးမြို့နယ်၊ နှီာရ်လောန် (Hniarlawn) ကျေးရွာဟောင်းတွင်နေထိုင်သော အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦး ဆလိုင်းမန်လျန်ဆန်ကို စစ်ကောင်စီတပ်ဖွဲ့က ဇူလိုင်လ ၂၅ ရက်နေ့က ပစ်သတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမြို့မှ ၇ မိုင်ခန့်ဝေးသော နှီာရ်လောန်ကျေးရွာဘက်သို့ ဇူလိုင်လ ၂၅ ရက်နေ့က ရောက်ရှိလာခဲ့ကြပြီး ရွာထဲတွင် မူကြိုကလေးငယ်များအားခေါ်ယူရန် ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့သော ဆလိုင်းမန်လျန်ဆန်ကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု နှီာရ်လောန်ရွာသားတစ်ဦးက ပြောသည်။ “သူတို့ မနေ့က နှီာရ်လောန်ရွာသစ်ကို လာမယ်ဆိုပြီးကြားတာ ဒါပေမယ့် အဲ့ကိုမသွားကြပဲ တောင်ကုန်းကနေ ဆင်းလာပြီးတော့ နှီာရ်လောန်ရွာဟောင်းကို လာတဲ့အခါကျတော့ အားလုံးက ထွက်ပြေးကြတာ ဒါပေမယ့် မူကြိုကျောင်းက ကလေးတွေက ထွက်မလာကြဘူး သူစဉ်းစားတာက ကလေးတွေ သေကုန်မှာဆိုပြီး မူကြိုကလေးတွေကို သွားကြိုမယ်ဆိုပြီး သွားတဲ့ချိန်မှာ အဲဒီမှာအပစ်ခံရတာ” ဟု နှီာရ်လောန်ရွာသားကပြောသည်။ ဆလိုင်းမန်လျန်ဆန်သည် သေနတ်ပစ်ခံရမှုကြောင့် ပေါင်တွင် ကျည်ဆံထိမှန်ကာ ခြေလျင်ဖြင့် ပေ ၂၀၀ ဝန်းကျင်ခန့်ပြေးခဲ့သော်လည်း သွေးထွက်လွန်၍ သေဆုံးသွားခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။ ၎င်းသည် နှီာရ်လောန် ဘုရားကျောင်းတွင် အထွေထွေအလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကာ ကျေးရွာအတွင်း အားကိုးအားထားပြုရသော လူငယ်တစ်ဦးဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့များ နှီာရ်လောန်ကျေးရွာမှ ပြန်လည်ထွက်ခွါပြီးနောက် ယမန်နေ့ညနေပိုင်း ၆ နာရီခန့်တွင် သူ၏ရုပ်အလောင်းကို ရွာသားများက ရွာထဲသို့ ပြန်လည်သယ်ယူခဲ့ကြပြီး ယနေ့မနက်ပိုင်းက မြေမြှပ်သဂြိုလ်ခဲ့ကြသည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် နှီာရ်လောန်ကျေးရွာရှိ အိမ်ခြေ ၁၀၀…
၂၀၂၂ နှစ်ကုန်ပိုင်းတွင် ဒေါ်လာတန်ဖိုးနှင့်ညီမျှသော FEC ငွေကြေးစနစ်ပုံစံအား ပြန်လည်အကောင်အထည် ဖော်မည် ဆိုသည် ကောလဟာလသတင်းများ လူမှုကွန်ယက်စာမျက်နှာတွင် ပြန်နံလျှက်ရှိပါတယ်။ ချစ်တုန်း၊ Sai Tun Aye စတဲ့အကောင့်မှာလည်း “ခုဆိုရင် ဒေါ်လာ မှောင်ခိုစျေးကွက်ကြီး ပီပီပြင်ပြင် ဖြစ်ပေါ်လာပြီဖြစ်သလို လက်နက်အားကိုးနဲ့ ဘာမဆိုလုပ်ရဲတယ် ဆိုတဲ့ စစ်တပ်ကကောင်တွေ ဗဟိုဘဏ်နဲ့ စီးပွားရေးကဏ္ဍတွေမှာ အရှက်မရှိ ခပ်တည်တည်နဲ့ နေရာတွေဝင်ယူထားပြီး ဘာမှမသိဘဲ ဟိုအမိန့်ပေး ဒီအမိန့်ထုတ် လုပ်နေကြပါတယ်။ စီနီယာဖြစ်ရင် ဂျူနီယာကို ပါးရိုက်လို့ ရတယ်၊ ရေဗူးပေါက်တာ မလိုချင်ဘူး.. ရေပါလာတာပဲ လိုချင်တယ် ဆိုတဲ့ ဦးနှောက်တွေနဲ့ တစ်ချိန်ကကျင့်သုံးခဲ့တဲ့ ဒေါ်လာအစားထိုး FEC စနစ်ကိုပါ ပြန်လည် အကောင်အထည်ဖော်တော့မယ်လို့လည်း သိရပါတယ်။” လို့ ရေးသားဖော်ပြထားပါတယ်။ အမေရိကန်ဒေါ်လာတန်ဖိုးနှင့်ညီမျှသော FEC (FOREIGN EXCHANGE CERTIFICATE) ကို ၁၉၉၃ ခုနှစ်မှစတင်ကာ နှစ်ပေါင်း ၂၀ ကြာ အသုံးပြုခဲ့ကြပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြန်လည်ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟိုဘဏ်ကတော့ ဒေါ်လာအစားထိုး FEC စနစ်ကို ပြန်လည်အသက်သွင်းဖို့ မရှိဘူးလို့ ခုလိုထုတ်ပြန်လာပါတယ်။ “၂၀၂၂ နှစ်ကုန်ပိုင်းတွင် ဒေါ်လာတန်ဖိုးနှင့် ညီမျှသော FEC ငွေကြေးပုံစံစနစ်အား ပြန်လည်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဟူသောကိစ္စမှာ ကောလာဟလသာဖြစ်ပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်းနှင့် ဆောင်ရွက်ရန်အစီအစဉ် လုံးဝမရှိကြောင်း အသိပေးအပ်ပါသည်” ဟု ထုတ်ပြန်ထားပါတယ်။ ဒါကြောင့်”စစ်တပ်မှ ပြည်တွင်းရှိ ဒေါ်လာအားလုံးကို သိမ်းပြီး ဒေါ်လာအစားထိုး FEC စနစ်ကို ပြန်လည်အသက်သွင်းဖို့…
စစ်မင်း ဆိုတဲ့ Facebook Account ကနေပြီး “မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်နဲ့ မဏိပူရ်ပြည်နယ်မှာ လက်နက်မှု ၁ မှုနဲ့ မူးယစ်ဆေးဝါးမှု ၁ မှုနဲ့အတူ တရာခံ PDF ၃ ဦးဖမ်းဆီးရမိ” လို့ ရေးသားဖော်ပြထားပါတယ်။ ဆက်လက်ပြီး “ မဏီပူရ်ပြည်နယ်မှာ AK-56 သေနတ်တစ်လက်၊ ပစ္စတို ၂ လက်နဲ့ ကျည်ဆံတွေကို ဇူလိုင်လ ၂၀ ရက်က အာသံရိုင်ဖယ်တပ်ကဖမ်းဆီးခဲ့ပါတယ်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ စစ်မင်း ဆိုတဲ့ Facebook Account မှာဖော်ပြထားတဲ့ ဓာတ်ပုံများကို Google Image Search နဲ့ရှာဖွေးတဲ့အခါ The Assam Rifles နဲ့ The Real Kashmir News Twitter အကောင့်မှာ “အိန္ဒိယနိုင်ငံ Ukhrul ခရိုင် TM Kasom ကျေးရွာအနီးတွင် တရားမဝင် ဘိန်းစိမ်း ၅ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ PDF ဖမ်းခံရတယ်လို့ဖော်ပြထားတာမရှိပါဘူး။ The Assam RiflesASSAM RIFLES RECOVERS ILLEGAL OPIUM IN MANIPUR Shangshak Battalion of #AssamRifles, on 19 Jul 22, recovered 5 Kgs of illegal opium worth Rs 5 lakhs near to TM…
