Author: Editor

ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနဲ့ ဆက်သွယ်မေးမြန်းချက် ခိုနူမ်းသုန်သတင်း၊ ၂၈ ဧပြီ ၂၀၂၂ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်မှှုးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဧပြီလ ၂၂ ရက်နေ့က ရုပ်သံမိန့်ခွန်းကနေ ဖိတ်ခေါ်လိုက်ပါတယ်။ ဒီကိစ္စအပေါ်မှာ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ သဘောထားကဘယ်လိုရှိပါသလဲ။ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ မေး- အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်မှှုးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အပေါ်မှာ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ သဘောထားသိချင်ပါတယ်။ ဖြေ- ပထမဆုံးတချက်က ယနေ့မြန့်မာနိုင်ငံရေးပြဿနာက စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်တပ်ဖွဲ့ကြားမှာပဲဖြစ်တဲ့ နိုင်ငံရေးပြသနာ မဟုတ်တော့ဘူး။ စကစ နဲ့ ကျနော်တို့ EAO (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ) ထဲ ဖြေရှင်းလို့ရမယ့် အကျပ်အတည်း မဟုတ်တော့ဘူး စကစ မွှေးလိုက်တဲ့မီးက ပြည်သူနဲ့ စကစကြား လောင်နေတဲ့ပြသနာမီး ဖြစ်သွားပြီ၊ ပြည်သူတရပ်လုံးပါဝင်တဲ့ ပြည်သူနဲ့ စစ်ကောင်စီတို့အကြားဖြစ်နေတာပါ။ ကျွန်တော်တို့ CNF အနေနဲ့ ဖိတ်ကြားမှုအပေါ်မှာ ဆွေးနွေးညှိနှိုင်းမှုတွေ ဘာတစ်ခုမှ မလုပ်သေးဘူး။ မေး- ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ဘယ်လိုရည်ရွယ်ချက်နဲ့ အခုလို တိုင်းရင်းသားလက်နက်တပ်ဖွဲ့တွေကို ဖိတ်ခေါ်တယ်လို့ ထင်ပါသလဲ။ ဖြေ- သူ့ရည်ရွယ်ချက်က နိုင်ငံတကာအမြင်မှာ နိုင်ငံရေးအရ အသာစီးရလိုတာ ဖြစ်နိုင်သလို သူတို့ပြောနေတဲ့ ၂၀၂၃ ရွေးကောက်ပွဲအတွက် ဒေသကာကယ်ရေးတပ်ဖွဲ့တွေကို ခြေမှုန်းပြီး ဒေသတည်ငြိမ်ရေးအတွက်ဆိုပြီး ရည်ရွယ်တာလည်း ဖြစ်နိုင်ပါတယ်။ မေး- ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကို်င််အဖွဲ့များအားလုံးကို သူကိုယ်တိုင်တွေ့ဆုံမယ်၊ ပြီးတော့နို်င်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင််ကိုယ်စားလှယ်အဖွဲ့များနဲ့ ဆွေးနွေးမှုများပြုလုပ်သွားမယ်ဆို ပြီးပြောသွားပါတယ်။ ဘာရလဒ်တွေထွက်ပေါ်လာနိုင်မယ်လို့ မျှော်လင့်လို့ရပါသလား။…

Read More

Network for Chin Community Development (NCCD) က ဦးဆောင်ကျင်းပခဲ့သော ချင်းမြေယာမူ ၀ါဒညီလာခံကို ဧပြီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိသုံးရက်တာအတွင်း အိန္ဒိယ – မြန်မာနယ်စပ်တစ်နေရာတွင်ကျင်းပပြု လုပ်ခဲ့ကြပြီး နောက် ချင်းမြေယာမူဝါဒမူကြမ်းကို အတည်ပြုခဲ့ကြသည်ဟု သိရသည်။ အဆိုပါ ညီလာခံတွင် ချင်းအရပ်ဘက်အဖွဲ့အစည်းပေါင်း (၂၆) ဖွဲ့မှ ကိုယ်စားလှယ် (၉၃) ဦးတက်ရောက်ခဲ့ကြပြီး ၂၀၁၅ ခုနှစ်မှစတင်လာခဲ့သည့် မြေယာအသုံးချ မှုအလုပ်ရုံဆွေးနွေးပွဲမျ ားမှ ရရှိလာသော ချင်းမြေယာမူဝါဒမူကြမ်းများကို ပြင်ဆင်ဖြည့်စွက်ချက်မျ ားနှင့်အတူအတည်ပြုနိုင်ခဲ့ပြီး ထွက်ပေါ်လာမည့် ချင်းမြေယာဥပဒေအတွက် ခိုင်မာသောအခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့ကြပါသည်ဟု NCCD ကထုတ်ပြန်သည်။ “မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက် ဗဟိုအစိုးရ၏ တရားမျှတမှုမရှိသော စနစ်ဆိုးများကြောင့် ချင်းပြည်နယ်အတွင်းရှိ ချင်းလူမျိုးတို့၏ မြေယာစီမံခန့်ခွဲရေးစနစ်များ ယိုယွင်းပျက်စီးလာပြီး ကျေ းရွာနယ်နိမိတ် ပဋ္ဋိပက္ခပြဿနာများ၊ ဖွံ့ဖြိုးရေးအမည်ခံ စီမံကိန်းများအတွက် မြေယာဆုံးရှုံးမှုများ၊ စစ်တပ်စခန်းများအတွက် မြေယာသိမ်းဆည်းမှုများနှင့် အခြားသော မြေယာရှုံးဆုံးမှုများ ဖြစ်ပွားခဲ့သည်” ဟု NCCD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့ကြောင့် ထိုကဲ့သို့မြေယာရှုံးဆုံးမှုများ ထပ်မံဖြစ်ပွားမှုမရှိစေရေးကိုလည်း အဆိုပါညီလာခံတွင် အလေးထားဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ ချင်းအမျိုးသားများ မျှော်မှန်းထားသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မြန်မာနိုင်ငံတည်ဆောက်ရေးနှင့် လူ့အခွင့်အရေး စံချိန်စံနှုန်းများနှင့်အညီ ဆီလျှော်သော ချင်းမြေယာဥပဒေများ ပေါ်ပေါက်လာရေးအတွက် အခရာကျသော မြေယာမူဝါဒကောင်းတစ်ခု ဖြစ်ပေါ်လာနိုင်ရေးအတွက်ကိုလည်း တစိုက်မတ်မတ် ကြိုးစားသွားကြမည်ဟု အဆိုပါညီလာခံသို့ တက်ရောက်ကြသော ကိုယ်စားလှယ်များက သဘောတူသံဓိဌာန်ချမှတ်ခဲ့ကြသည်ဟု NCCD က ထုတ်ပြန်သည်။

Read More

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ယမန်နေ့ (မေလ ၁ ရက်) က အာသံရိုင်ဖယ်နှင့် မီဇိုရမ်ရဲပူးပေါင်းတပ်ဖွဲ့တို့က အိန္ဒိယ-မြန်မ်နယ်စပ်ဘက်ကိုပို့ဆောင်မည်ဟု ယူဆရသော လက်နက်ခဲယမ်းအမြောက်အများ ဖမ်းဆီးရမိခဲ့ကြသည်ဟု သိရသည်။ အာသံရိုင်ဖယ်နှင့် မီဇိုရမ်ရဲပူးပေါင်းတပ်ဖွဲ့တို့သည် ကြိုတင်သတင်းရရှိထားချက်အရ အိုင်ဇောလ်မြို့မှ ၁၉ ကီလိုမီတာ ခန့်ဝေးသော Kelsih ကျေးရွာတွင် ယာဉ်နှစ်စီးကို ရပ်တန့်စစ်ဆေးရာတွင် နယ်စပ်ကိုတင်ပို့မည့် အဆိုပါ လက်နက်ခဲယမ်းများကို လူ ၄ ဦးနှင့်အတူ ဖမ်းဆီးခဲ့သည်ဟု မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသည့် လက်နက်ခဲယမ်းများမှာ ကီလို ၃၀၀၀ အလေးချိန်ရှိသော gelatin (မိုင်း) အချောင်း ၂၄၀၀၀၊ safety fuse box ၄ ခု (မီတာ ၂၀၀၀)၊ .22 Rifle ၅ လက်၊ 12 gauge shotgun ၃ လက်၊ ကျည်ဆံ (.177) ဖူး ၂၀၊ ယမ်းမှုန့် ကီလို ၁၀၀ နှင့် Telescope sight ၇ ခုအပြင် CDF အလံလည်း ဖမ်းဆီးရမိသည်ဟု သတင်းစာတွင် ဖော်ပြသည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ်ဒေသခံအမျိုးသား ၄ ဦးကိုလည်း ဖမ်းဆီးခံရပြီး Kulikawn ရဲစခန်တွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

Read More

Hope for Tomorrow အဖွဲ့၏ စီစဉ်မှုဖြင့် မီဇိုရမ်ရောက် စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေဖျော်ဖြေရေး Hope Charity Concert ကို ဧပြီလ ၃၀ ရက်နေ့ညက အိုက်ဇောလ်မြို့ရှိ Vanapa Hall ခန်းမတွင် ပြုလုပ်ခဲ့ကြသည်။ Hope Charity Concert စစ်ဘေးရှောင်ရန်ပုံငွေပွဲတွင် ချင်း/မီဇိုး နာမည်ကြီးအဆိုတော်များဖြစ်ကြသည့် Shin Bia, K.Lalthlamuankimi, Angaihte, Marina V Varte, Maruati, Francis နှင့် Salai Ruatte တို့က ဖျော်ဖြေခဲ့ကြသည်။ Hope Charity Concert တွင် ဝင်ကြေးမရှိဘဲ လူတိုင်းအခမဲ့ကြည့်ရှုစေခဲ့ပြီး အွန်လိုင်းငွေပေးစနစ်နှင့် အလှူခံပုံများအားဖြင့် ရန်ပုံငွေထည့်ဝင်ခဲ့ကြသည်။

Read More

ချင်းပြည်နယ် တီးတိန်မြို့တွင် ဧပြီလ ၂၇ ရက် ယမန်နေ့ည ၈ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့များ မြို့တွင်း ကင်းလှည့်ချိန်တွင် သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး ကျည်ထိမှန်ပြီး ပွဲချင်းသေဆုံးကာ အနည်းဆုံး လူငယ် ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။ “ရဲနဲ့စစ်သားကင်းလှည့်ချိန်မှာ မြို့ထဲက လူငယ်တစ်ချို့က အိမ်ပြန်တဲ့လမ်းမှာ PDF ထင်ပြီး ရမ်းသမ်းပစ်လိုက်တာ။ အဲ့မှာ တယောက်ဆုံးသွားတယ်။ မိုင်တဲလ်ကုမ္မဏီဝန်တယောက်က ဆီးအိမ်ထိသွားတယ်။ နောက်တယောက် တင်ပါးထိသွားတယ်၊ နောက်တယောက်က ခြေထောက်ထိသွားတယ်” ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။ အဆိုပါ သေဆုံးသူမှာ အသက် ၁၇ နှစ်အရွယ် ကိုခိုင်လျန်မွောင်ဖြစ်ပြီး တီးတိန်မြို့၊ မြို့မရပ်ကွက် နှစ်ခြင်းဘုရားကျောင်းရှေ့တွင် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု သိရသည်။ ယမန်နေ့ညတွင် မြို့မရပ်ကွက်နှင့် လွယ်ဘွာလ်းရပ်ကွက်တွင် သေနတ်ပစ်ခတ်သံများ ကြားရသည့်အပြင် ၂၆၉ တပ်ကုန်းအနီးအနားဝန်းကျင်တွင်လည်း နာရီဝက်ခန့် သေနတ်ပစ်ခတ်သံနှင့် ပေါက်ကွဲသံများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

Read More

“မနက်လင်းလာရင် ငွေရှာလို့မရတာ၊ ဘာမှလုပ်လို့မရတာ အဆိုးဆုံးပဲ” ဟု ဇာတိမြေ ထန်တလန်မှ လေးလကျော်ကြာ စစ်ဘေးရှောင်အဖြစ် ခွဲခွာနေရသည့် ကိုရှန်ဘိခ်က ပြောဆိုသည်။ ကိုရှိန်ဘိခ်တို့ မိသားစုအပါအဝင် ထန်တလန်မြို့ပေါ်ရှိ အိမ်ခြေ နှစ်ထောင်ခန့်၊ လူဦးရေ တစ်သောင်းခန့်သည် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့၏ တိုက်ပွဲများကြောင့် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းမှစတင်၍ မြို့ပေါ်တွင် မနေရဲကြတော့ဘဲ နီးစပ်ရာ ကျေးရွာများနှင့် နယ်စပ်ဒေသ၊ အိန္ဒိယနိုင်ငံထဲသို့ ရွှေ့ပြောင်းနေထိုင်နေကြရသည်။ “ကိုယ့်အိမ်ကိုယ့်ရာကို အချိန်တိုင်း သတိရနေတာ” ဟုလည်း ကိုရှန်ဘိခ်က ဆိုသည်။ သာမန်အချိန်ဆိုလျှင် ငြိမ်းချမ်းအေးမြသော တောင်ပေါ်မြို့တစ်မြို့ဖြစ်သည့် ထန်တလန်သည် စစ်အာဏာသိမ်းပြီးနောက် အကြိမ် (၂၀) နီးပါးအထိ မီးရှို့ခံရသည့် မြန်မာနိုင်ငံ၏ ပထမဆုံးမြို့ ဖြစ်လာခဲ့သည်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အထိ လေးလအတွင်း (၁၉) ကြိမ်ထက်မနည်း မီးရှို့ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။ ထိုကာလအတွင်း နေအိမ်နှင့် ဘာသာရေးအဆောက်အဦ စုစုပေါင်း (၈၀၀) ကျော် မီးလောင်ပျက်စီးခဲ့ပြီး ယင်းသည် တစ်မြို့လုံး၏ ထက်ဝက်ခန့်ဖြစ်သည်။ အာဏာသိမ်းပြီးနောက် စစ်ဘေးရှောင်ဘဝဖြင့် နေထိုင်ကြရသည့် ကိုရှန်ဘိခ်အပါအဝင် ထန်တလန် ဒေသခံတို့၏ နောက်ထပ်ဆုံးရှုံးမှုတစ်ခုလည်း ဖြစ်သည်။ ထပ်မံ၍လည်း မီးရှို့ခံရနိုင်သည်ဟု ဒေသခံတို့က ခန့်မှန်းကြသည်။ ထန်တလန်မြို့သည် အဘယ့်ကြောင့် အကြိမ်ကြိမ် မီးရှို့ခံနေရသနည်း။ ထန်တလန်မြို့သည် ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဌာနချုပ်ရှိရာဒေသဖြစ်ပြီး အာဏာသိမ်းကာလအလွန် စစ်ကောင်စီကို တွန်းလှန်တိုက်ထုတ်ရာတွင် ဒေသကာကွယ်ရေးတပ် CDF များနှင့်အတူ ပူးပေါင်းဆင်နွှဲနေသဖြင့်…

Read More

Network For Chin Community Development (NCCD) အဖွဲ့၏ ဦးဆောင်မှုဖြင့် ချင်းမြေယာမူဝါဒ ညီလာခံ တရပ်ကို အိန္ဒိယ-မြန်မာနယ်စပ်တနေရာတွင် ဧပြီလ ၂၇ ရက်ကစတင်ကျင်းပခဲ့ကြသည်ဟု သိရသည်။ ချင်းလူမျိုးများ၏ ဓလေ့ထုံးတမ်းဆန္ဒနှင့်ကိုက်ညီပြီး ခေတ်စနစ်နှင့်လျော်ညီသော ချင်းမြေယာမူဝါဒတရပ်ပေါ် ထွက်လာရေးအတွက် NCCD ဦးဆောင်မှုဖြင့် ယခင်ကတည်းက မြို့နယ်အလိုက်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြ ပြီးနောက် ချင်းမြေယာမူဝါဒ(တတိယမူကြမ်း) အထိရေးဆွဲနိုင်ခဲ့ကြပြီးဖြစ်သည်။ ယခုအခါ အဆိုပါ တတိယမူကြမ်းကို အချောသတ်ထပ်မံဆွေးကြရန် ချင်းမြေယာမူဝါဒ ညီလာခံကို ခေါ်ယူခြင်း ဖြစ်ပြီး ဧပြီလ ၂၇ ရက်နေ့မှ ၂၉ ရက်အထိ ၃ ရက်ကြာကျင်းပကြမည်ဖြစ်သည်။ ယခု ညီလာခံအစည်းအဝေး တွင် ချင်းအရပ်ဖက်အဖွဲ့အစည်းပေါင်း ၂၀ ကျော်တက်ရောက်ကြသည်ဟု သိရသည်။

Read More

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်များထွက်ပြေးတိမ်းရှောင်ရင်း မြစ်သာမြစ်တံတားဖြတ်ကူးစဉ် တံတားကျိူးကျပြီး စစ်ဘေးရှောင်ပြည်သူအနည်းဆုံး ၁၀ ဦးထက်မနည်းသေဆုံးခဲ့သည် သိရသည်။ ပြီးခဲ့သည့်ဧပြီလ ၂၀ ရက်ဝန်းကျင်ခန့်ကစ၍ ကလေးမြို့နယ်တောင်ပိ်ုင်းဒေသတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့အကြား နေ့စဉ်ရက်ဆက်တိုက်ပွဲဖြစ်ပွားနေခဲ့ကြပြီး ယနေ့နံနက်ပိုင်း ၁၀ နာရီခန့်က အရှေ့စည်းကျေးရွာ ဘက်တွင် တိုက်ပွဲထပ်မံဖြစ်ပွားကာ အရှေ့စည်းနှင့် ဒိုးနွယ်ကျေးရွာကပြည်သူများ ဘေးလွတ်ရာသို့တိမ်းရှောင်ကြရာတွင် တံတာကျိူးကျကာ ရင်ဝယ်ပိုက်ကလေးနှင့်မိခင်အပါအဝင် ၁၀ ဦးကျော်ရေနစ်သေဆုံးခဲ့သည်ဟု ကလေးမြို့နယ်တောင် ပိုင်း စစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။ “စစ်ကောင်စီတပ်သားတွေလာတဲ့အချိန်မှာ ပြေးရင်းတောထဲကိုရှောင်တိမ်း ကြတဲ့အချိန်မှာ ဒိုးနွယ်တံတားက ကျိုးသွားပြီး စစ်ဘေးရှောင်တွေရေထဲကို ကျသွားတာ။ ၂ နှစ်ရွယ်ကလေးနဲ့ ကျန်တဲ့စုစုပေါင်းခြောက် ယောက်ကိုတော့ ဆယ်ယူရ ထားပြီး။ ဆိုင်ကယ် အစီး နှစ်ဆယ်ကျတာ ၉ စီးပဲ ဆယ်ရသေးတယ်။ လောလောဆယ်က ငုတ်လို့မရသေးဘူး လက်နက်ြ ကီးပစ်လို့။ အဆင်ပြေတဲ့အချိန်ရှာနေတာ” ဟု ကလေးမြို့နယ် တောင်ပိုင်း စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးကေ ပြာသည်။ အဆိုပါတံတားမှာ ကလေးမြို့တောင်ဘက် ဒိုးနွယ်ကျေးရွာအနီးဖြတ်သန်းစီးဆင်းသော မြစ်သာမြစ်ကူးတံတားဖြစ်ပြီး ဒေသခံပြည်သူများမှ ဝါးဖြင့်ပြုလုပ်ထားသည့်တံတားငယ်တစ်ခုဖြစ်သည်။ ယင်းတံတားမှာ အကျယ် ၅ ပေနှင့် အရှည်ပေ ၂၀၀ ခန့်ရှိပြီး ဝန်အားမမျှ၍ ကျိူးကျသွားခြင်းဖြစ်နိုင်သည်ဟု သိရသည်။ အရှေ့စည်းကျေးရွာနှင့် ဒိုးနွယ်ကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ နှစ်ဘက်တိုက်ပွဲများပြင်းထန်နေပြီး ပြည်သူများ ကလေးမြို့ဘက်နှင့် တောထဲ၊ နီးစပ်ရာကျေးရွာများတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေ သောကြောင့် စစ်ဘေးတိမ်းရှောင်နေရသည့် ကျေးရွာ ၁၀ ရွာဝန်းကျင်ရှိပြီး ခန့်မှန့်ခြေ လူဦးရေ…

Read More

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ၂ ရက်တာတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၁၃ ဦးေသဆုံးခဲ့တယ်လို့ PDF-Kalay က ထုတ်ပြန်ပါတယ်။ ကလေးမြို့ကနေ ကလေး-ဂန့်ဂေါလမ်းဘက်ကို ဧပြီလ ၂၄ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကား ၆ စီးအပါအဝင် အင်အား ၁၅၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို စည်သာနဲ့နတ်မြောင်း ကျေးရွာကြားမှာ PDF-Kalay တပ်ဖွဲ့က အဆင်သင့်တပ်ဆင်ထားတဲ့မိုင်းတွေနဲ့ အဆင့်ဆင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၅ ဦးကျဆုံးပြီး စစ်ကားတစ်စီး မိုင်းထိမှန်ပျက်စီးသွားတယ်လို့ PDF-Kalay က ပြောပါတယ်။ PDF-Kalay ပြန်ကြားရေးတာဝန်ခံ ကိုဗစ်တာက “၂၂၊ ၂၃ လောက်ကတည်းက ရေရှင်မှာဖြစ်တာ။ ကျောက်ပြုတ်၊ အင်းကျွန်းဘက်ကနေပြီးတော့ ရေရှင်ရွာဘက်ကို စစ်ကြောင်းထိုးလာတာ။ ကြံသာဘက်ကနေလည်း ထိုးလာတယ်။ အဲလိုဖြန့်ပြီးတော့ စစ်ကြောင်းထိုးလာတာ။ အဲဒါကို ခုခံဖြတ်တောက်ပြီးမှ တိုက်ပွဲဖြစ်တာ။ နတ်ချောင်း၊ နတ်မြောင်း၊ စည်သာ၊ ချောင်းခွတို့ပတ်ဝန်းကျင်မှာဖြစ်တဲ့ဟာကတော့ ကလေးမြို့ဘက်ကနေပြီးမှ တောင်ပိုင်းဘက်ကို ယာဉ်တန်းသွားတာကို ဖြတ်တောက်တိုက်ခိုက်တာ။” စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဧပြီလ ၂၄ ရက်နေ့က နတ်ချောင်းကျေးရွာမှာ ညအိပ်ခဲ့ကြပြီး ဧပြီလ ၂၅ ရက်နေ့မှာ နတ်ချောင်းကျေးရွာကနေ တောင်ပိုင်းဘက်ကို ဆက်လက်ချီတက်လာရာမှာ PDF-kalay ၊ CNDF ၊ RKDF နဲ့ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၈ ဦး ထပ်မံ ေသဆုံးခဲ့တယ်လို့ သိရပါတယ်။ နှစ်ရက်တာတိုက်ပွဲအတွင်းမှာ ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ပ.က.ဖ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး…

Read More

ချင်းပြည်နယ် ဟားခါး-ဂန့်ဂေါကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-Hakha ပူးပေါင်းတပ်ဖွဲ့တို့ ၂ ရက်တာတိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများခဲ့ပြီး အနည်းဆုံး အယောက် ၃၀ ခန့် သေဆုံးနိုင်သည်ဟု သိရသည်။ မကွေးတိုင်း ဂန့်ဂေါဘက်မှ ဟားခါးမြို့သို့ စစ်အင်အားဖြည့်တင်းရန်ခြေလျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့သည့် ဧပြီလ ၂၃ ကစ၍ ဟားခါး-ဂန့်ဂေါလမ်း လုံကျွေးနှင့် လမ်သုတ်ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က အနည်းဆုံးအယောက် ၃၀ ခန် ့သေဆုံးသည်ဟု CDF- Hakha မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။ “၂၃ ရက်နေ့ကစတာ ဒီနေ့နဲ့ဆိုရင် ၃ ရက်ရှိပြီ။ မနေ့က ၃ ကြိမ်တိုက်ပွဲဖြစ်တယ်။ သူတို့ဖက်က နှစ်ရက်ပေါင်း လိုက်ရင် ၃၀၊ ၄၀ ကျမယ်။ ကျွန်တော်တို့ရဲဘော်ဘက်တစ်ယောက် လက်နက်ကြီးထိမှန်ထားတယ် သိပ်ပြီး တော့စိုးရိမ်စရာမရှိပါဘူး။ သူတို့က ဟားခါးဖက်ကို အင်အားဖြည့်ဖို့ ခြေလျင်နဲ့ပဲ တက်လာတယ် လူအင်အား အလုံးအရင်းနဲ့ အသုံးပြုတာပေါ့။” ဟု CDF- Hakha မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အင်အား ၄၀၀ ဝန်းကျင်ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမြို့မှ မိုင် ၄၀ လောက်ကွာဝေးသော လမ်းသုတ်ကျေးရွာသို့ရောက်ရှိနေကြပြီး တိုက်ပွဲထပ်မံဖြစ်ပွားနိုင်သည်ဟု သိရသည်။ ဟားခါး-ဂန်ဂေါကြားရှိ ကျေးရွာများမှဒေသခံပြည်သူများသည်လည်း တောထဲသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ ပြီးခဲ့သည့် မတ်လလယ်ပိုင်းကလည်း ဟားခါး- ဂန့်ဂေါ်ကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးနောက် သီနမ်းကျေးရွာမှ လူနေအိမ် ၇ လုံး…

Read More