Author: Editor

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိ်ုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သား ၁၇ ဦးလောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။ ကလေးမြို့နယ်တောင်ပိုင်း၊ ရန်ကြီးအောင်ရွာဘက်မှ ကလေးမြို့သို့ ဦးတည်မောင်းနှင်လာသော ကား ၈ စီးပါဝင်တဲ့ စစ်ယာဉ်တန်းကို PDF (Kalay), CNDF, CDF (KKG), RKDF နဲ့ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီလ ၇ ရက်မနက်ပိုင်း ၁၀ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ကာ လက်နက်ငယ်တွေနဲ့ တပြိုင်နက်တည်းတရစပ်ပစ်ခတ်ခဲ့ကြပြီးနောက် အပြန်အလှန်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၉ ဦးသေဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ CNDF ရဲဘော်တစ်ဦး လက်နက်ကြီး ထိမှန်ကျဆုံးခဲ့သလို နောက်ထပ်ရဲဘော် ၅ ဦးလည်း လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ကြတယ်လို့ PDF(Kalay) ထုတ်ပြန်ချ က်မှာဖော်ပြထားပါတယ်။ ဒါ့အပြင် ကလေးမြို့ဘက်ကနေ တဖြည်းဖြည်းရွေ့လျားလာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းကို မွန်လွဲ ၂ နာရီခွဲလောက်မှာ နတ်မြောင်းရွာနှင့် စည်သာ ရွာအကြားမှာ ၂ ကြိမ်၊ စည်သာ နဲ့ ကြာအင်းရွာအကြားမှ တစ်ကြိမ် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ သောကြောင့် စစ်ကောင်စီ တပ်သား ၈ ဦးထပ်မံသေဆုံးခဲ့တယ်လို့ PDF(Kalay) ကထုတ်ပြန်ပါတယ်။ စစ်ကောင်စီယာဉ်တန်းဟာ ကြာအင်းရွာကနေ ထောက်ကြန့်ရွာသို့ရောက်ရှိလာပြီး ထောက်ကြန့်ရွာမှာ ရှေ့ဆက်မတိုးနိုင်ပဲ သောင်တင်နေတယ်လို့လည်းသိရပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း ကလေးနည်းပညာတက္ကသိုလ်ဘက်ကနေ ကလေးမြို့ဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဇင်းကလင်းနဲ့ ချင်းဆိုင်ရွာအကြားမှာ PDF(Kalay) တပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခို က်မှုကြောင့် စစ်ကောင်စီတပ်သား ၂၀ လောက်ထိမှန်သေဆုံးခဲ့တယ်လို့…

Read More

ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာကျရောက်မယ့် ၇၄ နှစ်မြောက် ချင်းအမျိူးသားနေ့အခမ်းအနားကို အာဏာသိမ်းစစ်ကောင်စီ က ထန်တလန်မြို့ကလွဲပြီး ချင်းပြည်နယ် ၈ မြို့နယ်စလုံးမှာ ကျင်းပပြုလုပ်ဖို့စီစဉ်နေပြီး အဲဒီအခမ်းအနားအတွက် တစ်မြို့နယ်ကို သိန်း ၂၀ ထိ ဘတ်ဂျက်ချထားပေးမယ်လို့ ချင်းပြည်နယ် စစ်ကောင်စီဝန်ကြီး ဦးကျော်ငြိမ်းက ပြောပါတယ်။ “မြို့နယ်အားလုံးတော့ လုပ်ပါလို့ ကျနော်တို့ ပြောထားတယ် တစ်မြို့နယ်ကို ခရိုင်မြို့ဆိုလို့ရှိရင် သိန်း ၂၀ ပံ့ပိုးမယ်၊ ရိုးရိုးမြို့နယ်ဆိုလို့ရှိရင် ၁၅ သိန်းပံ့ပိုးမယ် ပြောထားတယ် ထန်တလန်တော့ မရဘူးခင်ဗျား ထန်တလန်က မြို့ပျက်နေပြီလေ မြို့မှာ လူမှမရှိတော့တာ အရင်တုန်းကလိုတွေတော့ ကျင်းပနိုင်မယ့်အလားအလာမရှိဘူး ပြည်ထောင်စုအဆင့်ဝန်ကြီးတွေကိုလည်း ဖိတ်ဖို့မှန်းထားပါတယ်” လို့ စစ်ကောင်စီဝန်ကြီး ဦးကျော်ငြိမ်းက ပြောပါတယ်။ ချင်းပြည်နယ် ၈ မြို့နယ်စလုံးမှာ ချင်းအမျိုးသားနေ့အခမ်းအနားတွေကို ကျင်းပပြုလုပ်ဖို့ စစ်ကောင်စီက စီစဉ်နေတဲ့ တချိန်တည်းမှာပဲ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ စစ်ကောင်စီကဦးစီးကျင်းပမယ့် ချင်းအမျိုးသားနေ့အစီစဉ် မှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းမပါဝင်ကြဖို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းကော်မီတီ CDJC ပြောရေးဆိုခွင့်ရှိသူက “ချင်းအမျိုးသားနေ့ဆိုတဲ့ဟာက ကျနော်တို့ ချင်းလူမျိုးတွေရဲ့အထွဋ်ထိတ်ထားတဲ့နေ့ဖြစ်တယ် အခုလောလောဆယ်က တော့ ကျနော်တို့ချင်းပြည်မှာ အားလုံး စစ်တိုက်နေကြတဲ့အချိန်မှာ စစ်ကောင်စီကနေ ကျနော်တို့ တမျိုးသားလုံးရဲ့ လူအင်ဆန္ဒမပါပဲနဲ့ အဲလိုမျိုးလုပ်ခိုင်းတဲ့ ဟာတွေကတော့ ကျနော်တို့က မလုပ်ဖို့ရန်အတွက် ကျနော်တို့တားခြင်းဖြစ်တယ် ဒါပေမယ့်လည်းကျနော်တို့ CJDC ထိန်းချုပ်နယ်မြေတွေမှာတော့ ကျနော်တို့ ကျနော်တို့လုပ်ဖို့အစီစဉ်ရှိပါတယ်” လို့ ပြောပါတယ်။ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း စစ်ကောင်စီကနေ ကျင်းပမယ့် ချင်းအမျိုးသားနေ့အခမ်းအနားမှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ခြင်း…

Read More

ကလေးနယ်တောင်ပိုင်း၊ ကြံသာရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏လက်ပါးစေ ပျူစောထီးအဖွဲ့ဝင်များကို CDF – KKG၊ CDF – Hakha၊ PDF – Kalay တပ်ရင်း (၄) / (၇)၊ RKDF နှင့် ပကဖပူးပေါင်းတပ်ဖွဲ့တို့မှ ယနေ့နံနက် ၆ နာရီခွဲအချိန်မှစတင်ပြီး တိုက်ခိုက်ခဲ့ကြရာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟုသိရသည်။ တိုက်ပွဲအတွင်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ဟံသာဝတီရွာစာသင်ကျောင်းတွင်တပ်စွဲထားသည့် စကစတပ်မှ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့ပြီး နံနက် (၈) နာရီအချိန်အထိ တိုက်ပွဲကြာမြင့်ခဲ့သည်။ ပူးပေါင်းအဖွဲ့မှ ပစ်ခတ်သည့် စနိုက်ပါနှင့် လက်နက်ကြီးလက်ချက်ကြောင့် ရန်သူဖက်မှ (၂) ဦးထက်မနည်းကျဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရနိုင်ကြောင်း၊ CDF – KKG တပ်ဖွဲ့မှ ရဲဘော်တစ်ဦး၊ CDF – Hakha မွ ရဲဘော်တစ်ဦး လက်နက်ကြီးဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြပြီး၊ ပူးပေါင်းအဖွဲ့အားလုံး အက်အဆုံးမရွိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြသည်ဟု CDF-KKG ကထုတ်ပြန်သည်။ စကစတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများသည် ကြံသာရွာအနောက်ဖက်ရှိ အောင်သာယာရွာသို့ဝင်ရောက်ကာ ရွာထဲရှိ အမျိုးသားများကို ဖမ်းဆီးမှုများပြုလုပ်ကာ ဖမ်းဆီးခံရသူများထဲမှ (၂) ဦးမွာ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း သိရသည်။ ယခုအချိန်ကာလအတွင်း တိုက်ပွဲများအချိန်အခါမရွေး ထပ်မံဖြစ်ပွားနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် ဖေဖော်ဝါရီ (၁၂) ရက် (ပြည်ထောင်စုနေ့) အထိတိုင်အောင် ကေလး – ဂန့်ဂေါ ပြည်ထောင်စုလမ်းမကို အသုံးမပြုကြပါရန် အထူးမေတ္တာရပ်ခံ အသိပေးအပ်ပါသည်ဟု Chinland Defense Force – Kalay Kabaw Gangaw…

Read More

မတူပီမြို့မှပြန်ဆင်းလာသော စကစယဉ်တန်းကို CDF-MINDATမှ မင်းတပ်-မတူပီ လမ်း‌ပေါ် တွင် ဆက်လက်ချုံခိုတိုက်ခိုက်ခဲ့ရာ ယနေ့ နေ့လည် ၂ နာရီ ဝန်းကျင်တွင် မိုင်တိုင် ၂၈ ဝန်းကျင်၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း မင်းတပ်မြို့နယ် ပ.အ.ဖ (သတင်းအဖွဲ့) က ထုတ်ပြန်သည်။ စကစဘက်မှ ထိခိုက်မှုများရှိမည်ဟု ခန့်မှန်းရပြီး အကျအဆုံးမသိရပေ။ ယင်းတိုက်ပွဲတွင် CDF ရဲဘော်တစ်ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။ စကစယဉ်တန်းသည် လက်ရှိတွင် ၂၃ မိုင်၌ ‌ရောက်နေပြီး ထိုနေရာတွင် ညအိပ်မည်ဟု ခန့်မှန်းရသည်။ ယမန်နေ့ဖေဖော်ဝါရီလ ၂ ရက်နေ့က မတူပီ မင်းတပ်ကြား ၃၂ မိုင်နှင့် မိုင် ၃၀ တိုက်ပွဲတွင် စကစ ၆ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကာ CDF-MINDAT က စကစထံမှ MA 3 တစ်လက် သိမ်းယူရရှိခဲ့သည်။

Read More

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အအထိ တစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့တိုက်ပွဲ ၁၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၈၀ ကျော်သေဆုံးသည်ဟု ဖေဖော်ဝါရီလ ၃ ရက်နေ့က CNDF က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်သည် ဇန်နဝါရီ လဆန်းပိုင်းကစ၍ ဖလမ်းမြို့နယ်ထဲကို စစ်အင်အား ၃၀၀ ခန့်နှင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာမှ CNDF တပ်ဖွဲ့က ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြရာတွင် တိုက်ပွဲဖြစ်ပွားမှု အနည်းဆုံး ၁၂ ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီဘက်က သေဆုံးသူ ၈၁ ဦးထိရှိခဲ့ပြီး ဒဏ်ရာရရှိသူအနည်းဆုံး ၆၀ ကျော်ရှိခဲ့သည်ဟု ၎င်းတို့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါတိုက်ပွဲဖြစ်ပွားကြသည့် အနီးအနား (၈) နေရာခန့်တွင် စစ်ကောင်စီတပ်က အလောင်းများ ပုံထားသည်ကိုတွေ့ရပြီး CNDF မှ (၆၀) မမ၊ (၄၀) မမ နှင့် ကျည်အများအပြား သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်နှင့်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း CNDF ဘက်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး မိုင်းရှင်းလင်းစဉ် ဒဏ်ရာရသူတဦးအပါအဝင် တိုက်ပွဲအတွင်း ဒဏ်ရာရသူ စုစုပေါင်း (၈) ဦးအထိရှိခဲ့သည်ဟု CNDF က ထုတ်ပြန်ထားသည်။

Read More

ပြီးခဲ့သည့်ဇန်နဝါရီလအတွင်း ချင်းပြည်နယ် မြို့နယ် ၈ မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းအမျိူးသားတပ်မတော် CNA အပါအဝင် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များ တိုက်ပွဲဖြစ်ပွားမှု ၇၁ ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီဘက်က ၁၉၇ ဦးသေဆုံးကာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ၁၈ ဦးကျဆုံးခဲ့သည်ဟု Chinland Joint Defense Committee (CJDC) က ထုတ်ပြန်သည်။ CJDC ၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီလအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၁၃ လည်း သေဆုံးခဲ့ရသည်ဟု သိရသည်။ ထို့အပြင် နှစ်ဖက်တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရရှိသူ စစ်ကောင်ဘက်က ၆၈ ဦး၊ ချင်းပြည်သူကာကွယ်ရေးဘက်က ၂၀ ဦးနှင့် ပြည်သူ ၁၅ ဦးရှိခဲ့သည်ဟု ဖော်ပြထားသည်။ ချင်းပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ဧပြီလ ၂၄ ရက်နေ့ကစ၍ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်နှင့် ချင်းပြည်သူ့ ကာကွယ်ရေးတပ် CDF-Mindat အကြားတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တိ်ုက်ပွဲပေါင်း ၁၈၄ ဖြစ်ပွားခဲ့ကြသည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၁၀၂၉ ဦး သေဆုံးကာ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ၅၈ ဦး တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးစတေးခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၂၇ ဦးလည်း သေဆုံးခဲ့ရသည်ဟု CJDC ၏ စာရင်းအရသိရသည်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိုင်က အာဏာသိမ်းယူလိုက်ပြီးနောက် တစ်နိုင်ငံ လုံးဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့က…

Read More

ကလေးနယ် တောင်ပိုင်းနှင့် ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ မြောက်ခင်ရမ်း၊ ကုက္ကား၊ ဟံသာဝတီနှင့် ကြံသာရွာတို့မှ စစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့နှင့် စကစတပ်သား စုစုပေါင်းအင်အား (၁၀၀) ကျော်သည် ယနေ့ နံနက် (၉) နာရီအချိန်ခန့်တွင် ကြံသာရွာမှတဆင့် စစ်ကြောင်းများခွဲ၍ မှန်တောရွာအနောက်ဖက်သို့ ခြေလျင်လျှောက်လာကြရာ CDF – KKG တပ်ရင်း (၄) တပ်ဖွဲ့ဝင်များထောင်ထားသည့် တိုက်မိုင်းများကို နှစ်ကြိမ်တိုင်တိုင် တိုက်မိပြီးနောက် တစ်နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီလက်ပါးစေ ပျူစောထီး (၃) ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရသူအမြောက်အများရှိကြောင်း သိရသည်။ CDF – KKG တပ်ရင်း (၄) မှတပ်ဖွဲ့ဝင်ရဲဘော် (၁) ဦး လက်နက်ကြီးဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး အက်အဆုံးမရွိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု CDF-KKG က ထုတ်ပြန်သည်။ ထို့ပြင် ယနေ့မနက် (၁၁) နာရီခန့်တွင် ကလေးမြို့မှထွက်လာသည့် စစ္ကား (၅) စီးကို ခွေကြိမ်ရွာနှင့် သံဖိုရွာအကြားတွင် CDF – KKG တပ်ရင်း (၃) မှလက်နက်ကြီးဖြင့် (၃) ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစတပ်သား (၃) ယောက်ခန့် ဒဏ်ရာရနိုင်ကြောင်း CDF – KKG က ထုတ်ပြန်သည်။ လက်ရှိတွင် စစ်ကား (၅) စီးမွာ မှန်တောရွာတွင် တပ်စွဲထားပြီး ပျူစောထီးအဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ကျေးရွာတွင်းရှိ တိရိစ္ဆာန်များကိုသတ်ဖြတ်စားသောက်လျက်ရှိကြကြောင်း မြေပြင်သတင်းများအရ သိရသည်။ တိုက်ပွဲများ…

Read More

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုတစ်နှစ်ပြည့်မြောက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ထန်တလန်မြ်ို့မှာ စစ်ကောင်စီတပ် နဲ့ ချင်းအမျိုးသားတပ်မတော် CNA/CDF-Thantlang ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်က အနည်း ဆုံး ၅ ဦးသေဆုံးခဲ့တယ်လို့ CDF-Thantlang ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ “၁ ရက်နေ့ ၉ နာရီလောက်မှာ စစ်ကောင်စီတွေက တပ်ကုန်းကနေလာပြီးတော့ မြို့အလယ်ထိလောက်လာတယ် လူအင်အားနည်းနည်းတော့များတယ် ရဲစခန်းအောက်ဘက်ထိလာတယ် သူတို့ကလက်နက်ကြီးတွေအကြိမ် ၅၀ လောက်ပစ်တယ် ၁၂ နာရီတော့ ကျနော်တို့က မပစ်သေးဘူး ဒီတိုင်းပဲနေနေတယ် Silence Strike ဆိုတော့လေ ညနေပိုင်းလောက်မှာ သူတို့နားတဲ့အချိ်န်မှာပေါ့ ကျနော်တို့ကအခွင့်ကောင်းယူပြီးတော့ စနိုက်ပါနဲ့အဝေးကနေပစ်တာပေါ့ ၅ ယောက်တော့ သေတယ်လို့ယူဆရတယ် ချက်ချင်းလဲကျတာကိုး တစ်ယောက်ကတော့ ခြေထောက်ကတော့ ခြေထောက် ထိတယ် ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာမရှိဘူး’’ ယခုလက်ရှိထန်တလန်မြို့မှာ စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ၂၆၉၊ ၂၂၂ နဲ့ ၆၆ တပ်တွေ အခြေချတပ်စွဲထားကြပြီး အင်အား ၁၀၀ ဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ မနေ့ကဖြစ်တဲ့တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က Drone နဲ့ ဗုံးကြဲတာတွေရှိခဲ့တယ်လို့လည်း CDF-Thantlang ဘက်ကပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တပ်တွေဟာ မီးလောင်မှုအကြိမ်ကြိမ်ဖြစ်ပွားခဲ့တဲ့ ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၃၀၊ ၃၁ ရက် နဲ့ ဖေဖော် ဝါရီလ ၁ ရက်နေ့တွေမှာလည်း လူနေအိမ်တွေကို ထပ်မံမီးရခဲ့တာကြောင့် ဘုရားကျောင်းတစ်ကျောင်းအပါအဝင် အိမ်ခြေ ၉၄ လုံး ထပ်မံလောင်ကျွမ်းပြာကျခဲ့ရတယ်လို့သိရပါတယ်။ ဇန်နဝါရီလ ၃၀ ရက်နေ့ကဖြစ်ပွားတဲ့ မီးလောင်မှုတွေကြောင့် ထန်တလန်မြို့ပေါ်က ဇုန်မှုန် နဲ့ ဘုရားကျောင်းရပ်ကွက်မှာရှိ တဲ့…

Read More

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ဇန်နဝါရီလ ၃၁ ရက်နေ့ မနက် ၆ နာရီခွဲအချိန်ကစ၍ စစ်ကောင်စီတပ်နှင့် CDF- Kan petlet တို့တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်အတွင်းမှ ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၂ ဦး လည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု ကန်ပက်လက်မြို့ခံတစ်ဦးက ပြောသည်။ “သူ့ သူငယ်ချင်းအိမ်မှာဖြစ်တာ ဒီမနက် လက်နက်ကြီးကျပြီးတော့မှ၊ သွားအိပ်တဲ့အိမ်က ၂ ထပ်အိမ် အပေါ်ထပ်မှာ အိပ်ကြတာ ဖြစ်ချင်တော့ သူအိပ်နေတုန်းမှာပဲ ဖြစ်တာဆိုတော့ သူမသိ လိုက်ဘူးထင်တယ်။ ဒီနေ့ ၃ နာရီ သဂြိုလ်ဖို့တော့ လုပ်ထားတယ်။ ပြီးတော့ အိမ်ရှင်အစ်မတယောက်နဲ့ တခြားရပ်ကွက်က ကလေးအမေလည်း ထိတယ်။ နည်းနည်းတော့ ဒဏ်ရာတော့များတယ် အသက်အန္တာရာယ်ထိတော့ မဖြစ်ဘူး သူတို့က လက်နဲ့ပေါင်နဲ့ထိတယ်” ဟု ကန်ပက်လက် မြို့ခံတစ်ဦးက ပြောသည်။ အဆိုပါ သေဆုံးသူ အမျိုးသားမှာ ကန်ပက်လက်မြို့၊ အမှတ် ၂ ရပ်ကွက်တွင်နေထိုင်သူ အသက် ၃၀ နှစ်အရွယ် ကိုမင်းရန်အောင်ဖြစ်ကြောင်းသိရသည်။ CDF-Kanpetlet တပ်ဖွဲ့သည် ယမန်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော ရန်အောင်စေတီ၊ မြို့နယ်ပညာရေးမှုးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှုးရုံးတို့ကို သွားရောက်ပစ်ခတ်ခဲ့ရာ တစ်နာရီခွဲကျော်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်ဟု CDF-Kanpetlet ကထုတ်ပြန်သည်။ အဆိုပါပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ပြီး CDF- Kanpetlet က အထိအခိုက်မရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

Read More

ဒီသတင်းအမှားကို We love ခေတ်ဘုန်းခ Group မှာ Ei အကောင့်မှ ဖလမ်းမြို့နယ်အတွင်း CAN/CDF အကြမ်းဖက်အဖွဲ့ ဝင်ရောက်တိုက်ခိုက်နေမှုကြောင့် ချင်းတိုင်းရင်းသားများ အိန္ဒိယကို ထွက်ပြေးနေရဆိုတဲ့ သတင်ခေါင်းစဉ်နဲ့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ အဲဒီအပြင် “အရင်က တည်ငြိမ်အေးချမ်းတဲ့ အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိတဲ့ ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း CNA/CDF မကြမ်းဖက်အဖွဲ့ ဝင်ရောက်တိုက်ခိုက်ပြီး ကျေရွာအတွင်း အတင်းအဓမ္မလူသစ်စုခြင်း၊ ရိက္ခာတောင်းယူခြင်း၊ မထောက်ခံပါက ဒလန်အဖြစ်သတ်ခြင်း၊ ရွာများအားမီးရှို့ခြင်းများ ပြုလုပ်နေတဲ့အတွက်ကြောင့် ဒေသခံပြည်သူ အများအပြား အိန္ဒိယနိုင်ငံ မီဇိုးရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံနေရကြောင်း သိရတယ်” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ချင်းပြည်နယ် ဖလမ်းမြို့မှာ ဇန်နဝါရီလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်များနဲ့ ချင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေနတ်သံများကြားလို့ တဖက် မီဇိုရမ်းပြည်နယ်ကိုထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။ သတင်းအမှားမှာ ဖော်ပြထားသလို “ဖလမ်းမြို့နယ်အတွင်း ဖလမ်းမြို့နယ်အတွင်း CNA/CDF မကြမ်းဖက်အဖွဲ့ ဝင်ရောက်တိုက်ခိုက်ပြီး ကျေရွာအတွင်း အတင်းအဓမ္မလူသစ်စုခြင်း၊ ရိက္ခာတောင်းယူခြင်း၊ မထောက်ခံပါက ဒလန်အဖြစ်သတ်ခြင်း၊ ရွာများအားမီးရှို့ခြင်းများ ပြုလုပ်နေတဲ့အတွက်ကြောင့် ဒေသခံပြည်သူ အများအပြား အိန္ဒိယနိုင်ငံ မီဇိုးရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံနေရတယ်ဆိုတာတော့ မဟုတ်ဘူး၊ အဲ့သလိုလည်မရှိဘူး ရွာထဲတောင် လက်နက်ကျည်မရောက်ဘူး အသံကြာရုံပဲရှိတဲ့အနေထားမှာပဲ ပြည်သူတွေကထွက်ပြေးကြတာလို့” တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ သတင်းဖတ်ရှုသူများအနေနဲ့ သတင်းတုသတင်းမှားများကို သေချာစီစစ်ပြီး ဖတ်ရှုသင့်ပါတယ်။

Read More