ချင်းအမျိုးသာတပ်ဦး/တပ်မတော် CNF/CNA ဌာနချုပ်ဖြစ်သော Camp Victoria ကို ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ရန် စီစဥ်နေသော စစ်ကောင်စီ၏ စရင်းဓာတ်ပုံများ လူမှုကွန်ရက်မှတစ်ဆင့် ပေါက်ကြားလာကြောင်း သိရှိရသည်။ ၎င်းစရင်းနင့် ဓာတ်ပုံတွင်ဖော်ပြထားသော ကမ္ဘာ့မြေပုံ၏တည်နေရာမှာ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် CNF/CNA ဌာနချုပ်ဖြစ်ပြီး လေကြောင်းမှ ချေမှုန်းတိုက်ခိုက်ရန် အဓိကပစ်မှတ်ထား ရေးဆွဲထားသော ဗျူဟာစနစ်ဖြစ်ကြောင်း တွေ့ရသည်။ ထို့ကြောင့် စစ်ကောင်စီဘက်မှ CNF/CNA ဌာနချုပ် Camp Vitoria အား လေကြောင်းအားပြုကာ ချေမှုန်းတိုက်ခိုက်ရန် စီစဥ်နေခြင်းဖြစ်ကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့ CHRO ၏ Tweeter လူမှုကွင်ရက်တွင် ဖော်ပြထားသည်။ နိုဝင်ဘာလ ၇ ရက်နေ့ကလည်း စစ်ကောင်စီက ဟားခါးနှင့် ထန်တလန်အကြားရှိ သီးမြစ်အနီးတဝိုက်အား လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။ အလားတူ ပြီးခဲ့သော နိုဝင်ဘာ ၁ ရက်နေ့နင့် ၂ ရက်နေ့များတွင်လည်း စစ်ကောင်စီမှ ATR (Regional Transport Airplanes) အမျိုးစား ခရီးသည်တင်လေယာဥ်ဖြင့် ထန်တလန်မြို့နယ် ချင်းအမျိုးသားတပ်မတော် (CNA) ထိမ်းချုပ်နယ်မြေ ကောင်းကင်ယံတွင် ၃ ကြိမ် လာရောက်ပျံသန်းခဲ့ပြီး ကင်းထောက်သည့်ပုံစံဖြင့် လှည့်ပက်ပျံဝဲခဲ့ကြောင်း ဒေသခံများကပြောသည်။
Author: Editor
မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ MRRC-M မှ အိန္ဒိယငွေ ၁၃၀,၀၀၀/- ဖိုး အစားသောက်များကို ကျိမ်ဖိုင်းခရိုင်ရှိ မြန်မာစစ်ဘေးရှောင် ဒုက္ခသည်စခန်း ၃ ခုတွင် သွားရောက်ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ် ကျိမ်ဖိုင်းခရိုင်ရှိ အိုင်သီအိုင်စခန်း, ဇောသဲစခန်းနင့် ဇောလ်စီယ်စသော ဒုက္ခသည်စခန်းတွင် မြန်မာစစ်ဘေးရှောင် ၄၀၀ ကျော်ခန့်ရှိပြီး နိုဝင်ဘာ ၇ ရက်နေ့တွင် မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ (MRRC-M) မှ အစားသောက်များကို သွားရောက်ကူညီပံ့ပို့ခဲ့သည်။ မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ (MRRC-M) သည် မြန်မာနိုင်ငံ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး အလှူရှင်များနင့် မြန်မာစစ်ဘေးရှောင် ဒုက္ခသည်များအကြား ဆက်စပ်ပေးသော၊ လူမျိုး/ဘာသာမခွဲခြားဘဲ မြန်မာစစ်ဘေးရှောင်ဒုက္ခသည်များကို ကူညီထောက်ပံ့ပေးနေသည့် စေသနာ့ဝန်ထမ်း အဖွဲ့စည်းတစ်ခုဖြစ်သည်။ ၎င်းအဖွဲ့စည်း စတင်ဖွင့်လင့်သောအချိန်မှစပြီး တစ်နှစ်ကျော်ကြာကာလအတွင်း အိန္ဒိယငွေ သိန်း ၆၀၀ ကျော်တန်ဖိုးရှိသည့် အစားသောက်များနင့် အဝတ်အစားများအပါဝင် အခြားအခြားသော ကူညီထောက်ပံ့မှုများလည်း ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ လာမည့်နှစ် အစပိုင်းတွင်လည်း Mizoram Project မှ အစားအသောက်များနင့် အဝတ်ထည်များကို ထောက်ပံ့မှုပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ အခုလို အစားသောက်များ ကူညီပေးကမ်းမှုတွင် ကျိမ်ဖိုင်းခရိုင်ရှိ လူငယ်များအသင်းဖြစ်သော (YMA) မှတစ်ဆင့် ပူးပေါင်းပေးကမ်းခြင်းဖြစ်ကြောင်းသိရပြီး နေရာတိုင်းရှိ ဒုက္ခသည်စခန်းများကိုလည်း သွားရောက်ကူညီပေးကမ်းသွားမှာဖြစ်ကြောင်း သိရှိရသည်။
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် နိုဝင်ဘာ ၂ ရက်နေ့က တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် ဆန်အိတ် (၁၄၀ဝ) ရောက်ရှိလာပြီး ဆန်ကုန်သည်များထံတွင် အိမ်ထောင်စုစာရင်းဖြင့်တင်ပြကာ တအိမ်ထောင်တွင် ဆန်တအိ်တ်နှုန်းဖြင့် အကန့်အသတ် ဝယ်ယူခွင့်ကြရသည်ဟု ပလက်ဝမြို့က အိမ်ရှင်မတစ်ဦးက ပြောသည်။ “အိမ်ထောင်စုစာရင်းနဲ့ဝယ်ရတယ် လွတ်လွတ်လပ်လပ်နဲ့ဝယ်တာမဟုတ်ဘူး ဒီမနက်ဆိုရင် တန်းစီရတယ်။ ကျမတို့ကရတယ် ကြိုတင်ပြီးတော့မှာထားတာ တအိတ်ပဲရတယ်။အားလုံးရလားတော့မသိဘူး။ ပေါ်ဆန်းမွှေးက ခုနှစ်သောင်းနဲ့တစ်ထောင်ပေးတယ် ကြက်ဥ၊ ကြက်သွန်လည်းရောင်းပေးတယ်” ဟု ပလက်ဝမြို့က အိမ်ရှင်မက ပြောသည်။ ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ ဆက်သွယ်ထားသော ရေလမ်းကြောင်း ပြန်လည်ဖွင့်ပေးရန် အောက်တိုဘာလအတွင်း ပလက်ဝမြို့ခရစ်ယာန်ဆရာတော်များ၊ ဗုဒ္ဓဘာသာဘုန်းကြီးများ၊ ရပ်မိ/ ရပ်ဖတို့မှ ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ထံ ပြည်သူများကိုယ်စား စာရေးတင်ပြခဲ့ကြကာ ရေလမ်းကြောင်း တရားဝင်ဖွင့်ပေးခြင်းမရှိသော်လည်း ဆန်များ သယ်ယူခွင့်ရခဲ့ကြခြင်းဖြစ်သည်။ လက်ရှိရောက်လာသည့် ဆန်အိတ်များကို ဆန်ကုန်သည်များမှတဆင့် ရောင်းချပေးကာ ပုံမှန်ဆန်တအိတ်တွင် (၅၂၀ဝ၀) ကျပ်၊ ပေါ်ဆန်းမွှေးတအိတ် (၇၂၀ဝ၀) ကျပ်၊ ကြက်ဥ ၄ လုံး (၁၀ဝ၀)၊ ကြက်သွန်နီ ၁ပိဿာ (၄၀ဝ၀) ကျပ် သီးသီးတို့ဖြင့် ဝယ်ယူကြရကြောင်း သိရသည်။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ပလက်ဝမြို့သို့ စက်လှေ ၄ စီးဖြင့် ဆန်အိတ်အပါအဝင် စားသောက်ကုန်ပစ္စည်းအနည်းငယ်နှင့် စက်သုံးဒီဇယ်ပေပါ ၄၀ ခန့်တို့ကို သယ်ယူခွင့်ရရှိခဲ့ကြသောကြောင့် ပလက်ဝမြို့ပေါ်တွင် ယခင်ဖြန့်ဝေနေကြသည့်အတိုင်း ရပ်ကွက်အလိုက် တရက်ခြားဖြင့် လျှပ်စစ်မီး ပြန်လည်ရရှိနေသည်ဟု ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။ “ဒီဇယ်ပါလာတယ် မနေ့ကနေပြီး မီးပြန်ရပြီ၊ ရပ်ကွက်လိုက်ပေးတာ ပလက်ဝတမြို့လုံးကို…
ချမ်းအေးသည့် ဆောင်းရာသီဝင်စပြုလာခြင်းနှင့် အလှူရှင်များမရှိသောကြောင့် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်နေကြသည့် ပြည်သူများအတွက် အနွေးထည်နှင့် စောင်များ လိုအပ်နေသည်ဟု ပလက်ဝမြို့က စစ်ဘေးရှောင်များကို ကူညီပေးသူတစ်ဦးက ပြောသည်။ “အနွေးအထည်က ဘယ်သူမှ ထောက်ပံ့တာမရှိဘူး၊ အဲ့တော့ မလုံလောက်ဘူး။ မနှစ်တုန်းက ပြေးတဲ့သူတွေလောက်ပဲ နည်းနည်းပါးပါးနဲ့ ဟောင်းတွေပဲရှိတော့မယ်။ ဒီနှစ်ပြေးလာတဲ့သူတွေကတော့ အဝတ်တ ထည်ကိုယ်တခုနဲ့ပြေးလာကြတာဆိုတော့ အဝတ်တွေတော့ မရှိဘူး။ အရင်တုန်းကအလှူရှင် NGO၊ ပုဂ္ဂလိက ဖက်ကပဲရှိတာ နောက်ပိုင်းမဝင်တော့ ကျွန်တော်တို့ဒေသမှာကမရောက်နိုင်တာ တော်တော်လေး အခက်တွေ့တယ် ဒါကြောင့် နည်းနည်းရနိုင်တယ်ဆိုရင် ကူညီပေးပါအုံးပေါ့။” ဟု ပလက်ဝမြို့က စစ်ဘေးရှောင်များကို ကူညီပေးသူတစ်ဦးက ပြောသည်။ ၎င်း စစ်ဘေးရှောင်ပြည်သူများကို ၂၀၂၀ ခုနှစ် ချင်းပြည်နယ်အစိုးရမှ ထောက်ပံ့ပေးမူ၊ NGO၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ အလှူရှင်အသီးသီးတို့မှ ဆောင်းတွင်းအဝတ်အနွေးထည်၊ စောင်များ ကူညီလှူဒါန်းမှုများရှိခဲ့သော်လည်း ယခုနှစ်အတွင်း လမ်းပန်းဆက်သွယ်ရေး ပိုခက်ခဲလာကာ အင်တာနက်လိုင်း ပြတ်တောက်ခံထားရဆဲဖြစ်သောကြောင့် အလှူရှင်များနှင့် ဆက်သွယ်ရေးပြတ်တောက်ခြင်းတို့ ကြုံတွေ့နေရခြင်းဖြစ်သည်။ ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်ပြည်သူများထဲတွင် သက်ကြီးရွယ်အို၊ ကိုယ်ဝန်သည်အပါအဝင် ကလေးငယ်များရှိနေသောကြောင့် လက်ရှိ ဆောင်းတွင်း အဝတ်ထည်သာမက အာဟာရဖြည့်စွက်အစာနှင့် ဆေးဝါးများလည်း အကူညီလိုအပ်နေသည်ဟု အဘောင်သားဒေသခံတစ်ဦးက ပြောသည်။ “အခုဆောင်းရာသီဝင်လာပြီဆိုတော့ စောင်၊ အနွေးထည်၊ အခင်းတွေလိုအပ်တယ်။ တချို့က ကျန်းမာရေးမကောင်းကြတော့ ဆေးကုဖို့လိုတယ်။ပြည်သူ့ဆေးရုံကဆရာမတွေက တလတကြိမ်ဆေးခန်း လာဖွင့်ပေးကြပေမယ့် နည်းနည်းပါးပါး ဖျားတာလောက်ပဲကုပေးတယ် အသည်းသန်ဖြစ်ရင် ဆေးရုံတက်ရဆေးကုဖို့ ပိုက်ဆံလိုတယ်” ဟု အဘောင်သားဒေသခံက ပြောသည်။ လက်ရှိ ပလက်ဝမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်လာသောကြသော ပြည်သူများအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်…
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် လျှပ်စစ်မီးမရတာ နှစ်ပါတ်နီးပါးကြာပြီးနောက် ချင်းဦးစီးရပ်ကွက်ရှိ နေအိမ်တစ်လုံး ဖောက်ထွင်းခံရကာ မီးစက်တစ်လုံး ပျောက်ဆုံးတယ်လို့ အိမ်ရှင်ထံမှ သိရသည်။ လွန်ခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့ညတွင် အမည်မသိလူတစ်ချို့က ခြံစည်းရိုး သံဇကာ ဖျက်ဆီး၊ ၎င်းအိမ်ကို အိမ်ရှင်မရှိတုန်း သော့ဖျက်ဖောက်ထွင်းခဲ့တာဖြစ်တယ် လို့ သိရသည်။ “အခု ဖောက်ထွင်းခံရတဲ့ အိမ်က နှစ်ထပ်အိမ်ပေါ့နော်၊ သူခိုးတေက အိမ်အောက်ထပ်ကို သော့ဖျတ်ပြီးဝင်မွေသွားတာပေါ့။ အဲမှာ မီးစက်နှစ်လုံးထားထားတာ ပိုကြီးတဲ့တလုံးကို ခိုးသွားကြတာပဲ။ ပိုက်ဆံတော့ ဘာမှမရှိတော့ မပါဘူးပေါ့နော်။ ဒီလိုမျိုး အိမ်ဖောက်ခံရတယ်ကြားတော့ ဝမ်းနည်းတာပေါ့။ ကိုယ့်အနေနဲ့ကျ ဘာမှတတ်နိုင်တာလဲမရှိဘူးလေနော်။” လို့ အိမ်ရှင်အမျိုးသားတစ်ဦးက ပြောသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ခိုးဆိုးလုယက်မှုများ သိသိသာသာများလာပြီး ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း လွန်ခဲ့သည့် အောက်တိုဘာလတွင် ဟားခါးမြို့ မတူပီလမ်းရှိ ကုန်စုံဆိုင်နှစ်ဆိုင်အား သူခိုးများ ဖောက်ထွင်းဝင်ရောက်ကာ ငွေကြေး သိန်းနှစ်ဆယ်ဝန်းကျင် ခိုးယူခဲ့ကြပါသည်။ ယခု ဟားခါးမြို့တွင် လျှပ်စစ်မီးဆက်တိုက်မလာတာကြောင့် လျှပ်စစ်မီးအစား အသုံးပြုနိုင်သည့် solar၊ နေရောင်ခြည်ပြား၊ မီးစက်၊ ဖယောင်းတိုင်၊ မီးသွေး စသည့်ပစ္စည်းများ စျေးနှုန်းထိုးတက်သည်သာမက ဝယ်ယူရန်လည်း အလုံအလောက်မရှိဘူးလို့ သိရသည်။a
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာနေမှုကြောင့် သာယာကုန်းကျေးရွာအပါအဝင် ကျေးရွာ ၃ ရွာက ပြည်သူများသည် မီးဇာကျေးရွာသို့ ကြိုတင်စစ်ဘေးတိမ်းရှောင်လာကြသည်ဟု ၎င်းစစ်ဘေးရှောင်ကူညီပေးနေသူ ပလက်ဝမြို့က အသင်းတော်ဆရာတပါးက ပြောသည်။ “စကစနဲ့ တိုက်ပွဲဖြစ်လာရင် သေနတ်တွေကပြောလို့မရဘူး ရွာထဲကိုရောက်ကောင်းရောက်နိုင်တယ် ဒါကြောင့် လုံခြုံတဲ့နေရာကိုပြောင်းရင်တော့ ပိုကောင်းတယ်လေ သူတို့က ကြောက်လို့ ပြောင်းလာတာပေါ့။ တိုက်ပွဲတော့ မဖြစ်ရသေးဘူး၊ ရွာရဲ့တဖက်ကမ်းမှာ AA လည်းရှိတယ် ဒီဖက်ကျတော့လည်း စကစတွေ ကြားမှာရှိတဲ့ရွာဖြစ်နေတော့ တခုခုဖြစ်ရင်တော့ ကြောက်လို့ထွက်လာတာ။ နောက်ပြီးတော့ အသွားလာကလည်း ပိတ်မှာစိုးလို့ ကြောက်တာလည်းပါတယ်။” ဟု စစ်ဘေးရှောင်ကူညီပေးနေသူ ပလက်ဝမြို့က အသင်းတော်ဆရာတပါးက ပြောသည်။ မီးဇာကျေးရွာသို့ ကြိုတင်စစ်ဘေးရှောင်လာကြသော ကျေးရွာများမှာ သာယာကုန်း၊ ကျောက်ပလ္လနှင့် ဆပ်သာလ၀ကျေးရွာတို့ဖြစ်ကြသည်။ သာယာကုန်းကျေးရွာသည် မီးဇာနှင့် ၄ မိုင်ခန့်ကွာဝေးပြီး အိမ်ထောင်စု ၄၅ စု၊ လူဦးရေ ၂၀၀ ကျော်၊ ကျောက်ပလ္လကျေးရွာသည်လည်း အိမ်ထောင်စု ၃၀၊ လူဦးရေ ၁၀၀ ဝန်းကျင်နှင့် ဆပ်သာလဝကျေးရွာ သည် အိမ်ထောင်စု ၁၅ စု၊ လူဦးရေ ၅၀ ဝန်းကျင်ရှိသည်ဟု သိရသည်။ မီးဇာတွင် ကြိုတင်စစ်ဘေးတိမ်းရှောင်လာသောပြည်သူများ နေထိုင်ရေးအတွက် အရေးပေါ်တဲအိမ်များဆောက်လုပ်ရန် လိုအပ်လျှက်ရှိသည်ဟု ယင်းအသင်းတော်ဆရာက ပြောသည်။ “အခု သူတို့က လောလောဆယ် နေဖို့အိမ်မရှိဘူး၊ တအိမ်ကို ဝါးက သုံးရာလောက်လိုတာကိုး အမိုးအကာနဲ့ဆိုရင် အနည်းဆုံး အိမ်တအိမ်ဆောက်ဖို့ နှစ်သိန်းလောက်လိုနေတယ်၊ ကျွန်တော်တို့အသင်းတော်က အခု ပို့တာက ဆယ်သိန်းလောက်ရှိတယ်…
ချင်းပြည်နယ် ဟားခါးမြို့ပေါ်တွင် အမျိုးအစားမသိသည့် ကူးစက်ရောဂါတစ်မျိုးကြောင့် ပြည်သူများတပိုင်တနိုင် မွေးမြူထားသည့် ဝက်များ သေဆုံးမှုနှုန်းမြင့်တက်လာနေသည်ဟုသိရသည်။ “အခု ဟားခါးမှာ ဝက်တွေသေနေကြတယ်၊ တစ်ချို့ဆို တစ်ရက်မှာ နှစ်ကောင် သုံးကောင်သေတာပဲ၊ ကျွန်မ သူငယ်ချင်းတစ်ယောက်ဆို သူရဲ့ ဝက်က လေးဆုပ်လောက်ရှိတယ် အဲတာလည်းသေတယ်လို့ပြောတယ်” ဟု ဒေသခံအမျိုးသမိးတစ်ဦးက ပြောသည်။ ချင်းပြည်နယ်တွင် အဆင်မြင့်ဓာတ်ခွဲကိရိယာများမရှိသည့်အတွက် ယခုပြန့်ပွားနေသော ဝက်ကူးစက်ရောဂါသည် မည်သည့်ရောဂါအမျိုးအစားဖြစ်သည်ကို အတိအကျမသိနိုင်သော်လည်း ရောဂါလက္ခဏာအရ ဝက်ဝမ်းကျရောဂါ (သို့မဟုတ်) အာဖရိကဝက်ရောဂါတမျိုးဖြစ်နိုင်သည်ဟု ဟားခါးမြို့က တိရိစ္ဆာန်ဆရာဝန် တစ်ဦးကပြောသည်။ “အခု ဝက်တွေက လုံးဝ လဲနေကြတာပေါ့နော်၊ လုံးဝ အစာအစားဘူး၊ ဝမ်းချုပ်တယ် အဲလိုနဲ့ တစ်ပါတ်လောက်ဖြစ်တယ်ပေါ့နော်၊ ဖြစ်နိုင်ချေကတော့ ကျွန်မတို့ ရောဂါလက္ခဏာကို ကြည့်ပြီး ဝက်ဝမ်းကျဖြစ်မလား ဒါမှမဟုတ် အာဖရိကဝက်ရောဂါဖြစ်မလား အဲနှစ်ခုထဲ တစ်ခုဖြစ်မယ်လို့တော့ထင်တယ်” ဟု ၎င်းကပြောသည်။ အဆိုပါဝက်နာရောဂါသည် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက စတင်ဖြစ်ပွားလာခြင်းဖြစ်ပြီး ယခုအခါ ဟားခါးမြို့ပေါ်တွင် ဝက်ကောင်ရေ တစ်ရာကျော်ခန့် သေဆုံးသွားပြီဟု ဒေသခံများက ခန့်မှန်းထားကြသည်။ ဝက်ကူးစက်ရောဂါအများစုမှာ ကုသ၍မရသည့်အပြင် ကူးစက်ခံရလျှင် သေဆုံးနိုင်ချေ ၅၀ ရာခိုင်နှုန်းခန့်ရှိပြီး ဝက်အချင်းချင်း ကူးစက်မှုမြန်ဆန်သောရောဂါဖြစ်ပြီး ဝက်မှ လူကို ကူးစက်နိုင်ခြင်းတော့မရှိကြောင်း သိရသည်။ ဝက်မွေးမြူသည့် ပြည်သူများအနေဖြင့် ကူးစက်မြန်ရောဂါဖြစ်သည့်အတွက် အစာကျွေးရာမှာ ဝက်သား အကြွင်းအကျန်များ မကျွေးရန်၊ ဝက်ခြံများ သီးသန့်ထားရှိရန် အချိန်မီကာကွယ်ဆေးများ ထိုးပေးနိုင်ကာ သတိထားစောင့်ကြည့်ရန် လိုအပ်ကြောင်း တိရိစ္ဆာန်ဆရာဝန်ကပြောသည်။ ချင်းပြည်နယ်တွင် ဝက်များကို တပိုင်တနိုင်စီးပွားရေးအဖြစ် ဒေသခံပြည်သူအများစုက မွေးမြူနေကြတာဖြစ်ပြီး လွန်ခဲ့သည့်…
ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အောက်တိုလာ ၂၁ ရက်မှစပြီး ယနေ့အထိ ၁၀ ရက်ကျော်ကြာ လျှပ်စစ်မီးပျက်နေတာကြောင့် အများစုမှာ ထင်း၊ မီးသွေးများဝယ်သုံးနေရသလို ဈေးနှုန်းလည်း ခုန်တက်နေပြီး လိုသလောက်လည်း ဝယ်မရဘူးလို့ သိရပါတယ်။ ဟားခါးမှာ ပုံမှန်အချိန်တွေမှာ မဟာဓါတ်အားလိုင်းရတာကြောင့် လျှပ်စစ်မီးနဲ့သာ နေထိုင်စားသောက်ရေးအတွက် အဆင်ပြေနေခဲ့ပေမဲ့ ယခုမှာ ဟားခါးကနေ ရှစ်မိုင်ဝန်းကျင်ကွာဝေးတဲ့ နီပီးရွာအနီးမှာ လျှပ်စစ်ဓာတ်တာဝါတိုင်ပြိုကျမှု ဖြစ်ပွားပြီးနောက် လျှပ်စစ်မီးပျက်သွားရာကနေ ယနေ့ချိန်ထိ လျှပ်စစ်မီးပြန်မရနိုင်သေးတာဖြစ်ပါတယ်။ ထို့ကြောင့် လျှပ်စစ်မီးအစား ထင်းများ၊ မီးသွေးခဲများ စတင်အသုံးပြုလာကြတာဖြစ်တယ်လို့ သိရပါတယ်။ “အခု မီပျက်တော့ တော်တော်လေး ဒုက္ခရောက်ကြတယ်။ မီးပျက်တဲ့ နောက်ပိုင်း မိးသွေးတေလဲ အကုန်ဈေးတက်နေတာ တစ်ချို့နေရာဆို တစ်အိပ်ကို နှစ်သောင်းခွဲလောက် ရောက်နေတာ။ လက်ကျန်တေဆိုရင်တော့ တစ်သောင်းရှ စ်ထောင်လောက်နဲ့တော့ ရသေးတယ်။ ဂက်စ်ကလဲ အချို့ဆိုရင် သိပ်မရှိကြတော့ဘူး။ ဂက်စ်ကုန်သွားတဲ့ လူဆိုရင်လဲ ဟားခါးမှာ ဖြည့်ဖို့ကလည်း မရှိတော့ဘူးလို့ ပြောတယ်။ အဲတာကြောင့် အခုဆိုရင် ထင်းပဲ သုံးလာကြတော့တာ။ မီးသွေးရှိတဲ့သူကလည်း မီးသွေးပေါ့။” လို့ သူကပြောပါတယ်။ အခုလို ဟားခါးမှာ နှစ်ပါတ်နီးပါး လျှပ်စစ်မီးမရတာကြောင့် လျှပ်စစ်မီးသာ အဓိကအသုံးပြုတဲ့ အသက်မွေးဝမ်းကြောင်း လုပ်ကိုင်သူတွေပါ လုပ်ငန်းလည်ပတ်နိုင်ဖို့ ခက်ခဲတယ်လို့လည်း သိရပါတယ်။ ဟားခါးမြို့ရှိ စားသောက်ဆိုင်တွေဟာလည်း လျှပ်စစ်မီးနဲ့ မီးသွေးသာ အဓိက အသုံးပြုကြတာဖြစ်ပြီးတော့ လျှပ်စစ်မီးမရတာအပြင် မီးသွေးဈေးမှာလည်း အဆမတန်မြင့်တက်ပြီး လိုအပ်သလောက် ဝယ်ယူလို့ မရတာကြောင့် အခက်အခဲတွေကြုံနေရပါတယ်။ အလားတူ လျှပ်စစ်မီးသာ အဓိက အသုံးရတဲ့ အလှပြင်ဆိုင်တွေမှာလည်း…
ချင်းပြည်နယ် မတူပီမြို့၊ မြို့နယ်ပညာရေးမှူး ဦးတင်လွေးအား CDF-Matupi တပ်ဖွဲ့မှ ဆင်ခြင်တုံတရားကင်းမဲ့စွာ ရှင်းလင်း သတ်ဖြတ်မှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်ဟု International CDF Dai Supporting Committee နှင့် North America Dai Community က အောက်တိုဘာလ ၃၀ ရက်နေ့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။ CDF-Matupi ဒလန်ရှင်းလင်းရေးအဖွဲ့မှ ဆရာကြီး ဦးတင်လွေးအား မည်သို့မည်မျှ ပြစ်မှုကျူးလွန်ခြင်းများရှိကြောင်းကို အများပြည်သူများသိရှိရန် ပွင့်လင်းမြင်သာစွာဖြင့် တရားဝင်အသိပေးထုတ်ပြန်ခြင်းမရှိသည့်အပြင် အကြောင်းပြချက် ခိုင်လုံသည့် သက်သေအထောက်အထားများမရှိဘဲ ဆရာကြီးဦးတင်လွေးအား Non-CDM အဖြစ်နှင့်သာ ဒလန်ဟု စွပ်စွဲကာ အာဏာရှင်ဆန်စွာဖြင့် သက်ဖြတ်ခြင်းဖြစ်သည်ဟု ယင်းပူးတွဲကြေညာချက်တွင်ဖော်ပြထားသည်။ ထို့အပြင် CDF-Matupi ဒလန်ရှင်းလင်းရေးအဖွဲ့အနေဖြင့် ပြည်သူ့ကာကွယ်ရေးစစ်သည်တော်များလိုက်နာရမည့် ကျင့်ဝတ်(Code of conduct) နှင့်အညီ လူသားဆန်စွာဖမ်းဆီးခေါ်ဆောင်စစ်ဆေးရန် အခွင့်အရေးရှိသော်လည်း ထိုကဲ့သို့ မပြုဘဲ ဆရာကြီးဦးတင်လွေးအား ၎င်း၏ မိသားစုဝင်းများရှေ့မှောက်တွင် သတ်ဖြတ်ခြင်းသည် Non-CDM ဝန်ထမ်းများ အား အရေးယူဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ(၄) ရက်နေ့က ကြေညာချက်အမှတ် (၁/၂၀၂၂) အပိုဒ်(၄) နှင့်လည်း ဆန့်ကျင်သည်ဟု ဆိုသည်။ ထို့ကြောင့် CDF-Matupi ဒလန်ရှင်းလင်းရေးအဖွဲ့၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင်သည့်အပေါ် ၎င်းတို့အနေဖြင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်ဟု International CDF Dai Supporting Committee နှင့် North America Dai Community က အောက်တိုဘာလ ၃၀ ရက်နေ့က ပူးတွဲကြေညာချက်တွင်ဖော်ပြထားသည်။ Non-CDM တစ်ဦးဖြစ်သည့်…
FactCheck ဒီသတင်းအမှားကို စစ်အောင်ဆိုတဲ့အကောင့်အပြင် Golden Eyes, K0th3t, InnWa News, ဦးဦးပိုင်ဦး စတဲ့ Facebook အကောင့်ကနေပြီး “ကဲ …ဇာတ်လမ်းကတော့ စပြီ ရုရှားတပ်တွေလည်း ယူကရိန်းမြောက်ပိုင်းက ဘီလာရုစ်ထဲရောက်ပြီ Poseidon တွေကလည်း နေရာတော်တော်များများ ချိန်ရွယ်ထားပြီးပြီတဲ့ Elon Musk ကလည်း ရုရှားက မိနစ် ၃၀ အတွင်း အနိုင်ယူနိုင်တယ်တဲ့ အဲဒီတော့ နူစစ်ဖြစ်ရင် အကုန်ထိကြမှာပါပဲ” လို့ အောက်တိုဘာ (၁၇) ရက်နေ့မှာရေးသားဖော်ပြထားတာဖြစ်ပါတယ်။ “နူးကလီးယားစစ် (တတိယကမ္ဘာစစ်) ဖြစ်တော့မှာလား..ယူကရိန်းမှာရှိတဲ့ နိုင်ငံခြားသားအားလုံးအမြန်ဆုံးထွက်ခွာဖို့ သက်ဆိုင်ရာနိုင်ငံတွေကကြေညာချက်ထုတ်နေပြီ” ဆိုတာနဲ့ပတ်သက်ပြီး ရှာဖွေစီစစ်ကြည့်တဲ့အခါမှာ ယုံကြည်စိတ်ချထိုက်တဲ့သတင်းဌာနတွေမှာရေးသားဖော်ပြထားတာမျိုးတွေမတွေ့ရပါဘူး။ သတင်းအမှားတင်တဲ့ အကောင့်အများစုမှာတော့ တစ်ပုံ့စံတည်း ရေးသားဖော်ပြထားတာမျိုးတွေ တွေ့ရပါတယ်။ ပြည်သူများအနေနဲ့ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနက သတင်းတွေကိုသာ ရွေးချယ်ဖတ်ရှု့ကြဖို့လိုအပ်ပါတယ်။
