Author: Editor
#Unicode ကျပ်ငွေသန်း (၆၀) ကျော်အကုန်ကျခံပြီး ချင်းပြည်နယ် ဟားခါးမြို့ မြို့သစ်ရပ်ကွက် ခုစီလိုဘိုပန်းခြံတွင် အမြင့်ပေ (၇၅) ရှိသော လွတ်လပ်ရေးကျောက်တိုင်ကို ဇန်နဝါရီလ ၄ ရက်နေ့ ၇၃ နှစ်မြောက်လွတ်လပ်ရေးနေ့မှာ ဖွင့်လှစ်ခဲ့ကြသည်။ အမြင့် (၇၅) ပေ၊ အချင်း (၁၄) ပေရှိသည့် အဆိုပါလွတ်လပ်ရေးကျောက်တိုင်ကို ချင်းကာလီလီကုမ္ပဏီမှ ပြီးခဲ့သည့် ဇူလိုင်လကစ၍ တာဝန်ယူတည်ဆောက်ကာ ၇၃ နှစ်မြောက်လွတ်လပ်ရေးနေ့မှာ ချင်းပြည်နယ်ဝန်ကြီးချူပ် ဆလိုင်း လျန်လွယ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ချင်းပြည်နယ်အစိုးရအနေဖြင့် ယခုကဲ့သို့ လွတ်လပ်ရေးကျောက်တိုင်ကို ငွေကျပ်သန်းပေါင်းများစွာ အကုန်အကျခံ တည်ဆောက်မည့်အစား အကူအညီလိုအပ်နေသူများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ပညာရေး၊ ကျန်းမာရေးပိုင်းတွင် အသုံးပြုသင့်သည်ဟု ဝေဖန်ထောက်ပြမှုများရှိခဲ့သည်။ Tedim Youth Fellowship မှ ဦးဆောင်သူ ကိုမုန်းနိုးက “ ချင်းပြည်နယ် ဟားခါးမြို့တော်မှာသန်း (၆၀) ကုန်ပြီးတော့ တော်တော်လေးကို ဘဏ္ဍငွေကိုအလဟသ သုံးတယ်လို့ ကျနော်မြင်တယ် ဒုတိယချက်က ဒီလောက်ထိချင်းပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေတဲ့အချိန်မှာ ဒီသန်း (၆၀) လုံးသုံးပြီးတော့မှ ဘာမှမဟုတ်တဲ့လွတ်လပ်ရေး ကျောက်တိုုင်ကို စိုက်ထူတာက လုံးဝမသင့်တော်တဲ့လုပ်ရပ်လို့ ကျတော်မြင်တယ် တတိယအနေနဲ့ အခုလက်ရှိ ချင်းပြည်နယ်မှာ ကိုဗစ်နိုင် ၁၉ ကြောင့် ဒီလောက်ထိပြည်သူလူထုတွေ အခက်အခဲရောက်နေတယ် ကျန်းမာရေးဝန်ထမ်းတွေ အခက်အခဲရောက် နေတဲ့အချိန်မှာ ဒီသန်း (၆၀) လုံးကို အဲဒီလွတ်လပ်ရေးကျောက်တိုင်စိုက်ထူတဲ့နေရာမှာ အသုံးပြုထားတာထက် ဒီကိုဗစ် ၁၉ ကိစ္စမှာသုံးရင်တော့ ပိုပြီးတော့မှ ပြည်သူလူထုအတွက် အကျိုးရှိတဲ့ ဘဏ္ဍာငွေအသုံးပြုမှုများ ဖြစ်မလားပေါ့” ဟု ထောက်ပြထားသည်။ အဆိုပါလွတ်လပ်ရေးကျောက်တိုင်ကို…
Read More
#Unicode By လားနွန် – ချင်းပြည်နယ်တွင် အသစ်တက်လာမည့် အစိုးရအဖွဲ့သစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်များသာမက ဒေသတွင်းတိုင်းသားပါတီများကိုလည်း ပြန်လည်ဖိတ်ခေါ်ပါဝင်စေမည်ဟု မျှော်လင့်ကြောင်း လက်ရှိ ချင်းပြည်နယ်၏ လူမှုရေး ဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။ “ ဒီနှစ် ၂၀၂၀ – ၂၀၂၅ အစိုးရသက်တမ်းမှာလည်းပဲ တိုင်းရင်းသားတွေကဏ္ဍကို မမေ့ပဲ ကျနော်တို့ဆက်လက််ပြီးတော့ ပါဝင်ခွင့်ရဖို့တော့လိုမယ်ထင်တယ် အဲလိုပါမှပဲ အဝေးကနေကြည့်မယ်ဆိုခြင်းထက် အထဲကနေလုပ်ခြင်းက ပိုပြီးတော့ အိမ်ရှင်စိတ်ရှိတယ် အဲဒါကြောင့် ဒီနှစ်မှာတော့ တိုင်းရင်းသားတွေကို ခေါ်ပြီးတော့ ဖိတ်ပြီးတော့ ကျနော်တို့ ပါဝင်ခွင့်ရဖို့ ဒါကျနော့်အနေနဲ့ လိုချင်ပါတယ် ဒါမှလည်းပဲ အခု CNLD ကတစ်ယောက် ZCD ကတစ်ယောက် ဒီနှစ်ယောက်ရှိနေရုံလေးနဲ့ ပါတီတွေက ဒီအစိုးရမှာ ပါဝင်ခွင့်ရမယ်ဆိုရင် ပြည်ထောင်စု ဦးဆောင်တဲ့ ပါတီနဲ့ ကျနော်တို့ Link (အဆက်အသွယ်) ရှိသွားတာပေါ့ အဲဒါကြောင့် အဲလိုမျိုးဖြစ်ဖို့ ပူးပေါင်းဖို့ပေ့ါ ကျနော့်အနေနဲ့ လိုချင်ပါတယ် အဲလိုဖြစ်ဖို့လည်းမျှော်လင့်ပါတယ်” ဟု ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။ ဦးပေါင်လွန်မင်းထန်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းက ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်(ZCD) ပါတီကိုယ်စားပြုအနေဖြင့် ချင်းပြည်နယ် တွန်းဇံမြို့နယ်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေမှ ရွေးချယ်ခံရပြီး NLD ပါတီက အစိုးရဖွဲ့စည်းသည့်အခါ ချင်းပြည်နယ်၏ လူမှုရေးဝန်ကြီး အဖြစ်ခန့်အပ်ခံခဲ့ရသည်။ ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်လည်း ZCD ပါတီမှ တွန်းဇံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ ထပ်မံအနိုင်ရရှိခဲ့သည်။ ချင်းနိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်သည့် Chin MATA အဖွဲ့မှ ကိုအင်ဒရူးထားတွောင်ကလည်း NLD ပါတီအနေဖြင့် အစိုးရသစ်ဖွဲ့စည်းသည့်အခါ ဒေသတွင်တိုင်းရင်းသားပါတွေကိုလည်း…
Read More
#Unicode နှင်းနှင်း – စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တမြို့လုံးကို ဒီဇင်ဘာလ (၁၂ မှ ၂၄) ရက်နေ့အထိ Stay At Home သတ်မှတ်ခဲ့ပြီး မနက်ဖြန်ကစ၍ Stay At Home သတ်မှတ်ရက်ပြည့်သွားပြီဖြစ်သောကြောင့် ပြန်လည် ဖြေလျှော့သွားမည်ဖြစ်ကြောင်း ကလေးမြို့နယ်၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးကပြော သည်။ “Stay At Home ကမနက်ဖြန်ဖြုတ်မယ်၊ ဝန်ကြီးဌာနကလည်း စာထုတ်ထားပြီလေ၊ ပုံမှန်အလုပ်တွေ လုပ်ရမယ်၊ ကျန်းမာရေးကိုလည်း သတိထားရင်းလူနေမှုပုံစံအသစ်နဲ့ကိုယ်လုပ်စရာတွေကို လုပ်ရတော့မှာ ဒီရောဂါကဘယ်လိုမှ အမြစ်ဖြတ်လို့မရဘူးလေ၊ မနေ့ညကထပ်တွေ့တဲ့သူ (၅) ဦးစလုံးက ပိုးတွေ့လူနာနဲ့ ထိစပ်တဲ့သူတွေပဲ” ဟု ဒေါ်ရှားမီးကပြောသည်။ ကလေးမြို့ရပ်ကွက် (၅) ရပ်ကွက်တွင် ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုတိုးများလာသော ကြောင့် ကလေးမြို့တမြို့လုံးကို ဒီဇင်ဘာလ (၁၂) နေ့ကစပြီး Stay At Home အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ (၂၂) ရက်နေ့ကလည်း ကလေးတက္ကသိုလ် CBFQ Center တွင် အသွား/အလာကန့်သတ်ထားရှိသူနှင့် Home Quarantine သတ်မှတ်၍ အသွားအလာကန့်သတ်ထားရှိသူ (၅) ဦးတွင်ကိုဗစ်ပိုးထပ်မံ တွေ့ရှိခဲ့သည်။ အဆိုပါ (၅) ဦးမှာ ကလေးမြို့၊ ချမ်မြေ့အောင်စည်ရပ်ကွက် နယ်မြေ ၂/၁၁၁ မှ အသက် (၇၀) နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် (၃၉) နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ အောင်မင်္ဂလာရပ်ကွက် နယ်မြေ ၄/၁၈ မှ အသက် (၄၇) နှစ်အရွယ်အမျိုးသားတစ်ဦး၊ အသက် (၃၄) နှစ်အရွယ်အမျိုးသမီးတစ်ဦး၊…
Read More
#Unicode ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ Human Rights & Freedom Program Director Salai Sang Hnin Lian တွေ့ဆုံမေးမြန်းခြင်း အပိုင်း (၁) Benezer – ချင်းပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိူးဖောက်မှုတွေကို အနီးကပ်စောင့်ကြည့်လေ့လာနေတဲ့ ချင်းလူ့အခွင့် အရေးအဖွဲ့(CHRO) က ၂၀၂၀ ခုနှစ်အတွင်း ချင်းပြည်နယ်မှာဖြစ်ပွားနေတဲ့ အထူးသဖြင့် ပလက်ဝမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိူးဖောက်ခံရမှု အစီရင်ခံစာတစ်ရပ်ကို ဒီဇင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာထဲ မှာ အဓိကဘာတွေပါဝင်တာလဲ၊ ၂၀၂၀ ခုနှစ်အတွင်း ချင်းပြည်နယ်မှာ ဘယ်လိုလူ့အခွင့်အရေးချိူးဖောက်မှုတွေဖြစ်ပွားခဲ့ လဲ၊ အဲဒီလူ့အခွင့်အရေးချိူးဖောက်မှုတွေဟာ ဘယ်သူတွေကကျူးလွန်ခဲ့ကြတာလဲ စတဲ့အကြောင်းအရာကိစ္စနဲ့ပတ်သက်ပြီး CHRO အဖွဲ့ရဲ့ Human Rights Education & Freedom of Religion or Belief Program မှ Director Salai Sang Hnin Lian ကို တွေ့ဆုံမေးမြန်းထားပါတယ်။ မေး။ ။ ချင်းလူ့အခွင့်အရေးအဖွဲ့အနေနဲ့ ၂၀၂၀ Annual Report ထုတ်ထားတယ်ပေါ့နော်၊ အဲဒီအကြောင်းကိုအရင်ဆုံးပြောပေးပါဦးဗျ ဖြေ။ ။ ကျနော်တို့ လွန်ခဲ့တဲ့ ၃နှစ် ၂၀၁၈ ကနေ ဒီနှစ် ၂၀၂၀ ထိ နှစ်ပတ်လည် လူ့အခွင့်အရေး အစီရင်ခံစာကို အမြဲတမ်းထုတ်ပါတယ်၊ ဒီနှစ်ဆို ၃ နှစ်မြောက်ရှိပြီပေါ့၊ ဒီနှစ်မှာတော့ ၂၀၂၀ နှစ်မှာ ဖြစ်ပျက်တဲ့ ချင်းပြည်သူတွေ ကြုံနေရတဲ့ လူ့အခွင့်ရေးချိုးဖောက်မှု…
Read More
#Unicode တွန်းဇံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လက်ရှိချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်နှင့် တွေ့ဆုံခြင်း By လားနွန် – နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်(ZCD) ပါတီ အနေနဲ့ ချင်းပြည်နယ် နဲ့ စစ်ကိ်ုင်းတိုင်းဒေသကြီးမှာ ဆန္ဒနယ်မြေစုစုပေါင်း (၁၀) နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးတော့ ချင်းပြည်နယ် တွန်းဇံမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်မဲဆန္ဒနယ်မြေ (၂) နေရာမှာသာ အနိုင်ရရှိခဲ့ပါတယ်။ ယခုလက်ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ဟာ ZCD ပါတီကနေ တွန်းဇံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေမှာ ထပ်မံဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဦးပေါင်လွန်မင်းထန် အနေနဲ့ လာမယ့်လွှတ်တော်သက်တမ်းမှာ ဘာတွေဆောင်ရွက်ဖို့ပြင်ဆင်ထားပါသလဲ။ အသစ်ဖွဲ့စည်းမယ့် အစိုးရသစ်မှာ ကော်ပြန်လည်ပါဝင်လာဖို့အလားအလာရှိပါသလား။ စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ခိုနူမ်းသုန်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး။ ။ ဒီနှစ်ရွေးကောက်ပွဲမှာ ZCD ပါတီဆိုရင် ချင်းပြည်နယ်မှာ မဲဆန္ဒနယ်မြေ ၂ နေရာပဲရတဲ့အပေါ် ဘာပြောချင်လဲ။ ဖြေ။ ။ ဒီနှစ်ကတော့ ထူးခြားမှုတစ်ခု ဆိုတာက နှစ်လလောက် ရွေးကောက်ပွဲ မဲဆွယ်စည်းရှုံးခွင့်မှာ တစ်လကျော် ကျော်လောက်ကတော့ ကျနော်တို့ Local Party တွေက အားသန်တယ် တကယ့်အနီးကပ် နှစ်ပတ် သုံးပတ်ဝန်းကျင် လောက်မှာဆိုရင် အများကြီးပြောင်းလဲပြီးတော့ နှစ်ပတ်အတွင်းမှာပဲ ပြောင်းလဲသွားတယ် နိုင်ငံတော်အတိုင်ပင်ခံတို့ ပြည်ထောင်စုအဆင့်ရဲ့ ကြိုးစားမှုနဲ့ ပြည်သူရဲ့ သူတို့အပေါ်မှာ ယုံကြည်မှုကတော့ ချင်းပြည်နယ်ရဲ့ နိုင်ငံရေးကို ပြောင်း လဲစေတယ်လို့ဘဲ သုံးသပ်ပါတယ်။ ဆိုတော့ တိုင်းရင်းသားပါတီတွေကို မုန်းသလား မချစ်တော့ဘူးလားဆိုရင်လ ည်းပဲ…
Read More
#Unicode နှင်းနှင်း – ချင်းပြည်နယ်တွင် ဒေသအတွင်း ကိုဗစ်ကူးစက်မှု မြင့်တက်လာခြင်းကြောင့် ပြည်သူများအနေဖြင့် မိမိကိုယ်တိုင်ကာကွယ်မှု ပြုလုပ်ရန်အရေးကြီးသည်ဟု ချင်းပြည်နယ်၊ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာနမှုး ဒေါက်တာအောင်ငွေစံက သတိပေး ပြောဆိုလိုက်သည်။ “သက်ဆိုင်ရာဒေသခံတွေအနေနဲ့ ဘေးကင်းမှုပေါ့၊ မလိုအပ်ပဲနဲ့တတ်နိုင်သရွေ့အပြင်ကိုမထွက်တာတွေ၊ အပြင်ထွက်မယ်ဆိုရင်လည်း လူစု၊လူဝေးရှောင်ရှားတာတွေ၊ မတ်စ်တွေကို စနစ်တကျပါးစပ်၊ နှာခေါင်းတွေကို ပြည့်ပြည့်စုံစုံလေးအုပ်ပြီးတော့ လိုက်နာဆောင်ရွက်ပေးစေချင်ပါတယ်၊ အပေါ်ကနေ ညွှန်ကြားမှမဟုတ်ပဲနဲ့ ပြည်သူလူထုရဲ့အသိစိတ်နဲပူးပေါင်းဆောင်ရွက်မှု၊ သူများကို အားကိုယ်နေထက် မိမိကိုယ်မိမိလိုက်နာစောင့်ထိန်းခြင်းက ကိုယ့်အတွက်ရော အများအတွက်ပါအကျိုးရှိတယ်။” ဟုဒေါက်တာအောင်ငွေစံကပြောသည်။ လက်ရှိ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်နှင့် တွီးထန်းကျေးရွာတို့တွင် ယခုရက်ပိုင်းဒေသအတွင်းကိုဗစ်ကူး စက်ခံရမှုတိုးများလာသောကြောင့် ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရန်အတွက် ဒေသခံပြည်သူများ၏ပူး ပေါင်းလိုက်နာမှုသည်အဓိကအရေးကြီးပြီး မိသားစုအတွင်းဖျားနာ၊ချောင်းဆိုး၊အနံ့အရသာမရဖြစ်လာ ပါက ကျန်းမာရေးဌာနကိုဖုန်းဆက်၊ ဆက်သွယ်ပြီး ကျန်းမာရေးဌာနမှ ညွှန်ကြားချက်အတိုင်းနေထိုင်ရန် အရေးကြီးကြောင်း ဒေါက်တာအောင်ငွေစံကပြောသည်။ ချင်းပြည်နယ်တွင် ကိုဗစ်ကူးစက်မှု ပထမလှိုင်းတွင် ၁၈ ဦး ကူးစက်ခံရပြီး ဒေသတွင်း ကူးစက်မှု ၃ ဦး၊ ဒုတိယလှိုင်းကာလဖြစ်သည့် သြဂုတ်လ ၁၆ရက်နေ့မှ ယနေ့အချိန်ထိ ကူးစက်ခံရသူ ၁၉၈ဦးရှိပြီး ဒေသတွင်းကူးစက်မှ ၆၆ ဦးထိ ရှိကြောင်းသိရသည်။ ချင်းပြည်နယ်တွင် ကိုုဗစ်ပိုးကူးစက်မှုများလာသောကြောင့် Stay at Home ပြုလုပ်ရန်သတ်မှတ်လိုက် မည်ဆိုပါက ပြည်သူများထောက်ပံ့ရေးကိစ္စရှိလာမည်ဖြစ်သောကြောင့် Stay at Home ပြုလုပ်သင့် မသင့်ကိုကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်ပြီး အခြေအနေကိုစောင့်ကြည့်နေဆဲကာလဖြစ်သည်ဟု ဒေါက်တာအောင်ငွေစံကဆက်ပြောသည်။ “ ကျွန်တော်တို့က Stay at Home သတ်မှတ်တဲ့အခါမှာလည်း ကျွန်တော်တို့အပေါ်ရုံးချုပ်တွေကို တင်ပြပြီးတော့ တချို့ ကိစ္စတွေမှာ အတည်ပြုချက်တွေယူရတာတွေရှိပါတယ်၊ ကျွန်တော်အနေနဲ့လည်း ဒီဒေသရဲ့အနေအထားပေါ်…
Read More
#Unicode မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ်အတွင်းသို့ ထည့်သွင်းခံထားရသည့် မင်းတပ်မြို့နယ် လှေ့ချမ်းကျေးရွာအုပ်စု ရွှေအောင်သာကျေးရွာကို ချင်းပြည်နယ်သို့ပြန်လည်သတ်မှတ်ပေးရန် တောင်းဆိုသည့် ဆန္ဒဖော်ထုတ်မှုတခုကို ယနေ့နံနက်ပိုင်းက မင်းတပ်မြို့တွင်ပြုလုပ်ခဲ့ကြသည်။ ယင်းဆန္ဒဖော်ထုတ်မှုကို ရွှေအောင်သာကျေးရွာသားများအပါအဝင် မင်းတပ်မြို့ဒေသခံပြည်သူ (၃၀) ဦးတို့က ယနေ့ နံနက်ပိုင်း ၁၀ နာရီခွဲကစတင်ပြီး မွန်းလွဲပိုင်း ၁၂ နာရီအထိ တောင်းဆိုချက် ပိုစတာများကိုင်ဆောင်ကာ မင်းတပ်မြို့တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ ယနေ့ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးဂေကီးက “ ကျနော်တို့က ၁၉၉၅ ခုနှစ်ရွာစတည်ကတည်းက ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာနေခဲ့ရတာလေ၊ ၂၀၁၇ ခုနှစ်မှာ ရွှေအောင်သာကျေးရွာဟာ မကွေးတိုင်း ထီးလင်းမြို့နယ် ထဲကိုပါသွားတယ်လို့ မင်းတပ်မြို့နယ်အုပ်ချူပ်ရေးမှူးကပြောတယ်၊ အဲဒါကိုကျနော်တို့ကလက်မခံနိုင်ဘူးလေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၃ ကိုချိူးဖောက်ထားတာဖြစ်တယ်၊ ဒါကြောင့်ဒါကိုပြန်လည်သတ်မှတ်ပေးဖို့တောင်းဆိုရတာ ဖြစ်တယ်’’ ဟု ပြောသည်။ ထို့အပြင် ယခုလက်ရှိတွင်ရွှေအောင်သာကျေးရွာသား ၁၈ ဦးကို မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ကြိုင်ကြိုးဝိုင်း ကျူးကျော်သည်ဟုဆိုကာ တရားစွဲဆိုခံထားရသည့်ကိစ္စကိုလည်း အမှုပြန်လည်ရုပ်သိမ်းပေးရန် ယနေ့ဆန္ဒဖော်ထုတ်မှုတွင် တောင်းဆိုခဲ့ကြသည်။ ရွေအောင်သာကျေးရွာသည် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့စွဲဖြင့် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ ထုတ်ဝေခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နေပြည်တော်အတွင်းရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု၊ ကျေးရွာများစာအုပ်အရ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် အောင်းကျေးရွာအုပ်စုအတွင်းသို့ ထည့်သွင်း ခံရသည်ဟု သိရသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၃ (က)နှင့် (ခ) တွင် တိုင်းဒေသကြီး သို့မဟုတ်…
Read More
#Unicode ချင်းပြည်နယ်၊ တီးတိန်မြို့နယ် တွီးထန်းကျေးရွာတွင် ကိုဗစ်ပိုးတွေ့ရှိသူနှင့်ထိစပ်ပြီး ကွာရန်တင်း ဝင်ရောက်နေသူထဲတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ (၉) ဦးထပ်မံတွေ့ရှိကြောင်း တီးတိန်မြို့ ကိုဗစ်-၁၉ Volunteer အဖွဲ့ မှ ကိုမုန်နိုးကပြောသည်။ “(၉) ယောက်ထပ်တွေ့တယ်၊ တွီးထန်ကပါ၊ အရင်တခေါက်ဟားခါးမှာ ကိုဗစ်ပိုးတွေ့တဲ့ ကလေးထိန်းတယောက်လေ သူက တွီးထန်းထိသွားတယ်ဆိုတော့၊ သူနဲ့ထိစပ်တဲ့သူက (၃၂) ယောက်ရှိတယ်၊ သူတို့ကို FQ အကုန်ဝင်ခိုင်းတာ၊ သူတို့အားလုံးကမိသားစုအသိုင်းအဝိုင်းကပဲလို့သိရတယ်၊ ခုပိုးတွေ့တဲ့သူတွေကို ဆေးရုံကိုခေါ်နိုင်မယ်မထင်သေးဘူး၊ သူတို့ကိုထားမဲ့အခန်းတွေပြင်ဆင်ပြီးမှ တွီးထန်ကနေခေါ်မယ်ထ ယ်ခုတွီးထန်မှာပဲရှိသေးတယ်” ဟု ကိုမုန်နိုးကပြောသည်။ အဆိုပါပိုးတွေ့လူနာ (၉) ဦးမှာ တွွီးထန်းကျေးရွာတွင်နေထိုင်သူများဖြစ်ကြပြီး ဒီဇင်ဘာလ (၁၆) ရက်နေ့မှ တီးတိန်မြို့တွင်အလည်ခရီိးသွားရောက်ပြီး ဟားခါးမြို့ Centre တည်းခိုခန်းတွင် Facility Quarantine ဝင်ပြီး ကိုဗစ်ပိုးတွေ့ရှိခဲ့သူနှင့်ထိစပ်ခဲ့သူများ ဖြစ်ကြကာ ၎င်းနှင့်ထိစပ်သူ (၃၂) ဦးထိရှိခဲ့ပြီး ၎င်းတို့ကို တွီးထန်းကျေးရွာတွင် Facility Quarantine ထားရှိခဲ့ပြီး (၉) ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ တီးတိန်မြို့နယ်နှင့် တွီးထန်ကျေးရွာတို့တွင် ကိုဗစ်ပိုး ဒေသအတွင်းကူးစက်မှု မြင့်တက်လာသည့်အတွက် Stay at Home ချမှတ်မည်ဆိုပါက ဒေသအတွင်းကူးစက်မှုနှုန်း ထိရောက်စွာ ထိန်းချုပ်နိုင်မည်ဟု ကိုမုန်နိုးကဆက်ပြောသည်။ “တီးတိန်မြို့နယ်မှာ တွီးထန်ကျေးရွာကဖြစ်များနေတာဆိုတော့ အရင်တုန်းက ကပ်တဲလ်ကျေးရွာကို lock down ချသလိုမျိုးလုပ်ရင် ပိုးပြီးတော့မှ ကူးစက်နှုန်း ထိန်းချုပ်နိုင်မယ်လို့ ကျွန်တော်ထင်တယ်၊ မြို့ပေါ် မှာက Stay at Home လုပ်ဖို့ တော်တော်လေးကို သင့်တော်နေတဲ့အခြေအနေဖြစ်နေတယ် ကူးစက်မှုနှုန်းကလည်း တအားမြန်နေပြီဆိုတော့ ၂…
Read More
#Unicode နှင်းနှင်း – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့သည် လမ်းပန်း ဆက်သွယ်ရေးခက်ခဲသောကြောင့် အရေးပေါ်လူနာများကို လျှင်မြန်စွာသယ်ယူပို့ဆောင်နိုင်ရန် လူနာတင်ကားနှင့် ဆေးရုံတွင်အရေးပေါ်လူနာများပြားလာမည်ဆိုပါက အောက်ဆီဂျင်စက်အသုံးပြုရန်မီးစက်လိုအပ်လျှက်ရှိသည်ဟု ပလက်ဝမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစိုးသက်ဝင်းကပြောသည်။ “အခုလတ်တလောမှာပဲလိုတာမဟုတ်ပဲ ကျွန်တော်တို့နောက်ပိုင်းအတွက်ကြိုတင်စဉ်းစားပြီး လိုအပ်လာတာတွေကတော့ အောက်ဆီဂျင်စက်လိုမယ်၊ သူနဲ့တွဲပြီးအလှည်းလှယ်လုပ်ရတဲ့မီးစက်ပေါ့၊ မီးစက်အကြီးရှိပြီးသားအပြင် နောက်အရံ အသေးလေးတစ်လုံး၊ နှစ်လုံးရှိတယ်ဆိုရင်တော့ ကိုဗစ်လူ နာတင်မဟုတ်ပဲ ကျန်တဲ့အရေးပေါ်လူနာ၊ ဆေးရုံတက်တဲ့လူနာတွေအတွက်အဲတာတွေရှိထားရင်ပို အဆင်ပြေမယ်” ဟု ဒေါက်တာစိုးသက်ဝင်းကပြောသည်။ ပလက်ဝမြို့နယ်ရှိ ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင်စက်ရှိသော်လည်း လူနာ အနည်းငယ်အတွက်သာ အဆင်ပြေပြီး ယခုထက် ကိုဗစ်လူနာ ပိုများလာပါက လုံလောက်မည် မဟုတ်ကြောင်း ဒေါက်တာစိုးသက်ဝင်းကပြောသည်။ ထို့ပြင် ပလက်ဝမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်နေရာတွင်ရှိသဖြင့် အရေးပေါ်လူနာများ သယ်ပို့နိုင်ရန် လမ်းကြမ်းသည့်နေရာများတွင် မောင်းနှင်နိုင်သည့် မော်တော်ယာဉ်တစ်စီးလည်း လိုအပ်နေကြောင်းသိရသည်။ ဒေါက်တာစိုးသက်ဝင်းမှ “လူနာတင်ကားက ကျန်းမားရေးဌာနပေးထားတာရှိတယ်၊ ဒါပေမယ့် ကားကနမ့်နေတော့ ခရီးကြမ်းသွားလို့ရမဲ့ ဖောဝှီးကား တွေရှိရင်လူနာတွေလှဲရ ၊ပြုရပိုပြီးတော့ အဆင်ပြေမယ် ၊ခုကျွန်တော်တိုု့သုံး ပြုတာက ဒီကနေ ပလက်ဝ၊ဆမီးတူ၊မတူပီ၊ မင်းတပ်လမ်းကြောင်းဖက်ကနေ လူနာတွေကိုသယ်ရတာဖြစ်တယ်” ဟု ပြောသည်။ ပလက်ဝမြို့တွင်ကိုဗစ်ပိုးတွေ့ရှိမှုရှိလာသောကြောင့် လမ်းပန်းဆက်သွယ်ရေး၊လုံခြုံရေး အခက်အ ခဲကြားမှ နည်းလမ်းမျိုးစုံအသုံးပြီး ပလက်ဝမြို့ဆေးရုံတွင်လိုအပ်သောဆေးဝါးပစ္စည်းများကို ပို့ဆောင်ပေးနေပြီး အခြားသောလိုအပ်သည့်ဆေးဝါး များကိုပို့ဆောင်ပေးနိုင်ရန် ပြည်နယ်အစိုးရထံတွင်တင်ပြထားကြောင်း ချင်းပြည်နယ်၊ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာနမှုး ဒေါက်စံအောင်ငွေစံ ကပြောသည်။ “ပလက်ဝမြို့အတွက် လိုအပ်တဲ့ PPE ဝတ်စုံ၊ 95 Mask ၊ Test Kit တို့ကိုလည်းနည်းမျိုးစုံနဲ့ ရှာဖွေပြီးပို့ဆောင်ခဲ့ပြီးပါပြီ၊ များသောအားဖြင့် ပစ္စည်းတွေကို မတူပီမှာသွားပြီး စုပုံရတယ်၊ ပြီးမှ…
Read More
Read More