Author: Editor

စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြားဖြစ်ပွားသည့် ၆ လတာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကတပ်သား ၉၀၀ ကျော် သေဆုံးခဲ့သည်ဟု Cinland Join Defense Committee (CJDC) ယနေ့ သြဂုတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ စစ်ကိုင်းတိုင်း ကလေးမြို့နယ်အပါအဝင် ချင်းပြည်နယ် ၉ မြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့နှင့် CJDC အဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပေါင်း ၂၂၀ ကြိမ် ဖြစ်ပွားခဲ့ကြသည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ၉၂၇ ဦးသေဆုံးပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ၅၃ ဦး ကျဆုံးခဲ့သည်ဟု CJDC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Read More

မီဇိုရမ်ပြည်နယ်အတွင်း ရောက်ရှိနေကြသော မြန်မာစစ်ဘေးရှောင်များ ကျန်းမာရေးစောင့်ရှောက်မှုကူညီနိင်ရန် အမေရိကန်ပြည်ထောင်စုမှရောက်ရှိလာသော Project-Mizoram ‘22 ၏ ဆေးဘက်ဆိုင်ရာပစ္စည်းများအား လွဲအပ်ခြင်းအခမ်းအနားကို သြဂုတ်လ ၁၀ ရက်နေ့က အိုင်ဇောလ်မြို့ Floria ဟိုတယ်တွင် ကျင်းပခဲ့ကြသည်။ Project-Mizoram စီမံကိန်းသည် အမေရိကန်အခြေစိုက် ကမ္ဘာ့အကြီးဆုံး ကျန်းမာရေးထောက်ပံ့ကူညီရေးအသင်း Project C.U.R.E၊ မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ချုပ်-မီဇိုရမ် (MRRC-M)၊ Mizo Student Union (MSU)၊ R2P Myanmar Way၊ အိုင်ဇောင်မြို့ရှိ BN Hospital၊ Research Center Mizoram၊ Arizona Falam Christian Church နင့် Chin Baptist Association North America စသည့် အဖွဲ့စည်းများမှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများသည် ကျပ်သိန်းပေါင်း ၇၅၀၀ ကျော်တန်ဖိုးရှိကြောင်းသိရပြီး၊ ကျန်းမာရေးအတွက်ဆေးဝါးနှင့် အခြားသော အစားအသောက်ပိုင်းဆိုင်ရာ ထောက်ပံ့မှု စီမံကိန်းများလည်း ရှိသေးကြောင်း သိရသည်။ ယင်း Project-Mizoram ‘22 မှရရှိသော ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာအသုံးအဆောင်ပစ္စည်းများကို မီဇိုးကျောင်းသားများအသင်း (MSU) နင့် မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့-မီဇိုရမ် (MRRC-M) တို့အဖွဲ့ထံ လွဲအပ်ပြီး၊ အချို့သော ကျန်းမာရေးစစ်ဆေးရေးစက်ပစ္စည်းများကို အိုင်ဇောင်မြို့ရှိ BN ဆေးရုံသို့ လွဲအပ်ပေးခဲ့ကြသည်။ ထိုအခမ်းအနားတွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Zoramthanga လည်းတက်ရောက်လာပြီး မြန်မာစစ်ဘေးရှောင်ပြည်သူများအား ဆက်လက်ကူညီသွားမည်ဖြစ်ဖြစ်ကြောင်း အိန္ဒိယဗဟိုအစိုးရကိုလည်း ယခုထက်မက ဖိအားပေးတိုက်တွန်းသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ယင်းအခမ်းအနားတွင် ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးဆလိုင်းလျန်လွယ်၊…

Read More

ချင်းပြည်နယ်၊ မတူပီမြို့နယ် အရှေ့ဇိုတုန်နယ်မြေ ချင်း-မကွေးနယ်စပ်ဘက်တွင် စစ်ကောင်စီတပ်ဖွဲ့များ ဇွန်လကတည်းက စစ်ကြောင်းထိုးလာကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည့်အတွက် ထောင်နှင့်ချီသော ဒေသခံပြည်သူများသည် တောထဲသို့ ထွက်ပြေးစစ်ဘေးတိမ်းရှောင်နေကြရပြီး ဆေးဝါးနှင့်စားနပ်ရိက္ခာ အကူအညီလိုအပ်နေသည်ဟု ဇိုတုန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကျွန်တော်တို့က အရှေ့ဇိုတုန်ဖက် ဇွန်လ ပထမပတ်ကစပြီးတော့ မြန်မာ့တပ်မတော်က စစ်ကြောင်း နှစ်ခေါက်ထိုးပြီတော့ ပြည်သူတွေကလည်း များသောအားဖြင့် တောထဲမှာပဲတိမ်းရှောင်နေရကြရတယ်၊ သူတို့အတွက် ပထမဆုံးအခက်အခဲက စားရေးသောက်ရေးပဲ ရှိတာလေးနဲ့ ရွာနားနီးမှာ ဆိုင်ကယ်နဲ့ဖြစ်ဖြစ် ခြေကျင်နဲ့ဖြစ်ဖြစ် သွားလို့ရတဲ့နေရာမှာ အကူအညီတောင်းပြီး စုဆောင်းကြတာ၊ ဆေးဝါးကတော့ တော်တော်လေးခက်ခဲတယ် မိုးရွာသီဆိုတော့ ဖျားတာ၊ ကလေးတွေ သွေးလွန်တုပ်ကွေးဖြစ်တော့ ကျန်းမာရေးအခြေအနေတော့ တော်တော်လေးခက်ခဲတယ်။” ဟု ဇိုတုန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဂန့်ဂေါမြို့နယ်မှ မတူပီမြို့နယ်ဖက်သို့ ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လအတွင်း စစ်ကြောင်းထိုးခဲ့ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ကာ ရမ်းစီး၊ နာဘုန်းကျေးရွာအတွင်း ဝင်ရောက်ခဲ့သောကြောင့် ဒေသခံများ အိုးအိမ်စွန့်ထွက်ပြေးခဲ့ကြရသည်။ အဆိုပါ စစ်ကြောင်းထိုးခြင်းကြောင့် ဂန့်ဂေါမြို့နှင့် မိုင်နှစ်ကျော်ကွာဝေးသော အန်းသားကျေးရွာ ရောင်နပ်ကျေးရွာ၊ မတူပီမြို့နယ် ဒါးလ်ကျုံးရွာ၊ ရမ်းစီးရွာ၊ နာဘုန်း စသည့် ရွာပေါင်း (၅) ရွာမှ လူဦးရေနှစ်ထောင်ကျော်တို့သည် တောထဲတွင် ထွက်ပြေးတိမ်းရှောင်ကြသည့်အပြင် ဂန့်ဂေါမြို့ဘက်တွင်လည်း သွားရောက်ခိုလုံသူများလည်းရှိသည်ဟု သိရသည်။ ချင်း-မကွေးနယ်စပ် မတူပီမြို့နယ် ဇိုတုန်နယ်မြေ ရမ်းစီးကျေးရွာဘက်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင်လကုန်ပိုင်းက ရမ်းစီးရွာသား အယောက် ၃၀ ခန့်ကိုလည်း ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို ကယ်ထုတ်ရန်သွားသည့်…

Read More

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တိုက်ခိုက်ရင်း မျက်လုံးနှစ်ဖက်ဆုံးရှုံးလိုက်ရသော ချင်းသူရဲကောင်း တော်လှန်ရေးရဲဘော်များကို Chin Relief Funding Program ချင်းရန်ပုံငွေအဖွဲ့ – တူမီးထီ အစီအစဉ်မှ ဆေးဝါးကုသစရိတ် ဖြည့်ပေးရန် ပြင်ဆင်နေသည်ဟု သိရသည်။ “ကျနော်တို့က တူမီးထီရောင်းပြီးမှ ရရှိတဲ့ဘဏ္ဍာငွေထဲကနေ CJDC ကဘယ်လောက်၊ IDPs ကဘယ်လောက်၊ CDM ကဘယ်လောက်၊ ဒဏ်ရာရရဲဘော်တွေက ဘယ်လောက်ဆိုပြီး ခွဲဝေထားတယ်၊ ဒဏ်ရာရရဲဘော်လို့ပြောတဲ့နေရာမှာ ဒဏ်ရာရရဲဘော်တွေက များတဲ့အခါကျတော့ ပထမသုတ်အနေနဲ့ မျက်လုံးနှစ်ဖက်ဆုံးရှုံးသွားတဲ့ ရဲဘော်တွေရဲ့ ဆေးကုသစရိတ်၊ အခြေခံလိုအပ်ချက်လေးတွေတွက် ကူညီသွားဖို့ရှိတယ်” ဟု ချင်းရန်ပုံငွေအဖွဲ့က တာဝန်ရှိသူက ပြောသည်။ ယခုလက်ရှိတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့ထဲမှ မျက်လုံးနှစ်ဖက်ဆုံးရှုံးသူ ၇ ဦးထိရှိပြီး CDF – Matupi တပ်ဖွဲ့က နှစ်ဉီး၊ CNDF တပ်ဖွဲ့က နှစ်ဉီး၊ CDF – Lautu တပ်ဖွဲ့က တစ်ဉီး၊ CDF – KKG တပ်ဖွဲ့က တစ်ဉီးနှင့် ချင်းအမျိုးသားတပ်မတော် CNA က တစ်ဦးတို့ဖြစ်ကြောင်း ချင်းရန်ပုံငွေအဖွဲ့က ပြောသည်။ တော်လှန်ရေးကာလအတွင်း မျက်လုံးနှစ်ဖက်စလုံး ဆုံးရှုံးလိုက်ရသော ချင်းသူရဲကောင်း တော်လှန်ရေးရဲဘော်များ၏စာရင်းကို ဆက်လက်ပြုစုနေပြီး စာရင်းမကျန်ခဲ့ရန် ချင်းရန်ပုံငွေအဖွဲ့ထံသို့ စာရင်းပေးသွင်းကြရန် အသိပေး ဖိတ်ခေါ်လျှက်ရှိသည်။ ချင်းရန်ပုံငွေအဖွဲ့ CRFP အဖွဲ့သည် ချင်းတော်လှန်ရေးတပ်ဖွဲ့များကို တဖက်တလမ်းမှ ဘဏ္ဍာရေးကူညီထောက်ပံ့ပေးရန် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုဖြစ်ပြီး ယခုလက်ရှိမှာလည်း တူမီးထီအစီစဉ်ဖြင့် ရန်ပုံငွေရှာဖွေပေးလျှက်ရှိသည်။ ယခုဆိုလျှင် တူမီးထီအစီစဉ်သည် အပတ်စဉ် (၃) အထိရောက်ရှိလာပြီး အပတ်စဉ် ၃…

Read More

Salai Vakok “အုံ ၊ ဝုန်း” ဤဗုံးပေါက်ကွဲသံက မောင်နန်းလင်း (အမည်လွှဲ) တို့ မိသားစုကို ဒုတိယအကြိမ် ကမ္ဘာပျက်စေသည်။ လွန်ခဲ့သော တစ်လနီးပါးက ဗုံးကျပေါက်ကွဲသော အိမ်ဘေးကနေရာကိုပင် ဒုတိယအကြိမ် ကျရောက်ပေါက်ကွဲ၍ မီးဖိုခန်းတွင် ထမင်းစားနေသည့် မောင်နန်းလင်း၏ အစ်ကိုမှာ နှလုံးတည့်တည့်ကို ဗုံးစမှန်ပြီး တစ်နာရီအကြာတွင် သေဆုံးသွားသည်။ ၂၀၂၂ ခုနှစ်၊ ဇွန် ၂၅ ရက်၊ မနက် ၉ နာရီခန့်တွင် မင်းတပ်မြို့၊ ခလရ- ၂၇၄ က အိမ်ခြေ ၁၀၀ ကျော်ရှိသော မဒပ်ရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် မောင်နန်းလင်း၏ အစ်ကိုမှာ ဗုံးစမှန်ကာ သေဆုံးသွားခြင်းဖြစ်သည်။ အသက် ၁၄ နှစ်အရွယ် မောင်နန်းလင်း၏ အစ်ကိုသည် ၇ တန်းတက်ရောက်ရမည့် ကျောင်းသားဖြစ်ပြီး ခုတော့ အရွယ်မတိုင်ခင် ကြွေလွင့်ခဲ့ရတော့သည်။ သားသမီး (၈) ဦး၏ မိခင်၊ အသက် ၄၆ နှစ်အရွယ် မိုင်ဂရေးစုကြည် (အမည်လွှဲ) အတွက်တော့ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ဒုတိယအကြိမ် ရင်တွေကွဲကြေမွခဲ့ရခြင်းဖြစ်သည်။ ပထမအကြိမ်က မေ ၂၃ ရက် မနက် ၈ နာရီခွဲဖြစ်သည်။ ထိုနေ့က စစ်တပ်၏ လက်နက်ကြီးဗုံး ပထမအကြိမ်အဖြစ် မိုင်ဂရေးစုကြည်တို့ အိမ်ဘေးအနီးကို ကျရောက်ပေါက်ကွဲခဲ့ပြီး တတိယတန်းကျောင်းတက်ရမည့် သားဖြစ်သူ အသက် ၁၂ နှစ်အရွယ် မောင်နန်းလင်းကို ထိမှန်ခဲ့ခြင်းဖြစ်သည်။ စစ်တပ်၏ အိမ်ခြေရာကျော်ရှိသော ရွာထဲကို ပစ်လွှတ်သော ဗုံးကြောင့်…

Read More

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် သတ္တိရှိပါက ပြည်သူနှင့် ပြည်သူ့စည်းစိမ်များအား တိုက်ရိုက်ထိခိုက်မှုမရှိနိုင်မည့် မြို့ပြင်သို့ ထွက်ခွါလာပြီး စစ်ဆင်ရေးများလုပ်ဆောင်ရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha က စိန်ခေါ်လိုက်သည်။ ဟားခါးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူပိုင်ပစ္စည်းအမြောက်အများ ပျက်စီးခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်ချက်ကြောင့် ပြည်သူ ၆ ဦး သေဆုံးခဲ့ရသည့်အပြင် လူနေအိမ်ခြေ ၃၀ ကျော်လည်း ပျက်စီးခဲ့ရပြီးဖြစ်သည်ဟု CDF-Hakha က ဆိုသည်။ ထို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် သတ္တိရှိပါက မြို့ပြင်သို့ထွက်လာပြီး စစ်ဆင်ရေးလုပ်ဆောင်ရန် CDF-Hakha က ယနေ့ သြဂုတ်လ ၁၀ ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ ယနေ့ သြဂုတ်လ ၁၀ ရက်နေ့တွင်လည်း ဟားခါးမြို့နယ် နှီယာလောန်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့မှပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် Pi Chia Hnem အသက်ဆုံးရှုံးခဲ့ရသည်။ စစ်ကောင်စီတပ်ဖွဲ့၏ လုပ်ရပ်သည် နိုင်ငံတကာစစ်ဥပဒေ စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်းဖြစ်ပြီး ပြည်သူများဆုံးရှုံးခဲ့ရသော နစ်နာမှုများနှင့် လုပ်ရပ်အပေါ် တာဝန်ယူဖြေရှင်းရလိမ့်မည်ဟု CDF-Hakha က သတိပေးထားသည်။ CDF-Hakha တပ်ဖွဲ့အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ကို ပြင်းထန်သောစစ်ဆင်ရေးများ ပိုမိုလုပ်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ကို ကြိုးကိုင်ကြောထောက်လုပ်နေသည့် ရာထူးခံလူပုဂ္ဂိုလ်များ၊ Non-CDM နှင့် ဒလန်များကိုလည်း CDF-Hakha ၏ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းဥပဒေနှင့်အညီပြင်းပြင်းထန်ထန် အရေးသွားမည်ဟု သိရသည်။

Read More

အိန္ဒိယ-မြန်မာနယ် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးခစန်း အခြေစိုက်ရာ ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့မှာ ယနေ့မနက်ပိုင်းကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဝေမျိုးပိုင်အပါအဝင် ၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။ ရိခေါဒါရ်မြို့ အမှတ် ၂ ရပ်ကွက် (တီအို) တောင်ထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ယနေ့နက်ပိုင်း ၂ နာရီကနေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစပြီး မနက်ပိုင်း ၇ နာကျော်ကျော်လောက်အထိ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး ၄ ဦးကတော့ တပ်စခန်းကနေ လက်နက်မပါဘဲ ထွက်ပြေးလာကြပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ယနေ့မနက်ပိုင်း တိုက်ပွဲနဲ့ပတ်သက်ပြီး PDF-Zoland တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ကျနော်တို့ ဒီကနေ့ အိန္ဒိယ-မြန်မာနယ်စပ် ရိအခြေစိုက်တပ်စခန်းကို ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့က သွားပြီးတော့ တိုက်ခိုက်တာပါ သူတို့ထဲက ၅ ယောက်ကျဆုံးတယ်လို့ သိရတယ် ထွက်ပြေးတာတော့ ၄ ယောက်ထွက်ပြေးတယ်၊ ဒဏ်ရာရတာတော့ အများကြီးရှိတယ်လို့ပြောတယ်” လို့ သူကပြောပါတယ်။ ရိခေါဒါရ်မြို့မှာ အမှတ် ၁ နဲ့ အမှတ် ၂ ရပ်ကွက် ၂ ခုရှိပြီး စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြို့ရဲ့အချက်အချာကျတဲ့ တောင်ကုန်း ၂ နေရာမှာ စခန်းချတပ်စွဲနေကြတာဖြစ်ပြီး ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ CDM-Siyin၊ PDF-Zoland, CNDF နဲ့ MEDF တပ်ဖွဲ့တွေက အမှတ် ၂ ရပ်ကွက် တောင်ထိပ်မှာတပ်စွဲထားတဲ့စခန်းကို…

Read More

ချင်းပြည်နယ်၊ ဟားခါးမြို့အနီး နှီယာလောန်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယနေ့မနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်က ဟားခါးမြို့ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော ဝန်ကြီးအိမ်ယာနှင့် ခရိုင်ရုံးအနီးတွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် နှီယာလောန်ကျေးရွာမှ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲကာ အိမ်ရှင် ဒေါ်ရှာမ်အဲမ် ပွဲခြင်းပြီးသေဆုံးခဲ့သည်ဟု နှီယာလောန်ဒေသခံတစ်ဦးက ပြောသည်။ “သူက မီးဖိုချောင်မှာ ထမင်းချက်တယ်၊ အဲဒီချိန်မှာ ဗုံးကကျရောက်ပေါက်ကွဲလာတာ၊ မီးဖိုချောင်က နေလို့မရဘူး အကုန်ပျက်စီးသွားတယ်၊ လူငယ်တစ်ယောက်လည်း ဒဏ်ရာရတယ်၊ အခုက ဆေးရုံမှာထားတယ်။ ဒီမနက် ဗုံးက နှစ်ခါကျတော့ လျှပ်စစ်ကြိုးလည်း သုံးနေရာလောက်ပျက်သွားတယ်” ဟု နှီယာလောန်ဒေသခံက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့၏ ယနေ့မနက် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် နှီယာလောန်ကျေးရွာက လူနေအိမ် ၇ လုံးလည်း ထိခိုက်ပျက်စီးသွားသည်ဟု သူကဆိုသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့တွင်လည်း နှီာယာလောန်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်ခဲ့ကြပြီး နှီာယာလောန်ဘုရားကျောင်းက အထွေထွေအလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်နေသူ ဆလိုင်းမန်လျန်ဆန်ကို စစ်ကောင်စီတပ်ဖွဲ့မှ ပစ်သတ်ခဲ့သည်။ နှီာယာလောန်ကျေးရွာသည် ဟားခါးမြို့နှင့် ၇ မိုင်ကွာဝေးပြီး အိမ်ခြေ ၁၇၀ ဝန်းကျင်ရှိသည်ဟု သိရသည်။

Read More

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ တက္ကသိုလ်တွင် သုတေသန Fellowship သင်တန်းတက်ရောက်နိုင်ရန် မြန်မာစစ်ဘေးဒုက္ခသည် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာတော်သင်အစီစဉ်တရပ်ကို ချင်းရေးရာအဖွဲ့ချုပ် (ICA) က သြဂုတ်လ ၈ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။ လက်ရှိ မြန်မာနိင်ငံအတွင်းဖြစ်ပွားနေသည့် ပဋိပက္ခအခြေအနေအမျိုးမျိုးကြောင့် မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးဒုက္ခသည်အဖြစ် ရွှေ့ပြောင်းနေထိုင်ရပြီး ကျန်ရစ်ခဲ့သော ပညာရေးကွာဟချက်များ ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ချင်းရေးရာအဖွဲ့ချုပ် (ICA) နှင့် မီဇိုရမ်တက္ကသိုလ် (MZU) တို့ ပူးပေါင်းဆောင်ရွက်သည့် အစီစဉ်တရပ်ဖြစ်သည်။ သုတေသန Fellowship သင်တန်းကို လာမည့်အောက်တိုဘာလ ၃ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး မီဇိုရမ်ပြည်နယ်အတွင်း နေထိုင်သော စစ်ဘေးဒုက္ခသည် ၅ ဦးကို ခေါ်ယူမှာဖြစ်ပြီး ယင်းအတွက် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်သွားမည်ဖြစ်သည်။ “သုတေသနလုပ်မှာဖြစ်သည့်အတွက် အနည်းဆုံးတော့ ဘွဲ့တစ်ခုခုတော့ရထားရမယ်၊ ဥပမာအားဖြင့် လူမှုရေးသိပ္ပံ၊ ပထဝီ၊ နိုင်ငံရေးသိပ္ပံတို့၊ ဥပ‌ဒေတို့ နောက်ပြီးတော့ လူမှုကြီးကြပ်‌ရေးနင့် ပက်သက်တဲ့ ဘွဲ့ရထားတဲ့လူတွေကို ဦးစားပေးခေါ်မှာပေါ့နော်၊ ပြီးတော့မှ စာတမ်းကကြတော့ အင်္ဂလိပ်လို ရေးရမှာဖြစ်တဲ့အတွက်ကြောင့် မြန်မာရော အင်္ဂလိပ်ရော ကျွမ်းကျွမ်းကျင်ကျင် ရေးနိုင်တဲ့သူကို ကျွန်ပ်တို့ခေါ်ပါတယ်” ဟု ချင်းရေးရာအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးက ပြောသည်။ Fellowship သင်တန်းသည် ယခုနှစ် အောက်တိုဘာလ မှ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ ၁၂ လ ကြာမြင့်မည်ဖြစ်ပြီး ၁၈ လအထိ သက်တမ်းတိုးနိုင်ခြေရှိကြောင်း သိရသည်။ ရွေးချယ်ခံရသော ပညာတော်သင်များအတွက် နေထိုင်စားသောက်စရိတ်နှင့် တက္ကသိုလ်ရှိ သင်ကြားရေးဆိုင်ရာ အထောက်အကူပစ္စည်းများကို ပေးအပ်မည်ဟု သိရသည်။…

Read More

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် မြန်မာနိုင်ငံသားတစ်ဦးထံမှ ဘိန်းဖြူ ၆၃.၄၆ ဂရမ်ကို မီဇိုရမ်ရဲတပ်ဖွဲ့က ယနေ့ သြဂုတ်လ ၉ ရက်နေ့တွင် ဖမ်းဆီးရမိသည်ဟု သိရသည်။ အိုင်ဇောလ်မြို့ Thuampui ရပ်ကွက်တွင်နေထိုင်သူ ကလေးမြို့ တာဟန်းရပ်ကွက်မှ အသက် ၃၅ နှစ်အရွယ် Lalhruailiana ၏ နေအိမ်ကို ယနေ့မနက်ပိုင်းက သတင်းပေးပို့ချက်အရ မီဇိုရမ်ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာတွင် ဆပ်ပြာခွက်ထဲတွင်ထားရှိသော ဘိန်းဖြူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ အဆိုပါ ဖမ်းဆီးရမိသည့် ဘိန်းဖြူမှာ နိုင်ငံတကာပေါက်ဈေးအရ ရူပီးငွေ ၃၂ သိန်းခန့်ရှိသည်ဟု ဆိုသည်။ ၎င်းကို Bawngkawn ရဲစခန်းသို့ပို့ဆောင်ပြီး မူးယစ်ဆေးဝါးရောင်း ဝယ်မှုအက်ဥပဒေနှင့် တရားမဝင် ဝင်ရောက်နေထိုင်မှု (နိုင်ငံခြားသား) မှုတို့ဖြင့် အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။ မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေ အမြောက်အများနေထိုင်နေထိုင်ကြသော မီဇိုရမ်ပြည်နယ်မှာ မူးယစ်ဆေးဝါးဖမ်းဆီးမှု ဆက်လက်မြင့်တက်နေပြီး အထူးသဖြင့် ဘိန်းဖြူ အများစုသည် အိန္ဒိယ-မြန်မာနယ်စပ်ဘက်ကနေ ဝင်ရောက်လာခြင်းဖြစ်ပြီး ဘိန်းဖြူဖမ်းဆီးမှုအများစုမှာ မြန်မာနိုင်ငံသားများ ပါဝင်လေ့ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံသားများအနေဖြင့် မီဇိုရမ်ပြည်နယ်အတွင်းသို့ မူးယစ်ဆေးဝါးများ သယ်ယူရောင်းချခြင်းမပြုကြရန်နှင့် ဆက်လက်လုပ်ဆောင်ကြပါက ပြင်းပြင်းထန်ထန် အရေးယူမည်ဟု CDF တပ်ဖွဲ ့များကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

Read More