Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့နယ် သံဖိုကျေးရွာမှ ပြည်သူတစ်ဦးကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်

ကလေးမြို့နယ် သံဖိုကျေးရွာမှ ပြည်သူတစ်ဦးကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်

0
By Editor on December 7, 2021 Khonumthung

ကလေးမြို့နယ် သံဖိုကျေးရွာနေ အသက် ၂၄ နှစ်အရွယ် မောင်လားရိုမောကို ဒီဇင်ဘာလ ၄ ရက်နေ့က မြစ်သာမြစ်အရှေ့ဘက်ကမ်း တောင်ယာစိုက်ခင်းမှာ ပဲနီပေါင်းထိုးနေစဉ်မှာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး အိုးမြေထူးရွာက နေအိမ်တွေနဲ့အတူ မီးရှို ့သတ်ဖြတ်ခဲ့တယ်လို့ CDF-Kalay-Kabaw-Gangaw က ထုတ်ပြန်ပါတယ်။

မောင်လားရိုမောရဲ့ ကြွင်းကျန်ရစ်သောအရိုးစုတချို့ကို ဒီဇင်ဘာလ ၇ ရက် နံနက်ပိုင်းကတွေ့ရှိခဲ့ကြပြီး CDF-Kalay-Kabaw-Gangaw တပ်ရင်း (၃) က သွားရောက်သယ်ယူကာ ခရစ်ယာန်ထုံးတမ်းအစဉ်အလာအရ သဂြိုလ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း ကလေးမြို့တောင်ပိုင်း၊ ချောင်းခွကျေးရွာက ချင်းအမျိုးသား ဦးငွန်နယ်ထန်းကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးပြီး အိုမြေထူးကျေးရွာမှာပဲ မီးရှို ့သတ်ဖြတ်ခဲ့ကြပါတယ်။

တောင်သူတစ်ဦးဖြစ်တဲ့ အသက် ၅၅ နှစ်အရွယ် ဦးငွန်နယ်ထန်းဟာ မြစ်သာမြစ်အရှေ့ဘက်ခြမ်းက သူ့တောင်ယာပဲခင်းမှာ အလုပ်လုပ်ကိုင်နေစဉ်မှာပဲ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးပြီး အိုးမြေထူးကျေးရွာထဲက အိမ်တစ်အိမ်မှာကြိုးနဲ့တုတ်နှောင်ပြီး မီးရှို့သတ်ခဲ့တာလို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO က ထုတ်ပြန်ပါတယ်။

ဦးငွန်နယ်ထန်းရဲ့ ရုပ်အလောင်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်မတော် (CNDF) ကလေးတပ်မဟာ (Vakok) တပ်ရင်းက သွားရောက်သယ်ဆောင်ပြီး ခရစ်ယာန်ထုံးတမ်းအစဉ်အလာအရ သဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာလဆန်းပိုင်းမှာ မြစ်သာမြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေဖြစ်တဲ့ ဆင်ရွာ၊ ကျားမင်း နဲ့ အိုးမြေထူးကျေးရွာတွေကို ဝင်ရောက်ပြီး လူနေအိမ်အနည်းဆုံး ၈ လုံးခန့် မီးရှို့ဖျက်ဆီးခဲ့ကြပြီး အဲဒီကျေးရွာက ပြည်သူတွေဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.